ချန်းယောလ်တစ်ယောက်အခုထိ
ဆေးရုံကနေမပြန်ရသေး။
ငရှုပ်ကောင်အိုဆယ်ဟွန်းဆေးရုံတက်ဖို့ကအစသူအကုန်လုပ်ပေးနေရတာ။
အခုဓာတ်မှန်ရိုက်ထားတယ်။ဆေးစစ်ချက်
အဖြေကိုစောင့်ပေးနေရတာ။ဒင်းကိုကြည့်တော့လူနာကုတင်ပေါ်မျက်နှာငယ်လေးနဲ့သနားစရာကောင်းတာ။
ဓာတ်မှန်အဖြေရပြီမို့ချန်းယောလ်သွားယူရသည်။
ဖင်ထိုင်ရက်ကျသည့်အရှိန်ကမပြင်းပေမဲ့အနေအထားမမှန်တာမို့တင်ပါးတစ်ခြမ်းနဲ့ပေါင်းရင်းကြားဆက်ထားသောအရိုးဟကာလေခိုသွားခြင်းဖြစ်သည်။
အရိုးလည်းကျိုးသွားတာမဟုတ်။အရွတ်လည်းဟသွားတာမဟုတ်လို့တော်ပါသေးတယ်။စက်နဲ့အပူပေးနှိပ်နယ်ပြီး
ဆေးသောက်ရင်ရပြီ။နောက်ပိုင်းအနေအထိုင်တော့သတိထားဗျာလို့ဆရာဝန်ကမှတ်ချက်ပေးလိုက်လေသည်။
"မင်းဝတ်ဖို့အဝတ်အစားသွားဝယ်ပေးရမယ်
ခါးဆိုဒ်ပြော... "
အခုချိန်မှာတော့ဆေးရုံအဝတ်အစားနဲ့ဖြစ်နေပြီ။ဆေးရုံဆင်းရင်ဝတ်ဖို့သွားဝယ်ပေးရအုံးမယ်။ဒီတစ်နေ့အဖို့တော့ရုံးသွားဖို့ရာလမ်းစမမြင်တော့။အိုဆယ်ဟွန်း အမွှေဇာတ်ကို
သူဖြေရှင်းပေးနေရတာနဲ့အချိန်ကုန်ပြီ။
သူ့ကိုဆေးလိမ်းနှိပ်နယ်ပေးနေချိန်ထားခဲ့ပြီး
ချန်းယောလ်ကအပြင်ထွက်ရသည်။
အဝတ်အစားဝယ်ပေးဖို့ထွက်လာရခြင်းဖြစ်သည်။ခါးဆိုဒ်သိရတော့အတော့်ကိုသေးသွယ်ပါလား။သူအဝတ်လဲပေးတုန်းကသတိထားမိပေမဲ့ဒီလောက်သေးမယ်မထင်။အိုဆယ်ဟွန်းရဲ့ခါးဆိုဒ်အရွယ်
ဘောင်းဘီရွေးနေရင်းမြင်ယောင်လာသည်က
လုံးကျစ်မို့မောက်ကာပန်းရောင်သမ်းနေသော
အိုဆယ်ဟွန်းရဲ့အနောက်ပိုင်းအလှ။
မိမိရဲ့မှောင်မိုက်သောအတွေးတို့ကိုခေါင်းခါလိုက်ရင်းအဝတ်အစားရွေးနေလိုက်သည်။ဆေးလိမ်းပြီးရင်ပလာစတာကပ်မှာဘာညာနဲ့ရှုပ်တယ်၊ချည်သားဘောင်းဘီပွကိုခါးဝယ်ရှုံ့ကြိုးနဲ့သာရွေးလိုက်တော့သည်။အပေါ်ကတော့တီရှပ်ပဲအလွယ်တကူယူလိုက်ရင်း Boxer ပါတခါတည်းဝယ်ရသည်။
ပြီးတော့သူလည်းဗိုက်ဆာနေပြီမို့စားစရာပါတခါတည်းဝယ်ပြီးဆေးရုံဆီပြန်လာလိုက်တော့သည်။သူပြန်ရောက်တော့အိုဆယ်ဟွန်းတစ်ယောက်လူနာကုတင်
ပေါ်ခပ်လျောလျောထိုင်နေလေသည်။
"သက်သာသွားပြီလား "
"အပူပေးပြီးဆေးလိမ်းနှိပ်ပေးပြီးတော့
သက်သာသွားပြီ၊ဆေးရုံဆင်းလို့်ရရင်ဆင်း..... "
"နေပါဦး
ချက်ချင်းလက်ငင်းမင်းဟာကရလို့လား။
အဆင်မပြေရင်တစ်ရက်နေဦး။
မင်းဗိုက်ဆာလားမဆာလားတော့မသိဘူး။
ငါတော့ဆာနေပြီ။အစားအရင်စားကြရအောင် "
CEO ကိုအားလည်းနာသလိုမျက်နှာလည်းတကယ်ပူနေသည်မို့ဆယ်ဟွန်းတစ်ယောက်ဘယ်လိုနေရမယ်မသိ။သူ့ကြောင့်ဒုက္ခများနေပြီ။အလုပ်လည်းဖျက်ရသေး။
အထင်လွဲလည်းခံရသေး။
"စားလေ ညတည်းကသောက်ပြီးအန်ထားတာ။မင်းဗိုက်ထဲဘာအစားမှမရှိလောက်ဘူး။စားတော့ ....."
