အနက်ရောင်စင်္ကြံလမ်း၌ အနည်းငယ်တောက်ပသော ကြယ်ရောင်က ပြတင်းပေါက်ကို ဟိုတစ်စဒီတစ်စပက်ဖြန်းလိုက်သည်။  မှိန်ဖျော့သောမီးရောင်များနှင့် အရိပ်များတွင် ယန်ချုံးက ယောကျ်ားတစ်ယောက်ရဲ့ ကောက်ကြောင်းကို မသိမသာပိုင်းခြားသိမြင်နိုင်သည်။

“ ငါ့ကိုအမှန်အတိုင်းပြော ။  မင်းဘာလို့ ဒီလောက်ညဉ့်နက်နေခါမှ ခိုးကြောင်ခိုးဝှက်လုပ်နေရတာလဲ? ”  ကျိရှင်းလန်က သူ့ရှေ့မှာရပ်လိုက်သည်။

ကိုးယိုးကားယားနဲ့ ပြုံးလိုက်ပြီး ယန်ချုံးက အံကိုကြိတ်ကာ သူ့လက်ကောက်ဝတ်များကို သနားညှာတာစွာ ဆုပ်ကိုင်လိုက်ရသည်။  "ငါတစ်ယောက်တည်းအိပ်ရမှာ ကြောက်လို့"

ဒီလောက်မမှောင်ဘူးဆိုရင် ကျိရှင်းလန်ဟာနူးညံ့သိမ်မွေ့ပြီးသနားစရာကောင်းတဲ့ လူတစ်ယောက်အဖြစ် ကစားနေတာကို ကွက်ကွက်ကွင်းကွင်းမြင်ယောင်ရင်း သူ့မျက်လုံးထဲမှာ မျက်ရည်တွေရွှန်းစိုနေတဲ့ အနီရောင်ကိုမြင်နိုင်လိမ့်မယ်။

ယန်ချုံးက ကျိရှင်းလန်ရဲ့ အားရပါးရရယ်မောလိုက်တာကိုကြားလိုက်သဖြင့် သူက "တကယ်တော့ ငါမင်းကိုရှာဖို့လာတာပါ" လို့မျှော်လင့်တကြီး ဖော်ပြလိုက်တယ်။

ကျိရှင်းလန်ရဲ့ အေးတိအေးစက်အသံက မပြောင်းလဲဘဲ ယန်ချုံးက သူ့နားကိုယုံကြည်သလားဆိုတာတောင် မသေချာတော့ဘူး။  "မင်းငါနဲ့ဘာလုပ်ချင်လို့လဲ?"

မျက်တောင်ခတ်လိုက်ရင်း ယန်ချုံးက ကျိရှင်းလန် ရဲ့ ညအိပ်ဝတ်စုံ အနားတွေကိုဆုပ်ကိုင်လိုက်ပြီး သူ့ကော်လာကို သပ်ရပ်အောင်ကူညီပေးလိုက်တယ်။  "အာ ၊ မင်းသိပါတယ် "

သူ့အ၀တ်တွေကိုဆွဲထားတဲ့ လက်ကောက်ဝတ်လေးကိုကြည့်ရင်း ကျိရှင်းလန်က ခဏလောက်တိတ်ဆိတ်သွားသည်။  ထို့နောက်သူက ယန်ချုံးရဲ့ လက်ကောက်ဝတ်တွေကို ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး သူ့ဘေးနားရှိတံခါးကို ကန်ပြီးဖွင့်လိုက်ကာ သူ့ကိုအထဲသို့ဆွဲခေါ်သွားလိုက်သည်။

"ဒါဆို မင်းဒီနေ့ ညကစပြီး ငါနဲ့အတူအိပ်ရမယ်"

ယန်ချုံးကို နူးညံ့သောကုတင်ပေါ်သို့ ပစ်ချလိုက်သည်။တံခါးသော့ခတ်သံကို ကြားလိုက်ရသဖြင့် သူလန့်သွားပြီး ချက်ချင်းထဖို့အတွက် ရုန်းကန်ခဲ့ရသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now