CHANHUN MINI STORY BOOK 1

By Xunqithaw

64.1K 6.9K 3.4K

⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person . More

အဆုံးမဲ့အချစ်
အဆုံးမဲ့အခ်စ္
FEELING 1 ( Unicode )
FEELING 2 ( Unicode )
FEELING 3 ( Unicode )
FEELING 1 ( Zawgyi )
FEELING 2 ( Zawgyi )
FEELING 3 ( Zawgyi )
မောင့်သည်းငယ်
မောင့်သည်းငယ်
FAKE 1 ( Zawgyi )
FAKE 2 ( Zawgyi )
FAKE 3 ( Zawgyi )
FAKE 4 ( Zawgyi )
FAKE 5 ( Zawgyi )
FAKE 6 ( Zawgyi )
FAKE 7 ( Zawgyi )
FAKE - Ending ( Zawgyi )
FAKE 1 ( Unicode )
FAKE 2 ( Unicode )
FAKE 3 ( Unicode )
FAKE 4 ( Unicode )
FAKE 5 ( Unicode )
FAKE 6 ( Unicode )
FAKE - Ending ( Unicode )
Secretary Oh -1 ( Zawgyi )
Secretary Oh - 2 ( Zawgyi )
Secretary Oh - 3 ( Zawgyi )
Secretary Oh - 4 ( Zawgyi )
Secretary Oh - 5 ( Zawgyi )
Secretary Oh - 6 ( Zawgyi )
Secretary Oh - 7 ( Zawgyi )
Secretary Oh - 8 ( Zawgyi )
Secretary Oh - 9 ( Zawgyi )
Secretary Oh - 10 ( Zawgyi )
Secretary Oh - Ending ( Zawgyi )
Secretary Oh - 1 ( Unicode )
Secretary Oh - 2 ( Unicode )
Secretary Oh - 3 ( Unicode )
Secretary Oh - 4 ( Unicode )
Secretary Oh - 5 ( Unicode )
Secretary Oh - 6 ( Unicode )
Secretary Oh - 7 ( Unicode )
Secretary Oh - 8 ( Unicode )
Secretary Oh - 9 ( Unicode )
Secretary Oh - 10 ( Unicode )
Secretary Oh - Ending ( Unicode )
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - နှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - သုံး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - လေး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ငါး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ခြောက်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ခုနှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ရှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ကိုး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်ဆယ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်ဆယ့်တစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ဇာတ်သိမ်း
ကိုကို - ၁
ကိုကို - ၂
ကိုကို - ၃
ကိုကို - ၄
ကိုကို - ၅
ကိုကို - ၆
ကိုကို - ၇
ကိုကို - ၈
ကိုကို - ၉
ကိုကို - ၁၀
ကိုကို - ၁၁
ကိုကို - ၁၂
ကိုကို - ၁၃
ကိုကို - ၁၄
ကိုကို - ၁၅
ကိုကို - ၁၆
ကိုကို - ၁၇
ကိုကို - ဇာတ်သိမ်းပိုင်း

FAKE 7 ( Unicode )

789 86 39
By Xunqithaw


ယူရာလှမ်းအော်ပြောသံကြားလို့
ချန်းယောလ်ထလာပြီး
ခြင်းတောင်းလှမ်းယူလိုက်သည်။

"နင့်ယောက်ကျား SBS radio program အတွက်သွားတယ် "

"သူအားတယ်ပြောလို့ထမင်းလာပို့ပြီးရင်ဆေးရုံတူတူသွားမလို့ဟာ.... ဟဲ့ဒါနဲ့ခုနအပေါက်ဝမှာကောင်လေးတစ်ယောက်
ရပ်နေလို့ငါမေးတာလူလာရှာတယ်
ပြောတယ်၊ငါကဘယ်သူလာရှာတာလည်းမေးတာမဆုံးသေးဘူးထွက်ပြေးသွားရော... ဒါနဲ့ကောင်လေးက
အချောသား မေးရိုးသွယ်သွယ်လေးနဲ့ "

ချန်းယောလ် လည်းထမင်းဗူးဖွင့်ပြီးအနည်းငယ်ထည့်ကာ
စားဖို့လုပ်နေခိုက် ယူရာပြောလိုက်သောကောင်လေး၏ပုံပန်းသဏ္ဍန်ကား
သူ့အတွေးထဲတစ်ယောက်သောသူကို
မြင်ယောင်လာစေသည်။
တဆက်တည်းတွေးမိတာက
မဟုတ်လောက်ပါးဘူး။
သူ့ကိုခါးခါးသီးသီးရွံ့မုန်းနေသော
ကောင်လေးကဘယ်အကြောင်းရှိလို့
လာရှာမလည်း။

