Chapter 11

4.2K 646 134
                                    

Unicode

မနက်ခင်း  အစည်းအဝေးတွင် ခင်ကြေးမှုံတစ်ယောက်ပေါက်ကွဲနေသည်။ အကြောင်းရင်းကတော့ မဂ္ဂဇင်းတိုက်ကို ပို့ထားသော  စာမူများကိုဖတ်ပြီး စိတ်တိုင်းမကျနေတာဖြစ်သည်။

"အဆိုးဆုံးကတော့ Ownlish ဆိုတဲ့တစ်ယောက်
စာမူပို့လိုက်ရင်
Plot holeက တစ်ထောင်လောက်ရှိတယ်
စာလုံးပေါင်းသတ်ပုံမှားတာက တစ်သောင်းလောက်ရှိတယ်
Fiction လို့ခေါင်းစဉ်တပ်ပြီး စိတ်ကူးတွေ ယဉ်နေတာကို ငါလက်ခံလို့ရတယ်
စာလုံးပေါင်းသတ်ပုံမှားတာကို လက်ခံလို့ကိုမရဘူး
စာရေးသူတစ်ယောက်လုပ်နေပြီး သတ်ပုံမမှန်တာ ငါသိပ်အသည်းယားတယ်"

ကြေးမှုံတစ်ယောက်ပေါက်ကွဲနေတာကို ကျန်တဲ့သူတွေက အလိုက်တသိ ငြိမ်နေပေမယ့် စိုစိုတို့ကတော့ အလိုက်မသိ။

"နင်ကလည်း
ယားရင်ကုတ်လိုက်
မှားနေရင် ပြင်ပေးလိုက်ပေါ့"

" ဟဲ့ ပြင်ပေးတာကလွယ်တယ်
ငါပြောမယ်
သူရေးထားတဲ့အထဲမှာ
ကတ်ကတ်လန်အောင် ရန်တွေ့သည် ဆိုတာပါတယ်  အဲ့မှာကျတော့ 'ကတ်'ကို ပသတ်နဲ့ ကတ်ထားတယ်
ကပ်လှူသည် ဆိုတာကျတော့တ တသတ်နဲ့ ကပ်ထားတယ်
ငါအကြိမ်ကြိမ်ပြောထားပြီးသားကို
ဘယ်တော့မှမပြင်ဘူး
ငါ့ကို ရွဲ့နေသလားတောင်ထင်ရတယ်
ပုဒ်ဖြတ်တွေလည်း မှားလို့
သူ့စာမူကို မှင်နီနဲ့ပြင်ရင် တစ်မျက်နှာလုံး သွေးချောင်းစီးတဲ့ စစ်မြေပြင်ဖြစ်နေပြီ
သွား သူ့စာမူ မထည့်ဘူးလို့ပြောလိုက်"

ကြေးမှုံသည် စာလုံးပေါင်းသတ်ပုံနှင့်ပတ်သတ်လျှင် အထိမခံပေ။ ဒါ့ကြောင့် ကွယ်ရာမှာ သူမကို ခင်သတ်ပုံဟု မသိအောင် ခေါ်ကြတာဖြစ်သည်။ ခေါ်သူမလွန်ပါ။

"အာ့လိုတော့ မလုပ်ကောင်းပါဘူး
Ownlish ချစ်စရာလေးပါဟယ်"

"ဘာချစ်စရာကောင်းတာလဲ
မျက်မှန်က ပုလင်းဖင်
အရပ်က ဂလန်ဂလားနဲ့"

"အေးလေ
အဲ့လို ပုလင်းဖင်ဖြစ်နေလို့
မှုန်ပြီး သတ်ပုံတွေမှားတာဖြစ်နိုင်တာပဲ"

"ပေါက်ကရ တွေ မပြောစမ်းနဲ့"

"ဟယ်
နောက်ပြီး သူ့ကြည့်ရတာ နွမ်းပါးပုံရပါတယ်ဟယ်
သူ့ခမျာ ဒီကရတဲ့ စာမူခလေးနဲ့ရပ်တည်နေရတာဆိုရင်ဘယ်လိုလုပ်မလဲ"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now