အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့...

By Ownlish

263K 32.7K 4K

Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အခ်စ္ဆိုတဲ့ကြင္းျပင္က်ယ္ႀကီးမ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Ending
Extra 1
Extra 2
Extra 3
Extra 4

Chapter 26

4.1K 612 75
By Ownlish

Unicode

သူ့မျက်လုံးရှေ့မှာ ပေါ်လာတာက ရေကန်ကြီးတစ်ကန်။ စမ်းချောင်းမှ ရေများ စီးဝင်နေသည့် ရေကန်ပင်ဖြစ်သည်။ ရေကန်ဟာ အရမ်းကျယ်သည့် အထဲတွင်တော့မပါပေ။ ဒါပေမယ့် သူအံသြသွားတာ ရေကန်ထဲမှာပေါက်နေသည့် ကြာဖြူ၊ ကြာနီများကြောင့်ဖြစ်သည်။ကန်ထဲမှာပေါက်နေတာက  ပဒုမ္မာကြာများမဟုတ်ပဲ ရိုးရိုးကြာပန်း အမျိုးအစားဖြစ်သည်။ထိုကြာပန်းမျိုးကို  တစ်ခါတစ်လေ ဘုရားမှာ ရောင်းနေတာကို မြင်ဖူးပေမယ့် အခုလို အပင်လိုက် ပေါက်နေတာကို မမြင်ဖူးခဲ့။ ထိုကြာကန်ကြီးဆီမှ အကြည့်မလွှဲနိုင်အောင် သူ့မှာ သဘောတွေကျနေမိသည်။

"ဘယ်လိုလဲ"

အသံတိတ်သွားသည့် သူ့ကို သမိုင်းက ဘေးကနေ မေးလာသည်။ ထိုအခါမှ

"အရမ်းမိုက်တာပဲ
ကိုယ် ဒီလို ကြာပင်တွေကို အပြင်မှာ သိပ်မမြင်ဖူးဘူး
တကယ်လှတယ်"

ဆိုပြီး အငမ်းမရပြောမိသည်။

"ဒီခြံက အရင်က ဖေဖေ့မိတ်ဆွေခြံလေ
ကျွန်တော် ဆယ်တန်းဖြေပြီးတော့ အလည်ခေါ်လို့ရောက်ဖြစ်တာ
ကျွန်တော် သဘောကျတယ်ဆိုလို့ ဖေဖေက ဝယ်လိုက်တာ"

"အင်းပေ့ါ
ခြံကအကျယ်ကြီးကိုး အပင်တွေနဲ့ စိမ်းစိုနေတော့ သဘောကျချင်စရာပဲလေ"

"မဟုတ်ဘူး
ကျွန်တော် သဘောကျတာက ဒီကန်ကြောင့်
ခြံထဲမှာ ဒီကန်ပါနေတာကိုတွေ့မှ ဖေဖေ့ကို မရမက ဝယ်ခိုင်းဖြစ်သွားတာ"

"ဘာလို့လဲ
ဒီကန်က ဘာဖြစ်လို့လဲ"

"အဲ့ဒါက လျှို့ဝှက်ချက်"

သမိုင်းက အပြုံးလေးနှင့် သူ့အမေးကို ငြင်းသွားသည်။ အဲ့လို မဖြေမှ ပိုသိချင်သွားသည့် သူက သမိုင်းလက်ကို ဆွဲပြီး မရမကမေးမိသည်။

"ပြောလို့
ဘာလို့လဲ ဆို"

"မပြောဘူး လို့"

သူ့လက်ထဲကနေ အတင်းရုန်းနေသည့် အကောင်ပေါက်လေးကို အသည်းယားပြီး စိတ်မရှည်တော့။ ထို့ကြောင့် ခါးကနေပွေ့ချီပြီး နှစ်ချက်လောက် ပတ်ရမ်းလိုက်သည်။ ရုတ်တရက် ပွေ့ချီခံလိုက်ရသည့်အတွက် သမိုင်းက လန့်သွားဟန်ရှိပြီး  သူ့လည်ပင်းကို လက်နှစ်ဖက်နှင့် သိုင်းဖက်လာသည်။ သူ့ကို မျက်လုံးလေးပြူးပြီး ကြည့်လာသည့် အကောင်ဖြူလေး၏ နဖးူကို ငုံ့ပြီး နမ်းမွှေးလိုက်သည်။ ထိုအခါ  အရှက်သည်းသွားပြီး သူ့ရင်ခွင်ထဲသို့ မျက်နှာလေးကို တိုးဝင်ကွယ် ဝှက်လာတော့သည်။ ထိုသို့တိုးဝင်လာမှ ခေါင်းလေးဝှေ့ပြီး ချွဲလာတယ်လို့ ခံစားလိုက်ရသည့် ဒီလူ့ရင်မှာ ဖိုးသိုးဖက်သက်တွေ ဖြစ်ကုန်လေပြီ။

