"မင်းမရှက်ဘူးလား"
ဒယ်ဒီရဲ့ကီးသံအမြင့်နဲ့အော်သံကို
ချန်းယောလ်နားစည်ကွဲမတတ်ကြားလိုက်ရသည်။
"ဒယ်ဒီကလည်းအစမရှိအဆုံးမရှိဘာတွေ
ပြောနေမှန်းကိုမသိ.... "
"ဘာကိုပြောရမလည်း။
မင်းစာမေးပွဲကျတာကိုပြောနေတာ
မရှက်ဘူးလား။
အငယ်ကောင်တောင်မင်းကိုမှီလာပြီ
ကိုယ့်ညီလေးနဲ့အထက်တန်းဝင်ခွင့်အတူ
ဖြေမလို့လား။ငါရှက်လွန်းလို့ငါ့မျက်နှာကို
ဘယ်နားထားရမှန်းမသိတော့ဘူး။မြို့တော်ဝန်ရဲ့သားကအဲ့လောက်ညံဖျင်းရသလားဆိုပြီး "
"ဒါများဒယ်ဒီရာ
လမ်းထွက်ရင် Mask တပ်ပြီးဦးထုပ်ဆောင်း
လိုက်ရင်ဘယ်သူမှ... "
စကားတောင်မဆုံးလိုက်ချန်းယောလ်
ကျောပြင်ကိုအထောင်းခံလိုက်ရသည်။
မြို့တော်ဝန်ကြီးကလက်မြန်ခြေမြန်ဆိုတဲ့
နာမည်သတင်းကအလကားမဟုတ်ဘူးလေ။
"ဒယ်ဒီ လက်မပါနဲ့လေကိုယ့်သားအကြီးလေး
ကိုအမြဲကိုယ်ထိလက်ရောက်ညင်းပန်းနှိပ်စက်နေလို့သားစာမေးပွဲမအောင်တာ "
ပြောပြီးတာနဲ့လှစ်ခနဲထွက်ပြေးလာရသည်။
နောက်နားဆီကနေသူ့ကိုဆဲဆိုကျိန်မောင်းနေသံတွေကကျန်ခဲ့လေပြီ။
ချန်းယောလ် ကစာမတော်လို့စာမေးပွဲကျတာ
မဟုတ်ဘူး။စာမလုပ်ချင်လို့ကျတာ။
စာထဲစိတ်မဝင်စားလိုဆိုပိုမှန်မယ်။
စာတွေကလည်းကျက်လိုက်ရင်ရသလိုလို
မရသလိုလိုနဲ့ထပ်ခါထပ်ခါမကျက်ချင်တော့။
ကျောင်းသွားဖို့ထွက်လာလိုက်သည်။
သူ့ကျောပိုးအိတ်ထဲတော့စာအုပ်အလွတ်
နှစ်အုပ်လောက်နဲ့ဖတ်စာအုပ်တွေ့ရာဘာသာ
သုံးလေးအုပ်ထည့်လိုက်သည်။
သူ့ဆိုင်ကယ်ကိုကျောင်းရှေ့မှာရပ်လိုက်သည်။ကျောင်းထဲတန်းမောင်းသွားမလို့ဟာ
ဝင်းတံခါးပိတ်ထားသည်။ဘာလည်းဟ
ငါ့ဆိုင်ကယ်လာတာတောင်ပိတ်ထားရတာလည်း။ဆိုင်ကယ် ဦးထုပ်ကိုချွတ်ကာဟိုဘက်နားကကျောင်းနောက်ကျလို့ထိုင်ထလုပ်နေရသောကျောင်းသားတွေဆီလှမ်းကြည့်လိုက်
သည်။ကြိမ်လုံးကိုင်ထားသောလူကသူတစ်ခါ
မှမမြင်ဖူးဘူး။ဘာလည်းဆရာအသစ်လား။
"ဟေ့ ဆိုင်ကယ်ပေါ်ကကျောင်းသား
ဒီကိုလာခဲ့ ...."
