"ကိုယ့်ကိုယ်ကိုယ် စိတ်ပူစမ်းပါဦး။"

"မင်းက ဘယ်သူလဲ!? ဘာလို့ ငါ့ကို ဖမ်းထားတာလဲ!?"

"သိချင်စိတ်ကို ခဏမျိုသိပ်ထားဦး။ ပြစရာရှိသေးတယ်။"

နောက်ထပ်လူငယ်တစ်ယောက်က ဆန်းဝင်းရဲ့ဘေးနားက လူဆီသို့ လျှောက်လှမ်းလာပြီး မျက်နှာကို မော့ခိုင်းလိုက်လေသည်။

"သူ့ကို မှတ်မိလား!?"

ဆန်းဝင်းက သေချာကြည့်လိုက်ပေမယ့်လည်း လူရုပ်မ‌ပေါ်တဲ့အထိ အခြေအနေဆိုးဝါးနေတာမို့ ဘယ်သူမှန်း မသိခဲ့ရပေ။

"ငါ မသိဘူး။"

"အဲဒါ ခင်‌ဗျားရဲ့မိတ်ဆွေဟောင်းကြီး စိုးမင်းလေ။"

ထိုစကားကြောင့် ဆန်းဝင်းလည်း သေချာစွာ ပြန်ကြည့်လိုက်မိသည်။ စိုးမင်းရဲ့မူလပုံစံကို လုံးဝမမှတ်မိနိုင်လောက်အောင် အနှိပ်စက်ခံထားရတာ အသေအချာပင်။ ထို့ကြောင့် ဆန်းဝင်းရဲ့စိတ်ထဲမှာလည်း ကြောက်စိတ်က အစပြုလာခဲ့သည်။

"မင်း...မင်းတို့က ဘယ်သူတွေလဲ!?"

"အဲ့လောက်ကြောက်ပြမနေနဲ့။ ခင်ဗျားရဲ့မိတ်ဆွေဟောင်းကြီးကို နှုတ်ဆက်လိုက်ဦး။"

ဆန်းဝင်းက ဘေးဘက်ကို ပြန်လှည့်ကြည့်မိချိန်မှာ နောက်လူငယ်တစ်ယောက်က စိုးမင်းရဲ့ဦးခေါင်းဆီသို့ ဆယ်ပေါင်တူနဲ့ ချိန်ရွယ်ထားမှန်း သိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပထမလူငယ်က စကားတစ်ခွန်းကို ရေရွတ်ခဲ့လေသည်။

"နှုတ်ဆက်ပါတယ်..."

စကားအဆုံးမှာ စိုးမင်းရဲ့ဦးခေါင်းက ဆယ်ပေါင်တူနဲ့ (၁၅)ချက်ခန့် ထုရိုက်ခံလိုက်ရတော့သည်။ နာကျင်မှုကို ညည်းညူသံပင် မပြုနိုင်ဘဲ လောကကြီးထဲကနေ ထွက်ခွါသွားတဲ့ စိုးမင်းရဲ့သွေးတွေက ဆန်းဝင်းရဲ့မျက်နှာပေါ်အထိ လွင့်စင်လာခဲ့သည်။

"ဪ...မျက်နှာကို သွေးတွေတောင် တက်စင်ကုန်ပြီ။ အားနာစရာပဲ..."

အေးတိအေးစက်ပြောနေသူကို ကြည့်ပြီး ဆန်းဝင်းရဲ့စိတ်ထဲမှာ ချောက်ချားလာသလိုပင်။ ခဏအကြာမှာ ဒုတိယလူငယ်က အနားသို့ ချဉ်းကပ်လာပြီး ဆန်းဝင်းရဲ့အဝတ်အစားတွေကို ကြမ်းတမ်းစွာ ဆွဲချွတ်ပစ်လိုက်သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now