"ဟုတ်ကဲ့ CEO
ကျေးဇူးတင်ပါတယ် "
ဖြစ်တာကသိပ်ကြီးကြီးမားမားလည်းမဟုတ်
လေခိုအကြောညှပ်ရုံလောက်ဆိုတော့ဆယ်ဟွန်းဆေးရုံမတက်ချင်ပါ။
သောက်ဆေးတွေလည်းယူလာပြီး
ဆေးရုံဆင်းဖို့သာလုပ်ရတော့သည်။
အဝတ်အစားလဲဝတ်ဖို့လုပ်တော့သနားစရာအိုဆယ်ဟွန်းလေးဟာမျက်နှာပူလှစွာနဲ့ CEO ရဲ့အကူညီရယူပြန်ရော။
အပေါ်တီရှပ်ဝတ်ရတာမခက်ပေမဲ့ဘောင်းဘီဝတ်ဖို့ကျတော့ခါးကုန်းလို့မဖြစ်။
"CEO ကိုကျွန်တော်ဘယ်လိုတောင်းပန်ရမယ်မသိတော့ဘူး။အားလည်းနာလွန်းလို့.... "
အိမ်အပြန်လမ်းဝယ်အိုဆယ်ဟွန်းဆီကထပ်မံကြားရပြန်သောတောင်းပန်စကား။
ဒီတမနက်တည်းတင်ဘယ်နှစ်ကြိမ်ရှိနေ
ပြီလည်းသူကြားနေရတာ။
သူ့အိမ်ရှေ့အထိလိုက်ပို့ပေးပြီးချန်းယောလ်ပြန်လာလိုက်တော့သည်။
အိမ်ကိုသူပြန်လာတော့ဦးလေးကစကား
ပြောမယ်ခဏလာခဲ့ပြောတော့ရေချိုးအဝတ်အစားလဲပြီးတာနဲ့
သွားရသည်။
"ကဲ ဒါလေးငါ့ကိုဖြစ်ကြောင်း
ကုန်စင်ပြောပြဦး "
ဦးလေးရှေ့ဝင်ထိုင်လိုက်ရင်းသူရှေ့လှည့်
ပြသော Tab ကိုကြည့်မိလိုက်တော့ တည်းခိုခန်းရှေ့ကသူနဲ့အိုဆယ်ဟွန်းပုံ။
"ဒါက... "
ချန်းယောလ် မပြောသေးဘဲရပ်ထားရင်းဦးလေးဖြစ်သူ
မျက်နှာကိုကြည့်လိုက်သည်။
"ကျွန်တော် ပြောပြတာဦးလေးယုံပါ့မလားမသိပေမဲ့အမှန်ပြောပြပါ့မယ် "
ညကဖြစ်ပျက်သမျှအကြောင်းစုံကို
သူပြောပြလိုက်သည်။
"အဲ့တော့ငါကယုံပေးရမယ်ပေါ့
မင်းဖတ်ကြည့်စမ်း...
CEO နဲ့ အတွင်းရေးမှူးတို့ရဲ့တိုးတိုးတိတ်တိတ်ညအိပ်ဇာတ်လမ်းကဆေးရုံရောက်...