ချန်းယောလ်ကြောင်သွားသည်။သူ့ရင်ဘတ်ကိုလက်ညိုးထိုပြပြီးမေးလိုက်သည်။
"ဟုတ်တယ် မင်းကိုခေါ်နေတာ "
ဒီဆရာကငါဘယ်သူဆိုတာမသိသေးပုံဘဲ။
ချန်းယောလ် ခပ်မဲ့မဲ့ပြုံးလိုက်ရင်းလျောက်
သွားလိုက်သည်။
ဆိုင်ကယ်ပေါ်ကကျောင်းသားလမ်းလျောက်
လာပုံကိုကြည့်ပြီးဆယ်ဟွန်းစိတ်မရှည်ချင်။
သူ့ကိုယ်သူဘာထင်နေတာလည်း။ဘောင်းဘီ
အိတ်ထဲလက်ထည့်ကာတစ်လှမ်းချင်းလျောက်နေတာ။
"ဘာကိစ္စရှိလို့ခေါ်တာလဲ "
ကျောင်းသားရဲ့အမေးစကားကြောင့်
ဆယ်ဟွန်းစိတ်တိုသွားသည်။ခုနကြည့်နေတည်းကအချိုးမပြေတာ။အခုလိုပြောပုံ
ကြားလိုက်ရတော့သုံးလေးချက်လောက်ရိုက်
ချင်စရာကောင်းနေပြီ။
"မင်းကျောင်းတက်ဖို့လာတာမလား။
ဘာကိစ္စနဲ့ခေါ်တာဖြစ်မလည်း။သွား
ထိုင်ထအခါတစ်ရာလုပ်ပြီးမှကျောင်းထဲ
ဝင်ရမယ် "
"ဘာလို့ထိုင်ထလုပ်ရမလည်း။
ဆရာကြည့်ရတာမျက်နှာသစ်နဲ့တူတယ်။
ကျွန်တော််ဘယ်သူဆိုတာစုံစမ်းလိုက်ဦး
ပြီးမှဆက်ပြောကြတာပေါ့..
အနှီးကျောင်းသား၏ဆရာအပေါ်မလေးစား
သောရိုင်းစိုင်းသောအပြုအမှုကဆယ်ဟွန်းရဲ့
ဒေါသကိုဆွလိုက်ပြီ။မိမိထက်ခေါင်းတစ်လုံး
စာပိုမြင့်သောထိုကျောင်းသားနောက်ကို
လိုက်သွားပြီးကျောပိုးအိတ်ကိုဆောင့်ဆွဲ
လိုက်သည်။
"ထိုင်ထအခါတစ်ရာပြီးမှ
ကျောင်းထဲဝင်ရမယ်
ပြောတာမင်းနားမပါဘူးလား "
ချန်းယောလ် ပီကေဝါးနေရင်းထိုဆရာဘက်
လှည့်ကာမျက်နှာနားကပ်ကာပူဖောင်းမှုတ်
ပေးလိုက်သည်။
"မင်း မင်း ဘာအချိုးချိုးတာလဲ
မလေးမစားနဲ့လုပ်ပုံကိုက... "
အိုဆယ်ဟွန်း ကိုဒီလိုမလေးမစားလာလုပ်လို့
ရမလား။စိတ်တိုတိုနဲ့ထိုကျောင်းသားဇက်ပိုးကိုတစ်ချက်အုပ်ပေးလိုက်သည်။
မထင်ထားတာမို့ချန်းယောလ်အကျွေးခံလိုက်ရသည်။မြို့တော်ဝန်သားဆိုတဲ့ဂုဏ်ပုဒ်
ကြောင့်မည်သည့်ဆရာကမှမထိရဲသော
သူ့ကိုမှအခုလိုရိုက်ရဲတယ်။
တွေ့ကြသေးတာပေါ့။
"ဟေ့ကောင်
ဘယ်လိုအကြည့်နဲ့ငါ့ကိုပြန်ကြည့်နေတာလည်းထပ်ရိုက်လိုက်ရ၊သွား ထိုင်ထအခါတစ်ရာလုပ်ပြီးမှဝင်ရမယ် "
ချန်းယောလ် စိတ်ထဲတေးမှတ်လိုက်ပြီး
ခပ်ရွဲ့ရွဲ့ပြုံးပြလိုက်ပြီးထိုင်ထလုပ်နေတဲ့
ကျောင်းသားတွေဘေးဝင်ရပ်လိုက်သည်။
"လက်ပိုက်ပြီးလုပ်လေ၊မင်းကိုထိုင်ထလုပ်နည်းကအစပြောရမှာလား "
မိမိကိုခပ်ရွဲ့ရွဲ့ကြည့်ကာထိုင်ထလုပ်နည်း
အချိုးမပြေသောကျောင်းသားကိုပြောနေခိုက်ကာယဆရာဂင်ဆူချန်ရောက်လာသည်။
* ဟင် ချန်းယောလ် ပြသာနာတော့တက်ပြီ *
"ဆရာဆယ်ဟွန်းကအခုမှအသစ်ရောက်တော့မသိသေးဘူးဘဲ... ချန်းယောလ်
