အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့...
By Ownlish
263K 32.7K 4K
Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမ... More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Ending
Extra 1
Extra 2
Extra 3
Extra 4
Chapter 34
3.6K 563 50
By Ownlish
Unicode
တိမ်မိုးေ၀ သည် သမိုင်း၏ အဆောင်ပြင်ဖက် ကားပါကင်မှာ ကားရပ်ပြီး သမိုင်းကို စောင့်နေခဲ့သည်။ သမိုင်းက Courses ငါးခု ဖြေပြီးပြီ။ နောက်ဆုံး Courseတစ်ခုမဖြေခင် စနေ၊ တနင်္ဂနွေပိတ်ရက်ခံသွားတာဖြစ်သည်။ ထို့ကြောင့် ပိတ်ရက်မှာ သမိုင်းနှင့် မုန့်အတူသွားစားမည်။ ပြီးရင် သူ၏ ဆိုင်ချင်လျှင် ဆိုင်ခေါ်ခဲ့မှာဖြစ်ပြီး ၊ ဆိုင်မလိုက်ချင်လျှင်တော့ စိုစို၏ တိုက်ခန်းသို့ ပို့ပေးခဲ့ရမှာ ဖြစ်သည်။ သူက ဆိုင်မှာ လူရှင်းသည့် အချိန်စောထွက်လာသဖြင့် သမိုင်းက ရေချိုးမပြီးသေး။ ထို့ကြောင့် သမိုင်းထွက်အလာကို စောင့်နေရင်း ဖုန်းကြည့်နေလိုက်သည်။
"သြော် ကိုတိမ်"
အသံကြားလို့ မော့ကြည့်လိုက်သောအခါ သမိုင်းတော့မဟုတ်။ သမိုင်း သူငယ်ချင်း ကောင်းကောင်းဖြစ်နေသည်။ ကောင်းကောင်းကလည်း အပြင်သွားမည့်ပုံစံပဲ။ သူလက်လှမ်းပြလိုက်သည်။
"ကောင်းကောင်း အပြင်သွားမလို့လား
အကိုတို့နဲ့တူတူ မုန့်လိုက်စားလေ"
"မစားတော့ဘူး ကိုတိမ်
အိမ်ကလှမ်းမှာထားတာလေး သွားဝယ်မလို့
ကျွန်တော်က စာမေးပွဲပြီးတာနဲ့ တန်းပြန်မှာလေ"
"ဟုတ်လား
သမိုင်းလည်း အစက ချက်ချင်းပြန်မယ်လုပ်နေတာ
အခုတော့ Oralဖြေပြီးရင် တစ်ရက်ထပ်နေပေးမယ်ပြောတယ်"
"ဟုတ်တယ်
ကျွန်တော့်ကိုလည်း ပြောတယ်"
စကားပြောနေရင်း ကောင်းကောင်းမျက်နှာမှာ သူ့ကို တစ်ခုခု ပြောချင်နေသည့်ဟန် အကဲခတ်မိလိုက်သည်။ ချီတုံ ချတုံဖြစ်နေသည့်ဟန်ကြောင့်ဒီကလေး ပြောရခက်နေလို့များလား တွေးပြီး စကားစပေးလိုက်သည်။
"ကောင်းကောင်း အကို့ကို တစ်ခုခုပြောစရာရှိလို့လား"
"ဒီရက်ပိုင်း သမိုင်း ကိုတိမ်ကို ဘာပြောသေးလဲ
သူအဆင်ပြေတယ်မလား"
