ဆယ်ဟွန်း နိုးလာချိန်အသိကပ်ကာ
ဖြစ်ပျက်ခဲ့သမျှတို့ကိုပြန်ပြီးမြင်ယောင်
လာသည်။လူယုတ်မာကောင်ရဲ့မျက်နှာ
ကသူ့အာရုံထဲဝယ်အတော်ကြီးစိုးနေသည်။အခုမိမိဘယ်နေရာရောက်နေတာလည်း။
အချိန်ကရောဘယ်လောက်ဖြစ်နေပြီလည်း။ဘေးဘီမျက်စိကစားတော့ကျယ်ဝန်းသောအခန်းတစ်ခန်းထဲရောက်နေတာ။လှဲနေရာမှထထိုင်လိုက်သည်။မိမိအသားတွေကကိုင်ရိုက်ခံထားရသလိုနာနေသည်။
ထထိုင်ပြီးမိမိခန္ဓာကိုယ်အားနာကျင်နေလို့စစ်ဆေးဖို့ကြည့လိုက်ချိန်ခပ်ပွပွညဝတ်ဝမ်းဆက်ကမိမိကိုယ်ပေါ်နေရာယူလို့်။
ဟနေသည့်ကြားကရင်ဘတ်ဝယ်အညိုအမဲအရာတွေမြင်လိုက်ရလို့ကြယ်သီးတွေဖြုတ်ကာကြည့်လိုက်သည်။
ဖြူဖွေးသောမိမိအသားအရေထက်အရောင်ရင့်အမှတ်များစွာ။ဆယ်ဟွန်း အံကြိတ်ထားပြီးထရပ်ဖို့ကြိုးစားလိုက်သည်။
အနောက်ပိုင်းရပ်ဝန်းဆီကနာကျင်မှုက
ပြောမပြတတ်အောင်ခံစားလိုက်ရသည်။နာကျင်လို့အိပ်ရာထက်ခပ်ဖြည်းဖြည်း
ပြန်ထိုင်ချရင်းမိမိကိုထိုသို့နာကျင်မှုပေးခဲ့သူကိုဆဲရေးနေလိုက်တော့သည်။
တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့မမြင်ချင်သည့်လူဝင်လာတာ။ဆယ်ဟွန်းနာကျင်ရလို့မျက်ရည်ကျလာပြန်သည်။
သူအနိုင်ကျင့်ခံရပြီးပြီ။နောက်ထပ်တော့ထပ်အလုပ်မခံနိုင်။မျက်ရည်တွေကိုသုတ်နေဆဲသူကဘေးဝယ်လာထိုင်ပြီးဆယ်ဟွန်းလက်ကိုဖယ်ကာမျက်ရည်သုတ်ပေးဖို့်လုပ်သည်။
"အရမ်းနာနေလား
ကိုယ်မင်းသတိရလာဖို့စောင့်နေတာ
ဆေးသောက်လိုက်ရင်သက်သာသွားမှာ "
ဒီနေရာကထွက်သွားချင်ပြီ။
အခုနေလမ်းကြာကြာတောင်လျောက်ဖို့မလွယ်လောက်သောကိုယ့်အခြေအနေကိုတွက်ဆမိသည်မို့ဆယ်ဟွန်းသူပေးသောဆေးနဲ့ရေကိုယူသောက်လိုက်သည်။
"မင်းသတိလစ်သွားတာ
နေ့တစ်ဝက်စာကျော်နေပြီ
ဗိုက်ရောဆာနေပြီလား။မင်းတခုခုစားဖို့.... "
"ကျွန်တော်အိမ်ပဲပြန်ချင်တယ်။
ခင်ဗျား လိုချင်တာလည်းရပြီးပြီမလား
ပြန်ပို့ပေးပါ "
"အစားအရင်စားရအောင်
ဒါတွေနောက်မှပြောကြတာပေါ့... "
"ကျွန်တော် စားချင်စိတ်လည်းမရှိဘူး။
ပြန်သာပို့ပေးပါ။တောင်းပန်တာပါ... "
"ပြန်ပို့ပေးမယ်
အခုအစားဝင်အောင်စားလိုက်နော်... "