"ချန်းယောလ် ငါ့ယောက်ကျားကငါ့ကိုရှာခိုင်းတယ်။နင်ငါ့သူငယ်ချင်းထဲကတစ်ယောက်လောက်နဲ့အိမ်ထောင်ဖက်တွေ့မလား။
နင်တွေ့မယ်ဆိုငါ​ချိတ်ပေးမယ်လေ
မူလတန်းပြဆရာမအလုပ်ကလည်းမဆိုးဘူး။ရုပ်လည်းမဆိုဘူး။သူကဂျီးများတာလေးတစ်ခုဘဲ။ဘယ်လိုလည်း
တွေ့ကြည့်မလား။နင်အသည်းကွဲနေတာ
ဒီတိုင်းနေလိုက်တော့မလို့လား... "

"ယူရာရေကျေးဇူးတင်တယ်။
ငါဘယ်သူနဲ့မှမတွေ့ဘူး။အသည်းကွဲနေလို့လည်းမဟုတ်ဘူး။ဒီတိုင်းငါဘယ်သူ့ကိုမှ
ထပ်ချစ်လို့မရတော့တာ..."

ချန်းယောလ် ကသူ့အလုပ်သူဆက်လုပ်နေပြီ။ယူရာကတော့သူ့ယောက်ကျားဆီဖုန်းလှမ်းဆက်ပြီးအပြင်မှာဆုံဖို့ထွက်လာ
လိုက်သည်။ ယောက်ကျားကိုပြောပြအုံးမှပါ။

ခေါင်းငိုက်စိုက်ချကာအရုပ်ကြိုးပြတ်သလိုပုံနဲ့အလုပ်ဆီရောက်လာသောဆယ်ဟွန်း။
သူဒီနေ့အလုပ်လာချင်စိတ်မရှိ။သို့သော်လည်းသူတို့ team ကတာဝန်ယူဆွဲပေးရသောဆရာမ မီဂျီ ရဲ့ webtoon ကိုစီးရီးတွဲရိုက်ဖို့စာချုပ်ချုပ်လိုက်ပြီိမို့သူတို့ကိုဆရာမကတစ်ဝိုင်းကျွေးမယ်မဖြစ်မနေ
လာခဲ့ဆိုပြီးဖိတ်ထားလို့အလုပ်ပြီးရင်သွားဖို့လာတာ။

ယူကြုံးမရအပူလုံးကြွကာဟန်တောင်မဆောင်နိုင်ဖြစ်နေသောမိမိပုံရိပ်ကိုအလုပ်ထဲရှိ သန့်စင်ခန်းဘေလ်စင်မှန်ရှေ့ရပ်ကြည့်နေရင်းသက်ပြင်းချလိုက်သည်။
စိတ်လန်းသွားအောင်မျက်နှာသစ်ချလိုက်ပြီးထွက်လာလိုက်သည်။

သူများပျော်လို့မပျော်နိုင်ရည်းစားပျောက်လို့မှိုင်ထိုစကားကသူများပြောလေသလားလို့ဆယ်ဟွန်းတွေးနေရင်းအရက်ကို
မော့ချလိုက်သည်။ပူပြင်းစွာလည်ချောင်းတစ်လျောက်စီးဆင်းသွားသလို
ခံစားလိုက်ရသည်။သူများတွေက
စားသောက်ကြရင်းပြောကြဆိုကြနဲ့ဆူညံကာရယ်။သူတစ်ယောက်တည်းကုတ်ချိချိနဲ့
တစ်ခွက်ပြီးတစ်ခွက်သောက်နေတာ။

"ဟယ် ဆယ်ဟွန်းနီး အမဲသားကင်လည်းထည့်မစားဘူး။သောက်ချည်းမနေနဲ့လေ၊ရော့စားအုန်း "

နှမ်းရွက်နဲ့ထုတ်ပြီးအမဲသားကင်တစ်လုတ်စာကိုဆရာမကိုယ်တိုင်လှမ်းခွံသည်မို့အားနာစွာပါးစပ်ဟပေးလိုက်ရသည်။

"ဆယ်ဟွန်းနီး ကိုကျေးဇူးတင်ပြီးရင်းတင်ပဲ
အမဇာတ်လမ်းအဓိကအောင်မြင်ခြင်းရဲ့အချက်တွေထဲကတချက်ကဆယ်ဟွန်းနီးတာဝန်ယူဆွဲပေးတဲ့ဇာတ်ဆောင်
* ချာအွန်ဝူး * ကြောင့်ဆိုမမှားဘူး... "

