အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့...

By Ownlish

263K 32.7K 4K

Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အခ်စ္ဆိုတဲ့ကြင္းျပင္က်ယ္ႀကီးမ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Ending
Extra 1
Extra 2
Extra 3
Extra 4

Chapter 39

3.5K 558 85
By Ownlish

Unicode

ကမ္ဘာကြီးက ၂၃၁/၂ဒီဂရီ လည်နေမှုနှင့်အတူ အချိန်တွေဟာလည်း မသိမသာ ကုန်ဆုံးနေခဲ့သည်။6လဆိုသော အချိန်ဟာ ဘာမှမကြာလိုက်ပဲ အခုဆို သမိုင်းပင် တတိယနှစ် second semesterကို တက်ရောက်နေပြီဖြစ်သည်။ သူ၏ ကျောင်းသားဘဝနှင့် ကိုတိမ်နဲ့ကြားက အချစ်ရေးကတော့ အပြောင်းအလဲမရှိ အရင်လို၊ အရင်တိုင်းပါပဲ။မနက်ဆိုလျှင်တော့  စိုစို၏ တိုက်ခန်းကနေ ကျောင်းသွားသည်။ သူသည် ကိုယ်ပိုင်ကားနှင့်ကျောင်းတက်ရတာကိုလည်း သိပ်ပြီး နှစ်ခြိုက်နေသောသူမဟုတ်သောကြောင့် များသောအားဖြင့် YBSစီးပြီးသာကျောင်းတက်သည်။ သင်တန်းတက်စရာရှိသော နေ့များတွင်တော့ ကျောင်းကအပြန် သင်တန်းသွားပြီး၊ သင်တန်းမရှိသောနေ့များတွင်တော့ ကိုတိမ်ကလာကြိုသည်။ထိုအခါမျိုးတွင် သူက ကိုတိမ်ဆိုင်သို့ လိုက်သွားလေ့ရှိပြီး ဆိုင်ပိတ်သည်အထိအတူရှိနေပေးသည်။ အိမ်ပြန်တဲ့အခါမှာလည်း ကိုတိမ်က ပြန်လိုက်ပို့ပေးတာမို့ သူတို့နှစ်ယောက်၏ တွေ့ဆုံချိန်တွေက အရင်တုန်းကထက်ပိုများလာတာတော့ အမှန်ပဲဖြစ်သည်။

ဘာ့ကြောင့်ပဲချစ်ခဲ့၊ ချစ်ခဲ့၊ ဘယ်လိုပဲချစ်ခဲ့၊ ချစ်ခဲ့ အချစ်တွေတိုးလာတာနှင့်အမျှ သံယောဇဉ်တွေကပါ ခိုင်မာလာသည်။ အခုဆို နှစ်ယောက်သား တစ်ယောက်အကြောင်းကို တစ်ယောက် မသိတာမရှိသလောက်ပါပဲ။ အမူအကျင့်တွေ၊ စိတ်နေစိတ်ထားတွေ၊ အကုန်လုံးဟာ အလွတ်ကျက်မိနေပြီဖြစ်သည်။ မျက်နှာမြင်လိုက်တာနှင့်ပင် စိတ်အခြေအနေကို အကဲလို့ရနိုင်သည် အထိ ရင်းနှီးနေကြပြီဖြစ်သည်။ ဝေယံတို့အပါအဝင် သူတို့နှစ်ယောက်အကြောင်းကို သိသူတိုင်းထံမှ မကြာခဏ ပြောခံရတာကတော့

"မင်းတို့နှစ်ယောက် ရုပ်ချင်းပို ဆင်လာတယ်" ဆိုတာပဲဖြစ်သည်။ ချစ်သူနှစ်ယောက်၏ ရည်းစားသက်တမ်းကြာလာတာနှင့်အမျှ ရုပ်ပိုင်းဆိုင်ရာပိုပြီး တူညီလာသည်ဟု သူလည်းကြားဖူးသည်။ ဘာ့ကြောင့်လဲဆိုတော့ အတူရှိချိန်တွေများလာတော့၊ ရယ်မောတာပဲဖြစ်စေ၊ စကားပြောတာပဲဖြစ်စေ၊ မျက်နှာကြွက်သားတို့၏ အလုပ်လုပ်ပုံနှင့် အချိန်တွေက တစ်ထပ်တည်းကျနေတော့ ကြာတော့ ရုပ်ချင်းဆင်လာတာဖြစ်သည်ဟု ဆိုကြသည်။ ထို့ပြင် ဒီလူတစ်ယောက်၏ ဘေးမှာ အမြဲတမ်း ဒီလူကိုပဲ မြင်နေရတာဆိုတော့  ဒါဟာ အသားကျနေသည့် အရာတစ်ခုလို ဖြစ်သွားတာလည်း ဖြစ်မည်။

အကျင့်စရိုက်တွေ တူလာသည်ဟု မပြောလျှင်ပဲ ကျေးဇူးတင်ရမည်။ သူသည် ကိုတိမ်ကို ချစ်တာက သပ်သပ်၊ ပေါက်ကရအကျင့်တွေကို မကူးစက်ခံချင်တာကလည်း အမှန်တရားဖြစ်သည်။ဖြစ်သလိုလုပ်တတ်သည့် ကိုတိမ်သည် စာရင်းတွေကို သေချာမှတ်လေ့မရှိ။ထို့ကြောင့် သမိုင်းကဆိုင်၏ အဝင်အထွက်စာရင်းကို ကူလုပ်ပေးဖြစ်သည်။ ထို့အတွက် အခကြေးငွေကတော့ မရရှိ။ လူကိုဆွဲလွဲဖက်နမ်းခံရတာပဲရှိမည်။ စကားများရန်ဖြစ်ကြတာတော့ အရင်လို အရင်တိုင်းပါပဲ။ စိတ်အခန့်မသင့်တာတွေရှိလာရင် နှစ်ယောက်သား အချေအတင်ပြောကြမည်။ ပြီးလျှင် ပိုဒေါသထွက်တတ်သည့် သူက ကိုတိမ်ကို စိတ်ပြေသွားတဲ့အထိကိုက်မည်။ ထိုသို့ သူကိုက်ပါများလွန်းလို့လားမသိ။ ကိုတိမ်သည် သူ့ကိုက်လျှင် ကျန်ခဲ့သည့် အရာအတိုင်း တစ်ထပ်တည်း တက်တူးထိုးလိုက်သည်။ ထိုတက်တူးမြင်ရသည့်နေ့ကဆို သူ့မှာ ရယ်ရအခက်၊ ငိုရအခက်။

"အဲ့ဒါက ရွဲ့ပြီးထိုးတာလား"

လက်မောင်းက တက်တူးနေရာကို တစ်ချက်ရိုက်လိုက်ပြီး မေးတော့

"ဘယ်ကသာ ရွဲ့ပြီးထိုးရမှာလဲ
ကိုယ့်ခန္ဓာကိုယ်မှာ သမိုင်းနဲ့ပတ်သတ်သမျှကို မပျောက်ပျက်အောင် မှတ်တမ်းတင်တာ" တဲ့။

"အဲ့ဒါဆိုလည်း တကိုယ်လုံး ထိုးလို့ရသွားအောင်
လာခဲ့ ထပ်ကိုက်ပေးမယ်"

သူက ကိုတိမ်ကို ဆွဲလွဲပြီး လည်ပင်းတွေရော၊ ဂုတ်တွေကိုပါ ဖွဖွ မနာအောင်ကိုက်သည်။ ကိုတိမ်ကတော့ သူ့အောက်ကနေ အလိုက်သင့်ဖက်ထားပြီး

"တကိုယ်လုံးကိုက်လည်းရပါတယ်
ဟိုနေရာတော့ မကိုက်နဲ့နော်
ကိုယ်မျိုးတုံးသွားလိုက်မယ်" ဆိုပြီး ရယ်ကျဲကျဲနှင့် ပြန်ပြောလာသည်။

"အေး
အဲ့နေရာကိုတော့ မကိုက်ဘူး
ဓါးနဲ့ နုတ်နုတ်စင်းမှာ"

"ဟာ
မလုပ်ကောင်းဘူးနော်
အဲ့ဒါက အတက်ထွက်တဲ့အမျိုးမဟုတ်ဘူး
မကြံကောင်းမစည်ရာတွေ"

