လေဟုန်ကိုခွင်းလိုစီးလာတဲ့ဆိုင်ကယ်
လေးထက်ချန်းယောလ်ရဲ့ခါးကိုတင်းတင်း
ဖက်ထားရသည်။ဒီနေ့ကျောင်းအပြန်ကို
အတူပြန်မယ်ဆိုပြီးဆရာတွေရုံးခန်းရှေ့
ပေကပ်ပြီးစောင့်နေတယ်။သူနောက်ကျနိုင်လို့ပြန်နှင့်လို့ပြောတာလည်းမပြန်။အဲ့ကောင်လေးကအခုနောက်ပိုင်းလိမ္မာလို့မဆိုးဘူး
ထင်နေတာ။အခုလိုစကားနားမထောင်ဘဲ
ပေကပ်ပြီးစောင့်နေမယ်မထင်တာ။
ဆရာတွေအစည်းအဝေးပြီးလို့သူတို့ပြန်ကြဖို့ထွက်လာတော့ကောင်းကင်မှာအလင်းရောင်
တောင်ပျောက်ကွယ်ပြီ။မီးရောင်အောက်ခပ်တည်တည်မျက်နှာလေးနဲ့သူ့ကိုစောင့်နေတာ။
ဆရာတွေနဲ့ထမင်းသွားစားဖို့ငြင်းကာသူနဲ့
တူတူပြန်လာရသည်။စကားတစ်ခွန်းမဆိုဘဲ
ကျွန်တော့်ကိုဦးထုပ်စွပ်ပေးပြီးတာနဲ့အရှိန်နဲ့
မောင်းထွက်တာ။ပုံမှန်အရှိန်ထက်မြန်နေသလိုခံစားရလို့ဆယ်ဟွန်းရင်ထိတ်နေသည်။
မျက်စိစုံမှိတ်ပြီးသာလိုက်လာရတော့သည်။
တခုခုသာတိမ်းစောင်းသွားလို့ကတော့နှစ်ယောက်လုံးကိစ္စတုံးပြီလို့သာတွေးနေမိသည်။ဆိုင်ကယ်ရပ်သွားလို့ဆယ်ဟွန်း
မျက်လုံးဖွင့်ကြည့်တော့အိမ်လည်းမရောက်
သေးပါလား။
"ချန်းယောလ် ဒါဘယ်နေရာလည်း
အိမ်ကိုမပြန်ဘဲ... "
"ကိုကို့ကိုဒဲ့မေးမှဖြစ်တော့မယ်
မြိုသိပ်လည်းထားလို့မရတော့ဘူး။
အခုကျွန်တော်ဘာဖြစ်နေလည်း
ကိုကိုသိလား "
ချန်းယောလ် ပုံကစိတ်အတော်တိုနေသည့်ဟန်ဆိုင်ကယ်စီးဦးထုပ်ကိုဆွဲချွတ်ပြီးနောက်
သူ့ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာပြောလာသည်။ဆယ်ဟွန်းလည်းသူ့ဦးထုပ်ကိုချွတ်လိုက်သည်။
"ဘာတွေဖြစ်နေတာလည်းချန်းယောလ် "
"ဘာဖြစ်ရမှာလည်း
ဟော့ဒီရင်ဘတ်ထဲကိုကို့ကြောင့်မီးလိုပူနေ
ပြီသိရဲ့လား။ရူးတော့မယ်။ကိုကို့ကြောင့်
ရူးဖို့မလိုတော့ဘူး "
"ငါကဘာလုပ်မိလို့မင်းကရူးရမှာလည်း
ချန်းယောလ် "
"တကယ်မသိလို့မေးတာလားကိုကို
ဆရာမဟန်နဲ့ဟီးဟီးဟားဟားလုပ်နေတာ
ကဘာသဘောလည်း၊ကျွန်တော်ရူးတော့မယ်
ကိုကို "
"ငါ့ဘာသာဆရာမဟန်နဲ့ဘာလုပ်လုပ်... "
စကားလုံးတို့ထွက်ကျခွင့်မရတော့။
သူ့နှုတ်ခမ်းအစုံဟာချန်းယောလ်အပြုအမှု