ခေါင်းစဉ်မျိုးစုံတပ်ပြီး
လိုရာဆွဲရေးတင်နေကြတာ
ငါ့ကုမ္ပဏီပုံရိပ်ထိခိုက်စေတယ်ကွ
မင်းအဲ့ကိစ္စကိုအကောင်းဆုံး
ဖြေရှင်းနိုင်မယ်လို့
ငါယုံကြည်ပေးလိုက်မယ်... "
ချန်းယောလ် သူ့အခန်းပြန်ရောက်သောအခါထိုကိစ္စကဘယ်ကဘယ်လိုသတင်းပျံ့သွားလည်းတွေးမရ။
ဒါမှခေါင်းခဲရတဲ့ပြသာနာကြီး။
သူနဲ့အိုဆယ်ဟွန်းကိုထင်ကြေးမျိုးစုံ
ပေးကာပြောထားကြတာရစရာကိုမရှိ။
အိုဆယ်ဟွန်း လည်းသိထားရအောင်စာပို့လိုက်သည်။
ဆယ်ဟွန်း အိမ်ပြန်ရောက်ပြီးအနားယူနေတုံးရှိသေး၊ဖုန်းတုန်ခါလာလို့ကြည့်လိုက်တော့ CEO ဆီကစာ။
မင်းနဲ့ငါ့အကြောင်းကတော့နာမည်ကြီးနေပြီဆိုတာကြီးကြောင့်သူလည်းဝင်ကြည့်လိုက်ချိန်တွေ့လိုက်ရတာတွေက
မျက်လုံးပြူးစရာတွေချည်း။
ဘုရားသခင် ဘယ်လိုတွေဖြစ်သွားရ။
ငါနဲ့ CEO ကဒီလိုမွမဟုတ္တာ။
သူကိုယ်ကျင့်သိက္ခာနဲ့ဆိုင်သလို CEO အတွက်လည်းနာမည်ပျက်စေသည်မလား။
ရှီး တဲ့မှဘဲ
လူမှန်းသူမှန်းမသိအောင်သောက်ရလား
အခုတော့ပြသာနာတက်တော့မယ်။
အိုဆယ်ဟွန်း ရေမင်းကတော့သောက်ရူးဂေါက်ကြောင်အသည်းကွဲလို့သောက်တယ်
အခုတော့အသည်းကွဲတာထက်ဆိုးတာဖြစ်နေပြီ။အလုပ်ပြန်တက်ရင်ငါအဲ့ကိစ္စကိုဘယ်လိုဖြေရှင်းရမလည်း။
လုပ်လိုက်ရင်တလွဲတွေချည်း၊
သေဖို့သာကောင်းတယ် အိုဆယ်ဟွန်းရေ xxxx
သူအိမ်ပြန်မအိပ်လို့အမေကရည်းစားနဲ့သွားအိပ်တာလားမေးလို့ဖြေရှင်းရသေး။
အလုပ်ထဲထိခိုက်မိလို့ဆေးရုံလည်းပြပြီးပြီ။နေပြန်ကောင်းမှရုံးပြန်တက်ရမှာလို့ပြောထားလိုက်ရသည်။
"CEO ဟို.... ဟိုကိစ္စလေဘယ်လိုလုပ်မှာလည်း "
ချန်းယောလ်မှာသူအလုပ်မတက်နိုင်တော့
ကိုယ့်ကိစ္စကိုယ်စီမံလုပ်နေရတာမအားလပ်ရသည့်ကြားဖုန်းခေါ်လာတော့အိညှက်အိညှက်အသံလေးနဲ့စိတ်တိုပြီးအော်ဟစ်ချင်တာတောင်ဘယ်ဆီရောက်သွားပြီမသိ။
"ဘာကိုဘယ်လိုလုပ်ရမလည်း။
မင်းသာနေကောင်းအောင်နေ
အလုပ်ပြန်ဆင်းမှပြောကြတာပေါ့.... "
ဖုန်းထဲက CEO အသံကကြောက်စရာ။
ငါကလည်းငါပဲလေ၊အလုပ်တော့မထုတ်လောက်ဘူးထင်ရတာပဲ။ဖြေရှင်းလိုက်ရင်ဖြစ်ပါတယ်လေ။
အိုဆယ်ဟွန်း အိုဆယ်ဟွန်း
မင်းနောက်ခါမမူးမိစေနဲ့လို့မိမိဘာသာသတိပေးရင်းသင်ခန်းစာရသွားလေသည်။
နောက်နေ့သူအလုပ်ပြန်ဆင်းသောအခါဝယ်
ကုမ္မဏီအဆောက်အအုံထဲခြေစလှမ်းထဲကတီးတိုးတီးတိုးလေသံများသာမကမသိမသာရောသိသိသာသာရောအကြည့်မျိုးစုံကို