သမိုင်းနှင့်ပတ်သတ်သည့် မေးခွန်းကြောင့် သူအနည်းငယ် အံ့သားသင့်သွားသည်။ ခုဏက သူထင်နေခဲ့တာက ဒီကလေး အပြင်သွားဖို့ ပိုက်ဆံမလောက်လို့များ အကူအညီတောင်းချင်တာလားဟု တွေးနေခဲ့တာ။ သူ့တုန်းကလည်း စာမေးပွဲဖြေပြီးတာနဲ့ အိမ်ကပေးသမျှ အကုန်ပြောင်တာမို့လေ။ အခုတော့ သမိုင်းနှင့်် ပတ်သတ်ပြီး ထူးထူးဆန်းဆန်းလာမေးနေသည်။
"သမိုင်းလား
ကိုယ့်ကိုတော့ ဘာမှ မပြောဘူး
ဘာဖြစ်လို့လဲ"
ကောင်းကောင်းဆီက တော်တော်နှင့် စကားထွက်မလာသဖြင့် သူ့မှာ စိုးရိမ်လာသည်။
"ပြောပါ ကောင်းကောင်းရာ"
သူ နောက်တစ်ခါ ထပ်ပြောမှ ကောင်းကောင်းဆီက သူမထင်ထားသည့် စကားတို့ကိုကြားလိုက်ရသည်။
"ဒီလို ကိုတိမ်ရာ
ကိုတိမ် သမိုင်းကို လာကြိုတာတို့
ကျောင်းမှာ လာတွေ့တာတို့ကို အဆောင်က လူတွေက မြင်နေ၊ သိနေတယ်။
အကိုတို့နှစ်ယောက်ကို ရိပ်မိတဲ့သူတွေကလည်း ရိပ်မိတယ်။
အဆောင်ကလူတွေထဲမှာ စီနီယာ အကြီးတွေကတော့ ဘာမှမပြောဘူး
ဒါပေမယ့် ကျွန်တော်တို့နဲ့ အတန်းတူတဲ့ကောင်တွေနဲ့ တစ်နှစ်လောက်ပဲ ကြီးတဲ့ကောင်တွေက သမိုင်းကို မထိခလုတ်စကြတယ်။
မကြားတကြားပြောတာမျိုးတို့ ၊ သီချင်းဆိုတာမျိုးတို့ပေါ့။
အစတုန်းက သမိုင်းရော၊ ကျွန်တော်ရော မသိဘူး
တဖြည်းဖြည်း အဲ့ကောင်တွေပိုဆိုးလာမှ သမိုင်းကို စောင်းပြောနေမှန်းသိတာ။
ယောက်ျားတွေဖြစ်ပြီး သောက်ကျင့်မကောင်းကြတာပေါ့ဗျာ"
သူသည် ကောင်းကောင်းစကားကြားပြီး မှင်တက်နေခဲ့မိသည်။ ကောင်းကောင်းကပဲဆက်ပြောသည်။
"သမိုင်းကတော့ သိတဲ့အတိုင်းပဲ ရန်ပြန်ဖြစ်နေမယ့်သူမှမဟုတ်တာ
မကြားချင်ယောင်ပဲဆောင်တယ်
အဲ့လိုတွေပြောနေကြတာကတော့ ကြာပြီ စာမေးပွဲ မစခင်ကတည်းက
တိုက်ရိုက်ပြောတာမျိုးတော့မဟုတ်ဘူး
ကြာသပတေးနေ့ စာမေးပွဲဖြေပြီးတဲ့နေ့ကတော့ ကျွန်တော်ရယ် သမိုင်းရယ် လမ်းလျှောက်ပြန်လာတုန်း
သူတို့ကမျက်နှာချင်းဆိုင်အလာ သမိုင်းကို တည့်တည့်ကြည့်ပြီး ဂေးကောင် လို့ခေါ်တယ်"
"အင်း"
"ကျွန်တော်က ဒေါသထွက်သွားတာပေါ့
အဲ့ကောင်ကို အင်္ကျီဆွဲပြီး ဟိတ်ကောင်မင်းဘာပြောတာလဲလို့မေးလိုက်တယ်
မင်းကိုပြောတာလားတဲ့
ဟုတ်နေတဲ့သူကတောင်မနာပဲ မင်းကဘာဖြစ်တာလဲတဲ့
ကျွန်တော် ဆွဲထိုးမိတော့မလို့ပဲ
သမိုင်းကတော်ပြီ လာသွားမယ်ဆိုပြီး အတင်းဆွဲထားလိုက်လို့သာ
အဲ့နေ့က ရန်မဖြစ်တာ"
"အေးကွာ
