"ငါလည်း အိမ်အပြောင်းအရွှေ့နဲ့ အလုပ်ရှုပ်နေလို့ပါ။"

"အိမ်အပြောင်းအရွှေ့..!? ဘာလို့လဲ!?"

"အသေးစိတ်ကို ငါတို့လူချင်းတွေ့မှပဲ ပြောပြတော့မယ်။"

"ဒါ မင်းရဲ့ဖုန်းနံပါတ်အသစ်လား!?"

"ဟုတ်တယ်။ မင်းရဲ့ဖုန်းနံပါတ်ကိုလည်း ငါ့မှာ မနည်းလိုက်ရှာထားရတာ။"

"အခု ဘယ်သူ့ဆီကနေ သိလာတာလဲ!?"

"ကောင်းမြတ်ဆီကနေ မေးထားတာ။"

"သူနဲ့ရော မင်း တွေ့ပြီးပြီလား!?"

"ငါ ဘယ်သူနဲ့မှ မတွေ့ရသေးဘူး။"

"မင်းရဲ့လိပ်စာ ငါ့ကို ပေးလေ။ ငါ လာလည်ပေးရမှာပေါ့။"

သိင်္ဂါရ ပြောပြတဲ့ အိမ်လိပ်စာကို မင်းခန့်က သေချာလိုက်မှတ်ထားခဲ့သည်။

"ရပြီ...သူငယ်ချင်း။ ငါ ညနေကျရင် မင်းဆီကို လာခဲ့မယ်။"

"ငါ့ဆီ မလာခင် မင်းမိန်းမကို ဖုန်းကြိုဆက်ထားဦး။ အလုပ်ကအပြန် အိမ်ကို တန်းမလာလို့ဆိုပြီး အဆူခံနေရဦးမယ်။"

"ငါက မယကမှ မဟုတ်တာ။"

"အဲ့စကားကို မှတ်ထား။ ကဲ...ငါ ဖုန်းချလိုက်တော့မယ်။ ညနေကျမှ တွေ့ကြတာပေါ့။"

"အေး...အေး။ ငါ လာခဲ့မယ်။"

သိင်္ဂါရနဲ့ ဖုန်းပြောပြီးချိန်မှာ မင်းခန့်က ငယ်သူငယ်ချင်းကို ပြန်တွေ့ရတော့မှာမို့ ပျော်ရွှင်နေမိတော့သည်။

ညနေ(၆)နာရီခန့်တွင်-

"သိင်္ဂါရ!!!"

သိင်္ဂါရက ခေါ်သံကြောင့် ဆေးခန်းအပေါက်ဝဆီသို့ လှမ်းကြည့်မိပြီး ယူနီဖောင်ဝတ်ဆင်ထားတဲ့ မင်းခန့်ကို တွေ့သွားလေသည်။

"ရောက်လာပြီလား!?"

မင်းခန့်က သိင်္ဂါရနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ပြုံးရွှင်စွာဖြင့် ဝင်ထိုင်ခဲ့သည်။

"မင်းရဲ့ဆေးခန်းက မိုက်လှချည်လား!?"

"ငါ့စိတ်တိုင်းကျ ပြင်ဆင်ထားတာလေ။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now