CHANHUN MINI STORY BOOK 1

Bởi Xunqithaw

64.1K 6.9K 3.4K

⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person . Xem Thêm

အဆုံးမဲ့အချစ်
အဆုံးမဲ့အခ်စ္
FEELING 1 ( Unicode )
FEELING 2 ( Unicode )
FEELING 3 ( Unicode )
FEELING 1 ( Zawgyi )
FEELING 2 ( Zawgyi )
FEELING 3 ( Zawgyi )
မောင့်သည်းငယ်
မောင့်သည်းငယ်
FAKE 1 ( Zawgyi )
FAKE 2 ( Zawgyi )
FAKE 3 ( Zawgyi )
FAKE 4 ( Zawgyi )
FAKE 5 ( Zawgyi )
FAKE 6 ( Zawgyi )
FAKE 7 ( Zawgyi )
FAKE - Ending ( Zawgyi )
FAKE 1 ( Unicode )
FAKE 2 ( Unicode )
FAKE 3 ( Unicode )
FAKE 4 ( Unicode )
FAKE 5 ( Unicode )
FAKE 6 ( Unicode )
FAKE 7 ( Unicode )
FAKE - Ending ( Unicode )
Secretary Oh -1 ( Zawgyi )
Secretary Oh - 2 ( Zawgyi )
Secretary Oh - 3 ( Zawgyi )
Secretary Oh - 4 ( Zawgyi )
Secretary Oh - 5 ( Zawgyi )
Secretary Oh - 6 ( Zawgyi )
Secretary Oh - 7 ( Zawgyi )
Secretary Oh - 8 ( Zawgyi )
Secretary Oh - 9 ( Zawgyi )
Secretary Oh - 10 ( Zawgyi )
Secretary Oh - Ending ( Zawgyi )
Secretary Oh - 1 ( Unicode )
Secretary Oh - 3 ( Unicode )
Secretary Oh - 4 ( Unicode )
Secretary Oh - 5 ( Unicode )
Secretary Oh - 6 ( Unicode )
Secretary Oh - 7 ( Unicode )
Secretary Oh - 8 ( Unicode )
Secretary Oh - 9 ( Unicode )
Secretary Oh - 10 ( Unicode )
Secretary Oh - Ending ( Unicode )
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - နှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - သုံး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - လေး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ငါး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ခြောက်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ခုနှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ရှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ကိုး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်ဆယ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်ဆယ့်တစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ဇာတ်သိမ်း
ကိုကို - ၁
ကိုကို - ၂
ကိုကို - ၃
ကိုကို - ၄
ကိုကို - ၅
ကိုကို - ၆
ကိုကို - ၇
ကိုကို - ၈
ကိုကို - ၉
ကိုကို - ၁၀
ကိုကို - ၁၁
ကိုကို - ၁၂
ကိုကို - ၁၃
ကိုကို - ၁၄
ကိုကို - ၁၅
ကိုကို - ၁၆
ကိုကို - ၁၇
ကိုကို - ဇာတ်သိမ်းပိုင်း

Secretary Oh - 2 ( Unicode )

713 98 43
Bởi Xunqithaw


ရုံးဆင်းချိန်ရောက်လို့လာပြီ။
CEO ဆိုသောသူဟာနေ့လည်တည်းက
ထွက်သွားလိုက်တာ
ညနေရုံးဆင်းချိန်ရောက်နေပြီ
အရိပ်အယောင်တောင်မမြင်ရ။
ဆယ်ဟွန်းလည်းရုံးဆင်းဖို့လုပ်လိုက်တော့သည်။အစ်မမီဆွန်းကလည်းပြောထားတယ်။သူအခုလိုအပြင်ထွက်သွားလည်း
ရုံးဆင်းချိန်ရောက်လို့မှပြန်မလာသေးရင်
ပြန်လို့ရတယ်။
ဆယ်ဟွန်းတို့ရုံးခန်းတည်ရှိရာအထပ်ကနေထွက်လာတော့သူတို့ဌာနရဲ့
မန်နေဂျာနဲ့ဆုံသည်။

"အဆင်ပြေတယ်မလား ဆယ်ဟွန်း "

"ဟုတ်ကဲ့ မဆိုးဘူးပြောရမလား
CEO ကတနေ့လုံးရုံးခန်းထဲမရှိတော့.... "