အရှက်မရှိ ထပ်ပြောနေသေးသည့် ထိုလူကြီးကို ဒီတစ်ခါတော့ နာသွားအောင်ကို ကိုက်လိုက်တော့သည်။ အချစ်သည် တကယ်ပင် လူကိုခွေးဖြစ်စေသည်။ အားရအောင် ကိုက်ပြီးမှ တက်တူးထိုးထားသည့် နေရာကို ဖွဖွလေးနမ်းပေးလိုက်သည်။ ချစ်သူ၏ ခန္ဓာကိုယ်မှာ မပျောက်ပျက်နိုင်သည့် ဖန်တီးယူထားသော အမှတ်တရအားလုံးက သူနှင့်သက်ဆိုင်နေတာကို မကျေနပ်သူ ဘယ်သူရှိပါ့မလဲ။

ကိုတိမ်နှင့်ပတ်သတ်လျှင် မကြာခဏ အသစ်အဆန်းတွေ ကြုံတွေ့ရတတ်သည်။ အထူးသဖြင့် အခေါ်ဝေါ်တွေ။ သူတို့ rsသက်တမ်းကြာလာတာနှင့် အမျှ ကိုတိမ်ခေါ်သည့် နာမည်တွေကလည်း မမှတ်မိနိုင်လောက်အောင် တိုးလာသည်။ သူက ဒေါသထွက်လျှင် ကိုက်တတ်တာကြောင့် ခွေးပေါက်လေး ဟု ခေါ်တာကိုတော့ နားလည်ပေမယ့် "အဖြူကောင်လေး" ၊ "မွချိလေး" ၊ "ပုပုလေး"၊ "ပျော့စိလေး" စသည့် အခေါ်အဝေါ်တွေကိုတော့ ဘယ်လိုမှ လိုက်မမီခဲ့ပါ။ စိတ်ကူးပေါက်သလိုခေါ်ပါစေလို့ပဲ လွှတ်ထားလိုက်ရတော့သည်။ သိတယ်မလား။ ဘာစိတ်ချမ်းသာရင် ဘာတစ်ခြမ်း အေးချမ်းတယ်ဆိုလား။ အခုရက်ပိုင်းတော့ ဘယ်ကဘယ်လိုတတ်လာသည်မသိ။လူကို သားလေး ဟု ခေါ်နေပြန်ပြီ။ အခုလည်းကြည့် ။

"သားလေးရေ
ဒီတစ်ပတ် ပိတ်ရက်ကျရင် နေမင်းတို့ စတူဒီယိုသွားရအောင်"

"ဘာသွားလုပ်မလို့လဲ"
"ဟာ
Photo shootingလေ
သားလေးက ကိုယ့်ဆိုင်ရဲ့ brand ambassador မဟုတ်ဘူးလား
ဒီလအတွက် pageမှာ တင်ဖို့ မရိုက်ရသေးဘူးလေ"

"တစ်ပြားမှမရတဲ့ ambassadorမလုပ်နိုင်ဘူး
မလိုက်ဘူး"

"ကိုယ့်အချစ်တွေ အကုန်ပေးထားပြီးပြီပဲ
ဘာထပ်လိုသေးလို့လဲ"

"အဲ့အချစ်က ဘာဝယ်စားလို့ ရလို့လဲ
ပြော"

"ပဲကြီးလှော်နဲ့ လဲစားလို့ရတယ်"

စကားပြိုင်ပြောလည်း လေကုန်တာပဲ အဖက်တင်ပြီမို့ ထပ်မပြောချင်တော့ဘူး။ ဒါ့ကြောင့် လူကြီးတွေပြောတာ။ လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်တဲ့။ တစ်သက်လုံးတော့ အမှောက်မခံနိုင်ဘူး။ ပြန်အမ်းလို့ရရင် အလိုက်ပေးပြီးကို ပြန်အမ်းပစ်မယ်။ ဓါတ်ပုံသွားရိုက်သည့်နေ့ကလည်း တစ်ချိန်လုံး သားလေး၊ သားလေး လုပ်နေလို့ ကိုနေမင်းတို့ကပင် ပြောယူရသည်။

"ဘာ သားလေး လဲ
အေးလေ
မင်းမွေးရင် မင်းသားအရွယ်ဆိုတော့လည်း ခေါ်ပေါ့"

"ဟျောင်
ငါတို့နှစ်ယောက်အသက်က 3နှစ်ကွာတာနော်
မင်း အလွန်အကျွံတွေ မပြောနဲ့"

"ရုပ်ချင်းကတော့ အနှစ် 30လောက် ကွာတယ်ထင်ရတယ်"

"နိမေ့
အနှစ် 30 ကွာလေ
ငါအသက်တောင် 30မပြည့်သေးဘူးဟ"

"မသိတဲ့သူဆို 40လို့ ထင်ကြမှာပဲ"

"ငါလို စောင်ချောကြီးကို အဲ့လိုတွေ ပြောနေလိုက်
နွေခေါင်ခေါင် မိုးကြိုးပစ်ခံရမယ့်အကောင်"

ဘယ်လိုပဲ သူတို့သူငယ်ချင်းနှစ်ယောက် သတ်နေပါစေ။ သူကတော့ ဝင်ပါလေ့မရှိ။ ဘေးကနေသာ ပြုံးပြီး ပွဲကြည့်ပရိတ်သတ်လုပ်သည်။ ကိုတိမ်သူငယ်ချင်းတွေက သူ့ကိုညီလေးတစ်ယောက်လို ချစ်ခင်ကြတာ သိပေမယ့် သူငယ်ချင်းတွေကြားထဲက စည်းကိုတော့ဝင်ရောက်စွက်ဖက်ဖို့မလိုဘူး ထင်သည်လေ။ ထို့ကြောင့်လည်း သူတို့ ရန်ဖြစ်၊ စကားများတာတွေရှိလည်း  ရန်ဖြစ်ရသည့်အကြောင်းရင်းက သူ့သူငယ်ချင်းကြောင့်၊ ကိုယ့်သူငယ်ချင်းကြောင့်ဆိုတာမျိုးမရှိခဲ့။ တစ်ယောက်နှင့် တစ်ယောက် ဝင်မစွက်ဖက်သင့်သည့် ကြားတွေထဲမှာ သူငယ်ချင်းကြားလည်း ပါသည်လေ။

သူကျောင်းမပြီးခင်အထိ သူတို့နှစ်ယောက်ကြားမှာ ဒီလိုပဲ ပုံမှန်လည်ပတ်နေမည်ဟု သမိုင်းတစ်ယောက်တွေးထင်ခဲ့သည်။ ဒါပေမယ့် ကြိုတင်မှန်းဆလို့မရသည့်အထဲမှာ အနာဂတ်ဆိုတာက ထိပ်ဆုံးကပါနေသည်ကို မေ့လျော့နေခဲ့သည်။ ထိုနေ့မနက်က အတန်းတစ်ချိန်တက်ပြီးတော့ သမိုင်းအပါအဝင် တခြား ကျောင်းသားနှစ်ယောက်ကိုပါ ဌာနာမှုးခေါ်နေသည်ဆိုသဖြင့်  သူတို့ မေဂျာဌာနရုံးခန်းသို့ လာခဲ့လိုက်သည်။

"ဝင်ခွင့်ပြုပါခင်ဗျ"

ရုံးခန်းပေါက်ရောက်တော့ ခွင့်တောင်းပြီး ဌာနထဲဝင်ခဲ့သည်။ ထိုင်နေသည့် ဆရာ၊ ဆရာမအချို့ကို ခေါင်းလေးညွတ်အရိုအသေပေးပြီး သူ့ကိုလက်လှမ်းပြနေသည့် ဌာနမှုုးထိုင်နေသည့် စားပွဲခုံရှေ့မှာ ဝင်ထိုင်လိုက်သည်။

"ကျောင်းသားတွေကို ပြောစရာရှိလို့"

"ဟုတ်ကဲ့ ခင်ဗျ"