ရင်ဆိုင်ရလေသည်။
သန့်စင်ခန်းဝင်သောအခါကြားနေရတာက
သူ့အကြောင်းကိုအားပါးတရပြောဆိုကြတာများရစရာကိုမရှိ။
သူရှက်လိုက်တာ၊ဘယ်လိုမျက်နှာနဲ့နေရ
မလည်း။
ချန်းယောလ် အလုပ်ကိုရောက်တော့တွေ့ရပါပြီ။မှိုင်တွေပြီးစိတ်မသက်သာဖွယ်
အိုဆယ်ဟွန်းမျက်နှာ
"အထဲကိုလာခဲ့
ငါတို့ဆွေးနွေးကြရအောင် အိုဆယ်ဟွန်း "
စိတ်ညစ်နေတာ CEO ရောက်လာတာတောင်မသိလိုက်။သူ့ကိုပြောပြီးအခန်းထဲဝင်သွားလို့လိုက်ဝင်ရတော့သည်။
"တောင်းပန်ပါတယ်
ကျွန်တော်ကတကယ်သေသင့်တဲ့အပြစ်ကျူးလွန်မိတာ၊CEO ကိုပါထိခိုက်စေမိလို့တောင်းပန်ပါတယ် "
"မင်းငါ့ကိုထိုင်ရှိခိုးမတတ်တောင်းပန်နေလည်းဘာမှလုပ်မရဘူး။ဒီတိုင်းပါးစပ်အပြောလောက်ဆိုသာမန်အတင်းအဖျင်းအနေအထားလောက်ပြီးသွားမှာ။အခုဟာက
ပုံတွေပါတက်လာတာဆိုတော့.... "
"ဟုတ်ကဲ့ CEO
ကျွန်တော်ကိုလေအလုပ်တော့မထုတ်ပါဘူးနော် ။ဟို... ကျွန်တော်ကိုလေအလုပ်ထုတ်တာကလွဲလို့ကျန်တဲ့အပြစ်ပေးချင်ပေးပါ။ကျွန်တော်အရက်မူးတာရဲ့
နောက်ဆက်တွဲဖြစ်လာတဲ့ကိစ္စဆိုတော့... "
"အလုပ်လည်းမထုတ်ဘူး၊အပြစ်လည်းမပေးဘူး။အဲ့အစားမင်းလုပ်ပေးရမှာကငါရဲ့ချစ်သူကောင်လေးအဖြစ်နေပေးရမှာ .... "
"အမ် ဘယ်လို CEO နောက်နေတာလား "
"ငါကမင်းကိုနောက်ဖို့အားယားနေတာများထင်နေတာလား။အိုဆယ်ဟွန်း စိတ်ရှိတိုင်းသာဆိုမင်းကိုအမှုန့်ချေပြီးပြီ..."
"မဟုတ် မဟုတ်ပါဘူး CEO ရယ်
တခြားဟာဆိုတော်သေး....
ချစ်သူကောင်လေးဆိုတာကြီးက "
"မင်းကိုအလုပ်ဖြုတ်မပြစ်တာတောင်ကျေးဇူးတင်သင့်နေပြီ။ငါကတောင်းဆိုတာကိုထပ်ငြင်းရအောင်မင်းကဘာကောင်မို့လည်း၊ငြင်းပိုင်ခွင့်ရောရှိလား။
မင်းမွှေထားလို့ကျဆင်းသွားတဲ့ငါ့သိက္ခာ
ငါ့ကုမ္ပဏီပုံရိပ်၊အဲ့ဒါတွေအတွက်အကောင်းဆုံးဖြေရှင်းဖို့ငါစီစဉ်တဲ့အတိုင်းလုပ်ပေး၊ထပ်အထွန့်မတက်နဲ့....."
နောက်ဆုံးတော့
အတွင်းရေးမှူးအိုဆယ်ဟွန်းလေးဟာ
CEO ပတ်ချန်းယောလ် ရဲ့ရည်းစားကောင်လေးအဖြစ်နေပေးရုံကလွဲမတတ်နိုင်တော့။
သူဘယ်လိုငြင်းဆန်လို့ဖြစ်နိုင်မလည်း။
အသည်းကွဲဒဏ်ရာကနေအရက်မူးအောင်သောက်မိတဲ့အကျိုးကိုသူခံစားနေရပြီလေ။တနေ့ကအသည်းကွဲခဲ့တဲ့
ခံစားချက်ကကြက်ပျောက်ဌက်ပျောက်
ပျောက်ကွယ်သွားလေပြီ။