"အဆင်ပြေသွားမှာပါ ကောင်လေးရ
သုံးလ သုံးလ ကျော်ရင်မင်းအမြဲတမ်းဝန်ထမ်းဖြစ်ပြီ
ကြိုးစားထားကွာ "

ဂျာကြီးကတော့သူ့ကိုအားပေးစကား
ပြောကြားသွားသည်။
ဟုတ်တယ် မှန်တယ်
ငါကောင်းကောင်းလုပ်ရင်အမြဲတမ်းဝန်ထမ်းဖြစ်ပြီ။ပထမဆုံးနေ့တောင်အခက်အခဲမရှိတာနောက်နေ့တွေဆိုပိုအဆင်ပြေသွားမှာ။
နေ့တစ်နေ့တော့အဆုံးသတ်ပြီ။
ပြန်ပြီ ကုမ္ပဏီကြီးရေ တာတာ့။

ရုံးခန်းတည်ရှိရာအဆောက်အအုံရှေ့ရှိကုမ္ပဏီနာမည်စာလုံးကြီးကိုနှုတ်ဆက်စကားဆိုလို့သူထွက်လာလိုက်သည်။
အိတ်ကိုစလွယ်သိုင်းကာခပ်သုတ်သုတ်လျောက်ရသည်။စီးရမည့် Bus ကိုမီးပ္ပိုင့်
မိနေတာမြင်လိုက်ရသည်မလား။
ရုံးဆင်းချိန်ထုံးစံလူတွေအတော်များသည်။Bus ရပ်လိုက်တာနဲ့သူလည်းအများနည်းတူတိုးဝှေ့တက်လိုက်သည်။
စီးရမှာကဂိတ်ဆုံးဆိုတော့ဟိုးနောက်ဆုံးသို့သာသူတို့ဝှေ့သွားလိုက်တော့သည်။

အတွေးတွေကဟိုးတပတ်ဆီရောက်သွားသည်။သူ့ရည်းစားယူဂျင်းမွေးနေ့ရောက်တော့မယ်။လက်ဆောင်ကောင်းကောင်း
လေးသူပေးချင်သည်။သမီးရည်းစားသက်တမ်းတလျောက်နှုတ်ခမ်းနီတောင့်၊ခေါင်းစည်းကွင်းထိုမျှလောက်သာသူလက်
ဆောင်ပေးနိုင်သည်။အရင်ကအချိန်ပိုင်းအလုပ်မျှသာလုပ်ရတော့သူမလိုချင်ရှာသောလက်ဆောင်ကိုမဝယ်ပေးနိုင်။
ဒီကုမ္ပဏီမှာအင်တာဗျူးအောင်တော့
ဆယ်ဟွန်းဝမ်းသာလိုက်တာမှထတောင်ကမိသည့်အထိ။ကိုယ့်အခြေအနေကိုယ်
သာသိသောအဖြစ်မို့အသက်ရှူချောင်လာသည်။အလုပ်ကအတည်ဖြစ်ရင်ကြွေးဆပ်ရမည်။ပြီးရင်မိဘကိုကြည့်ရှူရမည်။
ပြီးမှယူဂျင်းနဲ့ဘဝတစ်ခုတည်ထောင်ဖို့
ငွေစုရမည်။

ပြီးခဲ့သည့်အပတ်ကသူမကိုသွားတွေ့တော့ထုံးစံအတိုင်းကတောက်ကဆဖြစ်ရသည်။သူမဘက်ကလည်းကျွန်တော့်ကိုအတော်လိုက်လျောရသောအနေအထားမို့
မပြေလည်တာ
တွေကိုလက်ခံနိုင်ပါသည်။

"ယူဂျင်းလည်းကို့ကိုပြောရတာမာနလည်း
မရှိတော့သလိုပဲအမေတို့တွေကပြောနေပြီ
ခဏခဏယူဂျင်းငြင်းနေရတယ်
ကို့ဘက်ကတွေ့ဖို့အသင့်မဖြစ်သေးဘူးလား
ကို..ယူဂျင်းကိုလက်ထပ်ဖို့အစီအစဉ်ရောရှိရဲ့လား "

မျက်နှာကစိတ်ပျက်နေသည့်ဟန်နဲ့သူမ
ဆယ်ဟွန်းအခြေအနေကအခုနေသူမကိုဘယ်လိုလက်ထပ်နိုင်မှာလည်း။အကြွေးတောင်ဆပ်နေရတာ။သမီးရည်းစား
သက်တမ်းသုံးနှစ်အကျော်မှာသူမဆီက
လက်ထပ်ဖို့အစီစဉ်ရောရှိရဲ့လားဆိုတဲ့မေးခွန်းကအကြိမ်ကြိမ်ဖြစ်နေပြီ။

