ယန်ချုံးက တုန်လှုပ်သွားပြီး“ ငါမဟုတ်ဘူး  ငါမလုပ်ဘူး သဲလွန်စလည်းမရှိဘူး” လို့အဆက်မပြတ်ငြင်းခဲ့တယ် ။  သူက ကျိရှင်းလန်ကို စိုက်ကြည့်ပြီး ရိုးသားဟန်ဆောင်ခဲ့တယ် ။  "ငါ့မှတ်ဥာဏ်တွေက မရှိတော့ဘူး ငါအရင်တုန်းကလူ မဟုတ်တော့ဘူး "

ကျိရှင်းလန်က ရယ်မောသံသာ ပြန်ဖြေလာခဲ့တယ် ။ ကျိရှင်းလန်က သူ့ကို ပူလောင်တဲ့ အကြည့်နဲ့ကြည့်လာပြီး "အတိတ်မေ့သွားတယ် ကောင်းပြီလေ ။  ဒီကလေးက ဘယ်လိုဖြစ်တာလဲဆိုတာ မင်းမှတ်မိအောင် ကိုယ်ကူညီပေးမယ်  "

ယန်ချုံးက စိတ်နှလုံးဖြူစင်သော Alpha တစ်ဦးဖြစ်ပြီး   လမ်းမထက်မှ  ရက်စက်တဲ့လူအိုကြီးဖြစ်တဲ့ ကျိရှင်းလန်က ရပ်တန့်ခြင်းမရှိချေ။ သူ့မျက်နှာကပြန်ပြီး ပူလောင်လာသည်။  "မဟုတ်ဘူး အဲ့ဒါက မလိုပါဘူး "

"တကယ်လား ?"  ကောင်လေးက အဆုံးမသတ်ခဲ့ပေ ။  

"ငါအဆင်ပြေပါတယ် " ယန်ချုံးက သူ့ "မှတ်ဉာဏ်တွေ ပြန်သတိရအောင် " ကူညီမှာကို ကြောက်ရွံ့တာကြောင့် လျင်မြန်စွာဘဲ ထပ်ဖြည့်ပြောလာတယ်  " ငါ အခု သတိရပြီ "

ကျိရှင်းလန်က အသာအယာ ပြုံးလာတယ် " မှတ်မိသွားပြီလား  ?"

ကျိရှင်းလန်ရဲ့ စူးရှတဲ့ မျက်လုံးတွေနဲဘ စိုက်ကြည့်ခြင်းက သူ့ကိုတုန်လှုပ်စေခဲ့သည်။  သူကအောက်ကိုငုံ့ကြည့်ပြီး မျက်တောင်ခတ်ဖို့တောင်မလုပ်ရဲဘူး။

ချီးပဲ ဘာတွေဖြစ်နေတာလဲ ?

ယန်ချုံးက ပေါ့ပါးစွာချောင်ဆိုးလိုက်တယ် "ငါမင်းကိုမပြောပြဘူး၊ ဒါပေမယ့် ငါမင်းကိုတကယ် လက်မထပ်ချင်ဘူး။  မင်းလည်းအတူတူပဲ ဖြစ်မယ်ထင်တယ်။  မင်းက မင်းအမေရဲ့ဆန္ဒကိုကိုဘဲ လိုက်လျောချင်တာ ဟုတ်တယ်မလား ?  " ကျိရှင်းလန်ကို တစ်ချက်ကြည့်ပြီး သူ့ရဲ့ကျန်ရှိတဲ့ သတ္တိအားလုံးကို ယူလိုက်သည်။  သူကဆက်မပြောခင် ခဏရပ်လိုက်သေးတယ်

  “ ငါတို့နှစ်ယောက်လုံး လက်မထပ်တာက ပိုကောင်းတာပေါ့။  အခုမင်းကလေးကို ကိုယ်ဝန်လွယ်ထားနေရပြီမို့ ငါသွားလို့မရတော့ဘူး ။   ငါအခုထွက်သွားတာဖြစ်ဖြစ် နောက်မှထွက်သွားတာဖြစ်ဖြစ် မင်းလိုချင်ရင် မင်းရဲ့ကလေးကို လအနည်းငယ်အတွင်း မင်းဆီပို့လို့ရတယ် ”

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Donde viven las historias. Descúbrelo ahora