Chapter 13

4.7K 667 116
                                    

Unicode

တိမ်မိုးဝေ တစ်ယောက် သူ့ဆိုင်နှင့် မျက်နှာချင်းဆိုင် လမ်းမပေါ်မှာ ရပ်ထားသည့် ကားကို ကြည့်ပြီး အရမ်းတွေ တင်းနေသည်။ ကားက သူ့ဆိုင်ရှေ့ ပိတ်ရပ်ထားတာ မဟုတ်လို့ ဘာမှလည်း သွားပြောလို့မရ။ ယာဉ်မရပ်ရ နေရာ မဟုတ်သည့်အတွက် ယာဉ်ထိန်းရဲကိုလည်း လှမ်းအကြောင်းကြားလို့ကမရ။ အင်းး။ အဲ့ဒီ ပြောင်စပ်စပ်ကားကိုကြည့်နေရတာ အဆင်ကို ပြေမနေဘူး။ ကားကသူ့ကိုလျှာထုတ်မပြပေမယ့် သူ့ကို ဖုန်ရှုလိုက် လို့ ပြောနေသလိုပဲ။

အမှန်က ကားပိုင်ရှင်ကို ကြည့်မရသဖြင့် ကားကိုပါရောပြီး ကြည့်မရတာဖြစ်သည်။ ကားပိုင်ရှင်ကတော့ တခြားသူမဟုတ်။ သမိုင်း ကိုလာကပ်နေသည့်တစ်ယောက်။ အေးမြတ်ဆီမှာ နာမည်မေးကြည့်လိုက်တော့ စိမ်းရောင်စို ဟု သိရသည်။ စိမ်းသလား မစိမ်းသလားတော့မသိ။ မျက်နှာပြောင်တာတော့သိသည်။ ဟိုနေ့ညက သူ ပြောလွှတ်လိုက်ပြီးနောက်ပိုင်းမှ ပိုပြီးတော့ လာသည်။ရွဲ့နေသလားတောင်ထင်ရသည်။ သမိုင်းဆိုင်သို့မရောက်ခင် ထိုကားက ရှိနေတတ်ပြီး သမိုင်းလာသည်နှင့် ဆင်းပြီးနှုတ်ဆက်သည်။ သမိုင်းက မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားလည်း အတင်းလိုက်နှုတ်ဆက်နေတတ်သည်။ တော်တော်ရဲတင်းသည့် အမျိုးသမီးပဲ။ သူကအားယားနေလို့ သတိထားကြည့်မိတာမဟုတ်ပါ။ ဝေယံသည် များသောအားဖြင့် ဆိုင်ရှေ့မှာပဲ ဈေးဝယ်လာသူကို စောင့်နေတတ်သဖြင့် ထိုကိစ္စတွေကို မြင်ပြီး သူ့ကို reportတင်တာဖြစ်သည်။

"ကိုသမိုင်းကို လာဝိုက်နေတာများလား မသိဘူးနော်
ကိုတိမ်"

"ဟုတ်မှာပေါ့
ရုပ်ကိုက စားစော်ကြီး မှန်းအသိသာကြီးကို"

"စားစော်ကြီး??
အဲ့ဒါ ဘာပြောတာလဲ ကိုတိမ်"

"မင်းကလည်း
စားနေကျ ကြောင်ပါးကြီး တို့ဘာတို့ မကြားဖူးဘူးလား
အဲ့လိုပဲ
ဒီအမကြီးကလည်း စားနေကျ စော်ကြီးဖြစ်မှာပေါ့
အဲ့တော့
စားစော်ကြီးပေါ့ကွာ"

"ဟုတ်လား
ဒါဆို ကိုသမိုင်းတော့ လွတ်ပါ့မလား
စားခံနေရမယ်"

ဝေယံက ပူပူပင်ပင်ပြောလာသည့် စကားကို သူချက်ချင်း ငြင်းမိသည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now