အဲ့နွားတွေကို ဆွဲထိုးခဲ့လိုက်ရမှာ"
သူသည် တကယ်ကို စိတ်ထဲကနေမရအောင် ဒေါသထွက်လာတော့သည်။ ဒင်းတို့က အတင့်ရဲလို့ သူ့သမိုင်းကို ရန်စချင်ရတာလဲ။
"ကျွန်တော်လည်း အစကတော့ သမိုင်းကငြိမ်ခံနေလို့ဒေါသထွက်တာပေါ့
မင်း က ဘာမှပြန်မပြောလို့ ဒီကောင်တွေ ပိုဆိုးလာတာလို့
အဆောင်မှုးသွားတိုင်မယ်ဆိုပြီး သူ့ကိုပါဆူတာပေါ့
အဲ့ကျတော့ သမိုင်းကပြောတယ်"
"ဘာပြောလို့လဲ"
"ကိုတိမ်နဲ့ တွဲမှတော့ တစ်ချိန်ချိန်မှာ ဒီလိုအပြောခံရမယ်ဆိုတာ ကြိုတွေးထားပြီးသားတဲ့
ယောက်ျားချင်းကြိုက်တဲ့သူတွေကို ဂေးလို့ခေါ်ကြလို့ သူ့ကိုလည်း ဂေးလို့ခေါ်တာပဲ
ဘာကို ထူးနာရမှာလဲတဲ့
စကားလုံးတွေလောက်နဲ့တော့ သူလည်းပွန်းပဲ့သွားတာမှမဟုတ်တာ
ကိုယ်ထိလက်ရောက်မစော်ကားလာသ၍ကတော့ ရန်မဖြစ်ချင်ဘူးတဲ့
နောက်ပြီး ရန်ဖြစ်တာက ဂုဏ်ယူစရာမှမဟုတ်တာ ဆိုပ
အဲ့ဒီဘုရားဖြစ်မယ့် အုတ်နီခဲက"
ကောင်းကောင်းသည် သမိုင်း၏ သူငယ်ချင်းကောင်းဆိုတာ အငြင်းပွားဖွယ်ရာမရှိပါ။ ကိုယ့်သူငယ်ချင်းကို ထိလာလျှင် ဘေးကသူက ပိုမခံမရပ်နိုင်ဖြစ်ကြတာပဲလေ။ အခုလည်း ကောင်းကောင်းမှာ ကြိတ်မနိုင်ခဲမရဖြစ်နေသည်။ သူကတော့ သူ့လူကိုပဲ အဓိကစိတ်ပူတာမို့
"ဒါဆို ဒီရက်ပိုင်း သမိုင်းကို ကြည့်ရတာ ဘယ်လိုနေလဲ
သူတကယ် အဆင်ပြေရဲ့လား
အကိုက ဘာတစ်ခုမှမသိခဲ့ရတာမို့ ဘာမှမရိပ်မိခဲ့ဘူးကွာ
အကိုညံ့တာပါ"
"သူကတော့ ပုံမှန်လို့ထင်ရတာပဲ
ဒါပေမယ့် စိတ်ထဲမှာတော့ အနည်းနဲ့အများ ခံစားရမှာပဲ
ကျွန်တော်ထင်တယ်သူ ကိုတိမ်ကို ဒီအကြောင်းတွေ ပြောမှာမဟုတ်ဘူးလို့
ဒါ့ကြောင့် သေချာအောင်မေးကြည့်တာ
ထင်တဲ့အတိုင်းပဲ"
"အေးကွာ
သမိုင်း ကတစ်ခါတစ်လေ နေနိုင်တာလား
နေတတ်တာလားကို မပြောတတ်တော့ပါဘူး
ဒါနဲ့ သမိုင်းကို ရန်စတဲ့ကောင်တွေရော
အခုရှိလား
ထပ်ရန်စသေးလား"
သူအဓိကသိလိုသည့်အချက်ကိုမေးလိုက်သည်။
"အဆောင်မှုးကို စီနီယာတွေက ပြောလိုက်ပုံပဲ
အဆောင်မှုးက နာမည်တပ်ပြီးမဆူပေမယ့် အားလုံးကိုခေါ်ပြီးသတိပေးတယ်
အဆောင်မှာနေတယ်ဆိုတာ အားလုံးပူးပေါင်းပြီးနေရတာ
တစ်ယောက်ကိုတစ်ယောက် အနှောက်အယှက်မဖြစ်စေနဲ့ဆိုပြီး
ပြဿနာစရှာတဲ့သူကို အဆောင်ကထုတ်မယ်ပြောတယ်
