ကျိရှင်းလန်က က သူ့ Omega ဖြစ်ချင်တယ် ပြီးတော့ သူ့ကလေးမွေးချင်ရင် အဲဒါကိုသူစဉ်းစားလိမ့်မယ်။
ကံမကောင်းစွာနဲ့ပဲ၊ လက်တွေ့ကရက်စက်လွန်းတယ်။
ကျိရှင်းလန်က သူ့ရဲ့ဝမ်းဗိုက်ကို အတောမသတ်နိုင်ဘဲ စိတ်ဝင်စားနေပုံရသည်။ ယန်ချုံး က စိတ်မရှည်တော့ဘဲ အဝေးကိုကြည့်လိုက်သည်။ သူလုပ်နေတဲ့အတိုင်းဘဲ၊ သူ့မျက်လုံးတွေက ဆန့်ကျင်ဘက်နံရံပေါ်က ပုံတူပန်းချီကားပေါ်ကျရောက်သွားခဲ့တယ်။

သူက ပုံတူပန်းချီကားကိုမနေ့က မြင်ခဲ့သော်လည်း ၎င်းကိုအများကြီးစဉ်းစားဖို့ အချိန်မရှိခဲ့ပေ။ ဒီတခါတော့ သူက သူ့ကိုယ်ပိုင်ပြုံးနေတဲ့ မျက်နှာကိုကြည့်ပြီး အကြောင်းပြချက်မရှိ ပျာယာခတ်နေသလိုခံစားလိုက်ရတယ်။

ပုံတူပန်းချီကားရဲ့ရှေ့က ပန်းအိုးထဲတွင် အဖြူရောင်စစ်စ် သန့်ရှင်းလတ်ဆတ်တဲ့ ဒေစီပန်းခိုင်အသစ်ကို ထိုးထားသည်။

သူ့စိတ်ထဲတွင် မေးခွန်းတစ်ခုကို ရှင်းပစ်လိုက်ချင်သည်။

ကျိရှင်းလန်က သူ့ကိုဘယ်လိုထင်လဲ?

ယန်ချုံးက နှုတ်ခမ်းစူလိုက်ပြီး ဒီတွန်းအားကို တားလိုက်တယ်။ သူကပုံတူပန်းချီကားမှ အဝေးကိုကြည့်လိုက်ပြီး သူ့ရှေ့မှလူဆီကို ပြန်လှည့်လာခဲ့သည်။ ကျိရှင်းလန်က အရမ်းချောတော့ သူမနာလိုဖြစ်ခဲ့တယ်။
သူက ချောမောပြီး ဆိုးသွမ်းတဲ့ Alphaကောင်လေးတစ်ယောက် ဖြစ်တဲ့အချိန်က ယန်ချုံးဟာ အမြဲ တမ်းကောင်းကောင်းမွန်မွန် စားခဲ့သည်။ သူတို့ရဲ့ကျောင်းဝင်းတွင်" အလိုအပ်ဆုံး Alpha" အတွက် အမည်မဖော်ဘဲနှစ်စဉ် မဲပေးခဲ့သည်။ ဤရွေးချယ်မှုတွင် Omegaတွေသာ မဲပေးနိုင်ခဲ့သည်။ ဒီမဲက Alphaတစ်ယောက်စီရဲ့ (homosexual relationships) လိင်မတူကာမဆက်ဆံတဲ့ ဆက်ဆံရေးတစ်ခုစီကို ထင်ဟပ်စေသည်။

လေးနှစ်တာကာလအတွင်း သူကဂျူနီယာအထက်တန်းကျောင်းသားဖြစ်ခဲ့ပြီး ယန်ချုံးက ထိပ်တန်းအဖြစ် မဲပေးခြင်းခံရသည်။ သူက အလွန်ချောမောသောကြောင့် ကျောင်းဝင်းအတွင်း မောက်မာစွာ လမ်းလျှောက်နိုင်ခဲ့သည်။ဘယ်မိန်းကလေးမဆို မေးကြည့်လိုက်ပါ။ဘယ်သူက ဒီBig Brotherရဲ့ မိန်းမ ဖြစ်မှာကိုမလို​ချင်ဘူးလဲ? ပြီးတော့ သူမရဲ့ငယ်ရွယ်မှုကို သူ့စက်ဘီးနောက်ကခုံမှာထိုင်ပြီး စက်ဘီးစီးရင်း မကုန်ဆုံးချင်တဲ့သူဘယ်သူရှိလဲ?

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now