"ရန်ကုန် တက္ကသိုလ်ကနေ ပညာတော်သင်လျှောက်လို့ရတာ သားတို့လည်း သိမှာပါ
များသောအားဖြင့်တော့ ချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေက စကော်လာပေးရင် ဘွဲ့လွန်ကျောင်းသားတွေ၊ မဟာတန်းတွေကို ပေးတာပဲများတယ်
ဒီတစ်ခေါက် ကျောင်းကို လာပြီး ချိတ်ဆက်တဲ့ အဖွဲ့အစည်းကတော့ ဂျပန်ပညာတော်သင်ကျောင်းသားထောက်ပံ့ရေး အဖွဲ့အစည်းကနေ အကြောင်းကြားလာတယ်။
သူတို့ကအရင်ကလည်း long terms၊ short terms နှစ်ခုစလုံးအတွက် ပညာတော်သင်တွေကို ခေါ်နေကြပဲ။မြန်မာနိုင်ငံကတင်မကဘူးတခြားနိုင်ငံတွေကိုလည်း ခေါ်တယ်။ အရင်နှစ်တွေကကတော့ ဘာသာစကားတက္ကသိုလ်က ဂျပန်စာအထူးပြုကျောင်းသားတွေကိုပဲ ရွေးခေါ်တာများတယ်လို့ပြောတယ်။ ဒီနှစ်တော့ စကော်လာလျှောက်လို့ရတဲ့ တက္ကသိုလ်အရေအတွက်ကို တိုးလိုက်ပုံပဲ။ ဆရာတို့ဆီလည်း ရောက်လာတယ်။ ပါချုပ်က  non degree ကျောင်းသားတွေကို လွှတ်ချင်တာမို့ သက်ဆိုင်ရာ ဌာနတွေကို တောင်းလာတယ်။တစ်ဌာနကို 3ယောက်ဆိုတော့ ဌာနတွေကတော့ ထုံးစံအတိုင်း grade 1 to 3 သုံးယောက်ကို စာရင်းပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီတစ်ခေါက်  Third year တွေကိုဘာလို့ ရွေးလိုက်ရလဲဆိုတော့ နောက်ဆုံးနှစ်တွေအတွက်လည်း သူတို့ term paper တင်ပြီးတာနဲ့ လျှောက်လို့ရမယ့် scholarရှိနေလို့ပဲ"

"ဟုတ်ကဲ့"

ဌာနာမှုး၏ စကားအများကြီးကို နားထောင်ပြီး နားလည်လိုက်တာကတော့ scholar ပေးစရာရှိလို့ သူတို့ကိုခေါ်ပြောသည်။အဲ့တော့ ပညာတော်သင်လျှောက်လို့ရသည့် ကျောင်းသားတွေက သူတို့လို့ပြောချင်တာလား။ ဌာနမှုးကဆက်ပြီးပြောသည်။

"ကျောင်းသားတွေရဲ့ ပထမနှစ်၊ ဒုတိယနှစ် အမှတ်စာရင်းတွေကို ပြန်ကြည့်လိုက်တော့
သားတို့သုံးယောက်ရဲ့ grade ကအမြင့်ဆုံးပဲ။ အဲ့တာကြောင့် ဆရာတို့အနေနဲ့ သားတို့ကို စာရင်းပေးမယ်လို့ စိတ်ကူးထားတယ်။ ဘယ်လိုသဘောရလဲ"

သူတို့ကို ပြန်မေးလာတော့ ဘယ်လိုပြန်ဖြေရမှာလဲ။ သေချာတာကတော့ ဟင့်အင်း သဘောမတူဘူးဟု ဖြေမယ့်သူ တစ်ယောက်မှမရှိဘူးဆိုတာပင်ဖြစ်သည်။

"ဟုတ်ကဲ့ ဆရာ"

"တစ်ခုပဲရှိတာက သူတို့က ဘယ်နှယောက် လက်ခံမှာလဲမသိဘူး
လျှောက်လို့ရမယ့် ကျောင်းတွေရဲ့ websiteတွေကို ပေးမယ်
သားတို့ကိုယ်တိုင်ဝင်ကြည့်ပြီး ကိုယ်လျှောက်ချင်တဲ့ တက္ကသိုလ်နဲ့ အထူးပြုဘာသာရပ်ကိုရွေးရမယ်
စိတ်ပညာဌာနမဟုတ်လည်းရတယ်
ပြီးရင် reason letter နဲ့ ကိုယ်လျှောက်မယ့်ဘာသာရပ်ရဲ့ စာတမ်းတစ်စောင်တင်ရမယ်
အဲ့ဒါတွေ တင်ပြီးရင်
နောက်ဆုံးအဆင့်အနေနဲ့ အဖွဲ့အစည်းကလာပြီး အင်တာဗျုးမှာဖြစ်တယ်
အင်တာဗျုး oralမှာအောင်ခဲ့ရင် ပညာတော်သင်သွားရောက်ခွင့်ရရှိမှာဖြစ်တယ်
လတ်တလောကတော့ ဘယ်နှယောက်ခေါ်မှာလဲဆိုတာကတော့ အတိအကျမသိသေးဘူး"

"ဟုတ်ကဲ့ ဆရာ
ပညာတော်သင်ကာလက ဘယ်နှနှစ်လဲခင်ဗျ"

သမိုင်းက သူသိချင်တာကို ထမေးလိုက်သည်။

"တစ်နှစ်"

"ဘယ်တော့စလျှောက်ရမှာလဲ ဆရာ"

နောက်ထပ်ကျောင်းသားတစ်ယောက်ကလည်း မေးသည်။

"ဆရာတို့ဖက်က အချက်အလက်တွေကို ဒီတစ်ပတ်အတွင်းပေးမယ်
အဲ့ဒါရတာနဲ့ စပြီး ပြင်ဆင်လို့ရပြီ
နောက်လထဲမှာ အင်တာဗျုးဖြေရမယ်"

"ဒါဆို ကျောင်းက ဘယ်လိုလုပ်ရမှာလဲဆရာ
တစ်နှစ်သွားရမှာဆိုတော့"

"အကယ်လို့ ပညာတော်သင် အရွေးချယ်ခံရရင်
ဟိုဖက်တက္ကသိုလ်ကကျောင်းဝင်ခွင့်လက်ခံချိန်က အခု second semesterစာမေးပွဲနဲ့တော့ လွတ်နေသေးတဲ့အတွက် တတိယနှစ်စာမေးပွဲကတော့ ဖြေဆိုခွင့်ရမှာဖြစ်တယ်
ဒါပေမယ့် ဟိုမှာကျောင်းသွာတက်တဲ့တစ်နှစ်၊ Finalတစ်နှစ်ကတော့ အောက်သွားမယ်
ဟိုက ပြန်လာပြီဆိုမှ finalပြန်တက်ရမှာဖြစ်တယ်"

"သြော်"

ထို့နောက်တော့ ဌာနမှုးနှင့် အနည်းငယ်စကားပြောပြီး အတန်းသို့ပြန်လာခဲ့ကြသည်။ အတန်းထဲပြန်ရောက်တော့ ကောင်းကောင်းက သူ့ကို ဘာလဲဆိုသည့် သဘောဖြင့် မျက်စပစ်မေးသည်။

သူလည်း ဌာနာမှုးပြောလိုက်သည့် အကြောင်းအရာများကို ပြန်ပြောပြလိုက်သည်။

"ဟား မိုက်တာပေါ့
ငါ့ကောင်ကြီးက သိပ်တော်ပါလား"

ကောင်းကောင်းက သူ့ကျောကို ပုတ်ပြီး ဝမ်းသာအားရ ပြောသည်။ သူကတော့ ကောင်းကောင်းမပါသဖြင့် အနည်းငယ် အားနာစိတ်မကောင်းဖြစ်မိနေသည်လေ။

"မသေချာသေးပါဘူးကွာ
အင်တာဗျုးမှာ အောင်မှာ စကော်လာရမှာ"

"ဟာ
အဲ့ဒါက နောက်ကိစ္စ
လောလောဆယ် စကာတင်ထဲပါတယ်ပဲ ဘယ်လောက်မိုက်လဲ
ဒါနဲ့ အင်တာဗျုးကျရင် ဘယ်လိုဖြေရမှာလဲ
အင်္ဂလိပ်လိုပဲလား"

"အေး ဟုတ်တယ်"

"ငါလေး မပါတာ ကံကောင်းလိုက်တာ
င့ါရဲ့ ငပိသံလေးနဲ့ဆို ဗျုးတဲ့သူတွေ ထိုင်ငိုသွားလိမ့်မယ်
ဟားဟား"

ကောင်းကောင်းကတော့  သူ့စကားကို သူ့ဘာသာသဘောကျပြီး တဟားဟားရယ်လို့။ သူ့အနေနဲ့ကတော့ ပညာတော်သင်ကိစ္စနဲ့ ပတ်သတ်လို့ အနည်းငယ် အံသြသွားခဲ့တာကလွဲရင် ထူးပြီး စိတ်လှုပ်ရှားမနေပါ။ သူလုပ်နိုင်တာကို အကောင်းဆုံးပြင်ဆင်ပြီး ဆောင်ရွက်ဖြစ်ပေမယ့် စိတ်ထဲမှာ stressပိလောက်အောင်အထိတော့ ထည့်ထားဖြစ်မှာမဟုတ်။ ကာကယံရှင် သူ့ထက် ကောင်းကောင်းက ပိုပြီး ဝမ်းသာအားရ ထိုသတင်းကို တခြားအတန်းဖော်တွေဆီသို့ ဖောက်သည်ချနေခဲ့သည်။ သူကတော့ သူ့အကျင့်အတိုင်းပဲ စာအုပ်တစ်အုပ်ဖွင့်ကာ စာဖတ်နေခဲ့လိုက်သည်။

