Chapter 14

4.2K 685 161
                                    

Unicode

စိုစိုတစ်ယောက် လက်ထဲတွင်ရောက်လာသည့် အချက်အလက်တွေကို ဖတ်ကြည့်ပြီး ငါးခူပြုံးပြုံးလိုက်သည်။ ငါးခူပြုံးဆိုလို့ နှုတ်ခမ်းမွှေးတပ်ပြုံးတာမဟုတ်ပါ။ ရှင်းရှင်းပြောရလျှင် လူယုတ်မာပြုံးပြုံးလိုက်တာဖြစ်သည်။ ဟိုတစ်နေ့က သသနှင့်ပတ်သတ်ပြီးသူမကိုပြောဆိုသွားသည့် ကောင်လေးအကြောင်းကို မအားမယား စုံစမ်းထားတာဖြစ်သည်။

အမည် - တိမ်မိုးဝေ
အလုပ်အကိုင် - အထည်ဆိုင်ဖွင့်ထား
လိပ်စာ - ...............................
အသက် - 21
မောင်နှမ - သုံးယောက်
         အငယ်ဆုံး / အမနှစ်ယောက်ရှိ
RS - မရှိ / ကျောင်းတုန်းကတော့ ရည်းစားရှိ
      နောက်ဆုံးထားခဲ့သည့်ကောင်မလေးက လင်နောက်လိုက်သွား
ဝါသနာ - EDMပွဲတိုင်း မလွတ်စေရ
အပေါင်းအသင်း - လတ်တလော ပေါင်းနေတဲ့ သူငယ်ချင်း အရင်း 3 ယောက်ရှိ
အရောင် - အနက်ရောင်ကြိုက်
Movie – Batman ကို အကြိုက်ဆုံး
ရုပ်ရည် - မဆိုးပါဘူး

အထက်ပါ အချက်အလက်တွေကို သူမ၏ အထူးစုံစမ်းရေး အဖွဲ့ထံက ရထားတာဖြစ်သည်။ မှတ်ပုံတင်နံပါတ်တို့၊ size တို့ပါ စုံစမ်းပေးရမလားဆိုသဖြင့် လောလောဆယ်မလိုသေးကြောင်း တားထားရသည်။ sizeဆိုတာ ဘာsize လဲတော့မသိ။ ဖိနပ်ဆိုက်ဒ် ပဲဖြစ်မှာပါ။ သူမ အေးဂျင့်က ဒါမျိုးတော့ သိပ်စိတ်ချရသည်လေ။

သသ ကို ညနေတိုင်း ဆိုင်ကနေ လိုက်ပို့နေသည် ဆိုသည့်သတင်းလည်းရထားသည်။ သူမတူ အလိမ္မာလေးကတော့ ရိုးရိုးသားသားလှမ်းပြောတာပါ။ ဒါပေမယ့် သူမက ဆန်းဆန်းပြားပြားကိုမှ နှစ်သက်သည်လေ။ ဘယ်အကွက်ခင်းရင်ကောင်းမလဲဆိုတာကို 2ရက်လောက် မလှမ်းမကမ်းကနေ သွားပြီး လေ့လာခဲ့သည်။ ဒီနေ့တော့ အနီးကပ် တိုက်စစ်ဆင်သည့်အနေဖြင့် ထိုကောင်လေးဆိုင်သို့လာခဲ့လိုက်သည်။ ဆိုင်ထဲသို့ သူမဝင်လာကတည်းက စူးစိုက်ကြည့်နေသည်။ အကြည့်တွေကတော့ မနှစ်မြို့သည့်ပုံစံ။ မသိရင်သူမကပဲ သူ့ရည်းစားလုထားမိသလိုလိုနဲ့။ အမလေး ငါရယ်ချင်လိုက်တာနော်။

" ဘယ်ထဲက ပြပေးရမလဲ အစ်မ"

အရောင်းကောင်လေးက သူမကို လာမေးသည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now