Chapter 2

12.5K 889 64
                                    

Unicode

ထိုအမျိုးသမီးသည် လက်နက်နှင့် ချိန်ထားရင်း တဖြည်းဖြည်း နီးကပ်လာသည်။ ထို့နောက် သူ့လက်နက်ဖြင့် အနက်ရောင်လူသားကို ချိန်ရွယ်ပစ်ထည့်လိုက်သည်။ လက်နက်သည် လေပေါ်မှာလှလှပပလေး ဝဲပျံလာပြီး အနက်ရောင်လူသား၏ ခေါင်းကိုထိမှန်သွားသည်။ ထို့ကြောင့် စောင်းထားသော ဦးထုပ်လည်းကျွတ်သွားတော့သည်။ ခေါင်းကိုထိမှန်သွားသော လက်နက်သည်မြေပေါ်သို့ "ဘုတ်"ခနဲပြုတ်ကျသွားသဖြင့် ကောက်ယူကြည့်လိုက်သည်။

ဒေါက်ဖိနပ်တစ်ဖက် ။
မှန်သည် သူ့ခေါင်းကိုလာမှန်သော ထိုလက်နက်သည် ဒေါက်ဖိနပ်တစ်ဖက်ဖြစ်နေခဲ့လေသည်။ အသံပိုင်ရှင်သည် အနက်ရောင်လူသား အနားသို့ကပ်လာသည်။ ထို့နောက် မည်သူမှမထင်မှတ်ထားသော လုပ်ရပ်ကိုလုပ်လိုက်သည်။

"အားးး
နာတယ်
နာတယ်လို့"

အနက်ရောင်လူသားထံမှ အသံထွက်လာသည်။ အသံပိုင်ရှင်က အနက်ရောင်လူသား၏ နားရွက်ကို ဆွဲလိမ်လိုက်သောကြောင့်ဖြစ်သည်။

"အစိုမ
နင်ဒါဘာလုပ်နေတာလဲ"

နားရွက်ကိုလိမ်နေရင်း အသံပိုင်ရှင်က အနက်ရောင်လူသားကို မေးလိုက်သည်။ ဒါဆိုအနက်ရောင်လူသားအမည်က အစိုမ ပေါ့။

"ဘာလုပ်နေလို့လဲလို့ "

အစိုမဆိုသည့် တစ်ယောက်က နှာခေါင်းစည်းကိုချွတ်ရင်းပြန်ဖြေသည်။ နှာခေါင်းစည်းကိုဖြေလိုက်သည့်အတွက် စူပုပ်ပုပ်မျက်နှာကိုလည်းမြင်လိုက်ရသည်။

"ဒါဆို ဒီအထုပ်က ဘာလဲ"

အသံရှင်က အစိုမဆိုသူ၏ လက်ထဲမှ အနက်ရောင်အထုပ်ကို ဆွဲယူပြိး မေးလိုက်သည်။

"မသိဘူးလေ"

"နင် .........."

အသံရှင်သည် စိတ်ပိုတိုသွားသည့်ဟန်ဖြင့် နားရွက်ကို ပိုပြီးလိမ်လိုက်သည်။

"အား နာတယ်ဆို
mirror နော် လက်မပါနဲ့"

"ဟုတ်ပါတယ်မမရယ်
လွှတ်ပေးလိုက်ပါ
မမစိုစို နားရွက်တွေရဲနေပါပြီ"

ဘေးမှာကုပ်ကုပ်လေးရပ်နေကြသည့် အမျိုးသမီးလေးနှစ်ယောက်က သနားသလိုဝိုင်းကူပြောပေးကြသည်။ ထိုအခါမှ mirrorဆိုသည့် အမျိုးသမီးကလက်ကိုလွှတ်လိုက်ပြီး သူပစ်လွှတ်လိုက်သည့်ဖိနပ်ကိုကောက်ယူ စီးလိုက်သည်။ အနက်ရောင်အထုပ်ကိုလည်း အပေါ်မှ အနက်ရောင်အိပ်ကိုဖယ်လိုက်သည်။ ထိုအခါ အထဲမှ စာအုပ်နှစ်အုပ်ထွက်လာသည်။ စာအုပ်ထိပ်ပိုင်းတွင် ရေးထားသည့်

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now