ပညာသင်သွားရဖို့ အတိအကျ ရွေးချယ်ခံရတော့မှပဲ ကိုတိမ်ကို ပြောပြတော့မည်ဟု ဆုံးဖြတ်ထားသဖြင့် ညနေခင်း ကျောင်းလာကြိုတော့လည်း မပြောပြခဲ့ပါ။ အကယ်လို့ အရွေးမခံခဲ့ရလျှင် သူကဘယ်လိုမှ နေမှမဟုတ်ပေမယ့် သူ့ထက်ပိုပြီး ကိုတိမ်က စိတ်မသက်သာဖြစ်နေမှာကို သိနေသောကြောင့် ကြိုမပြောတာဖြစ်သည်။ အင်း အကယ်လို့၊ အကယ်လို့ ပညာတော်သင်ပါသွားခဲ့လျှင်လည်း ကိုတိမ်နှင့် ရင်ဆိုင်ရမည်ကလည်း အမှန်ဖြစ်သည်။ ထို့ကြောင့် အခြေအနေက ခိုင်မာမှပဲ ဖြေရှင်းမည်ဟု သဘောထားက ထိုကိစ္စကို တစ်လုံး၊ တစ်ပါဒမှ မဖွင့်ဟမိ။

စိုစိုကိုတော့ ပြောပြလိုက်သည်။ ဒါပေမယ့်လည်း အိမ်ကို မပြောဖို့ မှာရသေးသည်။ သူ့အိမ်ထံမှ ပုံမှန်ထက်ထူးကဲသည့် ဂရုစိုက်မှုတွေ သူမလိုချင်ဘူးလေ။ စိုစိုကတော့

"သသ
မင်း စကော်လာပါအောင် သေချာလုပ်ရမယ်နော်" ဟု အတည်ပေါက်ကြီးပြောနေခဲ့သည်။

"ဘာလို့လဲ"
သူက ပြန်မေးလိုက်တော့

"ဟာ မင်း စကော်လာပါရင် ဂျပန်မှာ ကျောင်းသွားတက်ရမယ်လေ"

"အင်းလေ"

"မင်းကျောင်းသွားတက်ရင်
ကျွန်မ က ရှင့်ကို လိုက်ပို့ပေးလို့ရပြီလေ
အဲ့ဒါဆို ရှော့ပင်ထွက်လို့ရပြီပေါ့"

"ငင့်"

တူကိုလိုက်ပို့ပေးချင်တာမဟုတ်ပဲ သူမ ရှော့ပင်ထွက်ဖို့လိုက်လာချင်တာက အဓိကကိုး။ တော်တော် အားကိုးရသည့် အဒေါ်ပါပဲ။

"အခုမှ သားကို ဆွဲထည့်မနေနဲ့
အရင်ကတော့ မသွားဘူးဆိုတော့"

စိတ်ကူးပေါက်ရင် ပေါက်သလို နိုင်ငံရပ်ခြားကို ထထသွားတတ်သည့် စိုစိုကြောင့် သူက ပြန်မေးလိုက်သည်။

"အေး
ဒါပေမယ့် ပြည်ထွက်ခွင့် 6လပိတ်ခံထားရတယ်လေ"

"ဟမ်
ဘာလို့လဲ"

"အရင်တစ်ခေါက် စလုံးသွားတုန်းက ပါသွားတာအကုန်ကုန်ပြီး
ရှင့် တီကြေးရဲ့ Visaကဒ်ထဲက ဟာပါ အကုန်သုံးလိုက်မိလို့
Mirrorမက ပတ်စပို့စ် သိမ်းသွားတယ်လေ"

"အင်း
ကောင်းတယ်"
ဒါ့ကြောင့် စိုစို ဒီတစ်လော ခြေငြိမ်နေတာကို။ တကယ်ပြောတာ။ သူ့အဒေါ်ကို နိုင်တဲ့သူက တီကြေးအပြင် ဘယ်သူမှမရှိဘူး။ အမှန်ကတော့ နိုင်တာလို့လည်း ပြောမရပါဘူး။ စိုစိုနှိပ်စက်တာ ပြန်ခံရတာနဲ့ယှဉ်မယ်ဆိုလျှင် အတူတူလောက် သွားကြမှာပဲဖြစ်သည်။

"သြော်

စိုစို ဒီစကော်လာ အကြောင်း ကိုတိမ်ကိုလည်း မပြောမိစေနဲ့နော်"

"ဟေ
Why not?

"အရွေးခံရတာသေချာမှပဲ ပြောမလို့"

"ဒါဆို ကျွန်မပါးစပ်ကို ဘာနဲ့ပိတ်မှာလဲ"

"မာလာရှမ်းကော တစ်ပွဲ"

သူက အဲ့လိုပြောတော့ စိုစိုက ပါးစပ်ကို တစ်ဝက်ထိ ဇစ်ဆွဲပြီး ပိတ်သလိုလုပ်သည်။ သဘောကတော့ မလုံလောက်သေးဘူးပေါ့။

"pizza လည်းလိုက်ကျွေးမယ်
Milk teaလည်း တိုက်မယ်"

ထိုအခါမှ အဆုံးထိ ဆွဲပိတ်သည်။ ပြီးတော့ လက်ညှိုးနှင့် လက်မကို ဝိုင်းပြီး အိုခေ ဟုလုပ်ပြသည်။ တကယ်ပြောတာ။ အလိုက်ပေးပြီး လဲချင်တာ တစ်ယောက်တည်းမဟုတ်ဘူး။ နှစ်ယောက်ဗျို့၊ နှစ်ယောက်။

Ownlish Note ~ SVSSS မှာ လော့ပင်းဟယ်နဲ့ ရှန်ချင်းချိုးက 5နှစ်ခွဲခဲ့ရတယ်
                Mo Dou Zu Shiမှာ ဝေ့ဝူရှန့်နှင့် လန်ဝမ့်ကျီက 13နှစ်ခွဲခဲ့ရတယ်
                 HOBမှာ ဟွားချန်နဲ့ ရှဲ့လျန်က နှစ်800ခွဲခဲ့ရတယ်
                    ဖြိုးမိုးနဲ့ ပြည့်သူက 3 နှစ် LDRS  နေခဲ့ရတယ်
                You know what I mean ...........😁

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>
Zawgyi

ကမာၻႀကီးက ၂၃၁/၂ဒီဂရီ လည္ေနမႈႏွင့္အတူ အခ်ိန္ေတြဟာလည္း မသိမသာ ကုန္ဆုံးေနခဲ့သည္။6လဆိုေသာ အခ်ိန္ဟာ ဘာမွမၾကာလိုက္ပဲ အခုဆို သမိုင္းပင္ တတိယႏွစ္ second semesterကို တက္ေရာက္ေနၿပီျဖစ္သည္။ သူ၏ ေက်ာင္းသားဘဝႏွင့္ ကိုတိမ္နဲ႔ၾကားက အခ်စ္ေရးကေတာ့ အေျပာင္းအလဲမရွိ အရင္လို၊ အရင္တိုင္းပါပဲ။မနက္ဆိုလွ်င္ေတာ့  စိုစို၏ တိုက္ခန္းကေန ေက်ာင္းသြားသည္။ သူသည္ ကိုယ္ပိုင္ကားႏွင့္ေက်ာင္းတက္ရတာကိုလည္း သိပ္ၿပီး ႏွစ္ၿခိဳက္ေနေသာသူမဟုတ္ေသာေၾကာင့္ မ်ားေသာအားျဖင့္ YBSစီးၿပီးသာေက်ာင္းတက္သည္။ သင္တန္းတက္စရာရွိေသာ ေန႔မ်ားတြင္ေတာ့ ေက်ာင္းကအျပန္ သင္တန္းသြားၿပီး၊ သင္တန္းမရွိေသာေန႔မ်ားတြင္ေတာ့ ကိုတိမ္ကလာႀကိဳသည္။ထိုအခါမ်ိဳးတြင္ သူက ကိုတိမ္ဆိုင္သို႔ လိုက္သြားေလ့ရွိၿပီး ဆိုင္ပိတ္သည္အထိအတူရွိေနေပးသည္။ အိမ္ျပန္တဲ့အခါမွာလည္း ကိုတိမ္က ျပန္လိုက္ပို႔ေပးတာမို႔ သူတို႔ႏွစ္ေယာက္၏ ေတြ႕ဆုံခ်ိန္ေတြက အရင္တုန္းကထက္ပိုမ်ားလာတာေတာ့ အမွန္ပဲျဖစ္သည္။

