Chapter 25

4.1K 570 50
                                    

Unicode

ရန်ကုန်မြို့၏ မနက်ခင်း ဝေလီဝေလင်း အချိန်ဟာ ကားတွေ၊ လူတွေ ရှုပ်ယှက်ခတ်မနေသေးပေ။ အနည်းငယ် ရှင်းလင်း တိတ်ဆိတ်နေသည့် လမ်းမပေါ်တွင် ကားလေးတစ်စီးသည် ပုံမှန်အရှိန်နှင့်မောင်းနှင်နေသည်။ ကားပေါ်တွင် ဒရိုင်ဘာနေရာမှ မောင်းနှင်နေသည့် ကောင်လေးနှင့် ဘေးမှာ ထိုင်နေသည့် ကောင်လေးတစ်ယောက် ရှိသည်။ ထိုကောင်လေးနှစ်ယောက်၏ ကားထဲမှာတော့ ပြင်ပ နှင့်ဆန့်ကျင်စွာ ဆူညံနေသည်။

"အိပ်လိုက်ခဲ့လို့ဆို"

"ကျွန်တော်မှ မအိပ်ချင်တာလေ"

"ဒါဆို ဖုန်းမသုံးပဲ ကိုယ့်ကိုဘေးက ထိုင်ကြည့်နေ"

"ဘာလို့ ကြည့်ရမှာလဲ"

"ချောလို့လေ"

"အာ့လိုတွေမပြောပဲ ကိုယ့်ကားကိုသာ အာရုံစိုက်မောင်းစမ်းပါ"

ဒီနေ့ သမိုင်းသစ်နှင့် တိမ်မိုးဝေတို့နှစ်ယောက် တရက်တာ staycationနေဖို့ထွက်လာတာဖြစ်သည်။ ကျောင်းလည်းပိတ်၊ ဆိုင်လည်းပိတ်ပြီး နှစ်ယောက်သား ပျော်ပွဲစားထွက်လာကြခြင်းဖြစ်သည်။ အစကတော့ ရန်ကုန်မြို့ထဲမှာပဲ ရုပ်ရှင်လေးသွားကြည့်၊ မုန့်လေးသွားစားဒိတ်လုပ်ဖို့ပါပဲ။ ဒါပေမယ့် သမိုင်းက မှော်ဘီ စိုက်ပျိုးရေးဇုန်မှာ သူတို့ ခြံရှိသည်၊ သွားလည်မလားဆိုတာနှင့် မြို့ပြရဲ့အဝေးကို တူနှစ်ကို ရွက်လွှင့်ခဲ့တာဖြစ်သည်။

ကားပိတ်မှာစိုးလို့ မနက်စောစော ထထွက်လာကြခြင်းဖြစ်သည်။အခုလို နှစ်ယောက်တည်း အေးအေးလူလူထွက်လာရဖို့အရေး တိုက်ပွဲအသေးစားလေး ဝင်ခဲ့ရသေးသည်။ သွားမယ့်ရက် သတ်မှတ်ပြီးတော့ ပြင်စရာရှိတာပြင်ရသည်။ ခြံအနီးအနားမှာ ဘာမှမရှိဆိုသဖြင့် စားစရာနည်းနည်းပါးပါး ကို ဝယ်သွားမှရမည်။ ထို့ကြောင့် လိုအပ်တာလေးတွေကို city martမှာ သွားဝယ်ဖြစ်ကြသည်။  ဈေးဝယ်နေရင်း သမိုင်းက

"ကိုတိမ်
ကောင်းကောင်းပါခေါ်ခဲ့လိုက်မယ်နော်" ဟုဆိုလာတော့ သူ့မှာ ထိတ်လန့်သွားသည်။ သူက နှစ်ယောက်တည်း နတ်ပြည်တက်ဖို့ လုပ်နေတာလေ။  ဒါကို အပေါင်းအသင်းခေါ်ရအောင် ဒီကောင်လေး စိတ်ဖောက်နေတာလား။ ထို့ကြောင့် 

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now