ကြောင့်ပူနွေးစွတ်စိုသွားရသည်။
ပခုံးနှစ်ဘက်ကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်ထားတဲ့သူ့လက်တွေကဆယ်ဟွန်းမျက်နှာကိုကိုင်တွယ်ထားပြီးမော့စေကာဖိကပ်လာသော
နှုတ်ခမ်းသားခပ်ထူထူ။လှိုက်ဖိုတုန်ရီခြင်း
တွေနဲ့သူဦးဆောင်ရာနောက်ဆင်ခြင်တုံမဲ့စွာ
ဆယ်ဟွန်းစီးမျောနေမိသည်။
သူ့ဂျာကင်အနားစက်ိုဆုပ်ကိုင်ရင်းအနမ်းတွေ
ကိုခံယူနေမိသည်။
မသင့်တော်ဘူး၊မဖြစ်သင့်ဘူး
ငြင်းဆန်ရမယ်လို့ဦးနှောက်ကသတိပေးနေတယ်။ခက်နေတာကဆယ်ဟွန်းနှလုံးသား။
တဒုတ်ဒုတ်ခုန်နေသောနှလုံးခုန်သံကပိုမြန်ဆန်လာသလိုသွေးခုန်နှုန်းတွေပါတိုးများ
နေပြီလား။ချန်းယောလ်ရေရပ်လိုက်ပါတော့။
ငါ့ကိုရူးအောင်မင်းလုပ်နေတာလား။
အချိန်တော်တော်ကြာနမ်းရှိုက်မိတဲ့နှုတ်ခမ်း
ပါးလေးဆီကချန်းယောလ်ဖယ်ခွာလိုက်တော့
အသက်ပြင်းပြင်းရှုနေသောကိုကို။စိတ်အရမ်းလှုပ်ရှားသွားပုံရသည်။
"မင်း မင်း ဘာလုပ်တာလဲ ချန်းယောလ် "
"စိတ်မထိန်းနိုင်တော့လို့နမ်းလိုက်မိတာ
ကိုကိုမကျေနပ်ရင်ပြီးမှအပြစ်ပေးပါ။
ခုနကိစ္စဆက်ရှင်းမယ်။ဆရာမဟန်နဲ့အနေအထိုင်ပြောဆိုတာဆင်ခြင်ပါကိုကို
ကျွန်တော်မကြိုက်ဘူး။နောက်တစ်ခါအဲ့လို
အရမ်းနီးကပ်ပြီးလိုတာထက်ပိုနေတဲ့အမူအရာထပ်မြင်ရရင်ကိုကို့ကိုဘာလုပ်မိမယ်ဆိုတာမသိတော့ဘူး "
"ငါ့ကိုယ်ရေးကိုယ်တာကိုမင်းကစွတ်ဖက်
ရအောင်မင်းကဘာကောင်မို့လို့လဲ။
အမိန့်ပေးတဲ့လေသံနဲ့ပြောဆိုနေရအောင်.... "
"ကိုကို့ကိုဒီကကောင်ကချစ်နေလို့
သိပြီလား ချစ်လို့ ချစ်လို့ အဲ့လိုတွေမြင်ရင်
ရူးတော့မယ် "
အခုလိုကြီးပြောချလာမယ်မထင်ထား။
မိမိအပေါ်ချန်းယောလ်မရိုးသားမှန်းသိပေမဲ့
ဒီတိုင်းစိတ်ကစားရုံလို့ထင်ခဲ့မိတာ။
သူ့ကိုငေးကာကြည့်နေသောကိုကို
မျက်ဝန်းတွေကအံ့သြသင့်နေပုံရသည်။
သူပြောတာကိုမယုံနိုင်ဘူးဖြစ်နေပုံရသည်။
တကယ်ပါကိုကို
မြိုသိပ်ထားလို့မရတော့လို့ဖွင့်ချပြလိုက်ရတာ။
"မယုံနိုင်မှန်းသိတယ်ကိုကို
ကျွန်တော်ရည်ရွယ်ထားတဲ့နေ့မရောက်သေးဘဲမြိုသိပ်မထားနိုင်လို့ဖွင့်ချလိုက်ရတာ။