ဘာ့ေၾကာင့္ပဲခ်စ္ခဲ့၊ ခ်စ္ခဲ့၊ ဘယ္လိုပဲခ်စ္ခဲ့၊ ခ်စ္ခဲ့ အခ်စ္ေတြတိုးလာတာႏွင့္အမွ် သံေယာဇဥ္ေတြကပါ ခိုင္မာလာသည္။ အခုဆို ႏွစ္ေယာက္သား တစ္ေယာက္အေၾကာင္းကို တစ္ေယာက္ မသိတာမရွိသေလာက္ပါပဲ။ အမူအက်င့္ေတြ၊ စိတ္ေနစိတ္ထားေတြ၊ အကုန္လုံးဟာ အလြတ္က်က္မိေနၿပီျဖစ္သည္။ မ်က္ႏွာျမင္လိုက္တာႏွင့္ပင္ စိတ္အေျခအေနကို အကဲလို႔ရႏိုင္သည္ အထိ ရင္းႏွီးေနၾကၿပီျဖစ္သည္။ ေဝယံတို႔အပါအဝင္ သူတို႔ႏွစ္ေယာက္အေၾကာင္းကို သိသူတိုင္းထံမွ မၾကာခဏ ေျပာခံရတာကေတာ့

"မင္းတို႔ႏွစ္ေယာက္ ႐ုပ္ခ်င္းပို ဆင္လာတယ္" ဆိုတာပဲျဖစ္သည္။ ခ်စ္သူႏွစ္ေယာက္၏ ရည္းစားသက္တမ္းၾကာလာတာႏွင့္အမွ် ႐ုပ္ပိုင္းဆိုင္ရာပိုၿပီး တူညီလာသည္ဟု သူလည္းၾကားဖူးသည္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အတူရွိခ်ိန္ေတြမ်ားလာေတာ့၊ ရယ္ေမာတာပဲျဖစ္ေစ၊ စကားေျပာတာပဲျဖစ္ေစ၊ မ်က္ႏွာႂကြက္သားတို႔၏ အလုပ္လုပ္ပုံႏွင့္ အခ်ိန္ေတြက တစ္ထပ္တည္းက်ေနေတာ့ ၾကာေတာ့ ႐ုပ္ခ်င္းဆင္လာတာျဖစ္သည္ဟု ဆိုၾကသည္။ ထို႔ျပင္ ဒီလူတစ္ေယာက္၏ ေဘးမွာ အၿမဲတမ္း ဒီလူကိုပဲ ျမင္ေနရတာဆိုေတာ့  ဒါဟာ အသားက်ေနသည့္ အရာတစ္ခုလို ျဖစ္သြားတာလည္း ျဖစ္မည္။

အက်င့္စ႐ိုက္ေတြ တူလာသည္ဟု မေျပာလွ်င္ပဲ ေက်းဇူးတင္ရမည္။ သူသည္ ကိုတိမ္ကို ခ်စ္တာက သပ္သပ္၊ ေပါက္ကရအက်င့္ေတြကို မကူးစက္ခံခ်င္တာကလည္း အမွန္တရားျဖစ္သည္။ျဖစ္သလိုလုပ္တတ္သည့္ ကိုတိမ္သည္ စာရင္းေတြကို ေသခ်ာမွတ္ေလ့မရွိ။ထို႔ေၾကာင့္ သမိုင္းကဆိုင္၏ အဝင္အထြက္စာရင္းကို ကူလုပ္ေပးျဖစ္သည္။ ထို႔အတြက္ အခေၾကးေငြကေတာ့ မရရွိ။ လူကိုဆြဲလြဲဖက္နမ္းခံရတာပဲရွိမည္။ စကားမ်ားရန္ျဖစ္ၾကတာေတာ့ အရင္လို အရင္တိုင္းပါပဲ။ စိတ္အခန႔္မသင့္တာေတြရွိလာရင္ ႏွစ္ေယာက္သား အေခ်အတင္ေျပာၾကမည္။ ၿပီးလွ်င္ ပိုေဒါသထြက္တတ္သည့္ သူက ကိုတိမ္ကို စိတ္ေျပသြားတဲ့အထိကိုက္မည္။ ထိုသို႔ သူကိုက္ပါမ်ားလြန္းလို႔လားမသိ။ ကိုတိမ္သည္ သူ႔ကိုက္လွ်င္ က်န္ခဲ့သည့္ အရာအတိုင္း တစ္ထပ္တည္း တက္တူးထိုးလိုက္သည္။ ထိုတက္တူးျမင္ရသည့္ေန႔ကဆို သူ႔မွာ ရယ္ရအခက္၊ ငိုရအခက္။

"အဲ့ဒါက ႐ြဲ႕ၿပီးထိုးတာလား"

လက္ေမာင္းက တက္တူးေနရာကို တစ္ခ်က္႐ိုက္လိုက္ၿပီး ေမးေတာ့

"ဘယ္ကသာ ႐ြဲ႕ၿပီးထိုးရမွာလဲ
ကိုယ့္ခႏၶာကိုယ္မွာ သမိုင္းနဲ႔ပတ္သတ္သမွ်ကို မေပ်ာက္ပ်က္ေအာင္ မွတ္တမ္းတင္တာ" တဲ့။

"အဲ့ဒါဆိုလည္း တကိုယ္လုံး ထိုးလို႔ရသြားေအာင္
လာခဲ့ ထပ္ကိုက္ေပးမယ္"

သူက ကိုတိမ္ကို ဆြဲလြဲၿပီး လည္ပင္းေတြေရာ၊ ဂုတ္ေတြကိုပါ ဖြဖြ မနာေအာင္ကိုက္သည္။ ကိုတိမ္ကေတာ့ သူ႔ေအာက္ကေန အလိုက္သင့္ဖက္ထားၿပီး

"တကိုယ္လုံးကိုက္လည္းရပါတယ္
ဟိုေနရာေတာ့ မကိုက္နဲ႔ေနာ္
ကိုယ္မ်ိဳးတုံးသြားလိုက္မယ္" ဆိုၿပီး ရယ္က်ဲက်ဲႏွင့္ ျပန္ေျပာလာသည္။

"ေအး
အဲ့ေနရာကိုေတာ့ မကိုက္ဘူး
ဓါးနဲ႔ ႏုတ္ႏုတ္စင္းမွာ"

"ဟာ
မလုပ္ေကာင္းဘူးေနာ္
အဲ့ဒါက အတက္ထြက္တဲ့အမ်ိဳးမဟုတ္ဘူး
မႀကံေကာင္းမစည္ရာေတြ"

အရွက္မရွိ ထပ္ေျပာေနေသးသည့္ ထိုလူႀကီးကို ဒီတစ္ခါေတာ့ နာသြားေအာင္ကို ကိုက္လိုက္ေတာ့သည္။ အခ်စ္သည္ တကယ္ပင္ လူကိုေခြးျဖစ္ေစသည္။ အားရေအာင္ ကိုက္ၿပီးမွ တက္တူးထိုးထားသည့္ ေနရာကို ဖြဖြေလးနမ္းေပးလိုက္သည္။ ခ်စ္သူ၏ ခႏၶာကိုယ္မွာ မေပ်ာက္ပ်က္ႏိုင္သည့္ ဖန္တီးယူထားေသာ အမွတ္တရအားလုံးက သူႏွင့္သက္ဆိုင္ေနတာကို မေက်နပ္သူ ဘယ္သူရွိပါ့မလဲ။

ကိုတိမ္ႏွင့္ပတ္သတ္လွ်င္ မၾကာခဏ အသစ္အဆန္းေတြ ႀကဳံေတြ႕ရတတ္သည္။ အထူးသျဖင့္ အေခၚေဝၚေတြ။ သူတို႔ rsသက္တမ္းၾကာလာတာႏွင့္ အမွ် ကိုတိမ္ေခၚသည့္ နာမည္ေတြကလည္း မမွတ္မိႏိုင္ေလာက္ေအာင္ တိုးလာသည္။ သူက ေဒါသထြက္လွ်င္ ကိုက္တတ္တာေၾကာင့္ ေခြးေပါက္ေလး ဟု ေခၚတာကိုေတာ့ နားလည္ေပမယ့္ "အျဖဴေကာင္ေလး" ၊ "မြခ်ိေလး" ၊ "ပုပုေလး"၊ "ေပ်ာ့စိေလး" စသည့္ အေခၚအေဝၚေတြကိုေတာ့ ဘယ္လိုမွ လိုက္မမီခဲ့ပါ။ စိတ္ကူးေပါက္သလိုေခၚပါေစလို႔ပဲ လႊတ္ထားလိုက္ရေတာ့သည္။ သိတယ္မလား။ ဘာစိတ္ခ်မ္းသာရင္ ဘာတစ္ျခမ္း ေအးခ်မ္းတယ္ဆိုလား။ အခုရက္ပိုင္းေတာ့ ဘယ္ကဘယ္လိုတတ္လာသည္မသိ။လူကို သားေလး ဟု ေခၚေနျပန္ၿပီ။ အခုလည္းၾကည့္ ။

