"ငါ သွားစရာရှိသေးတယ်။"

ပြောပြီးပြီးချင်း ထိုင်ခုံကနေ ထထွက်သွားတဲ့ Theoရဲ့အနောက်ကို စိုင်းရသဦးက အမြန်လိုက်လာပြီး တားခဲ့သည်။

"Theo...ဘာဖြစ်လို့လဲ!?"

"ဘာမှမဖြစ်ဘူး။ စားချင်စိတ် မရှိတော့လို့။"

"ငါလည်း လိုက်ခဲ့မယ်လေ။"

"မလိုပါဘူး။ မင်းဘာသာမင်း သူနဲ့သာ အတူဆက်နေပေးလိုက်စမ်းပါ။"

ခပ်ပြတ်ပြတ်ပြောပြီး အမြန်ထွက်သွားတဲ့ Theoရဲ့ကျောပြင်ကို ငေးကြည့်ရင်းနဲ့ စိုင်းရသဦး သက်ပြင်းချလိုက်မိသည်။ ‌ဒေါသမီးတွေနဲ့ ပူလောင်နေတဲ့ Theoကတော့ သူ့ကို အေးမြမှုပေးနိုင်မယ့် တစ်ဦးတည်းသောသူဆီသို့သာ ဦးတည်သွားခဲ့လေသည်။

"🔔...🔔...🔔"

မိခင်ဖြစ်သူဆီ သွားတွေ့ဖို့ ပြင်နေတဲ့ သိင်္ဂါရက ဘဲလ်မြည်သံကြောင့် တံခါးဖွင့်ပေးလိုက်ရသည်။

"Theo...ဘာဖြစ်လာတာလဲ!?"

Theoက ဘာမှပြန်မဖြေဘဲ သိင်္ဂါရရဲ့ပခုံးပေါ်သို့ သူ့ဦးခေါင်းကို မှီထားခဲ့သည်။ သိင်္ဂါရလည်း မေးမြန်းခြင်းအမှုကို ခေတ္တရပ်နားထားပြီး Theoရဲ့ဆံစလေးတွေကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"နံပါတ်စဉ်ကို (၆၀)ကနေ (၁)အထိ ပြန်ရေကြည့်။ အဲဒါတော့ ရေတတ်တယ်မလား!?"

Theoက သိင်္ဂါရရဲ့စကားကို ကြားချိန်မှာ ပြုံးပြီး ဦးခေါင်းပြန်မော့လာခဲ့သည်။

"နံပါတ်စဉ်မရေတတ်လို့ သင်ပေးပါဦး။"

သိင်္ဂါရလည်း ထိုအခါကျမှ ပြုံးရယ်နိုင်တော့သည်။

"ဘာကြောင့်လဲဆိုတာကို မပြောပြချင်ဘူးလား!?"

Theoက သိင်္ဂါရကို တစ်ဖက်သို့ လှည့်လိုက်ပြီး ပခုံးလေးကို အသာအယာတွန်းကာ အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သိင်္ဂါရကို ဆိုဖာမှာ ထိုင်ခိုင်းပြီး Theoကတော့ သူ့ပေါင်ပေါ် ခေါင်းအုံးကာ လဲလျောင်းလိုက်လေသည်။

"အသိတစ်ယောက်ရဲ့အကြောင်းကို ပြောပြမယ်။"

"မင်းရဲ့အကြောင်းမလား!?"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Tahanan ng mga kuwento. Tumuklas ngayon