Chapter 39

3.5K 556 85
                                    

Unicode

ကမ္ဘာကြီးက ၂၃၁/၂ဒီဂရီ လည်နေမှုနှင့်အတူ အချိန်တွေဟာလည်း မသိမသာ ကုန်ဆုံးနေခဲ့သည်။6လဆိုသော အချိန်ဟာ ဘာမှမကြာလိုက်ပဲ အခုဆို သမိုင်းပင် တတိယနှစ် second semesterကို တက်ရောက်နေပြီဖြစ်သည်။ သူ၏ ကျောင်းသားဘဝနှင့် ကိုတိမ်နဲ့ကြားက အချစ်ရေးကတော့ အပြောင်းအလဲမရှိ အရင်လို၊ အရင်တိုင်းပါပဲ။မနက်ဆိုလျှင်တော့  စိုစို၏ တိုက်ခန်းကနေ ကျောင်းသွားသည်။ သူသည် ကိုယ်ပိုင်ကားနှင့်ကျောင်းတက်ရတာကိုလည်း သိပ်ပြီး နှစ်ခြိုက်နေသောသူမဟုတ်သောကြောင့် များသောအားဖြင့် YBSစီးပြီးသာကျောင်းတက်သည်။ သင်တန်းတက်စရာရှိသော နေ့များတွင်တော့ ကျောင်းကအပြန် သင်တန်းသွားပြီး၊ သင်တန်းမရှိသောနေ့များတွင်တော့ ကိုတိမ်ကလာကြိုသည်။ထိုအခါမျိုးတွင် သူက ကိုတိမ်ဆိုင်သို့ လိုက်သွားလေ့ရှိပြီး ဆိုင်ပိတ်သည်အထိအတူရှိနေပေးသည်။ အိမ်ပြန်တဲ့အခါမှာလည်း ကိုတိမ်က ပြန်လိုက်ပို့ပေးတာမို့ သူတို့နှစ်ယောက်၏ တွေ့ဆုံချိန်တွေက အရင်တုန်းကထက်ပိုများလာတာတော့ အမှန်ပဲဖြစ်သည်။

ဘာ့ကြောင့်ပဲချစ်ခဲ့၊ ချစ်ခဲ့၊ ဘယ်လိုပဲချစ်ခဲ့၊ ချစ်ခဲ့ အချစ်တွေတိုးလာတာနှင့်အမျှ သံယောဇဉ်တွေကပါ ခိုင်မာလာသည်။ အခုဆို နှစ်ယောက်သား တစ်ယောက်အကြောင်းကို တစ်ယောက် မသိတာမရှိသလောက်ပါပဲ။ အမူအကျင့်တွေ၊ စိတ်နေစိတ်ထားတွေ၊ အကုန်လုံးဟာ အလွတ်ကျက်မိနေပြီဖြစ်သည်။ မျက်နှာမြင်လိုက်တာနှင့်ပင် စိတ်အခြေအနေကို အကဲလို့ရနိုင်သည် အထိ ရင်းနှီးနေကြပြီဖြစ်သည်။ ဝေယံတို့အပါအဝင် သူတို့နှစ်ယောက်အကြောင်းကို သိသူတိုင်းထံမှ မကြာခဏ ပြောခံရတာကတော့

"မင်းတို့နှစ်ယောက် ရုပ်ချင်းပို ဆင်လာတယ်" ဆိုတာပဲဖြစ်သည်။ ချစ်သူနှစ်ယောက်၏ ရည်းစားသက်တမ်းကြာလာတာနှင့်အမျှ ရုပ်ပိုင်းဆိုင်ရာပိုပြီး တူညီလာသည်ဟု သူလည်းကြားဖူးသည်။ ဘာ့ကြောင့်လဲဆိုတော့ အတူရှိချိန်တွေများလာတော့၊ ရယ်မောတာပဲဖြစ်စေ၊ စကားပြောတာပဲဖြစ်စေ၊ မျက်နှာကြွက်သားတို့၏ အလုပ်လုပ်ပုံနှင့် အချိန်တွေက တစ်ထပ်တည်းကျနေတော့ ကြာတော့ ရုပ်ချင်းဆင်လာတာဖြစ်သည်ဟု ဆိုကြသည်။ ထို့ပြင် ဒီလူတစ်ယောက်၏ ဘေးမှာ အမြဲတမ်း ဒီလူကိုပဲ မြင်နေရတာဆိုတော့  ဒါဟာ အသားကျနေသည့် အရာတစ်ခုလို ဖြစ်သွားတာလည်း ဖြစ်မည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now