"သားေလးေရ
ဒီတစ္ပတ္ ပိတ္ရက္က်ရင္ ေနမင္းတို႔ စတူဒီယိုသြားရေအာင္"

"ဘာသြားလုပ္မလို႔လဲ"
"ဟာ
Photo shootingေလ
သားေလးက ကိုယ့္ဆိုင္ရဲ႕ brand ambassador မဟုတ္ဘူးလား
ဒီလအတြက္ pageမွာ တင္ဖို႔ မ႐ိုက္ရေသးဘူးေလ"

"တစ္ျပားမွမရတဲ့ ambassadorမလုပ္ႏိုင္ဘူး
မလိုက္ဘူး"

"ကိုယ့္အခ်စ္ေတြ အကုန္ေပးထားၿပီးၿပီပဲ
ဘာထပ္လိုေသးလို႔လဲ"

"အဲ့အခ်စ္က ဘာဝယ္စားလို႔ ရလို႔လဲ
ေျပာ"

"ပဲႀကီးေလွာ္နဲ႔ လဲစားလို႔ရတယ္"

စကားၿပိဳင္ေျပာလည္း ေလကုန္တာပဲ အဖက္တင္ၿပီမို႔ ထပ္မေျပာခ်င္ေတာ့ဘူး။ ဒါ့ေၾကာင့္ လူႀကီးေတြေျပာတာ။ လင္ကုန္ရႈံးေတာ့ တစ္သက္လုံးေမွာက္တဲ့။ တစ္သက္လုံးေတာ့ အေမွာက္မခံႏိုင္ဘူး။ ျပန္အမ္းလို႔ရရင္ အလိုက္ေပးၿပီးကို ျပန္အမ္းပစ္မယ္။ ဓါတ္ပုံသြား႐ိုက္သည့္ေန႔ကလည္း တစ္ခ်ိန္လုံး သားေလး၊ သားေလး လုပ္ေနလို႔ ကိုေနမင္းတို႔ကပင္ ေျပာယူရသည္။

"ဘာ သားေလး လဲ
ေအးေလ
မင္းေမြးရင္ မင္းသားအ႐ြယ္ဆိုေတာ့လည္း ေခၚေပါ့"

"ေဟ်ာင္
ငါတို႔ႏွစ္ေယာက္အသက္က 3ႏွစ္ကြာတာေနာ္
မင္း အလြန္အကြၽံေတြ မေျပာနဲ႔"

"႐ုပ္ခ်င္းကေတာ့ အႏွစ္ 30ေလာက္ ကြာတယ္ထင္ရတယ္"

"နိေမ့
အႏွစ္ 30 ကြာေလ
ငါအသက္ေတာင္ 30မျပည့္ေသးဘူးဟ"

"မသိတဲ့သူဆို 40လို႔ ထင္ၾကမွာပဲ"

"ငါလို ေစာင္ေခ်ာႀကီးကို အဲ့လိုေတြ ေျပာေနလိုက္
ေႏြေခါင္ေခါင္ မိုးႀကိဳးပစ္ခံရမယ့္အေကာင္"

ဘယ္လိုပဲ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ သတ္ေနပါေစ။ သူကေတာ့ ဝင္ပါေလ့မရွိ။ ေဘးကေနသာ ၿပဳံးၿပီး ပြဲၾကည့္ပရိတ္သတ္လုပ္သည္။ ကိုတိမ္သူငယ္ခ်င္းေတြက သူ႔ကိုညီေလးတစ္ေယာက္လို ခ်စ္ခင္ၾကတာ သိေပမယ့္ သူငယ္ခ်င္းေတြၾကားထဲက စည္းကိုေတာ့ဝင္ေရာက္စြက္ဖက္ဖို႔မလိုဘူး ထင္သည္ေလ။ ထို႔ေၾကာင့္လည္း သူတို႔ ရန္ျဖစ္၊ စကားမ်ားတာေတြရွိလည္း  ရန္ျဖစ္ရသည့္အေၾကာင္းရင္းက သူ႔သူငယ္ခ်င္းေၾကာင့္၊ ကိုယ့္သူငယ္ခ်င္းေၾကာင့္ဆိုတာမ်ိဳးမရွိခဲ့။ တစ္ေယာက္ႏွင့္ တစ္ေယာက္ ဝင္မစြက္ဖက္သင့္သည့္ ၾကားေတြထဲမွာ သူငယ္ခ်င္းၾကားလည္း ပါသည္ေလ။

သူေက်ာင္းမၿပီးခင္အထိ သူတို႔ႏွစ္ေယာက္ၾကားမွာ ဒီလိုပဲ ပုံမွန္လည္ပတ္ေနမည္ဟု သမိုင္းတစ္ေယာက္ေတြးထင္ခဲ့သည္။ ဒါေပမယ့္ ႀကိဳတင္မွန္းဆလို႔မရသည့္အထဲမွာ အနာဂတ္ဆိုတာက ထိပ္ဆုံးကပါေနသည္ကို ေမ့ေလ်ာ့ေနခဲ့သည္။ ထိုေန႔မနက္က အတန္းတစ္ခ်ိန္တက္ၿပီးေတာ့ သမိုင္းအပါအဝင္ တျခား ေက်ာင္းသားႏွစ္ေယာက္ကိုပါ ဌာနာမႈးေခၚေနသည္ဆိုသျဖင့္  သူတို႔ ေမဂ်ာဌာန႐ုံးခန္းသို႔ လာခဲ့လိုက္သည္။

"ဝင္ခြင့္ျပဳပါခင္ဗ်"

႐ုံးခန္းေပါက္ေရာက္ေတာ့ ခြင့္ေတာင္းၿပီး ဌာနထဲဝင္ခဲ့သည္။ ထိုင္ေနသည့္ ဆရာ၊ ဆရာမအခ်ိဳ႕ကို ေခါင္းေလးၫြတ္အ႐ိုအေသေပးၿပီး သူ႔ကိုလက္လွမ္းျပေနသည့္ ဌာနမႈုးထိုင္ေနသည့္ စားပြဲခုံေရွ႕မွာ ဝင္ထိုင္လိုက္သည္။

"ေက်ာင္းသားေတြကို ေျပာစရာရွိလို႔"

"ဟုတ္ကဲ့ ခင္ဗ်"

"ရန္ကုန္ တကၠသိုလ္ကေန ပညာေတာ္သင္ေလွ်ာက္လို႔ရတာ သားတို႔လည္း သိမွာပါ
မ်ားေသာအားျဖင့္ေတာ့ ခ်ိတ္ဆက္ထားတဲ့ တကၠသိုလ္ေတြက စေကာ္လာေပးရင္ ဘြဲ႕လြန္ေက်ာင္းသားေတြ၊ မဟာတန္းေတြကို ေပးတာပဲမ်ားတယ္
ဒီတစ္ေခါက္ ေက်ာင္းကို လာၿပီး ခ်ိတ္ဆက္တဲ့ အဖြဲ႕အစည္းကေတာ့ ဂ်ပန္ပညာေတာ္သင္ေက်ာင္းသားေထာက္ပံ့ေရး အဖြဲ႕အစည္းကေန အေၾကာင္းၾကားလာတယ္။
သူတို႔ကအရင္ကလည္း long terms၊ short terms ႏွစ္ခုစလုံးအတြက္ ပညာေတာ္သင္ေတြကို ေခၚေနၾကပဲ။ျမန္မာႏိုင္ငံကတင္မကဘူးတျခားႏိုင္ငံေတြကိုလည္း ေခၚတယ္။ အရင္ႏွစ္ေတြကကေတာ့ ဘာသာစကားတကၠသိုလ္က ဂ်ပန္စာအထူးျပဳေက်ာင္းသားေတြကိုပဲ ေ႐ြးေခၚတာမ်ားတယ္လို႔ေျပာတယ္။ ဒီႏွစ္ေတာ့ စေကာ္လာေလွ်ာက္လို႔ရတဲ့ တကၠသိုလ္အေရအတြက္ကို တိုးလိုက္ပုံပဲ။ ဆရာတို႔ဆီလည္း ေရာက္လာတယ္။ ပါခ်ဳပ္က  non degree ေက်ာင္းသားေတြကို လႊတ္ခ်င္တာမို႔ သက္ဆိုင္ရာ ဌာနေတြကို ေတာင္းလာတယ္။တစ္ဌာနကို 3ေယာက္ဆိုေတာ့ ဌာနေတြကေတာ့ ထုံးစံအတိုင္း grade 1 to 3 သုံးေယာက္ကို စာရင္းေပးမယ္လို႔ ဆုံးျဖတ္ထားတယ္။ ဒီတစ္ေခါက္  Third year ေတြကိုဘာလို႔ ေ႐ြးလိုက္ရလဲဆိုေတာ့ ေနာက္ဆုံးႏွစ္ေတြအတြက္လည္း သူတို႔ term paper တင္ၿပီးတာနဲ႔ ေလွ်ာက္လို႔ရမယ့္ scholarရွိေနလို႔ပဲ"