"ယူဂျင်းရယ်ကိုယ့်ပညာသင်စရိတ်အကြွေးတွေအကြောင်းမင်းကိုပြောပြထားတယ်လေ၊ခဏပဲစောင့်ပါကွာလခများလာရင်ဒီအကြွေးကနှစ်ဝက်ကျော်တာနဲ့တင်ကြေတယ်''

"ဟင်း ကို့ ဟာကဘယ်တော့ကြေမလည်း
ယူဂျင်းစိတ်ညစ်လှပြီ အခုဟာက
အမေတို့ကရည်းစားမရှိဘူးဆိုရင်ပေးစားဖို့အလားအလာရှိလို့ပြောနေတာ... "

သမီးရည်းစားတွေ့ဆုံမှုကပျော်ရွှင်စရာတွေပျောက်ခဲ့တာအတော်ကြာခဲ့ပြီ။ဆယ်ဟွန်းဘက်ကအခြေအနေကိုယူဂျင်းသိပြီးတည်းကဆိုပါတော့။ကော်ဖီဆိုင်လောက်သာခဏတာတွေ့ပြီးပြန်ကြတာ။တီတီတာတာချစ်စကားဆိုတာမပြေလည်ခြင်းတွေနဲ့အတူထွက်သွားတာကြာပြီဆိုပါတော့။
ဒီတခေါက်သူမမွေးနေ့ကြရင်တော့
ဆယ်ဟွန်းလက်ဆောင်
ကောင်းတာလေးဝယ်ဖို့ငွေခွဲစုထားသည်။

ကားဂိတ်ထဲမဝင်ခင်မှာခရီးသည်တွေအကုန်ဆင်းကြသည်။သူလည်းဆင်းကာအိမ်ရှိရာဆီပြန်လျောက်လာလိုက်သည်။
သာမန်လူတန်းစားမိသားစုဖြစ်တဲ့
သူတို့အိမ်လေး။အဖေကဝန်ထမ်းဖြစ်ကာ
အမေကသာမန်အိမ်ရှင်မ
သားအကြီးဆုံးဖြစ်တဲ့အစ်ကိုကြီးကိုအမေတို့ကပုံအောလို့ပညာရေးဆုံးခန်းတိုင်အောင်မရှိရှိတဲ့ကြားကသင်ပေးသည်။
ဆရာဝန်လည်းဖြစ်ရောပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းကသူမနဲ့လက်ထပ်သွားတာမိဘကိုပြန်တောင်မကြည့်။
ဆယ်ဟွန်းအလှည့်ကြတော့ပညာသင်ဖို့
ကြွေးယူရတော့သည်။အငယ်ကောင်လည်းရှိသေးတော့မိဘကိုဒုက္ခမပေးချင်။
ကိုယ့်ကြွေးစရိတ်ကိုယ့်ဘာသာဆပ်ရမယ်။
အဲ့တော့အိမ်ထောင်ပြုဖို့်ဆိုတာအဝေးကြီးလိုသေးတယ်။

ကုမ္ပဏီကြီးမှာအလုပ်ဆင်းရတော့လည်းအဝတ်အစားဖိုးကုန်ရသည်။ကိုယ်လုပ်နေတဲ့အလုပ်နဲ့လိုက်ဖက်သောအဝတ်တော့ဝယ်ဝတ်ရသည်။အလုပ်သွားရင်စီးဖို့ ဖိနပ်ဖိုး
အဖေကထုတ်ပေးသည်။ကုမ္ပဏီကြီးမှာအလုပ်ရသောသားလတ်ကိုဂုဏ်ပြုတာလို့ပြောရှာသည်။ဆယ်ဟွန်းလည်း
အခက်အခဲတွေအမြန်ပြေလည်ချင်ပြီ။
အခုထိမိဘကိုပြန်မယကြည့်နိုင်မိဘကျွေးတာစားနေရဆဲ။

* အတွင်းရေးမှူးဘဝဒုတိယရက် *

CEO မရောက်ခင်အရင်ရောက်ပြီးအသင့်အနေအထား။သူရောက်ပြီးမကြာပါ CEO ရောက်လာသည်။
ဒီနေ့အချိန်ဇယားအရအလုပ်အတွက်
ချိန်းဆိုထားတာမရှိ။
သူရောက်လာတော့ဆယ်ဟွန်းထကာအရိုအသေပြုနှုတဆက်လိုက်သည်။