ချစ်တာကိုယုံပေးပါ "
တိတ်ဆိတ်သောပတ်ဝန်းကျင်ရယ်
ညည့်နက်လာရင်မကောင်းဘူးဆိုတာရယ်
ဆယ်ဟွန်းအတွေးရောက်မိသွားသည်။
"ပြန်ရအောင် ချန်းယောလ်
မိုးချုပ်နေပြီမလား "
"စကားလမ်းကြောင်းမလွှဲပါနဲ့ကိုကို
အိမ်မှာဆိုကျွန်တော်ပြောချင်တာတွေမြိုသိပ်
ထားရတာ။အခုပြောခွင့်ရှိတုံးပြောရမယ်။
ကိုကို့အမြင်မှာကျွန်တော့်ကိုဘယ်လိုမြင်တယ်မသိပေမဲ့ကျွန်တော့်ဘက်ကကိုကို့အပေါ်ဆရာဆိုတာထက်ပိုတယ်။တခဏတာ
အရူးထတဲ့အချစ်လည်းမဟုတ်ဘူး။
ပြောင်းလဲခဲ့တာကိုကို့ကြောင့်... "
ဆယ်ဟွန်း သက်ပြင်းချလိုက်ရင်းခေါင်းခါ
ရမ်းလိုက်တယ်။သူဒီအခြေအနေကိုတကယ်
ဖြစ်မလာစေချင်ပါ။အနေရခက်စေမဲ့ဆက်ဆံ
ရေးအဖြစ်ပြောင်းလဲမသွားချင်။ချန်းယောလ်
ရာဘာကြောင့်များဖွင့်ပြောလိုက်ရတာလည်း။
"ကိုကိုကသက်ပြင်းတောင်ချတယ်လား။
အဟက်... ဒီလိုကောင်ဆီကချစ်တယ်ပြောတာကြားရတော့စိတ်ရှုပ်သွားမှာဘဲ... "
ချန်းယောလ်ကသူ့ကိုဦးထုပ်ပြန်ဆောင်းပေးပြီးသူကိုယ်တိုင်လည်းဦးထုပ်ပြန်ဆောင်းပြီး
ထိုနေရာကထွက်လာကြသည်။အိမ်ပြန်မိုးချုပ်နေသောသူတို့ကိုအိမ်ထိန်းနဲ့ချန်းယောလ်ညီလေးတို့ကစောင့်ကြိုနေကြသည်။
အလိမ်အညာစကားတို့ကိုဆယ်ဟွန်းပါးစပ်ကထုတ်ပြောလိုက်ရပြီးအပေါ်ထပ်ဆီတက်
လာလိုက်ကြသည်။ထိုညကစာမသင်ဖြစ်တော့သလိုအိပ်မပျော်သောညတစ်ညဖြစ်
လာခဲ့သည်။
ကျွန်တော်မနက်စောစောထကာကျောင်းကိုအစောကြီးထွက်လာခဲ့သည်။ချန်းယောလ်နဲ့
ညကပူပူနွေးနွေးမျက်နှာပူစရာဖြစ်ရပ်
ကြောင့်သူ့ကိုဒီမနက်ရင်မဆိုင်ရဲ။သတ္တိမရှိ
ရာကြမလားထင်ကောင်းထင်နိုင်သည်။
ဖွင့်ဟဝန်ခံခြင်းကိုသူကြားလိုက်ရတော့ရင်
အစုံလှုပ်ခတ်ခဲ့ပေမဲ့သူနဲ့ချန်းယောလ်က
မဖြစ်သင့်ဘူးလေ။ဘေးလူကြားလို့မှမသင့်
တော်။ဆရာနဲ့တပည့်ဆက်ဆံရေးအဖြစ်နဲ့
အဆုံးသတ်တာကအကောင်းဆုံးမလား။
ဘာလည်းဒါဆိုငါကလည်းချန်းယောလ်ကို
စိတ်ဝင်စားနေတာလား။အခုမှမရေမရာမဖြစ်
နေသောသူ့စိတ်ကိုလှုပ်နှိုးခံလိုက်သည်မို့
မေးခွန်းတွေပြန်ထုတ်ရင်းရုံးခန်းထဲငေးငိုင်
နေမိသည်။ဆယ်ဟွန်းခေါင်းကိုခါပြီးမျက်စိ
