ယန်ချုံး လှောင်ပြုံးပြုံးလိုက်တယ်။

လုံးဝမဖြစ်နိုင်ဘူး !  သူကကျောင်းမှာ  အနိုင်ကျင့်ဗိုလ်ကျတဲ့သူတစ်ယောက်လေ။ သူပန်းရောင်ကြိုက်တာက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ!

ယန်ချုံးက ဒေါသတကြီးနဲ့ ခေါင်းအုံးကိုဘေးသို့ပစ်လိုက်ပြီး မှန်ထဲကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်။

ဒီမနက် သူမျက်လုံးဖွင့်လိုက်တာနဲ့ သူဒီလိုမျိုးဖြစ်သွားတာကို တွေ့လိုက်ရတယ်။

 အဲ့အချိန်က အခြေအနေဟာ အိပ်မက်တစ်ခုလိုဖြစ်နေတယ်။  ယန်ချုံးရဲ့ ပထမဆုံးတုံ့ပြန်မှုက သူ့ကိုယ်သူအနည်းငယ်အသာပုတ်ပြီး မိမိကိုယ်ကိုသတိရှိအောင် ကြိုးစားဖို့ဖြစ်တယ်။  ကံမကောင်းစွာနဲ့၊ ဒါကအိပ်မက်မဟုတ်ခဲ့ဘူး။  သူ့မျက်နှာက ရောင်ရမ်းလုမတတ်ဖြစ်နေသော်လည်း မနိုးထလာသေးပေ။

သူ့ခန္ဓာကိုယ်က ရုတ်တရက်ပြောင်းလဲသွားသော်လည်း ယန်ချုံးရဲ့ Alpha ဗီဇစိတ်များက ရှိနေဆဲဖြစ်သည်။  မှန်ထဲတွင် လှပသောလူငယ်ကိုကြည့်ရင်း ယန်ချုံးက သူ့သွေးတွေစီးဆင်းမှုက မြန်ဆန်လာသည်ကို ခံစားလိုက်ရပြီး လက်ဖဝါးက အနည်းငယ်ချွေးထွက်လာခဲ့တယ်။

  အရင်တုန်းကဆိုရင် ဒီလောက်လှပတဲ့ Omega ကို သူတွေ့ဆုံခဲ့ရင် သူကအရက်သောက်ဖို့နဲ့ ဘဝအကြောင်းဆွေးနွေးဖို့ သူ့ကိုကျိန်းသေဖိတ်ခေါ်လိမ့်မယ်။  ဒါပေမယ့်ယခုတော့  ဒီလှပတဲ့မျက်နှာက သူ့ကိုယ်ပိုင်မျက်နှာဖြစ်နေခဲ့တယ်။  သူကဘယ်လောက်ပဲလှနေပါစေ သူကအဆင်မပြေဘူးလို့ ထင်ခဲ့ပေမယ့် သူကအရပ်ရှည်ပြီး ထူးချွန်ထက်မြက်ပြီးတော့ ခြေတံရှည်တဲ့ alpha တစ်ယောက်ဖြစ်တဲ့ ယန်ချုံးအဖြစ်ကို ပြန်ချင်နေသေးတာ သေချာတယ် !

နံရံပေါ်မှာ တိုက်ခိုက်နေတဲ့ကျောင်းကအနိုင်ကျင့်ဗိုလ်ကျတဲ့သူက ရုတ်တရက်မြေပြင်ပေါ်လဲကျသွားပြီး အလိုလိုက်ခံထားရတဲ့ Omega အဖြစ်ပြောင်းသွားရင် ဘယ်လိုလုပ်ရမှာလဲ? သူပြန်လာရင် သူကျောင်းဆက်တက်လို့ရဦးမှာလား?

ယန်ချုံးက စိတ်ရှုပ်စွာ ခေါင်းကိုခါယမ်းလိုက်ပြီး သူ့ကိုယ်သူအတတ်နိုင်ဆုံး နှစ်သိမ့်ပေးလိုက်တယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now