ချန်းယောလ် ကဒီနေ့နက်ပြာရောင် Suit ဝတ်လာသည်။ရှပ်ကိုအဖြူခံပေါ်နက်ပြာ shade ပြေးနေသောဒီဇိုင်းပုံနဲ့ဝတ်ထားသည်။သူဝတ်နေကြ Brand က LV တန်ဖိုးကတော့ဒီတပတ်မှထွက်ထားတာမို့ဈေးကမနည်းပေ။
သူ့ကိုအရိုအသေထပေးသောငဒူကောင်ကိုကြည့်ရင်းမျက်မှောင်ကျုံ့လိုက်မိသည်။သူနဲ့ဆင်သောအင်္ကျီကိုဝတ်ထားတာပါလား။
ဒီကောင်ကဘာလည်းလို့တွေးကာသူ့ရုံးခန်းဆီဝင်လာလိုက်သည်။မနေ့တည်းကသူ့နာမည်ပေးထားလိုက်တာ
ငဒူကောင်ဆိုပြီး။

CEO လာပြီမို့ဆယ်ဟွန်းလည်းမနက်စာအတွက်ကော်ဖီပူပူလေးဖျော်ကာသွားပေးရသည်။ကုတ်ကိုချွတ်ကာခိျတ်ထားပြီး
ရှပ်လက်ရှည်ကိုခေါက်ဝတ်နေသော CEO

"မင်းနဲ့ငါ အရောင်တူနေတယ်... "

ဆယ်ဟွန်း လည်းအခုမှသူ့ကိုသေချာကြည့်မိတော့သည်။ဟုတ်သား အရောင်တူရုံမကရှပ်အဆင်ပါဆင်နေတာပဲ။

"မင်းအင်္ကျီလက်ကိုပြန်ချပြီးဝတ်ထားလိုက်
ငါနဲ့တူအောင်လိုက်မဝတ်နဲ့... "

ဆယ်ဟွန်း စိတ်ထဲမှာတော့မှားပါတယ်လို့ပြောပြီးပြီ။အိမ်ကထွက်လာတည်းကခေါက်ဝတ်လာတာကိုသူကအခုမှခေါက်ဝတ်နေတာမလား။ပြောရမယ်ဆိုဆယ်ဟွန်းကတောင်
အရင်ဦးအောင်ဝတ်ထားတာကို။

ချန်းယောလ် အစကမပြောပဲနေမလို့။
ကော်ဖီလာချပေးသောငဒူကောင်ရဲ့လက်ကြောင့်လွတ်ခနဲပြောထွက်သွားတာ။
ခေါက်ဝတ်ထားတာမို့တံတောင်ဆစ်အောက်ကစလို့လက်ချောင်းတွေအထိငဒူကောင်ရဲ့အသားအရောင်ကဖြူဖွေးကြည်လင်နေလေသည်။သူ့လက်နဲ့မသိမသာယှဉ်မိကာမနာလို
စိတ်အနည်းငယ်ဝင်သွားမိသည်။မိမိကနည်းနည်းမဖြူသလိုခံစားလိုက်ရသည်။တဆက်တည်းငဒူကောင်တကိုယ်လုံး
သိမ်းကျုံးကြည့်မိတော့သည်။မနေ့ကသူသေချာမကြည့်မိတာပါလား။မျက်နှာကသွယ်လျကာထင်းနေသောမျက်ခုံးနဲ့လိုက်ဖက်စွာနှာခေါင်းကလည်းထင်ရှားပြီးကြည့်ကောင်းသလိုနှုတ်ခမ်းဆီအရောက်ပန်းရောင်မကျသလိုအနီလည်းမဟုတ်ပြန်ကြားအရောင်ပြောရမလားကြည့်လို့အတော်ကောင်းသည်။
ပြောရမယ်ဆိုရင်ဖြင့်သူ့အတွင်းရေးမှူးရုပ်ရည်ကမင်းသားတောင်လုပ်လို့ရလောက်သည်။ထပ်ချုံးငုံပြောရရင်ရုပ်ရည်
ကကြည့်ကောင်းတာထက်ပိုလွန်နေလို့
သူ့ကြည့်မရချင်တော့။ယောက်ကျားလေးတစ်ယောက်ကသာမန်ထက်ပိုချောလွန်း
နေရင်သိပ်မမိုက်ဘူးလေ။