ချန်းယောလ် စကားအဆုံးဒေါသထွက်နေသောမျက်လုံးတွေနဲ့မော့ကြည့်လာသည်။
သူကမ်းပေးသောပန်းကန်ကိုပုတ်ချလိုက်သည်မို့ခေါက်ဆွဲပြုတ်တွေကခြေထောက်နား
မှောက်ကျကုန်သည်။
"ဟာ... မင်း အပူလောင်ကုန်မှကွာ... "
ဆယ်ဟွန်းစိတ်တွေတိုနေသည်။
အပူလောင်တာလည်းဂရုမထားနိုင်။
သုတ်ပြုပေးနေသောသူ့ကျောပြင်ကို
သာထုရိုက်နေတော့တာ။
တရှုံ့တရှုံငိုနေသောဆယ်ဟွန်းဘေးအိပ်ရာအောက်ကြမ်းပြင်ဝယ်သူထိုင်ချလိုက်ပြီး
အပူလောင်သွားလို့နီရဲနေသောခြေဖမိုးလေးကိုဆေးလိမ်းပေးပြီးသူဆွဲယူမှုတ်ပေးနေတာ။ငိုနေရင်းသူ့အပြုအမှုကြောင့်ဆယ်ဟွန်း
အံ့သြသွားသည်။မိမိခြေထောက်ကိုဆွဲယူကာ
သူ့မျက်နှာနားကပ်ကာရယ်တဖူးဖူးနဲ့ဆေးခြောက်အောင်မှုတ်ပေးနေတာ။
"မင်းကိုချစ်လွန်းလို့ဒီနည်းလမ်းကိုယ်မသုံးချင်ခဲ့ဘူး။ဒါပေမဲ့မင်းမှကိုယ့်ပြန်မချစ်တာ။အချစ်မရမဲ့အတူတူကိုယ်ခန္ဓာကိုအပိုင်ရအောင်ယူလိုက်မိတာ။မင်းမုန်းလည်း
အမုန်းကိုခံယူလိုက်မယ်။တူတူနေတာကြာလာရင်တော့မင်းကိုယ့်ကိုပြန်ချစ်လာဖို့ဆက်မျှော်လင့်ရ....အ့ "
ချန်းယောလ် မျက်နှာကိုကုတ်ဆွဲပြီးထပ်မံထုရိုက်ပြန်သည်။လက်တွေကိုချုပ်ထားတော့ငြိမ်ကျသွားသည်။
"လုပ်ချင်ရာသာလုပ်
သေတောင်ခင်ဗျားကိုပြန်မချစ်ဘူး
အဲ့ဒါကိုသိထားပေး... "
ဆယ်ဟွန်းကလည်းသူကျွေးတာလုံးဝမစားပြန်ပို့ပေးဖို့သာပြောသည်။အတင်းခွံကျွေးတော့ချန်းယောလ်ကိုထုရိုက်ပြန်ရော။သူ့အပြောအရတော့ဆယ်ဟွန်းကိုခေါ်လာတာ
လေးရက်ကျော်သွားပြီ။မနေ့ကညမှာဆယ်ဟွန်းကိုကြိုးတုပ်ကာအစားအတင်းကျွေးသည်။အတင်းထိုးထည့်ကျွေးတာ
တောင်မဝါးပဲဆယ်ဟွန်းတင်းခံငုံထားသည်။
ထိုနောက်တော့မင်းမစားချင်လည်းမကျွေးတော့ဘူး။အားရှိမှငါလုပ်တာမင်းပြန်ရုန်းနိုင်မှလေမစားတော့လည်းမင်းကံပေါ့ဆိုကာဆယ်ဟွန်းကိုထပ်မံအနိုင်ကျင့်ပြန်သည်။
အစားလည်းမစားထားလို့အားလည်းမရှိ
သူပြုသမျှနုရသည့်ဘဝ။
ဆယ်ဟွန်းအစပိုင်းရှိသမျှအားနဲ့ရုန်းကန်သည်။ဒါပေမဲ့လည်းသူအနိုင်ချည်းပါပဲ။နောက်တော့သူအိပ်ပျော်သွားသည်။ငါးရက်မြောက်နေ့မှာတော့အားအင်ပြတ်လပ်နေ
