Chapter 17

3.9K 615 74
                                    

Unicode

🎶🎵🎼" ချစ်တတ်ဖို့ကြိုးစားခဲ့တာလည်း
ငါ့ဘဝတစ်ဝက်ကျိုးလုနီးပြီပဲ
အဖော်မဲ့နေ့တွေ
တစ်ယောက်တည်းညတွေ
တစ်ကောင်ကြွက်ပေါ့လေ"🎶🎵🎼

ဂျီလတ်၏ လွမ်းစရာကောင်းသည့် သီချင်းလေးဟာ စိမ်းရောင်စို၏ ပါးစပ်ထဲရောက် သွားသည့်အခါမှာတော့ လွမ်းစရာမကောင်းပဲ ငိုစရာကောင်းနေသည်။ ကီးကြောင်ကြောင်၊ အသံဆိုးနှင့် လွှတ်အော်နေသဖြင့် နားအဟွာကျင့်ခံလိုက်ရသလိုငိုချင်လာခြင်းဖြစ်သည်။ မနက်ကတည်းက အခေါက်ပေါင်းများစွာ နားထောင်ပြီးသည့် နောက်မှာ ခင်ကြေးမှုံတစ်ယောက် သီးမခံနိုင်တော့။ နောက်ကနေ တစ်ချက် ရိုက်ချလိုက်သည်။

"ဖြောင်း"

"အား
နင့်မေကြီးတော် နတ်ကတော်"

လန့်အော်သံအဆုံးမှာ သူမကို ရိုက်သည့် တရားခံကို လှည့်ကြည့်လိုက်သည်။ သူမကို စားမလိုဝါးမလိုကြည့်နေသည့် ချစ်သူငယ်ချင်းကြီးကိုမြင်လိုက်သဖြင့်

"ငါ့ကို ဘာလို့လာရိုက်တာလဲ"

ဆိုပြီး အရိုက်ခံလိုက်ရသည့်နေရာကို လက်နှင့်ပွတ်ရင်း မေးလိုက်သည်။

"နင် ရုပ်နဲ့နှိပ်စက်ရရင် တော်ပီပေါ့
ဘာလို့ အသံနဲ့ပါထပ်နှိပ်စက်နေတာလဲ
ကျန်တဲ့သူတွေကို အားနာဦးဟဲ့"

"ဟယ်
ငါက သူတို့ အိပ်ငိုက်မှာစိုးလို့
ဖျော်ဖြေနေတာလေ
ငါ့ရဲ့one lady showကို အခမဲ့ နားထောင်ခွင့်ပေးတာ ကျေးဇူးတောင်တင်ရဦးမယ်"

"နင့်ရဲ့ အပေါက်ကို ပိတ်ပြီး အလုပ်လုပ်
နောက်တစ်ခါ အသံထပ်ထွက်ရင်
ဒီဘဝနေ တကယ် လွတ်မြောက်သွားအောင် ကန်ပစ်မယ်"

အံကြိတ်ကြိမ်းလိုက်ပြီး သူမအခန်းထဲသို့ ပြန်ဝင်သွားသည်။ စိုစိုကတော့ သူမထိုင်ခုံဘေးက ဝတီကို

တိုးတိုးကပ်ပြီး အတင်းတုပ်နေသေးသည်။

"သွေးဆုံးခါနီးမို့
စိတ်တွေက ဂယောက်ဂယက်ဖြစ်နေတာလေ "

"မမစိုစိုကတော့ ပြောတော့မယ်

"အတည်ပြောနေတာပါဆို"

သူမတို့၏ အယ်ဒီတာနှင့် ပိုင်ရှင်က ကြွက်နှင့်ကြောင်ဆိုတာ သိပြီးသားမို့  ထူးပြီးမပြောတော့။ ခေါင်းရမ်းပြီး အလုပ်သာဆက်လုပ်နေလိုက်သည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now