"ရပါတယ်ဆရာမ
အလုပ်အပ်ရင်သေချာဆွဲပေးရမှာကျွန်တော့်တာဝန်ပါ "

ဆယ်ဟွန်းကငယ်ရွယ်ပြီးချောမောသူဖြစ်သော်လည်းဟိုးအရင်ကလိုတက်ကြွသော်လူငယ်လေးလိုပုံမဟုတ်တော့။
အလိုမတူခိုးပြေးခံရပြီးနောက်ပိုင်းအလုပ်မဆင်းတော့တာလချီကြာသွားသည်။အလုပ်ထဲလည်းသူ့သတင်းတွေတက်ခဲ့သည်မလား။ချောင်းပေါက်မတတ်သူ့ဆီလာနေသော
ပတ်ချန်းယောလ်ကြောင့်သိကြတာလည်းမဆန်းပါဘူး။သူတို့ယူလိုက်ကြမယ်ထင်ကြသော်လည်းတကယ်တမ်းဆယ်ဟွန်းအလုပ်ပြန်ဆင်းလာပြီးမီနာကတဆင့်အလုပ်ထဲ
ဝယ်သတင်းပျံ့သွားတော့သူ့ကိုအားနာပြီးမမေးမြန်းကြတော့။
ဒါပေမဲ့ လူ့သဘာဝထုံးစံနောက်ကွယ်မှာတော့အတင်းပြောကြတာပေါ့။တခြားတော့မဟုတ်ဘူး။ပတ်ချန်းယောလ် ကိုသနားကြတာလေ
အိုဆယ်ဟွန်းကအဲ့လောက်တောင်ပြန်မချစ်နိုင်အသည်းမာရသလားဆိုပြီး။တရားခံလက်သည်ကမီနာကလွဲတခြားသူ
မရှိပေ။ဆယ်ဟွန်းကိုချန်းယောလ်လာပြန်အပ်သည့်နေ့ကသူမဆယ်ဟွန်းအိမ်ကိုသွားစပ်စုတာနဲ့တိုးသည်။ဒါကြောင့်အကုန်သိနေတာ။ကြေကွဲဝမ်းနည်းနေသောမျက်နှာနဲ့ပြန်သွားသောပတ်ချန်းယောလ်ကို
သနားပြီးရင်းသနားသလိုသူငယ်ချင်းအိုဆယ်ဟွန်းကိုတော့အကြောမတည့်
ဖြစ်သွားတာ။

အခုလည်းမီနာမတို့ team ကမဟုတ်သော်ငြားအရှက်မရှိစွာသူမမှာထိုစားပွဲသို့ကပ်လိုက်လာရသည်။အားအားယားယား
လိုက်လာချင်လို့တော့မဟုတ်အခုတလောရုပ်ပျက်နေသောအိုဆယ်ဟွန်းကိုစိတ်မချ၍ဖြစ်သည်။အကောင်စုတ်က
အခုတလောရုပ်ကမှိုင်တွေကာရယ်မြင်ရတဲ့သူကစိတ်မချမ်းသာစရာ။ထမင်းစားချိန်ဆိုလည်းစိတ်မပါလက်မပါ။
ခေါင်းမိုးထပ်တက်ကာဆေးလိပ်သွားသောက်ချိန်မီနာသူ့နောက်မယောင်မလည်လိုက်သွားလိုက်သည်။
တစ်ယောက်တည်းပြောနေသောစကားအရတခုခုဖြစ်နေတာအသေအချာ။

ဘာတဲ့ * ခင်ဗျားကိုကျွန်တော်အရမ်းချစ်နေပြီ၊အခုချိန်ကျွန်တော့်ဘေးခင်ဗျားမရှိတော့မှချစ်နေမှန်းသိတာ *ထိုစကားတွေကစပ်စုလိုသောသူမတွေးရပြီ။ဒီကောင်မှာကြိုက်နေတဲ့သူလုံးဝမရှိ။အလုပ်ကိုသွားတာလည်း
တူတူပြန်ရင်လည်းတူတူမို့ဘယ်သူနဲ့မှမတွေ့တာသူမအသိ။ဒါဆိုအကောင်စုတ်ပြောသော ခင်ဗျား ဆိုတာဘယ်သူဖြစ်နိုင်လည်း။
သူမရဲ့အသိစိတ်ကညွှန်ပြနေတာ
ပတ်ချန်းယောလ် ကလွဲတခြားသူ
လုံးဝမဖြစ်နိုင်။

