Chapter 8

4.4K 650 57
                                    

Unicode

ကားပါကင်မှာ ကားထိုးထားခဲ့ပြီး မဂ္ဂဇင်းတိုက်ထိကို လမ်းလျှောက်လာခဲ့သည်။ လမ်းမှာ စံပယ်ပန်းကုံးတွေရောင်းနေတဲ့ ကလေးကိုတွေ့သဖြင့် စံပယ်ပန်း 2ထောင်ဖိုးဝယ်လိုက်သည်။ ရုံးခန်းထဲမှာချိတ်ထားတော့ အနံ့သင်းတာပေါ့။ လက်တစ်ဖက်က စံပယ်ပန်းတွေကိုင်ပြီး တံခါးကို ခန္ဓာကိုယ်နှင့်တိုက်ဖွင့်ကာ ဝင်လိုက်သည်။ ထို့နောက်

"မင်္ဂလာပါ ပြိတ်သတ်ကြီး" ဆိုပြီး အသံကျယ်ကျယ်နှင့် ဟန်ပါပါ နှုတ်ဆက်လိုက်သည်။ ဒါပေမယ့် သူမကို အဖက်လုပ် ပြီး ပြန်နှုတ်ဆက်သူများကတော့တစ်ယောက်မှမရှိ။ ကိုယ့် ကွန်ပျုတာနှင့်ကို အားလုံးကအလုပ်ရှုပ်နေကြသည်လေ။

"သူဇာ
မမကြေးကိုသွားပြောချေ
မမစိုရောက်ပြီလို့ အစည်းအဝေးစတော့မလားမေးခဲ့"

ယမုံက ကော်ပီစက်ရှေ့ ကော်ပီကူးနေသည့် သူဇာ့ကို လှမ်းပြောလိုက်သည်။ စိုစိုတစ်ယောက် သူမကို အဖက်မလုပ်ကြသဖြင့် နည်းနည်းတင်းသွားသည်လေ။ လက်ထဲက စံပယ်ပန်းတွေကို နံရံမှာ ချိတ်ရင်း

"ငါ အခုမှရောက်တာလေ နည်းနည်း အပန်းဖြေပါရစေဦးလေ"

"မမစိုက ကားနဲ့လာပြီး ဘာကို အပန်းဖြေချင်သေးတာလဲ "

ဝတီက လှမ်းစသည်။

"ထားလိုက်ပါတော့
ရှင်တို့ကရက်စက်မှတော့ ဘာတတ်နိုင်မလဲ"

အားလုံးက မှတ်စုစာအုပ်ကိုယ်စီကိုင်ပြီး လုပ်လက်စအလုပ်များကို ချထားကာ အစည်းအဝေးခန်းသို့ထွက်ခဲ့ကြသည်။

"ကဲ ဒီလထုတ်မှာ cover photoကို ဘယ်လိုလုပ်မလဲ"

ခင်ကြေးမှုံက စကားစလိုက်သည်။

ထိုအခါ ယမုံက

"အရင်လက ညီမတို့ Reality Coupleဆိုတဲ့ ကဏ္ဍကို စထည့်တယ်လေ
အဲ့ဒါကို promoteလုပ်တဲ့အနေနဲ့ ဒီလမှာ အင်တာဗျုးမယ့် coupleရဲ့ ပုံကို cover photo အနေနဲ့ထားရင်ကောင်းမလား"

အားလုံး ကတစ်ချက်စဉ်းစားလိုက်သည်။ ထို့နောက် ကြေးမှုံက

"ကောင်းသားပဲလေ
ဒါပေမယ့် ဒီလ ဘယ်သူတွေကို အင်တာဗျုးမယ် သတ်မှတ်ပြီးပြီလား"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now