သူရောက်သွားတော့ခေါင်းတောင်မထောင်နိုင်
မှောက်နေသောအိုဆယ်ဟွန်းအခြေအနေ။
ဆိုင်ရှင်ကိုပိုက်ဆံရှင်းပေးလိုက်ပြီးအမူးသမားကို
တွဲပြီးထွက်လာရသည်။ခြေထောက်တောင်မတ်မတ်မရပ်နိုင်
ယိမ်းထိုးနေသောသူကိုတွဲရတာအဆင်မပြေတော့။
အမူးသမားကိုပခုံးပေါ်ထမ်းတင်ကာခေါ်လာရတော့သည်။
ခက်တာကဒင်းကိုဘယ်ပြန်ပို့်ရမလည်း။အိုဆယ်ဟွန်းအိမ်ကို
သူမသိပေ။သူ့အိမ်ကိုလည်းခေါ်မသွားချင်။
မြောင်ဒုံညဈေးတန်းအလွန်ကတည်းခိုခန်းတွေကတော့
တန်းစီလို့နေသည်။အခန်းဝင်ယူတော့ကောင်တာထိုင်နေသူ
ကသော့ထုတ်ပေးရင်းစပ်စပ်စုစုကြည့်နေသေး။အိုဆယ်ဟွန်း
ကသူ့ကိုသိပ်ဒုက္ခပေးတယ်။ထမ်းခေါ်လာရင်းသူ့အပေါ်
အန်ချသေးသည်။အခန်းတံခါးဖွင့်ပြီးတာနဲ့အမူးသမားကို
အောက်ချပေးလိုက်တော့ကြမ်းပြင်မှာခွေလှဲနေသည်။
အန်ဖတ်တွေပေပွနေသောသူ့တီရှပ်ကိုချွတ်ပြီးတာနဲ့
အိုဆယ်ဟွန်း ကိုပါအင်္ကျီချွတ်ပေးရသည်။
သူရေချိုးခန်းထဲဝင်ရေဇလုံသွားယူတယ်၊ပြန်လည်း
ထွက်လာရောအန်ချထားသောအိုဆယ်ဟွန်း။
ပေရေလူးကာအနံ့တွေကြောင့်ချန်းယောလ်
စိတ်ညစ်သွားသည်။
အမူးသမားကိုရေချိုးခန်းထဲလက်နှစ်ဖက်ကနေတရွတ်ဆွဲ
ခေါ်လာပြီးရေလောင်းချပေးလိုက်သည်။
အိုဆယ်ဟွန်း ...အိုဆယ်ဟွန်း ငါ့ကိုအတော်ဒုက္ခပေးတယ်။
ဘောင်းဘီတွေပါစိုကုန်ပြီမို့ချွတ်ပေးပြီး
တဘတ်နဲ့ပတ်ထားပေးရသည်။
ဘောင်းဘီချွတ်ပေးရင်းမကြည့်သော်လည်းမြင်နေရသည့်
အိုဆယ်ဟွန်းလိုအိပ်ပျော်နေသောအိုဆယ်ဟွန်းညီလေး
ကရေအေးနဲ့ပက်ခံလိုက်ရသည့်မို့အေးကာကျုံသွားပုံရသည်။
သူ့ညီလေးထက်အရွယ်အစားသေးကာကပ်ကပ်လေး
ဖြစ်နေတာ။
သဘတ်ပတ်ပေးပြီးအခန်းထဲပြန်ခေါ်ပြီးသိပ်ထားလိုက်
ရသည်။ပြီးမှသူအနားရတော့သည်။
"ယူဂျင်း ရေ.... ရက်စက်တာ ယူဂျင်း
အဲ့လိုမလုပ်ပါနဲ့... ယူဂျင်း "
အခုထိအမူးမပြေသေးပါလား။
အသည်းကွဲပြီးလူသူမှန်းမသိအောင်သောက်ပုံရသည်။
"မိန်းမတွေကသိပ်ရက်စက်တာပဲ
CEO ပြောတာမှန်တယ်... "
ချန်းယောလ်ကတော့သူ့ကိုဒုက္ခပေးသောအသည်းကွဲ
သမားကိုကြည့်ရင်းအိပ်ချင်လာပြီမို့ကုတင်ရဲ့ဘေး
တစ်ဖက်အလွတ်နေရာဝင်လှဲအိပ်လိုက်တော့သည်။
ခေါင်းတွေတဆစ်ဆစ်ထိုးကိုက်ခြင်းနဲ့အတူနိုးထလာသော
မနက်ခင်း။မျက်လုံးတွေပြူးပြဲကာပွတ်သပ်ရင်းမိမိဘယ်ကို
