Chapter 20

4.2K 619 41
                                    

Unicode

ဟိုနေ့က အဖြစ်အပျက်တွေပြီးကတည်းက သမိုင်း ဆိုင်ကိုမသွားဖြစ်တော့။ သူ ကိုတိမ်နှင့် ရင်မဆိုင်ချင်သေးပါ။ ရင်မဆိုင်နိုင်တာလည်းပါသည်။ ဘယ်လိုပဲ သူ့ကိုယ်သူ မမှားပါဘူးဟု ဆင်ခြေပေးပြီး အားတင်းလည်း ထိမ်ချန်ထားခဲ့သည့်အပိုင်းတွေက လိမ်ညာမှုဖြစ်သွားခဲ့ပြီပဲလေ။ ဒီလောက်ထိ ဖြစ်သွားမယ် မထင်ဟု မတွေးခဲ့ပါ။ တစ်ချိန်ချိန်မှာ ပြဿနာရှိလာနိုင်သည်ဆိုတာလောက်ကတော့ သူနားလည်ခဲ့သည်။ ဒါပေမယ့်  ခင်မင်မှုကြာလာလေ ဖွင့်ပြောဖို့က ခက်လာလေ ဖြစ်သည်။

ဘယ်လိုရှင်းပြရမလဲ ဆိုတာ တွေဝေနေရင်း အချိန်ဆွဲမိရင်းက အခုလိုတွေဖြစ်သွားသည်။ သူ့ကိုယ်သူ အမှန်အတိုင်းမပြောမိတာကတစ်ပြဿနာ။ နောက်ထပ် ပြဿနာတစ်ခုက ကိုတိမ် သူ့ကို ဖွင့်ဟ  ဝန်ခံလိုက်သည့်ကိစ္စ။ သူဘယ်လိုမှ ထင်မှတ်မထားသည့် အဖြစ်အပျက်တစ်ခု။သူ့အနေနဲ့ ဒီအသက်အရွယ်အထိ ရည်းစားပင် မထားခဲ့ဖူးသေးပါ ။ ကျောင်းသားဘဝမှာလည်း စိတ်ဝင်စားသည့် မိန်းကလေးမရှိခဲ့သလို မိန်းကလေး အပေါင်းအသင်းပင် သူ့မှာ မရှိသလောက် နည်းပါးသည်။ ထို့ကြောင့် ရည်းစားစကားလည်း မပြောဖူးသလို၊ အပြောလည်း မခံဖူးခဲ့။ သူ့ကိုသဘောကျသလို အရိပ်အယောင်ပြသည့် ကောင်မလေးတွေတော့ရှိပေမယ့် စိတ်ထဲမှာ ဘယ်လိုမှမနေသည့်အတွက်၊ တမင် ချေတာမဟုတ်ပေမယ့် ဒီအတိုင်း မသိချင်ယောင်ပဲ ဆောင်နေခဲ့သည်။

အခုတော့ မထင်မှတ်ထားသည့် သူတစ်ယောက်ထံမှ သဘောကျကြောင်း ဖွင့်ဟခံရသည်။ လိမ်ထားသလို ဖြစ်သွားသည့်အတွက် စိတ်မလုံခြုံမှုရယ်၊ ဖွင့်ပြောခံလိုက်ရသည့် စိတ်ရှုပ်မှုတွေရယ်နှင့် ဒီရက်ပိုင်း ကျောင်းစာမှာပင် အာရုံမစိုက်နိုင်တော့။ ရှုပ်ထွေးနေသည့် အခြေအနေကြီးကို ဘယ်လိုရှင်းရမှန်းလည်းမသိတော့။ မိန်းကလေးတစ်ယောက်ဆီက ဖွင့်ပြောခံရရင်မှ အနည်းဆုံး ကောင်းကောင်းတို့နှင့် တိုင်ပင်လို့ရဦးမည်။ ဒါပေမယ့် အခုက  သူငယ်ချင်းတွေကိုလည်း ဖွင့်ဟ တိုင်ပင်လို့မရနှင့် တကယ်ကို စိတ်ထွက်ပေါက် ပိတ်နေသည်။ နောက်ဆုံး စိတ်မပါတာတူတူမို့ ကျောင်းလစ်ပြီး စိုစို့တိုက်ခန်းမှာ သွားအိပ် နေလိုက်သည်။ အခန်းတစ်ခုလုံးမီးပိတ်ပြီး အမှောင်ထဲမှာ ပုန်းအောင်း ပျောက်ကွယ်နေချင်သည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now