"ဟုတ္ကဲ့"

ဌာနာမႈး၏ စကားအမ်ားႀကီးကို နားေထာင္ၿပီး နားလည္လိုက္တာကေတာ့ scholar ေပးစရာရွိလို႔ သူတို႔ကိုေခၚေျပာသည္။အဲ့ေတာ့ ပညာေတာ္သင္ေလွ်ာက္လို႔ရသည့္ ေက်ာင္းသားေတြက သူတို႔လို႔ေျပာခ်င္တာလား။ ဌာနမႈးကဆက္ၿပီးေျပာသည္။

"ေက်ာင္းသားေတြရဲ႕ ပထမႏွစ္၊ ဒုတိယႏွစ္ အမွတ္စာရင္းေတြကို ျပန္ၾကည့္လိုက္ေတာ့
သားတို႔သုံးေယာက္ရဲ႕ grade ကအျမင့္ဆုံးပဲ။ အဲ့တာေၾကာင့္ ဆရာတို႔အေနနဲ႔ သားတို႔ကို စာရင္းေပးမယ္လို႔ စိတ္ကူးထားတယ္။ ဘယ္လိုသေဘာရလဲ"

သူတို႔ကို ျပန္ေမးလာေတာ့ ဘယ္လိုျပန္ေျဖရမွာလဲ။ ေသခ်ာတာကေတာ့ ဟင့္အင္း သေဘာမတူဘူးဟု ေျဖမယ့္သူ တစ္ေယာက္မွမရွိဘူးဆိုတာပင္ျဖစ္သည္။

"ဟုတ္ကဲ့ ဆရာ"

"တစ္ခုပဲရွိတာက သူတို႔က ဘယ္ႏွေယာက္ လက္ခံမွာလဲမသိဘူး
ေလွ်ာက္လို႔ရမယ့္ ေက်ာင္းေတြရဲ႕ websiteေတြကို ေပးမယ္
သားတို႔ကိုယ္တိုင္ဝင္ၾကည့္ၿပီး ကိုယ္ေလွ်ာက္ခ်င္တဲ့ တကၠသိုလ္နဲ႔ အထူးျပဳဘာသာရပ္ကိုေ႐ြးရမယ္
စိတ္ပညာဌာနမဟုတ္လည္းရတယ္
ၿပီးရင္ reason letter နဲ႔ ကိုယ္ေလွ်ာက္မယ့္ဘာသာရပ္ရဲ႕ စာတမ္းတစ္ေစာင္တင္ရမယ္
အဲ့ဒါေတြ တင္ၿပီးရင္
ေနာက္ဆုံးအဆင့္အေနနဲ႔ အဖြဲ႕အစည္းကလာၿပီး အင္တာဗ်ဳးမွာျဖစ္တယ္
အင္တာဗ်ဳး oralမွာေအာင္ခဲ့ရင္ ပညာေတာ္သင္သြားေရာက္ခြင့္ရရွိမွာျဖစ္တယ္
လတ္တေလာကေတာ့ ဘယ္ႏွေယာက္ေခၚမွာလဲဆိုတာကေတာ့ အတိအက်မသိေသးဘူး"

"ဟုတ္ကဲ့ ဆရာ
ပညာေတာ္သင္ကာလက ဘယ္ႏွႏွစ္လဲခင္ဗ်"

သမိုင္းက သူသိခ်င္တာကို ထေမးလိုက္သည္။

"တစ္ႏွစ္"

"ဘယ္ေတာ့စေလွ်ာက္ရမွာလဲ ဆရာ"

ေနာက္ထပ္ေက်ာင္းသားတစ္ေယာက္ကလည္း ေမးသည္။

"ဆရာတို႔ဖက္က အခ်က္အလက္ေတြကို ဒီတစ္ပတ္အတြင္းေပးမယ္
အဲ့ဒါရတာနဲ႔ စၿပီး ျပင္ဆင္လို႔ရၿပီ
ေနာက္လထဲမွာ အင္တာဗ်ဳးေျဖရမယ္"

"ဒါဆို ေက်ာင္းက ဘယ္လိုလုပ္ရမွာလဲဆရာ
တစ္ႏွစ္သြားရမွာဆိုေတာ့"

"အကယ္လို႔ ပညာေတာ္သင္ အေ႐ြးခ်ယ္ခံရရင္
ဟိုဖက္တကၠသိုလ္ကေက်ာင္းဝင္ခြင့္လက္ခံခ်ိန္က အခု second semesterစာေမးပြဲနဲ႔ေတာ့ လြတ္ေနေသးတဲ့အတြက္ တတိယႏွစ္စာေမးပြဲကေတာ့ ေျဖဆိုခြင့္ရမွာျဖစ္တယ္
ဒါေပမယ့္ ဟိုမွာေက်ာင္းသြာတက္တဲ့တစ္ႏွစ္၊ Finalတစ္ႏွစ္ကေတာ့ ေအာက္သြားမယ္
ဟိုက ျပန္လာၿပီဆိုမွ finalျပန္တက္ရမွာျဖစ္တယ္"

"ေၾသာ္"

ထို႔ေနာက္ေတာ့ ဌာနမႈးႏွင့္ အနည္းငယ္စကားေျပာၿပီး အတန္းသို႔ျပန္လာခဲ့ၾကသည္။ အတန္းထဲျပန္ေရာက္ေတာ့ ေကာင္းေကာင္းက သူ႔ကို ဘာလဲဆိုသည့္ သေဘာျဖင့္ မ်က္စပစ္ေမးသည္။

သူလည္း ဌာနာမႈးေျပာလိုက္သည့္ အေၾကာင္းအရာမ်ားကို ျပန္ေျပာျပလိုက္သည္။

"ဟား မိုက္တာေပါ့
ငါ့ေကာင္ႀကီးက သိပ္ေတာ္ပါလား"

ေကာင္းေကာင္းက သူ႔ေက်ာကို ပုတ္ၿပီး ဝမ္းသာအားရ ေျပာသည္။ သူကေတာ့ ေကာင္းေကာင္းမပါသျဖင့္ အနည္းငယ္ အားနာစိတ္မေကာင္းျဖစ္မိေနသည္ေလ။

"မေသခ်ာေသးပါဘူးကြာ
အင္တာဗ်ဳးမွာ ေအာင္မွာ စေကာ္လာရမွာ"

"ဟာ
အဲ့ဒါက ေနာက္ကိစၥ
ေလာေလာဆယ္ စကာတင္ထဲပါတယ္ပဲ ဘယ္ေလာက္မိုက္လဲ
ဒါနဲ႔ အင္တာဗ်ဳးက်ရင္ ဘယ္လိုေျဖရမွာလဲ
အဂၤလိပ္လိုပဲလား"

"ေအး ဟုတ္တယ္"

"ငါေလး မပါတာ ကံေကာင္းလိုက္တာ
င့ါရဲ႕ ငပိသံေလးနဲ႔ဆို ဗ်ဳးတဲ့သူေတြ ထိုင္ငိုသြားလိမ့္မယ္
ဟားဟား"

ေကာင္းေကာင္းကေတာ့  သူ႔စကားကို သူ႔ဘာသာသေဘာက်ၿပီး တဟားဟားရယ္လို႔။ သူ႔အေနနဲ႔ကေတာ့ ပညာေတာ္သင္ကိစၥနဲ႔ ပတ္သတ္လို႔ အနည္းငယ္ အံၾသသြားခဲ့တာကလြဲရင္ ထူးၿပီး စိတ္လႈပ္ရွားမေနပါ။ သူလုပ္ႏိုင္တာကို အေကာင္းဆုံးျပင္ဆင္ၿပီး ေဆာင္႐ြက္ျဖစ္ေပမယ့္ စိတ္ထဲမွာ stressပိေလာက္ေအာင္အထိေတာ့ ထည့္ထားျဖစ္မွာမဟုတ္။ ကာကယံရွင္ သူ႔ထက္ ေကာင္းေကာင္းက ပိုၿပီး ဝမ္းသာအားရ ထိုသတင္းကို တျခားအတန္းေဖာ္ေတြဆီသို႔ ေဖာက္သည္ခ်ေနခဲ့သည္။ သူကေတာ့ သူ႔အက်င့္အတိုင္းပဲ စာအုပ္တစ္အုပ္ဖြင့္ကာ စာဖတ္ေနခဲ့လိုက္သည္။