ရောက်နေတာလည်းစဉ်းစားမရဖြစ်နေသည်။လူကလှုပ်မရ
ခါးဆီဝယ်တင်းကြပ်စွာသောအထိအတွေ့။
အခြေအနေကိုလှည့်မကြည့်ပေမဲ့တဖြည်းဖြည်းရိပ်စား
မိလာသည်။နောက်လည်ကုတ်နားဆီကအသက်ရှူသွင်း
သောလေသံကမိမိနဲ့ကပ်ရက်ထိစပ်နေသည်။
ငါညကဘာတွေဖြစ်ခဲ့တာလည်း။ငါ့နောက်နားကလူက
ဘယ်သူလည်း။အို ဘုရားသခင် ကယ်တော်မူပါ။
ငါအမှားများလုပ်ခဲ့မိပြီလား။
တင်းကြပ်သောခါးဆီကအထိအတွေ့ကိုသူ့လက်ကို
သွားထိကြည့်လိုက်သည်။သေချာသွားပြီ။
လက်နဲ့ဖက်ခံထားရတာ။လက်အနေအထားကတုတ်ခိုင်တယ်။
ဘုရားသခင် ညကငါဘာတွေလုပ်ခဲ့မိ။
ကျိန်းသေတယ် ဒါယောက်ကျားလက်ကြီး။
မိမိလက်ထက်တောင်တုတ်ခိုင်နေသည်မလား။
သူ့ခါးကိုဖက်တွယ်ထားသောထိုလက်ကိုဖြုတ်ချခါ
စောင်ပုံထဲကနေထွက်လိုက်သည်။
အား ဘုရားသခင် ငါ့မှာအဝတ်မပါဘူး။
အော်မိမလို့ဖြစ်သွားသော သူ့ပါးစပ်ကိုအလျှင်အမြန်
ပိတ်လိုက်ရင်းဘေးနားကလူကိုမြင်လိုက်ရသောအခါ
သူထအော်မိလေပြီ။
"" အား CEO ဘယ်လိုဖြစ်ပြီး "''
အဝတ်ဗလာဖြစ်နေသောအနေအထားမို့ရှေ့ကစောင်ကို
ယူတာမရ။ CEO ရဲ့ကိုယ်လုံးနဲ့လုံးထွေးပတ်နေသည်။
"အိုဆယ်ဟွန်း ဘာဖြစ်ပြန်ပြီလည်း... .."
မျက်လုံးဖွင့်ကြည့်လိုက်တော့ကုတင်ဘေးကုန်းကုန်းကွကွနဲ့
ဖြစ်နေသောအိုဆယ်ဟွန်း။
ချန်းယောလ် လည်းအိပ်ချင်စိတ်မပြေသေးပေမဲ့ထထိုင်လိုက်
သည်။
"ပေး စောင်ပေး... "
စောင်ကိုအတင်းဆွဲယူနေသောအိုဆယ်ဟွန်းကြောင့်
ချန်းယောလ်လည်းမိမိကိုယ်လုံးနဲ့ပစ်ထားသလိုဖြစ်နေလို့
ဖယ်ပေးလိုက်သည်။
" အား သေပါပြီ "
စောင်ကိုဆွဲယူနေချိန်ဟိုကဖယ်အပေးနဲ့အရှိန်လွန်ကာ
ဖင်ထိုင်ရက်လဲလေပြီ။စောင်ကြီးလုံးထွေးကာဖင်ထိုင်
ရက်လဲကျတာ။
ချန်းယောလ်လည်းကုတင်ပေါ်ကဆင်းပြီးဗရုတ်သုတ်ခ
အိုဆယ်ဟွန်း ကိုထူဖို့လုပ်တော့အလုပ်မခံ။
"အား နာတယ် "
ကိုယ်နေဟန်ထားပုံစံမမှန်ကာဖင်ထိုင်ရက်ကျခြင်းအကျိုး
ညာပေါင်ရင်းနဲ့ဖင်တဘက်တမျိုးဖြစ်သွားလေပြီ။
"ငြိမ်ငြိမ်နေစမ်းအိုဆယ်ဟွန်း
ညကလည်းငါ့ကိုဒုက္ခပေးတယ်
ဒီမနက်လည်းနိုးတာနဲ့ဒုက္ခပေးတယ်
မင်းကငရှုပ်ပါလား "
ကုတင်ပေါ်တင်ပေးလိုက်ကာသူတို့စကားဆက်ပြော
ရပြီ။
"CEO ကဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလည်း၊