အဲ့ကတည်းက အာ့ကောင်တွေငြိမ်သွားတာ
ဘာမှမဟုတ်ဘူး
အာ့လောက်ဇရှိတဲ့ကောင်တွေမဟုတ်ဘူး
အစကတည်းက သမိုင်းက ပိုက်ဆံရှိတာရော
အဆောင်မှုးတို့၊ ကျောင်းက ပါမေါက္ခတွေကလည်း သမိုင်းမိဘတွေရဲ့မိတ်ဆွေတို့ဆိုတော့သမိုင်းကို မျက်နှာသာပေးတယ်ထင်ပြီး ကြိတ်မနာလိုနေတာ၊ သမိုင်းကဖြင့် သူ့ကို ပစားပေးတယ်ဖြစ်မှာစိုးလို့  လူကြီးတွေကို သွားတောင် စကားပြောတာမဟုတ်ဘူး
သူ့ဘာသာအေးအေးနေတာ"
ကောင်းကောင်းကတော့ သူ့သူငယ်ချင်းဖက်က အတော်ကို ဒေါသထွက်ခဲ့သည့်ပုံပဲ။ သူတို့စကားပြောနေတုန်း သမိုင်း ထွက်လာတာတွေ့သဖြင့် စကားကို ဖြတ်လိုက်သည်။ သူတို့နှစ်ယောက်အနား သမိုင်းရောက်လာတော့
"ကောင်းကောင်း
ငါတို့နဲ့လိုက်ခဲ့လေ" ဟု ထပ်ခေါ်နေသည်။
"မလိုက်တော့ဘူး
ငါ့အမ ဝမ်းကွဲလာကြိုမှာမို့"
"အေး
ဒါဆိုလည်း သွားပြီ"
သမိုင်းက အရင် ကားထဲဝင်ထိုင်သဖြင့် သူလည်း ကောင်းကောင်းကို နှုတ်ဆက်ကာ ကားပေါ်တက်မောင်းထွက်ခဲ့သည်။ အရင်ဆုံး ခုဏက ကိစ္စကိုရှင်းလိုသဖြင့် မုန့်ဆိုင်ကို မသွားပဲ စိုစို၏ တိုက်ခန်းကို ဦးတည်လိုက်သည်။ ဒီအချိန်ဆို စိုစိုက ရုံးသွားတာမို့ တိုက်ခန်းမှာ မရှိတော့ နှစ်ယောက်သား အေးဆေးစကားပြောလို့ရနိုင်သည်လေ။
"ဟင် မုန့်အရင်သွားစားမှာဆို"
စိုစို၏ တိုက်ခန်းသို့သွားနေသည့် လမ်းကြောင်းကြောင့် သမိုင်းက သူ့ကိုမေးလာသည်။
"ကိုယ် သမိုင်းနဲ့ စကားပြောချင်လို့
တိုက်ခန်းအရင်သွားမယ်
ပြီးမှမုန့်စားမယ်
ဗိုက်ဆာနေလို့လား"
သမိုင်းဗိုက်ဆာနေမှာလည်း စိုးရိမ်သဖြင့် မေးရသေးသည်။
"မဆာပါဘူး
ရပါတယ်"
ကားကို ပါကင်မှာ ဖြစ်သလို ရပ်ထားခဲ့ပြီး သမိုင်းလက်ကို ဆွဲကာ အပြေးတစ်ပိုင်းနှင့် တိုက်ခန်းပေါ်တက်ခဲ့သည်။ အခန်းသော့ကိုလည်း သူပဲယူဖွင့်ပြီး ဧည့်ခန်းက ဆိုဖာမှာ သမိုင်းကို ထိုင်ခိုင်းလိုက်သည်။ စိုစို၏ တိုက်ခန်းကို ရောက်ဖူးတာလည်း 3၊ 4 ခါပင်မကဘူးဆိုတော့ သူလည်း အခန်းအနေအထားကို ရင်းနှီးနေပြီလေ။
"ကိုတိမ်ဘာဖြစ်လာတာလဲ"
