Chapter 24

4K 615 76
                                    

Unicode

"ဒါဆို ဒီ ငပိန်ကောင်က
သသ ရည်းစားပေါ့"

ခင်ကြေးမှုံသည် စိမ်းရောင်စိုပြသော ဖုန်းထဲမှ ပုံကိုကြည့်ပြီး မေးလိုက်တာဖြစ်သည်။

"အေး"

"အစိုမ
နင်ပြောစမ်း
သသ ရည်းစားရတဲ့အထဲ နင့်ပယောဂ လုံးဝမပါဘူးလို့"

"ဟာ ဘာကိစ္စ ငါ့ပယောဂပါရမှာလဲ
ငါနင်နဲ့အတူ ခရီးထွက်နေတာပဲလေ
ငါဘာလုပ်နေတာ နင်မြင်လို့လဲ"

"နင်က မြင်နေရလည်း စိတ်ချရတဲ့သူမှမဟုတ်တာ"

"ဘယ်လိုတောင် ယုံကြည်တာလဲ
ငါလေးကို"

ခင်ကြေးမှုံကို သမိုင်းသစ် ချစ်သူရသွားပြီဖြစ်ကြောင်း သတင်းပေးရာမှ သူမက မဆီမဆိုင် အစစ်ဆေးခံနေရခြင်းဖြစ်သည်။ တူလင်နေ အဒေါ်ခေါင်းကြိမ်းရတယ်။

"ယုံကြည်လို့ကိုမေးနေတာ
ဒီလို လုပ်ရပ်မျိုး က နင်ကလွဲရင် လုပ်မယ့်သူမရှိဘူး"

"အမလေး
ဟားဟား လို့တောင်မရယ်ချင်ဘူး
သေချာတာက ဖူးစာရေးနတ်က သူ့အလုပ်သူလုပ်သွားတာမို့
ကျွန်မ စိမ်းရောင်စိုနှင့် လားလားမျှ မသက်ဆိုင်ပါနော်"

သူမ အာ့လောက်ရှင်းပြနေတာတောင် ခင်ကြေးမှုံက ခေါင်းတရမ်းရမ်းနှင့် မဖြစ်နိုင်ပါဘူးဆိုသော အကြည့်ဖြင့် မယုံသင်္ကာကြည့်ခံရသေးသည်။

"ဒါဆိုလည်း ပြီးတာပဲ

ငါ အဲ့ကောင်လေးနဲ့ တွေ့ချင်တယ်"

"ဟင် ဘာလုပ်ဖို့တွေ့မှာလဲ"

"နင့်မေးခွန်းက တာဝန်မဲ့လှချည်လား
ကိုယ့်ကလေးရည်းစားကိုတော့ ဖြူသလား၊ မဲသလား အကဲခတ်ရမှာပေါ့"

"ပုံထဲမြင်နေရတာပဲလေ
အသားတော့ဖြူပါတယ်"

"နင် ငါ့လာမရွဲ့နဲ့နော် အစိုမ"

သူမ၏ mirrorဆိုသော ဒေါသအိုးကွဲလေးကို စရတာလောက် လောကကြီးမှာ ပျော်စရာကောင်းတာ မရှိသေးဟု ထင်မိသည်။ဒီလောက်နှစ်တွေကြာပေမယ့်လည်း ရိုးမသွားနိုင်ဘူး။

"အန်းဒိတ် အာဂျီးမား အထာတွေ မချိုးစမ်းပါနဲ့ဟာ
ရည်းစားထားတာပဲ
လင်ယူသေးတာမှ မဟုတ်တာ
ဘာစိတ်ပူစရာရှိလဲ"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now