ပြီးတော့ဒီနေရာကိုကျွန်တော်ဘယ်လိုရောက်လာတာလည်း "
"အဲ့မှာကြည့် မနေ့ညကမင်းဖုန်းခေါ်လို့ငါ
ရောက်လာတာ.. သေချာကြည့် "
အနားကပ်တိုးပြသော CEO ဖုန်းထဲဝယ်
ညကသူခေါ်ထားမိတာပါလား။
သူ့ဖုန်းနံပါတ်ကြောင့်သာသူခေါ်မှန်းလက်ခံလိုက်ရသည်။
တကယ်ကသူဘာတွေဖြစ်ခဲ့မှန်းမသိတော့။
CEO ကအပေါ်ဗလာနဲ့ခါးဝယ်ဘောင်းဘီပါလို့
တော်သေး။သူကဘာလို့အဝတ်မပါဖြစ်နေရ။
မူးပြီးငါဘာမှမမှတ်မိရတာလည်း။တော်တော်စိတ်ပျက်စရာ
ပါလား။
"မင်းမူးပြီးအန်ချတယ်၊ငါ့ကိုယ်ပေါ်ပါပေကုန်လို့
အင်္ကျီချွတ်ထားရတာ၊မင်းအဝတ်အစားတွေကပေလူး
ကုန်လို့အကုန်ချွတ်ထားပေးတာ၊အဲ့အဝတ်တွေရေချိုးခန်းထဲမှာ.... "
ဖြစ်ကြောင်းရယ်ကုန်စင်ပြောပြပြီးနောက်
အိုဆယ်ဟွန်း လေးဟာ CEO ရှေ့ခေါင်းတောင်
မဖော်ရဲတော့။သူကအတော်ဆိုးရွားလွန်းတဲ့အမှုကို
ကျူးလွန်ခဲ့တာမလား။အခုပိုဆိုးတာကဖင်ထိုင်ရက်ပြုတ်ကျတာအကျမတော်တော့ဘယ်လိုဖြစ်သွားတယ်မသိ။
"ကဲ မင်းဆေးရုံသွားမှဖြစ်မယ်
လှုပ်နိုင်လား... "
"အား နာတယ် CEO "
ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းအိုဆယ်ဟွန်း
လေးဟာလှုပ်လို့်ပါမရတဲ့အဆုံးဆေးရုံသွားဖို့
လူနာတင်ကားခေါ်လိုက်ရသည်ဆိုပါတော့။
တွေးကြည့်ကြပါတော့။
တည်းခိုခန်းကနေလူနာတင်ကားခေါ်ရပြီး
ထုတ်လာတော့အဆင်မပြေလှစွာတဘတ်လေးသာအုပ်ထားရသောအနေအထား။
ချန်းယောလ် လည်းသူနာပြုအမျိုးသားရဲ့အပြောကြောင့်
ရှက်ပြီးပြန်မပြောဖြစ်တော့။တိတ်တိတ်နေလိုက်တာ
အကောင်းဆုံးဖြစ်မယ်။
အိုဆယ်ဟွန်း ကတော့ရှက်လွန်းလို့အခိုးပျံကာအငွေ့အဖြစ်
ပျောက်ကွယ်သွားချင်နေပြီ။သူ့ကိုထမ်းစင်ကတ်ပေါ်တင်ဖို့
လုပ်နေရင်းသူနာပြုတစ်ယောက်စကားကြားလို်က်ရသည်။
* လိင်ဆက်ဆံတာလည်းအနေအထိုင်ပုံစံမကျရင်
ခင်ဗျားအောက်ပိုင်းသုံးမရဖြစ်သွားမယ်၊အခုတောင်
....*
သူ့ကိုကြည့်လိုက် CEO ကိုကြည့်လိုက်
လုပ်ရင်းပြောလိုက်တာ။
မျက်လုံးကိုစုံမှိတ်ရင်းလူနာတင်ကားပေါ်တိတ်တိတ်လေး
သာလိုက်လာရတော့သည်။
CEO ကိုလည်းအကြိမ်ကြိမ်တောင်းပန်ရင်း
မသေချာတော့သောအလုပ်နေရာလေးအတွက်
သူအတော်စိတ်ဆင်းရဲနေပြီ။
သူ့ဘဝတစ်သက်တာမှာအခုလိုရုပ်ပေါက်တဲ့အဖြစ်