ပြီဖြစ်တဲ့ဆယ်ဟွန်းကိုသူအတင်းခွံကျွေးတဲ့စွပ်ပြုတ်လေးနည်းနည်းစားပြီးဆေးအရှိန်နဲ့ပြန်အိပ်ပျော်သွားသည်။
"ကိုယ်မှားသွားပြီ။မင်းကိုဒီလိုဖြစ်ဖို့ရည်ရွယ်တာမဟုတ်ဘူး။အိမ်ပြန်ပို့ပေးမယ်။အစားဝင်အောင်စားနော်နေလည်းကောင်းမှဖြစ်မယ် "
ပိန်ကျသွားသောဆယ်ဟွန်းကိုယ်လုံးလေးကိုဖက်ကာသူငိုသည်။သူတကယ်လည်းနောင်တရနေသလိုမျိုးခံစားမိသည်။ဒါပေမဲ့သူ့ကိုဆယ်ဟွန်းခွန်းတုံ့မပြန်ခဲ့။
ရက်သတ္တပတ်အကျော်မှာတော့
ဆယ်ဟွန်းကိုသူအိမ်ပြန်ပို့ပေးသည်။မိဘတွေရှေ့ပြန်အပ်ကာသူတောင်းပန်သည်။အလိုမတူပဲခိုးယူပေါင်းသင်းမှုနဲ့တရားစွဲချင်ရင်လည်းရတယ်လို့သူပြောသည်။မိဘတွေရဲ့သဘောကတော့ဆယ်ဟွန်းကိုသူနဲ့လက်ထပ်စေချင်တာ။ကာယကံရှင်ဆယ်ဟွန်းသဘောမပါရင်သူဘာမှမလုပ်တော့ဘူးဆိုကာ
ပြန်သွားခဲ့လေသည်။
တစ်လနီးပါးလောက်ဆယ်ဟွန်းအပြင်မထွက်ဖြစ်။ပိန်ချုံးကျနေသောရုပ်ကအခုမှအနည်းငယ်စိုပြေကာကြည့်လို့အဆင်
ပြေလာသည်။အမေတို့ဆီတောင်
ဆယ်ဟွန်းမသွားဖြစ်။ခေါင်းမိုးထပ်
လေးဝယ်အိမ်တွင်းအောင်းနေတာ။အရွယ်ရောက်ပြီးသား
သားယောက်ကျားလေးကိုအတင်းအကြပ်လည်းသူတို့ဆန္ဒအတိုင်းလုပ်ခိုင်းမရတော့ဆယ်ဟွန်းအလိုကျသာ
လွတ်ပေးထားရသည်။
အလုပ်လည်းပြန်ဆင်းပြီ။
လူတွေကစပ်စုချင်စိတ်ရှိကြတယ်။
ဒါပေမဲ့သူ့ဆီဘယ်သူကမှမေးမြန်းခြင်းမပြု။အရာရာကအရင်လိုကုန်ဆုံးသွားတယ်။တီးတိုးတီးတိုးပြောကြပေမဲ့သူလှည့်ကြည့်လိုက်ရင်တိတ်သွားကြရော။ဒီကြားထဲဟိုလူကို
လုံးဝသူ့အနီးတဝိုက်ဝယ်မတွေ့ရတော့။အရင်ကလိုလည်းအရိပ်အယောင်လေးတောင်မမြင်ရတော့။သူပြောခဲ့တဲ့အတိုင်း
ကတိတည်ပါသည်။
လတွေတဖြည်းဖြည်းကုန်ဆုံးလာသည်။
ဆယ်ဟွန်းထူးဆန်းတာတခုခံစားမိလာသည်။သူကိုအရမ်းသတိရနေတာ။မတွေ့ရတာကြာတဲ့သူ့ကိုတွေ့ချင်မိတယ်။
ပြီးတော့ဆယ်ဟွန်းထပ်မံသိလိုက်တဲ့ခံစားချက်ကတုန်လှုပ်စေသည်။သူ့ကိုချစ်နေတာသိလိုက်ရတာပါပဲ။
ဘယ်အချိန်ကချစ်မိသွားလည်းမသိဘူး။
သူဆယ်ဟွန်းကိုအတင်းအဓမ္မပေါင်းသင်း
ချိန်တုန်းကမုန်းခဲ့တယ်။ပြန်ပို့ပြီးတော့ရော
