Chapter 10

4.4K 705 108
                                    

Unicode

"တကယ်ပဲ ဘာမှမပတ်သတ်တာ သေချာလား"

"သေချာပါတယ်ဆို"

"အတည်နော်"

"အင်း လို့"

အထက်ပါ ပုလိပ်စစ်၊ ရဲ စစ် စစ်နေသူကတော့ မင်္ဂလာ ကိုတိမ်မိုးဝေ ဖြစ်ပြီးစစ်ဆေးခံနေရသူကတော့ ဒုတိယနှစ်ကျောင်းသားလေး မောင်သမိုင်းသစ်ဖြစ်သည်။ စွဲချက်တင်ထားသော အမှုကတော့ စနေနေ့ညက ဘားရောက်မှု ဖြစ်သည်။

သမိုင်းကို ဘားမှာ တွေ့ကတည်းက  မေးချင်လွန်းလို့ တနင်္ဂနွေနေ့ စောစောသွားစောင့်နေပေမယ့် အဲ့နေ့က သမိုင်းက ဆိုင်မလာခဲ့ပါ။ ဒါ့ကြောင့် သမိုင်းအလုပ်ပြန်ဆင်းသည့် ဗုဒ္ဓဟူးနေ့ မရှည်သည့်စိတ်ကို ဆွဲဆန့်ထားရသည်။ဖုန်းဆက်မေးရအောင်ကျတော့လည်း အရေးထဲ အဲ့ကောင်လေး၏ ဖုန်းနံပါတ်က သူ့မှာမရှိသဖြင့် မမေးခဲ့ရ။ ထို့ကြောင့် ဒီနေ့ သမိုင်း၏ အရိပ်ကိုမြင်လိုက်ရကတည်းက နောက်ကနေ တကောက်ကောက်လိုက်လာပြီး မေးနေတာဖြစ်သည်။

သမိုင်းဖက်ကကျတော့လည်း တစ်မျိုး။ အရင်တစ်ပတ်က အပြင်ထွက်လို့ရသဖြင့် ခါတိုင်းလို စိုစို့တိုက်ခန်းမှာ လိုက်နေသည်။ အဲ့ညက စိုစိုတို့ ရုံးဝန်ထမ်းအသစ်တွေကို ကြိုဆိုပွဲလုပ်ပေးမှာမို့ သူ့ကိုပါလိုက်ခဲ့ဖို့ခေါ်သည်။ သူလည်း တစ်ယောက်တည်း နေရတာပျင်းပါတယ်လေဆိုပြီး လိုက်သွားမိတာဖြစ်သည်။ ဘားကိုလည်း မရောက်ဖြစ်တာကြာပြီမို့ အပျင်းပြေလိုက်သွားတာဖြစ်သည်။

တခြားအပြင်လူတွေမပါ။ စိုစိုရယ် တီကြေးရယ် စိုစိုတို့ မဂ္ဂဇင်းတိုက်က ကျန်တဲ့ အမ4ယောက်ရယ်ဖြစ်သည်။ သူတစ်ယောက်တည်း ယောက်ျားလေးဖြစ်နေပေမယ့် သိတဲ့သူတွေကြားထဲမို့ နေရတော့ သိပ်မကျပ်ခဲ့။ အဲ့မှာ မိုက်ခဲ စိုစိုက သီချင်း တက်ဆိုချင်သည်လုပ်သည်။

"ငါ pink သီချင်းဆိုမယ်
သသ ကူဆိုပေး"

" အာ
မဆိုပါဘူး
ကိုယ့်ဘာသာ တစ်ယောက်တည်းဆို"

"သသကလည်း
စုံတွဲသီချင်းဟာကို
လိုက်ဆိုပေးလို့"

"မဆိုဘူး"

"မဆိုရင်
ငါ ငိုလိုက်မှာနော်"

စိုစိုသည် ရေချိန်ကိုက်နေပြီ မို့ရစ်တော့သည်။ တီကြေးကို ကြည့်လိုက်တော့လည်း နားထင်ကို လက်နှင့်ထောက်ထားပြိး စိတ်ရှုပ်သည့်အမူအရာနှင့်

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now