Chapter 32

3.6K 575 48
                                    

Unicode

သမိုင်းမွေးနေ့တုန်းက နေမင်းတို့ ရိုက်ပေးထားသည့် ဓါတ်ပုံတွေကြည့်ပြီး တိမ်မိုးဝေတစ်ယောက် ပီတိတွေဖြာအီးအီးတွေပါနေလေပြီ။ ပုံတွေကို retouchကိုင်ပြီးပြီမို့ လာကြည့်ဆိုလို့ စတူဒီယိုထိ သွားကြည့်ခဲ့သည်။ desktopပေါ်တွင် တစ်ပုံပေါ်လာတိုင်း

"ဟာ ငါလေးက ချောလိုက်တာ

ဒီပုံထဲမှာ သမိုင်းက  ငါ့ထက် ပိစိလေး ပိုချောသွားပြီ

ကိတ်မုန့်ခွံကျွေးနေတဲ့ ဒီပုံလေး ကြည့်လိုက်စမ်း

ဘယ်လောက်လိုက်ဖက်သလဲ

ငါတို့နှစ်ယောက် အကြည့်ချင်းဆုံနေတဲ့ပုံလေးကလည်း အသက်ဝင်ချက်

နေနဲ့လ  ပလက်တီနမ်နဲ့ မြ ဆိုတာ ငါတို့မှ အစစ်"

စသည်ဖြင့် သူ့ထုံးစံအတိုင်း ကိုယ့်ငါးချဉ်ကိုယ်ချဉ်ခန်းဖွင့်မပြီးတော့ပေ။ နေမင်းကတော့ ယောက်ျားတန်မဲ့ မျက်စောင်းတထိုးထိုးဖြစ်နေရတော့သည်။ ပုံတွေကို အပြန်ပြန်၊ အလှန်လှန် အခေါက်ခေါက် အခါခါ ပြန်ကြည့်နေရုံနှင့် အားမရ။

"ဘယ်ပုံလေးတွေ တင်ရင်ကောင်းမလဲ
ရွေးပေးဦး"

ဆိုပြီး သူများကိုပါ အလုပ်ပေးနေသေးသည်။ နေမင်းကတော့ အနည်းငယ် ချင့်ချိန်နေသည့်ဟန်ဖြင့်

"တင်လို့ဖြစ်ပါ့မလားကွ

စဉ်းစဉ်းစားစားလည်း လုပ်ဦး ငါ့ကောင်" ပြောလိုက်သည်။ မင်္ဂလာတထွေ တိမ်မိုးဝေကတော့ သိပ်ပြီး အထွေအထူးစဉ်းစားသည့် သူမျိုးမဟုတ်သဖြင့်

"ဘာလို့တင်လို့ မဖြစ်မှာလဲ
ဒီလောက် မျက်စိပသာဒဖြစ်တဲ့ပုံလေးတွေမှမတင်ရအောင် ငါက အရူးလား"

"အေး မျက်စိပသာဒ ဖြစ်တာမဖြစ်တာနောက်ထား
အဲ့ပုံတွေ တင်လိုက်မှတော့ မင်းနဲ့ သမိုင်းက ဘာတွေဆိုတာ အကုန်သိသွားမှာပေါ့"

"သိ ပဓိပေါ့
အာ့တော့ဘာဖြစ်လဲ"

"ဟကောင်
မင်းကြိုက်ထားတာ မိန်းကလေးမဟုတ်ဘူး
ယောက်ျားလေးကွ
ယောက်ျားလေးချင်းကြိုက်တာကို မဝေဖန်တဲ့သူ မရှိဘူးထင်နေလို့လား
သူများဝေဖန်တာကို ထားလိုက်ဦး
မင်းအိမ်ကလူတွေ၊ မင်းအမျိုးတွေ သိသွားရင်ဘယ်လိုလုပ်မလဲ
အဲ့လိုပဲ သမိုင်းဖက်က သိသွားရင်ကော ဘယ်လိုလုပ်မလဲ
ပေါ့ပျက်ပျက် မတွေးစမ်းပါနဲ့"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now