Chapter 41

3.7K 601 168
                                    

Unicode

သမိုင်းသစ် စကောလားရှစ်ဖြင့် ဂျပန်နိုင်ငံသို့ ပညာတော်သင် တစ်နှစ်သွားရမည်ကို တိမ်မိုးဝေအား ပြောပြပြီးနောက် ပထမနေ့ / တိမ်မိုးဝေ၏ အခြေအနေ

တိမ်မိုးဝေ၏ အိမ်တွင်ဖြစ်သည်။ ဧည့်ခန်းမှာ ထိုင်နေသော မိခင်နားသို့ စာအုပ်နှင့် ဘောပင်ကိုင်ပြီး ရောက်လာသည်။

"မေမေ ဝက်သားတို့ ကြက်သားတို့ကို ကြာကြာခံအောင် ကြော်ပေးတတ်လား"

"ဟေ
ဘာလုပ်မလို့လဲ"

"သားမေးတာကိုပဲ အရင်ဖြေ"

"ပြုတ်ကြော်ကြော်ရင်တော့ အထားခံမှာပေါ့"

"ဘယ်လောက်လောက် အထားခံလဲ"

"အများဆုံး တစ်လလောက်ပေါ့
သားက ဘာလုပ်မလို့လဲ"

တိမ်မိုးဝေသည် မိခင်ပြန်မေးသမျှကို မဖြေ။ သူ့စာရင်းစာအုပ်သေးသေးလေးထဲတွင် ရေးစရာရှိတာကိုသာ ချရေးမှတ်နေသည်။ ဘာတဲ့။

ဝက်သား၊ကြက်သား(အခြောက်ကြော်) - ပျမ်းမျှ 1လခံ

ထိုသို့ရေးပြီးတော့ ထပ်မေးပြန်သည်။

"ကျန်တာတွေရော ဘာတွေရှိသေးလဲ
အဲ့လို ကြာရှည်ထားလို့ရတဲ့ ဟင်းတွေ"

"ပါလချောင်ကြော်တို့ ဘာတို့ပေါ့ဟယ်"

"အဲ့ဒါတော့ ဘယ်လောက်အထားခံလဲ"

"အတိအကျတော့ဘယ်သိမလဲဟယ်
ဘယ်သူကကြော်ပြီး အလှကြည့်နေမှာမို့လို့လဲ
စားရင်တော့ စားသလိုကုန်သွားမှာပဲကို
ပုပ်သိုးမသွားတာတော့ သေချာတယ်"

"ဟုတ်ပြီ
ဒါဆို

ပါလချောင်ကြော် - အကြာကြီး ခံ "

ပါးစပ်ကပြောလည်းပြော စာအုပ်မှာလည်း ချရေးနေသည်။

"နေပါဦး
ငါမေးတာသာဖြေစမ်းပါ
ဘာလုပ်ဖို့ဒါတွေမေးနေတာလဲ"

"သားချစ်သူကိုကြော်ထည့်ပေးမလို့တဲ့
မွေးသမိခင်ရေ"

"နင်ဘယ်တုန်းက ရည်းစားထပ်ရသွားတာလဲ"

"ဘယ်တုန်းက ရရ ပေါ့
မေမေကလည်း"

"အေး နင့်ဘာသာ ရည်းစားအတွက်ကြော်ကြော်
ဘယ်သူ့အတွက်ကြော်ကြော်
ငါ့ကိုတော့ လာလုပ်ခိုင်းမယ်စိတ်မကူးနဲ့"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now