Chapter 16

4.1K 615 69
                                    

Unicode

"သမိုင်းရေ
ကိုယ်ထွက်လာပြီနော်"

"ဟုတ်ကဲ့ ကိုတိမ်
ကျွန်တော်လည်းအဆင်သင့်ဖြစ်နေပြီ"

"ok
See you"

သူ သမိုင်းကို သွားမကြိုခင် ဖုန်းဆက်နေတာဖြစ်သည်။ အခန်းထဲကမထွက်ခင်  ကင်မရာအိတ်ကို တစ်ချက်စစ်ကြည့်လိုက်သည်။ ဘတ်ထရီ အပိုပါပြီ၊ lightingချောင်း ပါပြီ၊ memoryကဒ်လည်းထည့်ပြီးသား။ lens လည်း နှစ်လုံးစလုံးထည့်ပြီးပြီ။ ဒါပေမယ့် တစ်ခုခု လိုနေသလိုပဲ။ ဘာလို့အိတ်ကချောင်နေတာလဲ။ အာ ကင်မရာမထည့်ရသေးတာ။ Canon Eos M 50လေးကို ထည့်လိုက်သည်။ ဒီကင်မရာလေးက mirrorlessကင်မရာ။ အကောင်သေးသည်။ သယ်ရလွယ်ကူသဖြင့် အပြင်သွားရင် ဒီကင်မရာလေးကိုပဲယူသွားဖြစ်တာများသည်။ နေမင်းတော့ အကောင်ကြီးတွေ ယူလာမှာမို့ စိတ်တိုင်းမကျရင် နေမင်းကင်မရာနဲ့ရိုက်လည်းရသည်။

သူက ကင်မရာကို ရူးရူးမူးမူး စွဲစွဲလန်းလန်းကြီးမဟုတ်ပေမယ့် အတော်အသင့်စိတ်ဝင်စားသည်။ နေမင်းကအဆွယ်ကောင်းတာရော ၊ သူ့ဆိုင်pageလေးမှာ ပုံတွေတင်ဖို့အတွက် ဓါတ်ပုံရိုက်ဖို့ လိုအပ်တာကြောင့် ကင်မရာတစ်လုံးစဝယ်ဖြစ်သည်။ စစဝယ်တုန်းကလည်း Canonထဲကပဲဖြစ်သည်။ DSLR 60D  ဖြစ်သည်။ နောက်ပိုင်း mirrorlessတွေ ခေတ်စားလာမှ အခု eos M50လေးကို ထပ်ဝယ်ဖြစ်ခဲ့တာပင်။ ကင်မရာသင်တန်းက အခြေခံတက်ထားတော့ အနည်းအကျဉ်းတော့ ရိုက်တတ်သည်ဟု ပြောရမှာပဲ။ ကျန်တာကတော့ မသိရင် နေမင်းဆီ လှမ်းမေးလို့ရနေသည်လေ။

ကင်မရာအိတ် ကို လွယ်ပြီး ထွက်လာခဲ့သည်။ သမိုင်းကိုတော့ မနေ့ကတည်းကဝတ်ပြီးရိုက်မည့် တစ်စုံထည့်ပေးလိုက်ပြီးသားမို့ အဝတ်အစားက ယူစရာမလို။  မသွားခင် မှန်တစ်ချက်ကြည့်လိုက်သည်။ ဒီနေ့မှာ ခါတိုင်းထက်ပိုချောနေသလိုပဲ။ တစ်နေ့ထက် တစ်နေ့ပိုပိုချောနေမှန်းသိပေမယ့် ဒီနေ့မှ ချောမောမှုလယ်ဗယ်က 2ဆလောက်တက်လာသလိုပဲ။ အင်း ဘယ်တတ်နိုင်ပါ့မလဲ။ မွေးကတည်းက ချောခဲ့တာကိုး။

သမိုင်းတို့အဆောင်ရှေ့ရောက်တော့ သမိုင်းကို မတွေ့သဖြင့် ဖုန်းဆက်လိုက်သည်။ သမိုင်းက ဖုန်းကိုင်တာနှင့်

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now