သွားလို့ရပြီ "
"ဘာကိစ္စနဲ့သွားခိုင်းရတာလည်း
ကျွန်တော်သူ့ကိုကျောင်းနောက်ကျလို့
အပြစ်ပေးထားတာဆရာဆူချန် "
ချန်းယောလ် မျက်နှာကိုဆရာဆူချန်လှမ်း
ကြည့်လိုက်ပြီးဆရာဆယ်ဟွန်းလက်ကို
ဆွဲကာခပ်လှမ်းလှမ်းခေါ်လာလိုက်သည်။
"သူကမြို့တော်ဝန်သား၊ဒါကြောင့်
ဆရာဆယ်ဟွန်းကဘဲ
မသိချင်ယောင်ဆောင်လိုက်ပါ။သူဘာလုပ်
လုပ်မမြင်ချင်ယောင်ဆောင်ထားပါ။
ဒီနည်းက ဆရာအလုပ်မြဲစေမှာပါ "
ဆယ်ဟွန်းနဲ့ဆရာဆူချန်စကားပြောနေဆဲ
မိမိတို့ဘေးနားကနေလျောက်သွားကာ
ကျောင်းထဲဝင်သွားသောချန်းယောလ်။
စိတ်တိုလိုက်တာ။သူ့အဖေကမြို့တော်ဝန်
ဖြစ်တော့ရောအရေးစိုက်စရာလား။
ဆယ်ဟွန်း စိတ်ထဲထိုကျောင်းသားဆိုးကို
မေတ္တာအတော်ရှိသွားသည်။သူ့စိတ်အတိုင်း
သာဆိုအဲ့ကောင်ကိုအရှိုးရာထပ်အောင်
ရိုက်ပြီးပြီ။
အခန်းထဲရောက်တော့နောက်ဆုံးခန်းဝယ်ဝင်ထိုင်လိုက်သည်။ရှေ့ထိုင်ခုံကိုခြေလှမ်းတင်လိုက်ပြီးဒူးနန့်နေလိုက်သည်။
မကြာမှီအတန်းပိုင်ဆရာမဝင်လာသည်။
ဆရာမနောက်ဝယ်ကပ်ဝင်လာသူက
ခုနဆရာပါလား။
"မင်းတို့တွေကိုဆရာအသစ်နဲ့မိတ်ဆက်
ပေးရမယ်၊Maths သင်ပေးမည့်ဆရာ
အိုဆယ်ဟွန်း... "
အခန်းထဲကကျောင်းသူတွေရဲ့အသံတွေ
ထွက်လာတယ်။ဆရာအသစ်ကိုပစ်မှားနေ
ကြတဲ့အသံဆိုမမှားဘူး။ချန်းယောလ်ကတော့သူ့ကိုနရင်းအုပ်လိုက်တဲ့ဆရာကို
အခဲမကြေဘူးလေ။အခုလိုသူ့ကို
ရိုက်နှက်တာကိုလုံးဝသည်းမခံနိုင်ဘူး။
ဆယ်ဟွန်း အခန်းထဲကကျောင်းသားတွေကို
သေချာလိုက်ကြည့်ရင်းတွေ့လိုက်တာက
အချိုးမပြေသောကျောင်းသားပါလား။
သူအနောက်တန်းဆီလျောက်သွားလိုက်သည်။
"ကျောင်းသားကဘယ်လိုပုံစံနဲ့ထိုင်နေတာလည်း၊ခြေထောက်ကိုအောက်ချထားလိုက်စမ်း... "
နာမည်ကဒ်ကိုဖတ်လိုက်သည်။
ချန်းယောလ် ရဲ့ထီမထင်ဟန်မျက်နှာပေးနဲ့
ကိုယ်နေဟန်ထားကဆယ်ဟွန်းမျက်လုံးထဲ
အတော်ကန့်လန့်ဖြစ်နေတာ။
"ကျောင်းသားဆိုတာစည်းကမ်းလိုက်နာ
ရတယ်။ကျောင်းသားချန်းယောလ်
ခြေထောက်ကိုအောက်ချပြီးထိုင်ပါ။ပြီးတော့
ကျောင်းအင်္ကျီကိုကြယ်သီးအပြည့်တပ်ပါ။
ပြီးတော့ ဆံပင်ကိုအမဲရောင်ပြန်ဆိုးလာပါ "
ချန်းယောလ်နဲ့ဆရာအသစ်ဟာအကြည့်ချင်း
အားပြိုင်နေကြသည်။မျက်မှောင်ကျုံကြည့်နေတဲ့ဆရာနဲ့ဒူးလေးနန့်ကာပီကေဝါးမပျက်တဲ့ချန်းယောလ်။ပွဲကတော့ကြည့်လို့လှပြီ။
Plot ရလို့ကောက်ရေးလိုက်တာ
ဇာတ်ကပေါ့ပေါ့ပါးပါးလေးဘာ။
သဘောကျကြမယ်လို့ထင်တာပဲ 🙄
6/12/2020
6:10 PM