Chapter 18

4.2K 660 236
                                    

Unicode

ဒီနေ့တော့ စိတ်လွတ်ကိုယ်လွတ် ကဲဖို့အတွက် အသင့်ပြင်ထားပြီးဖြစ်သည်။ ပေါ့ပေါ့ပါးပါးနှင့် စတိုင်လည်းကျမည့် အဝတ်အစားတို့ကို သေချာရွေးချယ်ဝတ်ဆင်ခဲ့၏။ clubတက်သည့်ရက်များတွင် အိမ်ပြန်နောက်ကျတာမို့ ဒီညသူအိမ်ပြန်အိပ်မှာမဟုတ်ပါ။ ဟိုတယ်မှာပဲ စုအိပ်သည့်အခါအိပ်သည်။ ဒါမှမဟုတ် နေမင်း၏ စတူဒီယိုသို့ သွားအိပ်ကြသည့်အခါလည်းရှိသည်။ မကြီးကတော့ သဘောမကျပေမယ့် တစ်ခါလောက်ဆူခံလိုက်ရင်ပြီးပြီ။ မေမေကတော့ ကိုယ့်ကိုသာနိုင်အောင်ထိန်းဟု မှာနေကျ စကားပဲမှာလိုက်သည်။

သူတို့သွားနေကျ clubသို့ သူအရင်ဆုံးရောက်သည်။ အင်း တက်ကြွတဲ့ ကြက်ဖကြီးကိုဖြစ်လို့။ အထဲသို့မဝင်ပဲ ကားထဲမှာပဲ ဟိုကောင်တွေလာတဲ့အထိ  စောင့်လိုက်သည်။ မရှေးမနှောင်းမှာပဲ ကျန်တဲ့သူတွေ ရှေ့ဆင့်နောက်ဆင့်ရောက်လာသည်။ ဒီနေ့မှာ ဗလကောင်မလေး၏ သူငယ်ချင်းမလေးတွေလည်း ပါမည်ဟု သိရသဖြင့် ကားပေါ်ကမဆင်းခင် ဆံပင်ကို နှစ်ခါလောက်သပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ပါဖြောင့်ပြီးသားမို့ သိပ်တော့မလိုပါဘူးလေ။

ကလပ် သို့ဝင်ပြီး ပုလင်းဖောက် ဖို့မှာလိုက်သည်။ member ဝင်ထားတာရော၊ မကြာခဏ လာနေကျမို့ အားလုံးက အေးဆေးပေါ့။ ဗလကောင်မလေး ချော၏ သူငယ်ချင်းမလေး သုံးယောက်ကလည်း အလန်းစားလေးတွေမို့ နေမင်းတို့က သဘောတွေစွတ်ကောင်းနေသည်။ ဒီနေ့အေးမြတ်မပါတာမို့ ဒီကောင် အမြီးနှံ့နိုင်တာ။ တွေ့မယ် အေးမြတ်နဲ့ကို ပြန်တိုင်ဦးမှာဟု စိတ်ထဲက ယုတ်မာစွာတေးထားလိုက်သည်။

ထိုကောင်မလေး သုံးယောက်ထဲမှာ သဲဦး ဆိုသောတစ်ယောက်က သွက်လည်းသွက်သည်။ ထို့ပြင်ကပ်လည်းကပ်သည်။ ရောက်ကတည်းက သူမကိုသူမ သဲ ကလေ သဲကလေ ဟု ထည့်ထည့်ပြောပြီး စကားလည်းတော်တော်ပြောနိုင်သည်။ သူတို့ဝိုင်းလိုက်ကတည်းက သူ့အနားက မခွာတော့။ ကျန်သည့်ကောင်တွေကပင် သူ့ကို မျက်စပစ်ပြီး မျက်လုံးချင်း အမေးအမြန်းလုပ်နေကြသည်။ သူကတော့ အလိုက်သင့် ပြန်ပြောပြီး အရက်ခွက်လေးကိုင် DJတီးလုံးနှင့် ငြိမ့်နေသည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now