သူမကပြောရမယ်ဆိုသူတို့နှစ်ယောက်ကိုညားစေချင်သူ။အခုဆရာမမီဂျီဆိုသောမြေခွေးအိုမကြီးဘာချုံထွင်နေတာကို
သူမကသိသည်လေ။ဟိုငဒူအိုဆယ်ဟွန်းကသာမသိတာ။အလုပ်သဘောတရားဆိုတာထက်ဆယ်ဟွန်းဆီအရမ်းကပ်နေတာရုံးမှာဆိုအသံထွက်လို့။အခုလည်းကြည့်အုံး
လိုတာထက်ပိုကာအသားကင်ခွံကျွေးနေတာမပြီးတော့။ဘာအကြောင်းအရာမှမရှိရီနေသံကိုကကြားရတာအောကလီဆန်ချက်။ဆယ်ဟွန်းဘေးပူးကပ်ထိုင်မတတ်တဟင့်ဟင့်ရီပြီး
ခွံကျွေးလိုက်အရက်ငှဲ့ပေးလိုက်နဲ့စိတ်တွေတိုနေရသူကမီနာရယ်ပါ။

"ကဲနောက်တစ်ပွဲဆက်ချင်သူရှိရင်သွားကြပါ
မီဂျီရဲ့မန်နေဂျာကိုထည့်ပေးလိုက်မယ်၊အကြိုက်စားကြသောက်ကြနော်၊မီဂျီလည်းခေါင်းနည်းနည်းမူးနေပြီမို့ပြန်နားတော့မယ် "

မီနာကသေချာပြူးပြဲကြည့်နေတာ။
မြေခွေးမကြီးကသူ့မန်နေဂျာဆိုသောမိန်းမကိုရုံးကလူတွေနဲ့သွားခိုင်းလိုက်သည်။မူးကာခေါင်းပါမထောင်နိုင်တော့သော
ဆယ်ဟွန်းဘေးမီနာထိုင်နေရာဆီလျောက်လာသည်။

"မိန်းကလေးလိုက်မသွားဘူးလား။
အစ်မကဆယ်ဟွန်းနီးကိုလမ်းကြုံခေါ်သွားပြီးအိမ်ပြန်ပို့ပေးလိုက်မယ် "

"မလိုပါဘူး
ကျွန်မကဆယ်ဟွန်းနဲ့အိမ်နီးတယ်
အတူတူပြန်နေကြသူငယ်ချင်းသူ့ကို
ကျွန်မခေါ်သွားလိုက်မယ် "

"အို မဟုတ်တာကွယ်
ဆယ်ဟွန်းနီးကမူးနေတာဘယ်လိုထိန်းခေါ်သွားမလည်းအစ်မမှာကားပါတယ်အစ်မလိုက်ပို့ပေးလိုက်မယ် "

"အာ့ဆိုလည်းအဆင်ပြေတာပေါ့အစ်မ
ကျွန်မပါလိုက်မယ်လေဆယ်ဟွန်းကိုပို့ပေးမဲ့တူတူ "

ရှုံမဲ့သွားသောမြေခွေးမကြီးမျက်နှာကရီချင်စရာ။ဟန်တောင်မဆောင်နိုင်ဘဲသူမတို့ကိုသွားစရာရှိလို့ဆိုပြီးထားသွားလေရဲ့။နောက်ဆုံးတော့အမူးသမား
အိုဆယ်ဟွန်းကသူမတာဝန်ဖြစ်ချေပြီ။
ဆယ်ဟွန်းအိတ်ထဲကဖုန်းကိုသူမထုတ်လိုက်သည်။အမူးကောင်ရဲ့လက်မကိုနှိပ်ကာဖုန်းဖွင့်လိုက်သည်။ Contacts တွေထဲလျောက်ရှာတော့တွေ့ရပါပြီ။ဘာတဲ့ ချစ်ရသူခင်ဗျားတဲ့လား name တောင်ပေးထားတာ
အိုဆယ်ဟွန်း ရေနောက်ဆိုငါ့ကိုကျေးဇူးတင်ပါ။နင့်ရဲ့မြုံစိစိအကျင့်ကြောင့်ဒီတသက်
နင့်လူကြီးနဲ့ပြန်တွေ့နိုင်မယ်မထင်ဘူး။
ငါပါမှကိုဖြစ်တော့မယ်။