သမိုင်းက သူ့ကို မော့ကြည့်ပြီး မေးလာသည်။ သူ့ကို မော့ကြည့်နေသည့် မျက်ဝန်းကြည်ကြည်လေးတွေကို ကြည့်ရင်း သူ့မှာ စိတ်ထဲဘယ်လိုမှမကောင်း။ ဒီကောင်လေးက ပြီးပြည့်စုံတာထက်ပိုပြီး နေလာခဲ့တဲ့သူလေး။ အခုတော့ သူ့ကြောင့်မို့ အပြောအဆိုခံနေရသည်။ သမိုင်းရှေ့ကြမ်းပြင်မှာပဲ ဒူးထောက် ထိုင်ချပြီး လက်လေးနှစ်ဖက်ကို ဆုပ်ယူလိုက်သည်။
"သမိုင်း"
"ဗျာ"
"ကိုယ့်ကို ချစ်တယ်မလား"
"အမ်
ဘာဖြစ်တာလဲ ရုတ်တရက်ကြီး"
"ကိုယ်မေးတာကို ဖြေပေးပါ"
"ချစ်တယ်လေ
ချစ်တာပေါ့လို့"
"ဒါဆို သမိုင်းမှာ အခက်အခဲတွေရှိနေတာကို ကိုယ့်ကိုဘာလို့ မပြောရတာလဲ"
"ဘာ အခက်အခဲလဲ
သြော်"
သမိုင်းသည် သူ့ကိုပြန်မေးပြီးမှ ဉာဏ်ကောင်းသူပီပီ ချက်ချင်းပဲ သူဘာကို ဆိုလိုသည်ကို ရိပ်မိသွားဟန်ရှိသည်။
"ကောင်းကောင်းဆီက ကြားခဲ့တာလား"
"အင်း ဟုတ်တယ်
ကြားပြီးပြီ
အပြန်ကျရင် အဲ့ကောင်တွေကို ကိုယ့်ကိုပြ
ကားနဲ့တိုက်သတ်ပစ်မယ်"
သူ၏ ဒေါသစကားကြောင့် သမိုင်းကတော့ သူ့ကို ပြုံးကြည့်နေခဲ့သည်။
"လာပြုံးမနေနဲ့
ကိုယ်တကယ်ဒေါသထွက်တယ်နော်"
"အင်းပါ ဒေါသမထွက်နဲ့လို့မတားပါဘူး
ထွက်ပါ ၊ ထွက်ပါ
ဒါပေမယ့် ဒေါသထွက်ရင် ဘယ်သူပဲစိတ်ပင်ပန်းရလဲ
ကိုတိမ်ပဲ စိတ်ပင်ပန်းရတယ်လေ
နောက်ပြီး ဒီဘာမဟုတ်တဲ့ကိစ္စလေးလောက်နဲ့ စိတ်ပင်ပန်းဖို့တန်လား"
"တန်တယ်
တန်တယ်
ကိုယ့်ချစ်သူကို ရန်စတာကို ဘာမဟုတ်တာလေးလို့သဘောမထားနိုင်ဘူး"
"သဘောမထားနိုင်တော့ဘာလုပ်မှာလဲ
သွားရိုက်သတ်မှာလား"
"ဟုတ်တယ်
ရိုက်သတ်ချင်တာ
ဒါ့ကြောင့် အပြန်ကျရင် အာ့ကောင်တွေကို ပြလို့ပြောတာ"
သမိုင်းကတော့ သဘောကျသလို တဟားဟားပဲအော်ရယ်နေခဲ့သည်။ ထို့နောက်တော့ သူ့လက်ကို ဆွဲပြီး ဘေးမှာ ဝင်ထိုင်ခိုင်းသဖြင့် သူလည်း ဝင်ထိုင်လိုက်သည်။
"ကိုတိမ် အာ့လိုတွေ ဒေါသထွက်မယ်မှန်းသိလို့ ကျွန်တော်က မပြောခဲ့တာပါ
နောက်ပြီး တစ်ခုခုဆို ရည်းစားကို ပြေးတိုင်ရအောင် ကျွန်တော်က ကောင်မလေးလား
ကလေးလား"
"ဒါကတိုင်တာမဟုတ်ဘူးလေ
ချစ်သူချင်း ပွင့်လင်းတာ"
"အင်းပါ
ဘယ်လိုပဲနေနေ
ကျွန်တော် ငယ်ငယ်လေးကတည်းက ကျောင်းမှာ ရန်ဖြစ်တာဖြစ်ဖြစ်၊ ဘာပြဿနာရှိရှိ အိမ်ကို ပြန်တိုင်တတ်တဲ့သူမျိုးမဟုတ်ခဲ့ဘူး
အခုလို အသက်ကြီးလာမှ ဒီအသေးအမွှားလောက်လေးကိုတော့ စိတ်ပူအောင် ပြောပါတော့မလား"
"ဒါပေမယ့် နောက်ကျမှသိရတော့ ပိုစိတ်ပူရတယ်လေ"