သူ့အကြောင်းမတွေးချင်လောက်အောင်
မုန်းခဲ့သည်။အခုဘယ်လိုလုပ်ပြီးချစ်မိသွားတာလည်း။ဆယ်ဟွန်း အဖြေရှာမရတော့။အခုချစ်တယ်လို့သိလိုက်ချိန်သူ့ကိုအရမ်းတွေ့ချင်လာသည်။သူအရင်လိုပဲဆယ်ဟွန်းကိုချစ်သေးလား။သိချင်တယ်။
ဆယ်ဟွန်းပြန်သွားရင်ရော
သူ့နှလုံးသားထဲဆယ်ဟွန်းအတွက်နေရာလွတ်ရှိပါအုံးမလား။
တွေးကြည့်ရုံနဲ့ဆယ်ဟွန်းစိတ်တွေအရမ်းလှုပ်ရှားနေသည်။
ဖုန်းနံပါတ်တခုကိုဆယ်ဟွန်းဆက်သည်။
စက်ပိတ်ထားသည်လို့ပဲဖြေတယ်။
ဘာလုပ်ရမလည်း။သွားရှာသင့်လား။
အချိန်တွေကဘာလိုလိုနဲ့တစ်နှစ်နီးပါး
ရှိတော့မယ်။သူအရင်အတိုင်းပဲရှိနေအုံးမလား။သို့လောသို့လောတွေးနေမဲ့အစား
သူ့ကိုသွားရှာဖို့
ဆယ်ဟွန်း ဆုံးဖြတ်လိုက်သည်။
NNG STUDIO
ဆိုင်းဘုတ်ကိုကြည့်ပြီးဘဲလ်နှိပ်သင့်
မနှိပ်သင့်သူတွေဝေနေပြန်သည်။
နှိပ်မယ်လုပ်ပြီးရင်တွေတုန်နေသည်။
လာတာမှန်ပါ့မလား။ပြန်လိုက်ရင်
ကောင်းမလားတွေးနေမိပြန်သည်။
"ဘာကိစ္စရှိလို့လည်းဟင် "
အသံလာရာဆီဆယ်ဟွန်းလှည့်ကြည့်တော့ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက်လက်ထဲလည်းခြင်းတောင်းထဲစားစရာအချို့။
"ဟို လူလာရှာတာပါ "
"ဘယ်သူများလည်းကွယ်
နာမည်ပြောလေ မောင်လေး
အမအမျိုးသားကဒီက PD ပတ်... "
ဆယ်ဟွန်း နားကြားမှားတာမလား။
ကြောင်ငေးစွာကြည့်နေခိုက်ထိုအစ်မကယတံခါးကိုဖွင့်လိုက်သည်။မောင်ရေထမင်းလာပို့တာဟူသောစကားအဆုံးယူရာလာပြီလားဆိုသောသူ့အသံ။မမှားဘူးဒီအသံက
ဘယ်လောက်မကြားရတာအချိန်ကြာပါစေ
မမှားနိုင်ဘူး။ဆယ်ဟွန်းထိုနေရာကနေထွက်ပြေးလာခဲ့သည်။
မျက်ရည်တွေကျရင်းပေါ့။
ဟင့်အင့်
ခင်ဗျားချစ်တယ်ဆိုတာလိမ်ပြောတာ
အခုတော့...
လမ်းမထက်ကြည့်ချင်သူတွေကြည့်ကြပါတော့ထိုင်ပြီးငိုချမိသောဆယ်ဟွန်း
ချစ်တယ် သိပ်ချစ်တယ်
ချစ်ကြောင်းမျိုးစုံပြော အချစ်တောင်းခံလို့...နောက်ဆုံးအဆုံးသတ်က
မိန်းမယူလက်ထပ်လိုက်တာတဲ့လား။
လူလိမ်ကောင်ကြီး
ပြောတော့ငါ့မှမရရင်သေတော့မလို
အခုမိန်းမယူသွားရသလား။
မနေ့ကစတာ
နောက်အပိုင်းမှအတည်ပြီးမှာ 😃
4.11.2020
2:13 PM