မဖြစ်ဖူးဘူး၊မကြုံဖူးဘူး။
အိုဆယ်ဟွန်းနဲ့မှကြုံဖူးတော့တယ်။
ချန်းယောလ် မှာမျက်နှာပူစွာရှက်ရှက်နဲ့တည်းခိုခန်းခရှင်း
ရသောအခါစပ်ဖြီးဖြီးမျက်နှာနဲ့ကောင်တာကလူအကြည့်
ခံရသည်။ထွက်လာသောအခြားစုံတွဲတွေကလည်းစပ်စပ်စုစု
ကြည့်ကြလေရဲ့။မကြည့်ပဲနေမလား။
လာတည်းတာယောက်ကျားလေးနှစ်ယောက်
မနက်လင်းတော့လူနာတင်ကားခေါ်ပြီးထုတ်ရသည့်အထိ
ဆိုသောစကားအချို့ကိုမကြားဟန်ပြုကာဆေးရုံဆီ
ဆက်သွားဖို့လုပ်ရတော့သည်။စိတ္ပ်က္စရာအေပၚအက်ႌ
မပါသောသူ့အဖြစ်ကြောင့်ကုန်တိုက်လည်းသွားပြီး
Branded ဆိုတာလည်းဝယ်ချင်စိတ်မရှိတော့။
ထိုနားဈေးတန်းဝယ်လမ်းဘေးချရောင်းသောတီရှပ်တစ်ထည်
အလွယ်ဝယ်ကောက်စွပ်ပြီးထွက်လာရတော့သည်။
* အထူးသတင်းဟေး *
ကုမ္ပဏီဝယ်သတင်းဖျန့်ချီရာ၌နာမည်ကြီးလွန်းသူ
စာရင်းဌာနမှမမတစ်ယောက်ရဲ့တည်းခိုခန်းရှေ့ဖြတ်လာချိန်
တွေ့လာတာကိုဝင်ကာစပ်စုပြီးသိလာရသောသတင်းကို
အာပေါင်အာရင်းသန်သန်နဲ့ဖြန့်ချီလိုက်လေသည်။
ဌာနတစ်ခုမှတစ်ခုဆီလူသတင်းလူချင်းဆောင်ကာ
အကုန်ကိုပျံ့နှံသွားသလိုလူနာတင်ကားပေါ်ထမ်းစင်ကဒ်လေး
ထက်အတောင့်သားနဲ့အိုဆယ်ဟွန်းပုံရယ်
လူနာတင်ကားဘေးအပေါ်အင်္ကျီမပါသော CEO
ပတ်ချန်းယောလ် ပုံတို့ရယ်ကသက်သေအဖြစ်သတင်းမွှေး
စေပြီ။
အမလေးလေး လေး
အိုဆယ်ဟွန်း တောင်ထမ်းစင်နဲ့ထုတ်လာရတာ
အဲ့နေရာမိန်းကလေးသာဆို အမလေးမတွေးရဲတော့ဘူး
တခါတည်းအသက်ပျောက်မလား။
ဒါကြောင့် CEO ကတွဲသမျှရည်းစားပြတ်တယ်ပြောတာ
အဟုတ်ပဲ နေမယ်
ကြောက်ဖို့ကောင်းတာ
သူ့အားကြီးနဲ့ဘယ်လိုတောင်လုပ်ချလိုက်ပါလိမ့်။
အမလေးအိုဆယ်ဟွန်းဖင်လေးဘဝမတွေးဝံ့စရာ။
CEO ကကြည့်ရတာမိန်းမတွေကသူ့ကိုလန်သွားလို့
ယောက်ကျားလေး ပြောင်းလုပ်ပုံပဲ
အိုဆယ်ဟွန်း အိုဆယ်ဟွန်း ကြည့်ရတာ
အလုပ်မြဲချင်လို့အလုပ်ခံပုံပဲ။
တစ်ယောက်တစ်မျိုးထင်မြင်ချက်ပေးကြသောလူ့သဘာဝ။
CEO နဲ့ Secretary လေးမှာတော့ဆေးရုံဝယ်
ဇာတ်လမ်းဆက်ကြလေသတည်း။
ဒီအပိုင်းမှာ §§§§ မပါလို့စိတ်မဆိုးကြနဲ့အုံး
ချက်ချင်းကြီးဖြောင့်နေသူတွေကိုဆွဲကွေးလို့မရဘူးမို့
စောင့်ကြပါအုံးလို့....
ပါရင်လည်းရှယ်မှရှယ်ဇွန်းငါးချောင်းတပ်ပါမယ် 🤭
25/11/2020
10:01 PM