သူ့ကိုကော်ဖီချပေးကာတံတောင်ဆစ်အထိခေါက်ထားသောရှပ်ကိုပြန်ဖြည်ချကာကြယ်သီးတပ်နေရင်းပါးစပ်ကပွစိပွစိရေ
ရွတ်နေတာများလား။ပြီးတော့လှည့်ထွက်သွားသည်။နောက်ဆက်တွဲပြောရရင်ဖြင့်ငဒူကောင်ရဲ့တင်ပါးတွေကမောက်တက်ကာရှိနေတာသူမြင်လိုက်ရသည်။ထပ်ပြီးသဘောမကျချင်တော့။ယောက်ကျားလေးတစ်ယောက်ရဲ့တင်ပါးကပြောရမယ်ဆိုအဲ့လောက်ကိတ်စရာလိုလား။
သူလက်ရှိရည်းစားတောင်အကြပ်ဝတ်ထားလည်းငဒူကောင်တင်ပါးလောက်ကိတ်မည့်
ပုံမရှိ။

အာ ငါဘာတွေတွေးနေမိတာလည်းလို့
ချန်းယောလ်ပြောမိပြီ။
မဟုတ်တာတွေကိုခေါင်းထဲကထုတ်လို့အလုပ်ထဲစိတ်နှစ်ပြီးလုပ်နေလိုက်သည်။သူအလုပ်ထဲစိတ်ရောက်သွားရင်ဘေးဘီကမေ့သွားသည့်အထိဆိုပါတော့။ဗိုက်ထဲဆာသလိုခံစားလိုက်ရလို့အလုပ်လက်စသတ်ကာနာရီကြည့်တော့နေ့လည်နှစ်နာရီကျော်နေပြီ။သူ့ရုံးခန်းအပြင်ထွက်လာတော့ငဒူကောင်မရှိပေ။သူကြည့်နေတုံးရှိသေး။အထုတ်လေးတွေဆွဲကာပြန်ဝင်လာသည်။

"CEO နေ့လည်စာလည်းထွက်မစားဘူး။
ကျွန်တော်လာမေးရင်စိတ်အနှောင့်ယှက်ဖြစ်မှာစိုးလို့အစောနကမှကျွန်တော်ဆင်းသွားလိုက်ပြီးဝယ်လာတာစားပါဦးလား "

ပုံမှန်ချိန်းထားရင်ချန်းယောလ်ကအပြင်ထွက်စားနေကြ။ချိန်းထားတာမရှိရင်ကုမ္ပဏီကန်တင်းမှာစားလိုက်သည်။
အများစုကသူ့ရည်းစားတွေနဲ့သွားစားဖြစ်တာ။အခုတော့ဗိုက်လည်းဆာနေပြီမို့ငဒူကောင်ဝယ်လာတားယူစားလိုက်ဖို့
ဆုံးဖြတ်လိုက်သည်။

ဆယ်ဟွန်း ဘက်ကလောကဝတ်ပြုပြောလိုက်ပေမဲ့စားမယ်မထင်ထား။ထမင်းဗူးနှစ်ဗူးဝယ်လာမိလို့တော်သေးသည်။

ဗိုက်စားနေလို့အရန်သင့်ထမင်းဗူးကလည်းစားကောင်းနေသည်။သူကခပ်မြန်မြန်စားနေချိန်ငဒူကဖြည်းဖြည်းချင်းဝါးနေတာနှေးလိုက်တာမှ။ထမင်းစားပြီးတော့ဖက်ထုပ်ဗူးပါ
သူဖွင့်ပြီးဆက်စားလိုက်သည်။

ဆယ်ဟွန်းနဲ့တူတူသူလာထိုင်စားသည်။
ဆယ်ဟွန်းထမင်းဗူးမကုန်သေးသူစားလို့ကုန်သွားပြီ။ဖက်ထုပ်ကြော်ဗူးပါဖွင့်လို့
ဆက်စားနေသေး။ဆယ်ဟွန်းအတွက်တော့အနည်းငယ်ချန်ထားကောင်းပါရဲ့။အတွေးထဲကဆန္ဒမပြည့်ခဲ့ပေ။ဖက်ထုပ်ကြော်တွေကယတခဏအတွင်းကုန်သွားပြီဖြစ်သည်။