"ဘာကိုစိတ်ပူတာလဲ
ကျွန်တော်က အာ့လိုပျော့ညံ့နေတဲ့ပုံစံပေါက်နေလို့လား"
"စိတ်ပူတယ်ဆိုတာ တစ်ဖက်သားကို ဘယ်လိုသဘောထားလို့မှမဟုတ်ဘူး
ဒီအတိုင်း ကိုယ်ချစ်တဲ့သူမို့ အထိခိုက်မခံနိုင်လို့စိတ်ပူတာပဲ
သမိုင်း မပျော့ညံ့မှန်းကိုယ်သိတာပေါ့
ဒါပေမယ့် အဲ့အတွက်ကြောင့် စိတ်မပူပဲနေမှာမဟုတ်ဘူးလေ"
"relax relax
စိတ်လျော့၊ စိတ်လျော့"
"မလျော့နိုင်ဘူး
ခင်ဗျားလေးကို ကိုယ် ဘယ်လောက်ထိ အထိအခိုက်မခံနိုင်တာ သိတယ်မလား"
"အင်းပါ သိပါတယ်
သိလို့မို့ ကျွန်တော့်ထက်ပိုပြီး အခုလိုတွေဒေါသထွက်မှာ
ကျွန်တော့်ထက်ပိုပြီး စိတ်မကောင်းဖြစ်ရမှာ
ဒါတွေကို ကြိုသိနေလို့မပြောခဲ့တာ"
သမိုင်းကတော့ သူ့ကိုချော့သလို လက်ဖမိုးနှစ်ဖက်ကို ဖွဖွလေးနမ်းပြီးပြောသည်။
"နောက်ပြီး အဲ့လိုကိစ္စတွေက တစ်နေ့မဟုတ် တစ်နေ့ကြုံလာမှာကို ကြိုသိပြီးသားပဲလေ
တစ်ဖက်သားက နစ်နာစေလိုတဲ့သဘောနဲ့ပဲပြောပြော
ဒီအတိုင်း ပါးစပ်သရမ်းတာပဲဖြစ်ဖြစ် ကျွန်တော်က ဘာအတွက် မခံမရပ်နိုင်ဖြစ်ရမှာလဲ
ဟျောင် မင်းက ဂေးလား လို့ မျက်နှာချင်းဆိုင် ဒဲ့လာမေးလဲ
ဟုတ်တယ် ငါက ဂေး ပဲ
ငါသဘောကျတာ ယောက်ျားလေးတစ်ယောက်လို့ ကျွန်တော်ပြန်ဖြေဖြစ်မှာပဲ
အဲ့တော့ ကျွန်တော်လည်း ကျွန်တော်ခံယူချင်တာ ခံယူနိုင်တဲ့ လွတ်လပ်ခွင့်ရှိသလို
သူတို့မှာလည်း သူတို့လက်မခံခွင့်၊ မနှစ်သက်ခွင့််ရှိတာပဲလေ
သူတို့စိတ်ထဲမထားပဲ ပါးစပ်က ထုတ်ပြောတာတော့ နည်းနည်းဘောင်ကျော်တာပေါ့
ဒါပေမယ့် ဘာမှမရှိတဲ့ ဘူးလွတ်တွေက ပိုအသံမြည်တယ်တဲ့
သူတို့အသိ၊ စဉ်းစားဉာဏ်လိုအပ်နေသေးလို့ အခုလို အသံမြည်နေတာလို့ တွေးပေးလိုက်ရုံတင်ပဲလေ
ဒါ့ကြောင့် ကျွန်တော် ဘာမှမဖြစ်ဘူး
ဟုတ်ပြီလား
ကိုတိမ်ကို စိတ်မပူစေချင်လို့မပြောတာ"
"ဒါပေမယ့်"
"ဒါပေမမယ့်နဲ့
ကိုတိမ်ပြောတယ်လေ
ကိုယ်ချစ်တဲ့သူမို့ အထိအခိုက်မခံနိုင်လို့စိတ်ပူတာဆိုရင်
ကျွန်တော်လည်း ကျွန်တော်ချစ်တဲ့သူကို စိတ်ညစ်သွားမှာ၊ ဒေါသထွက်သွားမှာ မလိုလားလို့လေ"
ထိုအခါ သူလည်း ပါးစပ်ပိတ်သွားရတော့သည်။ အဲ့လိုစကားတတ်လွန်းသည့် ချစ်သူလေးကို ပြန်မပြောနိုင်သည့် အဆုံး မနိုင်နိုင်ရာမဲရတော့သည်။
