Chapter 22

4.8K 694 152
                                    

Unicode

သူတို့နှစ်ယောက် ပြန်စကားပြောသည့်နေ့မှ စလို့ တိမ်မိုးဝေတစ်ယောက် ခေတ်သစ် ဘဲလိုက်နည်း တစ်ထောင်နှင့် သမိုင်းကို ကြိုးစားတော့သည်။မနက် မောနင်း ည ဂွတ်နိုက်မှ စသည့် ရီပို့မှန်မှန်တင်ခြင်း၊ နေ့ခင်း ထမင်းစားနားသည့်အခါမှာ စားသောက်ဖွယ်ရာများဝယ်ပြီး သွားရောက်ဆက်သခြင်း၊ တစ်ခါတစ်လေ သမိုင်းကန်သည့် ဘောလုံးပွဲများသို့ သူငယ်ချင်းတစ်ပြုံကြီးခေါ်သွားကာ အားပေးခြင်း၊ စသည်တို့အပြင် သမိုင်း ဆိုင်မှာ အလုပ်ပြန်ဆင်းသည့်အခါ သူပါဆိုင်ဝန်ထမ်းလို့ အထင်ခံရလောက်အောင် သမိုင်းဆိုင်မှာ သွားနေခြင်း စသည်တို့ ဖြစ်သည်။ ဒါပေမယ့် အခုထိ ဘာမှ ထူးခြားမလာသေးသည့်အတွက် သူ့ကိုယ်သူ ဘယ်နေရာမှာ လွဲလို့လွဲနေမှန်းမသိတော့။

စိုစိုဆီ ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းကြည့်တော့လည်း

"တူကို လိုက်ရမယ့် နည်းလမ်းကို အဒေါ်က ပြောစရာလား
ကိုယ့်ဘာသာ ရအောင်ကြိုးစား
အခုထိ မထူးခြားသေးဘူး
အသုံးကိုမကျဘူး" ဟု ပြန်အဆူခံလိုက်ရသေးသည်။ သူ့တူက ချေတာကျတော့ မသိတာလည်းမဟုတ်ပဲနဲ့။ ဟွန်း။

"သမိုင်း အဆောင်ရှေ့ ဂစ်တာသွားတီးရင်ကော"

"အကုန်ခဲနဲ့ ဝိုင်းထုခံနေရမှာပေါ့
ယောက်ျားလေးဆောင်ရှေ့ ဂစ်တာသွားတီးလို့ဖြစ်မလားဟ"

"ကားတင်ပြေးရင်ကော"

"376လို့"

"ဆန္ဒသွားပြရင်ကော"

"သားကြီး
ဒါအချစ်ရေး
နိုင်ငံရေးမဟုတ်ဘူး"

ဒီလိုပေါက်ကရအကြံတွေပြောနေလို့ကတော့ တခြားသူမဟုတ်ပါဘူး။ သူ့ရောင်းရင်းပေါက်ဖော်တွေပါပဲ။ မထူးခြားသေးတဲ့အခြေအနေကို ပြောင်းလဲဖို့ ဝိုင်းစဉ်းစားပေးနေကြတာလို့တော့ပြောသည်။ ဒါပေမယ့် သူတို့အရောက်ပို့ဖို့ ပေးသည့်နည်းလမ်းတွေက သမိုင်းဆီသို့ ရောက်စေလိမ့်မည်မထင်။ ရဲစခန်းနှင့် ရေဝေး ထိုနှစ်နေရာကိုသာ မျက်လုံးထဲပြေးမြင်သည်။ အဆင်မပြေဘူးအချစ်ရေ ဟုသာ ညည်းချင်တော့၏။

အခုလည်း ဖုန်းတောက်လျောက်ခေါ်နေတာကို မကိုင်ဘူး။ ဒီနေ့ဆိုင်မှာ အလုပ်ရှုပ်နေလို့ သမိုင်းကျောင်းဆင်းချိန်မှာ အခစားမဝင်နိုင်လိုက်။ ဒါ့ကြောင့် အချိန်ရတာနှင့် ဖုန်းကောက်ဆက်လိုက်တာဖြစ်သည်။ ဒါပေမယ့် မင်းသားက ဖုန်းမကိုင်။ ၅ခါလောက်ခေါ်ပြီးတဲ့အထိ မကိုင်သဖြင့် သူ့မှာ စပြီးစိတ်ပူလာရပြီ။ ဒီနေ့ဘောလုံးလည်း သွားမကန်ပဲ ဘာလို့ဖုန်းမကိုင်တာလဲ။ သူ့သူငယ်ချင်းကောင်းကောင်း ဖုန်းနံပါတ်ကလည်း မသိဘူး။ ချက်ချင်းပဲ အဆောင်လိုက်သွားရင်ကောင်းမလား။ ဒီနေ့ ပစ္စည်းလာယူမယ့်ဖောက်သည်နှင့် ချိန်ထားတာမို့ သွားလို့ကလည်းမဖြစ်သေးဘူး။ ထိုင်မရ ထမရဖြစ်နေတုန်း ဖုန်းသံဝင်လာသည်။ ကြည့်လိုက်တော့ သမိုင်း နံပါတ်။ သူ့မှာ ဟယ်လိုပင် မလုပ်နိုင်တော့။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now