Chapter 34

3.6K 561 50
                                    

Unicode

တိမ်မိုးေ၀ သည် သမိုင်း၏ အဆောင်ပြင်ဖက် ကားပါကင်မှာ ကားရပ်ပြီး သမိုင်းကို စောင့်နေခဲ့သည်။ သမိုင်းက Courses ငါးခု ဖြေပြီးပြီ။ နောက်ဆုံး Courseတစ်ခုမဖြေခင် စနေ၊ တနင်္ဂနွေပိတ်ရက်ခံသွားတာဖြစ်သည်။ ထို့ကြောင့် ပိတ်ရက်မှာ သမိုင်းနှင့် မုန့်အတူသွားစားမည်။ ပြီးရင် သူ၏ ဆိုင်ချင်လျှင် ဆိုင်ခေါ်ခဲ့မှာဖြစ်ပြီး ၊ ဆိုင်မလိုက်ချင်လျှင်တော့ စိုစို၏ တိုက်ခန်းသို့ ပို့ပေးခဲ့ရမှာ ဖြစ်သည်။ သူက ဆိုင်မှာ လူရှင်းသည့် အချိန်စောထွက်လာသဖြင့် သမိုင်းက ရေချိုးမပြီးသေး။ ထို့ကြောင့် သမိုင်းထွက်အလာကို စောင့်နေရင်း ဖုန်းကြည့်နေလိုက်သည်။

"သြော် ကိုတိမ်"

အသံကြားလို့ မော့ကြည့်လိုက်သောအခါ သမိုင်းတော့မဟုတ်။ သမိုင်း သူငယ်ချင်း ကောင်းကောင်းဖြစ်နေသည်။ ကောင်းကောင်းကလည်း အပြင်သွားမည့်ပုံစံပဲ။ သူလက်လှမ်းပြလိုက်သည်။

"ကောင်းကောင်း အပြင်သွားမလို့လား
အကိုတို့နဲ့တူတူ မုန့်လိုက်စားလေ"

"မစားတော့ဘူး ကိုတိမ်
အိမ်ကလှမ်းမှာထားတာလေး သွားဝယ်မလို့

ကျွန်တော်က စာမေးပွဲပြီးတာနဲ့ တန်းပြန်မှာလေ"

"ဟုတ်လား
သမိုင်းလည်း အစက ချက်ချင်းပြန်မယ်လုပ်နေတာ
အခုတော့ Oralဖြေပြီးရင် တစ်ရက်ထပ်နေပေးမယ်ပြောတယ်"

"ဟုတ်တယ်
ကျွန်တော့်ကိုလည်း ပြောတယ်"

စကားပြောနေရင်း ကောင်းကောင်းမျက်နှာမှာ သူ့ကို တစ်ခုခု ပြောချင်နေသည့်ဟန် အကဲခတ်မိလိုက်သည်။ ချီတုံ ချတုံဖြစ်နေသည့်ဟန်ကြောင့်ဒီကလေး ပြောရခက်နေလို့များလား တွေးပြီး စကားစပေးလိုက်သည်။

"ကောင်းကောင်း အကို့ကို တစ်ခုခုပြောစရာရှိလို့လား"

"ဒီရက်ပိုင်း သမိုင်း ကိုတိမ်ကို ဘာပြောသေးလဲ
သူအဆင်ပြေတယ်မလား"

သမိုင်းနှင့်ပတ်သတ်သည့် မေးခွန်းကြောင့် သူအနည်းငယ် အံ့သားသင့်သွားသည်။ ခုဏက သူထင်နေခဲ့တာက ဒီကလေး အပြင်သွားဖို့ ပိုက်ဆံမလောက်လို့များ အကူအညီတောင်းချင်တာလားဟု တွေးနေခဲ့တာ။ သူ့တုန်းကလည်း စာမေးပွဲဖြေပြီးတာနဲ့ အိမ်ကပေးသမျှ အကုန်ပြောင်တာမို့လေ။ အခုတော့ သမိုင်းနှင့်် ပတ်သတ်ပြီး ထူးထူးဆန်းဆန်းလာမေးနေသည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now