ချန်းယောလ် ဖုန်းဝင်လာလို့ကိုင်လိုက်သည်။
မထင်မှတ်ထားသောနံပါတ်မို့သူကြောင်နေမိသည်။ပြီးမှသူကိုင်လိုက်တော့အခုဖုန်းပိုင်ရှင်ကအရမ်းမူးပြီးအိပ်ပျော်နေလို့လာခေါ်ပေးပါ။ဆိုင်ပိတ်ခါနီးပြီမို့ပါဆိုသော
မိန်းကလေးအသံကြောင့်ချန်းယောလ်
လိပ်စာမေးကာအပြေးလာမိပြီ။

မီနာကတော့ဖုန်းချပြီးတာနဲ့ဆိုင်ကဝန်ထမ်း
ကောင်မလေးကိုခေါ်ပြီးအကျိုးအကြောင်းပြောကာသူကအကွယ်ကနေစောင့်ကြည့်နေလိုက်သည်။သိပ်မကြာလိုက်ပါပတ်ချန်းယောလ်ရောက်ချလာသည်။
ဝန်ထမ်းကောင်မလေးနဲ့ပြောဆိုပြီး
ဆယ်ဟွန်းကိုကုန်းပိုးကာပြန်ထွက်သွားလေပြီ။ပြုံးဖြီးသောရုပ်နဲ့ကျန်ခဲ့သူကမီနာမရယ်ပါ။ငါ့သူငယ်ချင်းလေးအမူးပြေပြီးရင်ခံစားချက်တွေပွင့်လင်းပြီးသူ့လူကြီးနဲ့အဆင်ပြေသွားစေဖို့်ရာဆုတောင်းပေးလိုက်တော့သည်။

ချန်းယောလ်စိတ်ထဲပျော်သလို
ရင်တွေလည်းခုန်လွန်းလို့
စိတ်အရမ်းလှုပ်ရှားနေသည်။
မိမိအိပ်မက်များမက်နေလား
ဆိုပြီးကိုယ့်အသားကိုယ်ဆွဲလိမ်မိတာအကြိမ်ကြိမ်။ဒါပေမဲ့သူ့ကျောထက်က
မူးပြီးအိပ်ပျော်သူလေးက
အိပ်မက်မဟုတ်ကြောင်းသက်သေမလား။
သူ့တိုက်ခန်းဆီခေါ်လာလိုက်သည်။
အိပ်ရာပေါ်ချပေးကာသိပ်ထားလိုက်ပြီးလွမ်းနေရတဲ့မျက်နှာလေးကိုဘေးကနေ
ထိုင်ကြည့်ပြီးကြည်နူးမဆုံးတော့။


စတာ စတာ မနက်ဖြန်မှအတည်သိမ်းမှာ။
အခုအပိုင်းလည်း ၃၀၀၀ နီးပါးရေးရတယ်။

5.11.2020
11:20 AM

Continue Reading

You'll Also Like

76.3K 2.9K 32
⤜❝ɪ ɢᴏᴛ ᴀᴅᴅɪᴄᴛᴇᴅ ᴛᴏ ᴀ ʟᴏᴏꜱɪɴɢ ɢᴀᴍᴇ❞⤛ 𝑱𝒐𝒊𝒏𝒊𝒏𝒈 𝒕𝒉𝒆 𝒔𝒆𝒄𝒐𝒏𝒅 𝒔𝒆𝒂𝒔𝒐𝒏 𝒐𝒇 𝒕𝒉𝒆 𝒑𝒐𝒑𝒖𝒍𝒂𝒓 𝑲𝒐𝒓𝒆𝒂𝒏 𝒔𝒉𝒐𝒘, 𝑺𝒕𝒓𝒆𝒆𝒕 �...
85.6K 273 23
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ တကယ်ဖြစ်ဖူးခဲ့တာလေးတွေ တချို့က ကိ စိတ်ကူးယဉ်တာဖြစ်သလို တချို့က ကိ တကယ်လုပ်ချင်တာ တချို့က ကိဖြစ်ခဲ့တာလ...
8.8K 641 21
ခင်ဗျားက ကျွန်တော့်လိုခပ်ဆိုးဆိုးကောင်လေးကိုမချစ်နိုင်ဘူးမလား ရပါတယ် ကျွန်တော်ကပဲချစ်ပေးပါ့မယ် ကလေးဆန်တဲ့အချစ်လို့ခင်ဗျားထင်ကောင်းထင်သွားမှာပဲ ကိစ္စမ...