Chapter 12

6.1K 826 191
                                    

Unicode

စိုစိုနှင့် ကြေးမှုံတို့သည် ဖြိုးမိုးတို့နေထိုင်ရာ ရန်ကင်းအိမ်သို့ ၁၁နာရီလောက်တွင် ရောက်လာကြသည်။ စိမ်းစိုသည့် သစ်ပင်လေးတွေ စိုက်ထားသည့် ခြံလေးသည့် အုပ်အုပ်ဆိုင်းဆိုင်းဖြင့် အေးမြနေသည်။ တစ်ထပ်တိုက်ဝါလေးနှင့် ခြံလေးသည် နေချင်စရာလေးဖြစ်သည်။ သူတို့သည် ကားကိုရပ်လိုက်ပြီး ကြေးမှုံက ကားနောက်ခန်းမှ လက်ဆောင်ပေးမည့် ပန်းစည်းကြီးကို ထုတ်ယူလိုက်သည်။

"အဲ့ပန်းစည်းကြီး မလိုပါဘူးဆို
ဝယ်လာတယ်"

"ဟဲ့
သူတို့က ပိုက်ဆံလည်းယူတာမဟုတ်ဘူး
ဒီအတိုင်းခင်လို့ကူညီတာဆိုပေမယ့်
ဒီလောက်ကတော့ ပေးရမှာပေါ့"

စိုစိုကတောာ့ ပြန်မပြောတော့။ အိမ်ရှေ့ရောက်တော့ ဘဲလ်တီးလိုက်သည်။ ဘဲလ်သံအဆုံးမှာ တံခါးဖွင့်သံကြားလိုက်ရသည်။ ကြေးမှုံသည် တံခါးလာဖွင့်ပေးသည့် ကောင်လေးကိုကြည့်လိုက်သည်။ အိမ်နေရင်းမို့ထင်သည်၊  ခဲရောင် တီရှပ်ဗြောင်တစ်ထည်နှင့်အကွက်စိပ်ပုဆိုးတစ်ထည်ကိုသာ ဝတ်ထားသည်။ ဆံပင်တို့ကိုလည်း ရိုးရိုးရှင်းရှင်း တိုတိုသာညှပ်ထားသည်။ ဖြူသောအသား မျက်ခုံးမျက်လုံးကောင်းကောင်းနှင့်မို့ကြည့်ကောင်းသည့်ကောင်းလေးပါပဲ။ သူမတို့ထက်အသက်ငယ်သည့်ပုံရသဖြင့် ဒီတစ်ယောက်က ပြည့်သူဖြစ်လိမ့်မည်။ ဖြိုးမိုးက သူမတို့နှင့် ရွယ်တူဖြစ်ပြီး ပြည့်သူကတော့ ငယ်သည်ဟု စိုစိုက ပြောထားသည်။

"အိမ်ထဲ ဝင်ကြပါ ခင်ဗျ"

အင်း စကားအပြောအဆိုကလည်းရည်မွန်သည်။ ပေးလိုက်ပြီ တစ်မှတ်။

သူမတို့နှစ်ယောက်သည် ဖိနပ်ချွတ်မှာ ဖိနပ်ချွတ်ထားခဲ့ပြီး အိမ်ထဲဝင်ခဲ့ကြသည်။ ထိုကောင်လေးကတော့ သူမတို့နှစ်ယောက်ကို ဧည့်ခန်းမှာ နေရာချထားပေးပြီး အနောက်ဖက်ကိုဝင်သွားသည်။ မနုမကြမ်း ကော်ဇောခင်းထားပြီး  နံရံကိုတော့အဝါဖျော့ဖျော့ ဆေးသုတ်ထားသည်။ နှစ်ယောက်တည်းနေသည့် အိမ်ဖြစ်လို့လားတော့မသိ။ ရှုပ်ပွမနေ။ အခန်းတွင်း အဲယားကွန်းဖွင့်ထားပြီး အအေးခန်းလေးထဲမှာ air sprayဖျန်းထားလို့လားမသိ၊ မက်မွန်သီးနံ့သင်းသင်းလေးတောင် ရသည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now