စုံမှိတ်လို့နေနေလိုက်သည်။
ထိုခဏရင်းနှီးနေသောအမွှေးနံလေးကသူ့
အမြင်လွှာကိုဖွင့်ကြည့်ဖို့စေခိုင်းလိုက်သည်။
ထင်သည့်အတိုင်းပါဘဲ
သူရှေ့ရပ်နေသောချန်းယောလ်ကိုတွေ့လိုက်ရသည်။
"ကိုကိုညကဘာမှမစားဘူးမလား။
ဒီမနက်လည်းအစောကြီးထွက်လာတယ်
မုန့်အရင်စားပါ "
မနက်စာဝယ်လာပေးတာကိုထားပြီးသူထွက်သွားသည်။ချန်းယောလ်နောက်ကျောကို
ငေးကြည့်ရင်းသူကျန်ခဲ့သည်။အခန်းထဲ
သူ့အချိန်ဝင်တော့ချန်းယောလ်အကြည့်တွေနဲ့ရင်ဆိုင်ရသည်။တစ်နေလုံးဆယ်ဟွန်းရဲ့လုပ်ငန်းဆောင်တာကိစ္စတွေအဆင်မပြေ
ဖြစ်တယ်။ကျောင်းသားတွေကိုစာတွက်ခိုင်း
မယ်ဆိုပြီးအဖြေတခါတည်းတွက်ပြမိတာမျိုး။သူသတိလက်လွတ်ဖြစ်နေခဲ့သည်။
ညပိုင်းစာသင်ချိန်ဝယ်
"ချစ်တယ်လို့ရင်ဖွင့်မိတာ
စိတ်မသက်မသာဖြစ်သွားလား ကိုကို "
"စာသင်ရအောင်ချန်းယောလ် "
"ကိုကိုရာအဲ့လိုကြီးမလုပ်နဲ့တကယ်တောင်းပန်တာပါ "
နှစ်ယောက်ကြားစိတ်မသက်မသာခံစားမှုက
ပိုဆိုးလာသည်။
"မင်း ဘာဖြစ်ချင်နေတာလည်း ချန်းယောလ်
စာထဲအာရုံစိုက်ဖို့ပြောနေတာကို... "
"ဘာဖြစ်ချင်တာလဲဆို ကိုကို့ချစ်သူဖြစ်ချင်တယ် "
"မဖြစ်နိုင်တာမပြောဘဲနေရအောင်
ချန်းယောလ် မနေ့ညကမင်းငါ့ကိုဘာမှမပြောခဲ့ဘူးလို့သတ်မှတ်လိုက်ပြီ "
"ကိုကို ရူးချင်ယောင်မဆောင်နဲ့ဗျာ
ကျွန်တော် ထပ်ပြောရမလား "
သူ့ရင်ခွင်ထဲဖျစ်ညှစ်ခံလိုက်ရသောကျွန်တော်အဖြစ်။အားသန်လွန်းသော
ချန်းယောလ် ရင်ခွင်ကနေရုန်းထွက်ဖို့
ခဲယဥ်းလို့နေသည်။
"ချစ်တယ်
ငယ်သေးလို့ဆိုပြီးကျွန်တော့်အချစ်ကို
အသိမှတ်ပြုလက်မခံချင်တာလားဗျာ
ကိုကို့ကိုတကယ်ချစ်တာ၊စိတ်ကစားတာ
လုံးဝမဟုတ်ဘူး "
ပါးတစ်ဖက်ဆီကထိတွေ့မှုကိုခံစားလိုက်ရသည်။လူဆိုးလေးဟာသူသဘောကျအတိုင်း
ကျွန်တော့်ပါးတစ်ဖက်ကိုနမ်းလိုက်ပြန်ပြီ။
ခက်တယ်။သူတို့အရွယ်လေးတွေကထိန်း
ချုပ်ဖို့တကယ်မလွယ်ပါလား။ရိုက်ပြီးဆုံးမလို့လည်းမဖြစ်။ဆယ်ဟွန်းအတွက်တော့
ဘေးကြပ်နံကြပ်အခြေအနေတစ်ခုထဲရောက်
နေခဲ့ပြီ။
ချစ်ရဲ့သားနဲ့ ကိုကိုကမူနေလိုက် 😕
14/12/2020
11:16 PM