မျက်နှာလေးကို ဆွဲယူပြီး နှုတ်ခမ်းတွေ စုပ်ယူနမ်းရှိုက်လိုက်သည်။ နှုတ်ခမ်းပါးလေးဆီက ချိုမြိန်မှုတွေကတော့ ဘယ်လောက် ထိတွေ့၊ ထိတွေ့ မကုန်နိုင်။ အကောင်ဖြူလေး၏ နှုတ်ခမ်းကို နမ်းရရုံတင်အားမရ။ လည်ပင်းလေးတွေမှာလည်း အရာမထင်အောင် သတိထားပြီး ဖိကပ်မိသည်။ လက်နှစ်ဖက်ဖြင့် ဖက်တွယ်လို့ရသလောက်  သမိုင်း ခန္ဓာကိုယ်လေးကို ပွတ်သပ်ဖက်ထားမိသည်။ ရင်ထဲမှာ နွေးသွားလိုက်၊ အေးလာလိုက်နှင့် စိတ်အစဉ်က အစိုးမရတော့။ ဒါပေမယ့် သမိုင်း၏ နဖူးထက်က ဆံပင်လေးတွေကို ပင့်သပ်ပေးရင် မျက်လုံးကြည်လေးတွေနှင့် အကြည့်ချင်းဆုံမိတော့ နဖူးလေးကိုပဲ အမြတ်တနိုး နမ်းမွှေးလိုက်သည်။ ဒီအကောင်ဖြူလေးကို ထိခိုက်စေမည့်အရာဆိုလျှင် သူကိုယ်တိုင်ပင်ဖြစ် နေပါစေ။ မလုပ်ရက်ဘူးလေ။
"နောက်တစ်ခါဆိုရင် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုပြောရမယ်နော်
ဟုတ်ပီလား"
"ဟုတ်ကဲ့ပါဗျာ
ဒါပေမယ့် စိတ်မပူပါနဲ့
နောက်နှစ် ကျောင်းဖွင့်ရင်တော့ အဆောင်မှာ မနေတော့ပါဘူး"
"တကယ်လား
အဲ့ဒါအကောင်းဆုံးပဲ
ကိုယ်ကအစကတည်းက မနေစေချင်တာ
သမိုင်းကနေချင်လို့သာ ဘာမှမပြောတာ"
"အင်း"
"ဒါဆို ဘယ်မှာနေမှာလဲ
ဒီတိုက်ခန်းမှာနေမှာလား"
"အင်း
ဒီမှာပဲနေဖြစ်မလား
သပ်သပ်နေဖြစ်မလားတော့ မသိသေးဘူး
အိမ်ပြန်မှပဲ တိုင်ပင်ရဦးမယ်"
"ကိုယ်နဲ့လိုက်နေချင်နေလေ
ကိုယ့်အခန်းက ကျယ်ပါတယ်"
သူက သမိုင်းကို မျက်စပစ်ပြီး ရယ်ကျဲကျဲပြောလိုက်သည်။ သမိုင်းကလည်း ဒါမျိုးဘယ်ငြိမ်ခံမလဲ။
"တစ်ခန်တည်းကို နှစ်ယောက် မျှမသုံးတတ်ပါဘူး
ဆောရီးပဲ"
"ဟာ အတူနေရင်တော့ တစ်ခန်းတည်းမျှသုံးရမှာပဲလေ
အဲ့ကျရင် ဘယ်လိုလုပ်မှာလဲ သားလေး"
"မနေဘူး
တစ်ယောက်တစ်ခန်းသပ်သပ်စီပဲနေမှာ"
"စိတ်ကူးတွေယဉ်နေလိုက်
အဲ့အချိန်ကျရင် ကိုယ့်ရင်ခွင်ထဲကပဲ လွတ်အောင်ကြိုးစားကြည့်ဦး
အတူနေလို့ကတော့ ကော်နဲ့ကပ်ထားပြီးတော့ကို ဖက်ထားမှာ"
"ဉာဏ်သိပ်ပြေးတယ်နော်
ဒါမျိုးကြတော့"