ပညာသင္သြားရဖို႔ အတိအက် ေ႐ြးခ်ယ္ခံရေတာ့မွပဲ ကိုတိမ္ကို ေျပာျပေတာ့မည္ဟု ဆုံးျဖတ္ထားသျဖင့္ ညေနခင္း ေက်ာင္းလာႀကိဳေတာ့လည္း မေျပာျပခဲ့ပါ။ အကယ္လို႔ အေ႐ြးမခံခဲ့ရလွ်င္ သူကဘယ္လိုမွ ေနမွမဟုတ္ေပမယ့္ သူ႔ထက္ပိုၿပီး ကိုတိမ္က စိတ္မသက္သာျဖစ္ေနမွာကို သိေနေသာေၾကာင့္ ႀကိဳမေျပာတာျဖစ္သည္။ အင္း အကယ္လို႔၊ အကယ္လို႔ ပညာေတာ္သင္ပါသြားခဲ့လွ်င္လည္း ကိုတိမ္ႏွင့္ ရင္ဆိုင္ရမည္ကလည္း အမွန္ျဖစ္သည္။ ထို႔ေၾကာင့္ အေျခအေနက ခိုင္မာမွပဲ ေျဖရွင္းမည္ဟု သေဘာထားက ထိုကိစၥကို တစ္လုံး၊ တစ္ပါဒမွ မဖြင့္ဟမိ။

စိုစိုကိုေတာ့ ေျပာျပလိုက္သည္။ ဒါေပမယ့္လည္း အိမ္ကို မေျပာဖို႔ မွာရေသးသည္။ သူ႔အိမ္ထံမွ ပုံမွန္ထက္ထူးကဲသည့္ ဂ႐ုစိုက္မႈေတြ သူမလိုခ်င္ဘူးေလ။ စိုစိုကေတာ့

"သသ
မင္း စေကာ္လာပါေအာင္ ေသခ်ာလုပ္ရမယ္ေနာ္" ဟု အတည္ေပါက္ႀကီးေျပာေနခဲ့သည္။

"ဘာလို႔လဲ"
သူက ျပန္ေမးလိုက္ေတာ့

"ဟာ မင္း စေကာ္လာပါရင္ ဂ်ပန္မွာ ေက်ာင္းသြားတက္ရမယ္ေလ"

"အင္းေလ"

"မင္းေက်ာင္းသြားတက္ရင္
ကြၽန္မ က ရွင့္ကို လိုက္ပို႔ေပးလို႔ရၿပီေလ
အဲ့ဒါဆို ေရွာ့ပင္ထြက္လို႔ရၿပီေပါ့"

"ငင့္"

တူကိုလိုက္ပို႔ေပးခ်င္တာမဟုတ္ပဲ သူမ ေရွာ့ပင္ထြက္ဖို႔လိုက္လာခ်င္တာက အဓိကကိုး။ ေတာ္ေတာ္ အားကိုးရသည့္ အေဒၚပါပဲ။

"အခုမွ သားကို ဆြဲထည့္မေနနဲ႔
အရင္ကေတာ့ မသြားဘူးဆိုေတာ့"

စိတ္ကူးေပါက္ရင္ ေပါက္သလို ႏိုင္ငံရပ္ျခားကို ထထသြားတတ္သည့္ စိုစိုေၾကာင့္ သူက ျပန္ေမးလိုက္သည္။

"ေအး
ဒါေပမယ့္ ျပည္ထြက္ခြင့္ 6လပိတ္ခံထားရတယ္ေလ"

"ဟမ္
ဘာလို႔လဲ"

"အရင္တစ္ေခါက္ စလုံးသြားတုန္းက ပါသြားတာအကုန္ကုန္ၿပီး
ရွင့္ တီေၾကးရဲ႕ Visaကဒ္ထဲက ဟာပါ အကုန္သုံးလိုက္မိလို႔
Mirrorမက ပတ္စပို႔စ္ သိမ္းသြားတယ္ေလ"

"အင္း
ေကာင္းတယ္"
ဒါ့ေၾကာင့္ စိုစို ဒီတစ္ေလာ ေျခၿငိမ္ေနတာကို။ တကယ္ေျပာတာ။ သူ႔အေဒၚကို ႏိုင္တဲ့သူက တီေၾကးအျပင္ ဘယ္သူမွမရွိဘူး။ အမွန္ကေတာ့ ႏိုင္တာလို႔လည္း ေျပာမရပါဘူး။ စိုစိုႏွိပ္စက္တာ ျပန္ခံရတာနဲ႔ယွဥ္မယ္ဆိုလွ်င္ အတူတူေလာက္ သြားၾကမွာပဲျဖစ္သည္။

"ေၾသာ္

စိုစို ဒီစေကာ္လာ အေၾကာင္း ကိုတိမ္ကိုလည္း မေျပာမိေစနဲ႔ေနာ္"

"ေဟ
Why not?

"အေ႐ြးခံရတာေသခ်ာမွပဲ ေျပာမလို႔"

"ဒါဆို ကြၽန္မပါးစပ္ကို ဘာနဲ႔ပိတ္မွာလဲ"

"မာလာရွမ္းေကာ တစ္ပြဲ"

သူက အဲ့လိုေျပာေတာ့ စိုစိုက ပါးစပ္ကို တစ္ဝက္ထိ ဇစ္ဆြဲၿပီး ပိတ္သလိုလုပ္သည္။ သေဘာကေတာ့ မလုံေလာက္ေသးဘူးေပါ့။

"pizza လည္းလိုက္ေကြၽးမယ္
Milk teaလည္း တိုက္မယ္"

ထိုအခါမွ အဆုံးထိ ဆြဲပိတ္သည္။ ၿပီးေတာ့ လက္ညႇိဳးႏွင့္ လက္မကို ဝိုင္းၿပီး အိုေခ ဟုလုပ္ျပသည္။ တကယ္ေျပာတာ။ အလိုက္ေပးၿပီး လဲခ်င္တာ တစ္ေယာက္တည္းမဟုတ္ဘူး။ ႏွစ္ေယာက္ဗ်ိဳ႕၊ ႏွစ္ေယာက္။

Ownlish Note ~ SVSSS မွာ ေလာ့ပင္းဟယ္နဲ႔ ရွန္ခ်င္းခ်ိဳးက 5ႏွစ္ခြဲခဲ့ရတယ္
                Mo Dou Zu Shiမွာ ေဝ့ဝူရွန႔္ႏွင့္ လန္ဝမ့္က်ီက 13ႏွစ္ခြဲခဲ့ရတယ္
                 HOBမွာ ဟြားခ်န္နဲ႔ ရွဲ႕လ်န္က ႏွစ္800ခြဲခဲ့ရတယ္
                    ၿဖိဳးမိုးနဲ႔ ျပည့္သူက 3 ႏွစ္ LDRS  ေနခဲ့ရတယ္
                You know what I mean ...........😁

Continue Reading

You'll Also Like

5.3K 473 41
လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော...
86.4K 4.6K 38
Zawgyi အခ်စ္နဲ႔အတၱလြန္ဆြဲလာတဲ့အခါ ေနာက္ဆံုးမွာ ဘယ္အရာက အနုိင္ရမလဲ Chel Unicode အချစ်နဲ့အတ္တလွန်ဆွဲလာတဲ့အခါ နောက်ဆုံးမှာ ဘယ်အရာက အနိုင်ရမလဲ Chel
1.2M 107K 71
This story book presented by Zawgyi and UNICODE. Zawgyi ခ်စ္ျခင္းကိုယ္စီရဲ ႔ခ်စ္ျခင္းသံစဥ္ ကိုယ္စီဖြဲ႔သီေသာ ခ်စ္ျခင္းသံစဥ္မ်ား၏အားၿပိဳင္မႈ။ UNICODE ...
290K 27K 49
ရင္ခုန္သံကို မ်က္ကြယ္ျပဳခ်ိန္ အခ်စ္ကေတာ့ ႏွလံုးသားထဲကို တိုးတိတ္ညင္သာစြာ ဝင္လာခ့ဲတယ္။ ရင်ခုန်သံကို မျက်ကွယ်ပြုချိန် အချစ်ကတော့ နှလုံးသားထဲကို တိုးတိတ...