Chapter 7

4.7K 691 32
                                    

Unicode

သမိုင်းသစ်တစ်ယောက် စောစောက ကိုတိမ်ဆိုသည့်သူူဖက်ခဲ့သည့် ပခုံးကို ပွတ်သတ်ရင်းကျန်ခဲ့သည်။ ဘယ်လိုလူလည်းမသိ။ တစ်လောကလုံး သူလောက်စိတ်ချမ်းသာသူမရှိဟု ထင်ရလောက်အောင် ပြုံးမြမြဖြစ်နေသည့် ထိုသူကို ဘာကြောင့်ရယ်မသိ အမြင်မကြည်သလိုခံစားရသည်။ သူက အဲ့လို သဘောကောင်းပြီး လက်ရဲဇတ်ရဲရှီသူများနှင့် အလက်ဂျစ်ရှိသည်လေ။

ဒီနေ့ သမိုင်းအလုပ်စဆင်းသည့်နေ့ဖြစ်သည်။ ဟိုတလောက စိုစိုနှင့်အပေးအယူလုပ်ပြီးတော့ စိုစိုက သူလိုချင်သည့် YZF R25 ဆိုင်ကယ်ကို အိမ်အရောက် ပို့ပြီးချိန်မှာတော့ သူလည်း အလုပ်စဆင်းတာဖြစ်သည်။ ဆိုင်ကတော့ သူ့ကျောင်းနှင့်လည်း သိပ်မဝေးသည့်သံလမ်းတွင် ဖွင့်ထားသည့် ဒီဆိုင်ကို သွင်းပေးထားတာဖြစ်သည်။ တစ်ဆိုင်တည်းမှာပဲ ပုံသေနေရမှာမဟုတ်ပဲ အသားကျတာနှင့် တစ်ဆိုင်ပြီး တစ်ဆိုင်သူကဆိုင်၏ လိုက်အပ်ချက်တွေကို တင်ပြပေးရမှာဖြစ်သည်။ သူသည် စိုစို့တူမှန်းကို HR ကမန်နေဂျာပင်သိလား မသေချာ။ဒီနေ့က စနေဆိုတော့ ကျောင်းလည်းပိတ်တာမို့ မနက်ကတည်းက ရောက်နေတာဖြစ်သည်။ ကျောင်းဖွင့်သည့်ရက်တွေ ကျရင်တော့ ဗုဒ္ဓဟူူး၊ ကြာသပတေး သောကြာ သုံးရက်သာ ကျောင်းဆင်းချိန်မှ ညနေ အဆောင်မပိတ်ခင်ကြားထဲကို သွားရုံပဲ။ စနေနေ့ကတော့ တစ်နေ့လုံးဆင်းပြီးတော့ တနင်္ဂနွေက မနက်တစ်ပိုင်းတင်ဆင်းရမှာဖြစ်သည်။

ဆိုင်တာဝန်ခံမန်နေဂျာက သဘောကောင်းသည်။ သူ့ကို အစအဆုံး စိတ်ရှည်လက်ရှည် သင်ပြ ရှင်းပြပေးသည်။ HRက ဘယ်လိုပြောထားသည်မသိ။ ကျောင်းတစ်ဖက်နှင့် အလုပ်ဝင်သည့်အတွက် ထောက်ခံသလို သနားသည့်ဟန်လည်းရှိသည်။ ဇော်ဇော်ဆိုသည့် နောက်ထပ် ဝန်ထမ်းတစ်ယောက်ကလည်း သူ့ကို ကူညီပေးပါသည်။ ပထမဆုံးအလုပ်ဆင်းတဲ့နေ့ကတော့ အဆင်ပြေပြေပါပဲ။ ညနေ 7နာရီလောက်မှာ ပြန်ဖို့ပြင်လိုက်သည်။ နားနေခန်းမှာ ဆိုင်ယူနီဖောင်းနှင့် သူ့အဝတ်အစားတွေလဲဝတ်လိုက်သည်။ အခန်းထဲက ထွက်ပြီးမန်နေဂျာကို သွားနှုတ်ဆက်လိုက်သည်။

"ဂျာကြီး
ကျွန်တော်ပြန်တော့မယ်"

"သြော်
အေးအေး
ခဏ
ဒါလေးယူသွား"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)Completedजहाँ कहानियाँ रहती हैं। अभी खोजें