ဒီခွေးကောင်ကျိက ဘာလို့ညစ်ပတ်တဲ့ဂိမ်းတွေဘဲ အမြဲကစားနေတာလဲ ?

ယန်ချုံးက သူ့ကိုအလွန်ဖိနှိပ်လာခဲ့တာကြောင့် သွေးတောင်အန်ချင်သွားတယ် ။ ကျိရှင်းလန်က သူ့ကိုစကားမပြောဖို့ သတိပေးနေမှန်းသူသိတယ်။

ယန်ချုံးက သွေးထွက်လွန်ပြီးမသေချင်ပေ ။ ဖိနှိပ်ထားတဲ့ အဟန့်အတားကို ဖယ်ရှားလိုက်ချိန်မှာ သူ့ပါးစပ်ကိုသိသိသာသာ ပိတ်ထားပြီးမစ္စစ်ကျိရဲ့ ပျော်ရွှင်စွာမင်္ဂလာပွဲ စီစဉ်နေတာကိုကြည့်နေရတယ် ။  သူတို့ကလေးတွေကို ဘယ်မူလတန်းကျောင်းမှာ သွားတက်ဖို့စီစဉ်ပေးထားတယ်ဆိုတာတောင်ပါသေးတယ်

“ မားမင်းရဲ့ပါးနဲ့လက်ထပ်တုန်းက မား၀တ်ခဲ့တဲ့ ၀တ်စုံကအရမ်းကြီးနေပုံရတယ်။  ဒါပေမယ့် အားလုံးအဆင်ပြေပါတယ်။ ရှောင်ချုံး အဲဒါကို ၀တ်ရအောင်လို့ အဲဒါကိုဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ရှာလိုက်မယ်။ သားရဲ့သားသမီးတွေ လက်ထပ်တဲ့အခါမှာလည်း သူတို့ဝတ်လို့ရသေးတယ် ”

သူမက အသက်ငါးဆယ်ကျော် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့ တူတာကို သူမမြင်ခဲ့ရဘူး။

ကျိရှင်းလန်က မလှုပ်မယှက်နှင့် ခုခံရန်ရည်ရွယ်ချက်မရှိချေ။

မစ္စစ်ကျိက သူမသားနဲ့ လက်ထပ်ဖို့ကိစ္စကို အကြိမ်ကြိမ်ပြောခဲ့ဖူးသည် ။ ကျိရှင်းလန်က ရှောင်ချုံးကို စိတ်မဝင်စားခဲ့တာက စိတ်မကောင်းစရာဘဲ ။ အချိန်တိုင်း သူကအကြောင်းပြချက်မဲ့ ဆင်ခြေအမျိုးမျိုးကို တွေ့ခဲ့သည်။  ဒါပေမယ့် သူကဆင်ခြေပေးဖို့ပျင်းရင်တောင်မှ သူ့ရဲ့တွန့်ဆုတ်မှုကို သူ့မျက်နှာပေါ်မှာ ရေးထားခဲ့တယ်။

မစ္စစ်ကျိကတော့ လက်မလျော့ဘူး ။ ကျိရှင်းလန်က ​ရှောင်ချုံးကို ကြိုက်ကြိုက် မကြိုက်ကြိုက် လိုအပ်အပ် မလိုအပ်အပ် ဒီချစ်စရာအိုမီဂါလေးက သူမသားကို နာကျင်မှုတွေထဲက ဆွဲထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။  သူမက ကျိရှင်းလန်ရဲ့ စိတ်အခြေအနေကို စိုးရိမ်နေဆဲဖြစ်ပေမဲ့ အိမ်တော်ထိန်းကို သူ့ကိုပိုပြီးဂရုစိုက်ခွင့်ပေးရုံမှတပါး အခြားနည်းလမ်းမရှိချေ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Wo Geschichten leben. Entdecke jetzt