"ဘာဖြစ်လို့လဲ!?"

"လင်္ကာမျိုးက ငါ့ဆီ ဖုန်းဆက်လာတယ်။ ငါ အခု သူတို့ရဲ့မြားဦးကို ကေသရီ့ဘက် လှည့်ပေးလိုက်ပြီ။ မင်းရဲ့စိတ်ကို ထိန်းပြီး မလုပ်သင့်တာကို မလုပ်မိအောင်လို့ ငါ သတိလှမ်းပေးတာ။"

Theoရဲ့ဒေါသစိတ်က အနည်းငယ်မျှ ထိန်းလို့ ရသွားပေမယ့် ကျေနပ်သွားတာမျိုးတော့ မဟုတ်သေးပေ။

"Theo...သူက အစ်ကို့ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနယ်ရုပ်ပဲ။ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။ အစ်ကို့ကို တွေးကြည့်ပြီး စိတ်ထိန်းပါ။"

ထိုအခါကျမှ Theoလည်း ရူးမိုက်ချင်စိတ်တွေကို ဖျောက်ဖျက်ပစ်ပြီး မဝံ့မရဲ မေးလာခဲ့သည်။

"သူ့အခြေအနေ ဘယ်လိုရှိလဲ!?"

"အခန်းထဲမှာ အနားယူနေတယ်။ စိတ်မပူပါနဲ့။ သူ အဆင်ပြေမှာပါ။ ငါလည်း ရှိနေတာပဲ။"

Theoက စားသောက်ဆိုင်ထဲက မြင်ကွင်းကို ပြန်မြင်ယောင်လာပြီး ထုတ်မေးလိုက်သည်။

"ရသ... မင်း သူ့ကို သဘောကျနေတာတော့ မဟုတ်ဘူးမလား!?"

"အစ်ကို့ကို ငါ သဘောကျတာပေါ့။ သူ့မှာက ဘာပြစ်ချက်မှ မရှိဘူးလေ။"

စိုင်းရသဦးက ဖြေဆိုရင်းနဲ့ ယခုအချိန်မှာ Theo ဖြစ်နေမယ့် မျက်နှာကို တွေးကြည့်ပြီး ပြုံးလိုက်မိသည်။

"ဒါပေမဲ့ ငါ သူ့ကို သဘောကျတယ်ဆိုတာက ရိုးရိုးသားသားပါပဲ။ အားလုံးပြည့်စုံတဲ့ အစ်ကိုတစ်ယောက်ကို ရထားလို့ ဂုဏ်ယူရသလိုမျိုးပေါ့။ သဝန်လိုက်တိုမနေနဲ့။"

"သဝန်တိုတာ မဟုတ်ပါဘူး။"

"သဝန်တိုတာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီကိစ္စတွေကို အမြန်ပြီးပြတ်အောင် လုပ်ဖို့သာ စဉ်းစား။ ပြီးရင် အစ်ကို့ရဲ့ဘေးနားကို မင်း ပြန်လာလို့ ရပြီ။"

စိုင်းရသဦးနဲ့ ဖုန်းပြောပြီးချိန်မှာ Theoက စိတ်ကို သေချာထိန်းချုပ်ကာ ကေသရီရဲ့အခန်းဆီသို့ တက်သွားခဲ့သည်။

"🔔...🔔...🔔"

ကေသရီက နီရဲနေတဲ့ ပါးပြင်ကို မှန်ထဲမှာ ကြည့်ပြီး ငိုနေစဉ် ကြားလိုက်ရတဲ့ လူခေါ်ဘဲလ်သံကြောင့် တံခါးထဖွင့်ပေးခဲ့ရသည်။ သူမရဲ့အခန်းသို့ တစ်ခါမှ လာမလည်ဖူးတဲ့ Theoက ယခုလို ရောက်ရှိလာခြင်းအပေါ် ထူးဆန်းနေမိပြန်သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now