"စားလို့ကောင်းသား။မင်းစားလို့ပြီးရင်ငါ့ကိုကော်ဖီအေးလာပို့လှည့် "

ဆယ်ဟွန်း ဘေးကနေသူထသွားပြီ။
တော်သေးတာကဗူးအခွံတွေသူမစားသွားတာပါပဲ။တမင်အငေါ့တူးပြောတာ။
သူများကျွေးတာစားတာထမင်းဗူးနဲ့တော်ရောပေါ့။အခုတော့ဖက်ထုပ်ကြော်တွေပါဆက်စားသွားလို့ဆယ်ဟွန်းအမြင်မကြည်လင်တော့။နည်းနည်းလောက်ချန်ထားရင်တော်
သေး။အခုတော့မပြောချင်တော့ပါဘူးလေ။
ပြီးရင်ကော်ဖီဖျော်ကာသွားပေးရအုံးမယ်။ဆယ်ဟွန်းလည်း
အမြန်လက်စဖြတ်စားရတော့သည်။

ကော်ဖီအေးချပေးချိန်သူအလုပ်ပြန်လုပ်နေပြီ။ဆယ်ဟွန်းကိုစာရင်းတွေမှားနေတယ်
ပြောလို့ပြူးပြဲပြီးပြန်စစ်ကာအစကပြန်လုပ်ရသည်။ပြီးတော့သူ့ကိုသွားပြန်ပြရသည်။
ဒီနေ့ကတော့အလုပ်ထဲသူ့နဲ့အပေးအယူ
တည့်ကာအဆင်ပြေပြေနဲ့အချိန်ကုန်သွားသေနေ့လေးဖြစ်သွားသည်။မနက်ကရှပ်ကိစ္စတော့ထားလိုက်ပါတော့လေ။ညနေရုံးဆင်းတော့တစ်နာရီလောက်နောက်ကျနေပြီ။သူနဲ့ဆယ်ဟွန်းဓာတ်လှေကားအတူစီးကာ
အောက်ဆုံးထိဆင်းလာလိုက်သည်။

ချန်းယောလ် အခုမှငဒူကသူနဲ့အရပ်သိပ်မကွာကြောင်းသိရတော့သည်။ဒါပေမဲ့လူကောင်ကြတော့သူထက်ပိန်သွယ်ကာပါးလျသည်။အောက်ထပ်ရောက်တော့ချန်းယောလ်ကသူ့ကားကရပ်ထားရာဆီခွဲထွက်လာလိုက်သည်။သူ့ကားမောင်းလာရင်း Bus မှတ်တိုင်ဝယ်အကြည့်ရောက်မိသည်။ကားစောင့်နေသောငဒူကိုတွေ့လိုက်ရသည်။အိတ်လေးစလွယ်သိုင်းကာကားလာရာဘက်လှမ်းမျှော်ကြည့်နေတာ။ထိုအခိုက်မိုးကရွာချသည်။ရုတ်တရက်ဆန်သောမိုးရွာချမှု
မှာထီးပါပုံမရသောငဒူကအိတ်ကိုခေါင်းပေါ်တင်ကာကားဆက်စောင့်နေသည်။သူလည်းမီးပ္ပိုင့်အချက်ပြနေပြီမို့်
ထွက်လာလိုက်တော့သည်။

နှစ်ယောက်လုံးကအဖြောင့်တွေမို့
ချက်ချင်းကြီးမငြိသွားပါဘူးနော်။သုံးလအတွင်းတော့ငြိသွားမှာပေါ့။ပြီးမှ....
ဒချိ ဒချိ ဖြစ် ချစ်ကြလေသတည်းပေါ့။

စာဖတ်သူတ်ို့ဖတ်ရင်းပျင်းနေမှာစိုးလို့ပြောထားတာ။အိုဆယ်ဟွန်းကလည်းရည်းစားနဲ့ပြတ်မယ်ပေါ့နော်....

Đọc tiếp

Bạn Cũng Sẽ Thích

62.3K 2.1K 11
(Assassination Classroom x Haikyuu!!) During his visit to Miyagi, Koro-sensei decided to watch a volleyball game. That was when Koro-sensei had first...
50.8K 5.8K 13
Sehun & LuHan အချစ်​စစ်​ရဲ့ စွမ်းအားက ဘယ်​​လောက်​ထိ ကြီးမားနိုင်​မလဲ?