Chapter 6

5.1K 759 48
                                    

Unicode

မှန်ထဲမှ ပုံရိပ်ကို ကြည့်လိုက်သည်။ညာဖက်သို့ခွဲပြီး ဖြီးထားသည့် ဆံပင်တို့သည် water gel အကူအညီဖြင့် ပိရိသေသပ်နေသည်။ ခွဲကြောင်းနေရာကို  shaveထားသဖြင့် ထင်းနေသည်။ နဘမ်းနှစ်ဖက်ကိုလည်း shaveထိုးထားသဖြင့် သပ်ရပ်သန့်ရှင်းလို့။ ခေါင်းပိုင်းဆိုင်ရာပြီးသွားတော့ နုအုပြီး ချောမွတ်နေသည့် မျက်နှာလေးဆီ အကြည့်ရောက်သွားသည်။ မနေ့ကမှ spaမှာသွားပြီး ပေါင်းတင်ထားသဖြင့် အရောင်တွေထွက်ပြီး တောက်ပ glowနေသည်။ တိုနာ လိမ်း၊ နို့ရည်လိမ်းပြီး နောက်ဆုံး sun creamလိမ်း အပြီးမှာတော့ သူ၏ မေးရိုးထင်းထင်း၊ နှာတံစင်းစင်း၊ မျက်ခုံး မျက်လုံးကောင်းကောင်းနှင့်ပြစ်မျိုးမှည့်မထင်  သူ့ဥပတိရုပ်သည့် ရှုမငြီးဖွယ်အတိ။ ဒီဇိုင်းကာလာအနေအထားကိုကြည့်မယ်ဆိုရင်တော့ အသားပျော့ပျော့ စတစ်ရှပ်အကျီ အဖြူကို အပေါ်ကျယ်သီးနှစ်လုံးဖြုတ်ဝတ်ထားသည်။sky blue  straight ဂျင်းတစ်ထည်နှင့် တွဲဖက်ဝတ်ဆင်လိုက်ပြီး အင်္ကျီအနားတို့ကို မဆိုစလောက် ဘောင်းဘီထဲ ကပိုကရိုထည့်ဝတ်လိုက်သည်။ nike air max 2 နှင့် တွဲဖက် ဝတ်ဆင်ပြီးချိန်မှာတော့ လုံး၀ perfect။

"ငါက သောက်ချောကြီးပဲ "ဆိုသောစကားကို ဒီမနက်အတွင်း သုံးခါမြောက် ရေရွတ်မိလိုက်သည်။ မနက်မျက်နှာသစ်တုန်းက မှန်ကြည့်ရင်း တစ်ခါ၊ မျက်နှာကို တဘက်နှင့်သုတ်ပြီး ဆံပင်တို့ကို သပ်တင်ပြီးချိန်မှ တစ်ခါဆိုတော့ ယခုတစ်ကြိမ်နှင့်ဆို သုံးခါမြောက်ပဲပေါ့။ ရေမွှေး ကို 10ခါလောက်ဖြန်းပြီးချိန်မှာတော့Walletကို ဘောင်းဘီထဲ ထည့်လိုက်ပြီး တိမ်မိုးဝေ တစ်ယောက် အခန်းထဲမှထွက်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

မီးဖိုခန်းမှာ သူ့ကိုနောက်ကျောပေးပြီး ဟင်းတွေ ကုန်းချက်နေသည့် မေမေ့ ခါးကို နောက်ကနေဖက်လိုက်သည်။

"မေမေ ဘာတွေချက်"

မေမေက သူမေးတာကိုမဖြေပဲ

"အမလေး
အနံ့တွေကိုထောင်းထောင်းထလို့ပါလား ကိုတိမ်ရယ်
ရေမွှေးပုလင်းများ မှောက်လာတာလား" ဟု မျက်စောင်းထိုးပြီးပြောသည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now