သူလည်း ကိုယ့်စကားကိုသဘောကျစွာရယ်မိသည်။ ရည်းစားထားတာအပိုအလုပ်တို့။ အရေမရ အဖက်မရတွေ ပြောတယ်ဆိုချင်ဆို။ သူကတော့ သမိုင်းနှင့်် အခုလိုလေးတွေ ပြောနေရတာကိုက အလွန်ကြည်နူးရသည်။ ဘဝမှာ တိုးတက်ဖို့တွေ၊ မြင့်မြတ်ဖို့တွေကြီးပဲ ကြိုးစားနေရင် အသက်ရှင်ရခြင်းရဲ့ အဓိပ္ပါယ်ကို ဘယ်သွားရှာရတော့မှာလဲ။ အချစ်ငှက်လေး နှစ်ကောင်ကတော့ တစ်ယောက်ကို တစ်ယောက် ကလိထိုးပြီး မုန့်သွားစားဖို့ကိုလည်းမေ့၊ တစ်လောကလုံးကိုလည်း မေ့နေခဲ့လေတော့သည်။
<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>><<
Zawgyi
"သြော် ကိုတိမ်"
"မစားတော့ဘူး ကိုတိမ်
"ဟုတ်လား
"ဟုတ်တယ်
သူအဆင်ပြေတယ်မလား"
"သမိုင်းလား
ဘာဖြစ်လို့လဲ"
"ဒီလို ကိုတိမ်ရာ
"အင်း"
မင်းကိုပြောတာလားတဲ့
အဲ့နေ့က ရန်မဖြစ်တာ"
"အေးကွာ
"ဘာပြောလို့လဲ"
ဘာကို ထူးနာရမှာလဲတဲ့
သူတကယ် အဆင်ပြေရဲ့လား
အကိုညံ့တာပါ"
ထင်တဲ့အတိုင်းပဲ"
"အေးကွာ
အခုရှိလား
ထပ်ရန်စသေးလား"
ဘာမှမဟုတ်ဘူး
သူ့ဘာသာအေးအေးနေတာ"
"ကောင်းကောင်း
"မလိုက်တော့ဘူး
"အေး
ဒါဆိုလည်း သွားပြီ"
ပြီးမှမုန့်စားမယ်
ဗိုက်ဆာနေလို့လား"
"မဆာပါဘူး
ရပါတယ်"
"ကိုတိမ်ဘာဖြစ်လာတာလဲ"
"သမိုင်း"
"ဗျာ"
"အမ်
"ချစ်တယ်လေ
ချစ်တာပေါ့လို့"
"ဘာ အခက်အခဲလဲ
သြော်"
"အင်း ဟုတ်တယ်
ကြားပြီးပြီ
"လာပြုံးမနေနဲ့
ထွက်ပါ ၊ ထွက်ပါ
"တန်တယ်
တန်တယ်
သွားရိုက်သတ်မှာလား"
"ဟုတ်တယ်
ရိုက်သတ်ချင်တာ
ကလေးလား"
"အင်းပါ
ဘယ်လိုပဲနေနေ
"ဘာကိုစိတ်ပူတာလဲ
"relax relax
စိတ်လျော့၊ စိတ်လျော့"
"မလျော့နိုင်ဘူး
"အင်းပါ သိပါတယ်
ဟုတ်တယ် ငါက ဂေး ပဲ
သူတို့မှာလည်း သူတို့လက်မခံခွင့်၊ မနှစ်သက်ခွင့်ရှိတာပဲလေ
ဟုတ်ပြီလား
"ဒါပေမယ့်"
"ဒါပေမမယ့်နဲ့
ကိုတိမ်ပြောတယ်လေ
ဟုတ်ပီလား"
"ဟုတ်ကဲ့ပါဗျာ
"တကယ်လား
အဲ့ဒါအကောင်းဆုံးပဲ
"အင်း"
"ဒါဆို ဘယ်မှာနေမှာလဲ
"အင်း
ဒီမှာပဲနေဖြစ်မလား
ဆောရီးပဲ"
"မနေဘူး
"ဉာဏ်သိပ်ပြေးတယ်နော်
ဒါမျိုးကြတော့"
Continue Reading
You'll Also Like
1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
52.9K 4.9K 24
သံသရာအဆက်ဆက်ရယ်လို့ရည်မှန်း တောင်းဆုပန်မခြွေပါဘူး ၊ ရှင်သန်နေတဲ့ မျက်မှောက်ဘဝမှာတော့ ၊ ချစ်သောမင်းနဲ့ တူနှစ်ကိုယ် ယှဥ်မကွာ ၊ သက်ဆုံးတိုင် တွဲလက်တွေမြ...
293K 26.1K 66