Chapter 37

3.5K 563 56
                                    

Unicode

သမိုင်း ရန်ကုန်သို့ ပြန်ရောက်ပြီး ဒုတိယနေ့မှာတော့ ထွေထွေထူးထူး လုပ်စရာသိပ်မရှိခဲ့ပေ။ သူက ကိုတိမ်နဲ့ တွေ့ဖို့ အလည်သပ်သပ်လာခဲ့တာမို့ သူ့အလုပ်က ကိုတိမ်နဲ့ dateရုံပဲလေ။ရန်ကုန်မှာ ရှိနေစဉ်အတွင်း မဖြစ်မနေတခြားလုပ်စရာဆိုလို့   ကျောင်းပြန်ဖွင့်လျှင်ဘယ်ကနေ ကျောင်းတက်မှာလဲ တစ်ခုသာ စိုစိုနှင့် ဆွေးနွေးဖို့ပဲရှိသည်။ အဆောင်မှာ ပြဿနာ အကြီးအကျယ်မတက်ခဲ့ပေမယ့် ဆက်နေလျှင်တော့ တစ်နေ့မဟုတ် ကြုံလာနိုင်သည်။ သူ့အနေနှင့်ကတော့ စာသင်နှစ်တစ်လျောက် အေးချမ်းစွာနေလိုသည်။ အဆောင်မှာမနေလည်း ဘာမှမဖြစ်တာမို့ အဆောင်နေကျောင်းသားဘဝကို လက်လျော့လိုက်တော့မည်။ စိုစို့တိုက်ခန်းကလည်း သူတို့တူဝရီးနှစ်ယောက်နေရန် လုံလောက်စွာ ကျယ်ဝန်းသည်မို့ ဘာမှထူးပြင်ဆင်စရာတော့မရှိပေ။ ထိုကိစ္စကို စိုစိုနှင့် စကားပြောဖြစ်တော့

"သသ သဘောပဲလေ
ဒါပေမယ့် စိုစို တစ်ခုသိချင်တယ်

ကျောင်းက အဆောင်မှာ မနေတော့တဲ့ အကြောင်းရင်းကဘာလဲ" ဟု မေးခွန်းထုတ်ခံရသည်။ သူအဆောင်မှာ နေရဖို့ ဘယ်လောက်ထိ ရူးသွပ်ခဲ့သလဲဆိုတာက တစ်မိသားစုလုံးအသိပင်ဖြစ်သည်။ အခုလိုမျိုး အဆောင်မှာ မနေတော့ဘူးဆိုတော့ အကြောင်းရင်းတစ်ခုရှိမည်ဆိုတာကို စိုစိုလည်း ရိပ်မိမှာပေါ့။

"တခြား ထွေထွေထူးထူးရယ်လို့မရှိပါဘူး စိုစို
ဒါပေမယ့် သားနဲ့ ကိုတိမ် အကြောင်းကို အဆောင်နေ တခြားအဖော်တွေက သိတဲ့သူတွေလည်းရှိတယ်။
အဲ့ဒီလို သိတဲ့သူတွေထဲက တစ်ချို့အတွက် စိတ်သဘောမတွေ့စရာ ဖြစ်နေတယ်နဲ့တူပါတယ်။
ဒါ့ကြောင့် အဆောင်မှာ ဆက်နေရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်လေ
ဒါ့ကြောင့်ပါ"

"ကြောက်လို့ ရှောင်ပြေးတာတော့ မဟုတ်ဘူးမလား"

"ဘာကို ကြောက်ရမှာလဲစိုစို
နောက်ပြီး ဘာအတွက်ကြောက်ရမှာလဲ"

"စိုစို ဘာကို ဆိုလိုချင်တာလဲ သသ သိပါတယ်"

"သားတို့ RS ကို လက်မခံနိုင်တဲ့သူတွေကို ဘာအတွက်ကြောင့်မှ ကြောက်မနေပါဘူး
အခုလို အဆောင်မှာ မနေတာကတော့ ကိုယ့်ဖြစ်တည်မှုက တစ်ခြားသူအတွက် စိတ်အနှောက်အယှက်မဖြစ်စေချင်ရုံသက်သက်ပါပဲ
ဆေးလိပ်ကို ကိုယ်ကြိုက်လို့သောက်လည်း ဘေးနားကလူကို အနှောက်အယှက်မဖြစ်အောင် ဆေးလိပ်သောက်ရမယ့်ဧရိယာမှာဖြစ်စေ၊ လွတ်ရာကိုရှောင်ပြီးသောက်ရတယ်မလား
ငါတို့လွတ်လပ်ခွင့်နဲ့ ငါတို့သောက်ချင်တဲ့နေရာမှာ သောက်မယ်ကွာဆိုပြီး တွေးလို့မှမရတာ
ကျွန်တော်တို့ RSကလည်း ဆေးလိပ်သောက်တာလို ဆိုးကျိုးပေးတဲ့အရာမဟုတ်ပေမယ့် ငါတို့လွတ်လပ်ခွင့်ပဲကွာဆိုပြီး လုပ်ချင်တိုင်း လုပ်မရဘူးလေ
လူ့အခွင့်အရေးဆိုပြီး ရဲရဲဝံ့ဝံ့လျှောက်လှမ်းလည်းရပေမယ့်
ကိုယ့်ပျော်ရွှင်မှုက သူတစ်ပါးကို စိတ်အနှောက်အယှက်ပေးမိနေမှာကို မလိုလားလို့ပါ
အဲ့အချက်တစ်ချက်ပဲ သားအလေးထားလို့ပါ"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedTempat cerita menjadi hidup. Temukan sekarang