"အောက်ချပေးတော့"

ခေါင်းမဖော်ပဲ အော်နေသည့် ကောင်လေးကြောင့် ပွေ့ထားတာကို ဖြုတ်ပြီး အသာချပေးလိုက်သည်။ သမိုင်း မြေပေါ်မတ်တပ်ရပ်ပြီဆိုမှ မဖယ်ချရသေးသည့် လက်တို့ဖြင့် ခါးလေးကို ဆွဲယူလိုက်သည်။

မော့လာသည့် မေးဖျားလေးကိုလက်နှင့်အသာ ပင့်ယူပြီး ဒီတစ်ခါ အပိုင်သိမ်းလိုက်မိသည်က သမိုင်း၏ နှုတ်ခမ်းလေးများ။ ဖောင်းအိအိ နှုတ်ခမ်းလေးတွေကို မြတ်နိုးမဝစွာ နမ်းရှိုက်မိသည်။ အချစ်နှင့် အနမ်းက ဘယ်လို အမျိုးစပ်သလဲ နားမလည်ပေမယ့် သူကတော့ တစ်ခါနမ်းပြီးတိုင်း အချစ်တွေ တစ်ဆင့်တိုးရသည်။ ရန်ကုန်မှာနေတုန်းက လူတွေကြားမှာတောင်  အလစ်ချောင်းပြီး မရမက နေ့တိုင်းနမ်းခဲ့သေးတာ။ အခုလို တကျစ်ကျစ် မြည်နေသည့် ကျေးငှက်သံလေးတွေ တစ်ခါတစ်ရံ လွင့်ပျံလာသည်မှလွဲလို့ ဘာသံမှ မကြားရ၊ ဘယ်သူမှ မရှိသည့် နေရာတစ်ခုမှာ သူ့အနမ်းတွေက ထိန်းချုပ်ဖို့ခက်ခဲသည်။ ထိန်းသိမ်းလိုသည့် ဆန္ဒလည်း မရှိ။ လေပြည်လေးသွဲ့သွဲ့တိုက်ခတ်နေသည့် နေရာလေးတစ်ခု၊ ကြာပန်းတို့ဖြင့် လှပနေသည့် ကန်စပ်လေးတစ်နေရာ၊ အချိန်ကလည်း သင့်သလို နေရာကလည်း ရိုမန်တစ်ဆန်လွန်းနေသည်။ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး အချစ်တွေကို နှုတ်ခမ်းမှတစ်ဆင့် ဖော်ပြနေကြသည့် ကောင်လေးနှစ်ယောက်ဘေးမှာတော့ အချစ်တို့နှင့် လွင့်ပျံ့လို့ပေါ့။

စိတ်ကြိုက် နမ်းလို့ပြီးမှ သမိုင်း၏ နှုတ်ခမ်းလေးတွေကို မလွှတ်ချင်လွှွှတ်ချင် လွှတ်ပေးလိုက်ရသည်။ ဒီနှုတ်ခမ်းလေးတွေက ဘယ်တုန်းကမှ နမ်းလို့ဝသည်မရှိခဲ့။ အခုလည်း နီရဲဖောက်ပြီး ဖူးဖူးယောင်လာလို့သာ အနမ်းတို့ကိုရပ်တန့်လိုက်ရတာ။ နှုတ်ခမ်းထက်က အကြည့်တို့ကို အမြန်ရုတ်သိမ်းရသည်။ မဟုတ်ရင် ထပ်နမ်းမိနေတော့မှာ။

"အရမ်းချစ်တယ်"

သမိုင်း၏ နဖူးထက်သို့ ဖွဖွလေးနမ်းပြီး ချစ်ခွန်းခြွေမိသည်။ သူ့ချစ်သူလေးကတော့

"ဟုတ်" ဆိုသည့် စကားလေးတစ်လုံး၊ အပြုံးလေးတစ်ပွင့်ဖြင့် သူ့အချစ်တွေကို သိမ်းပိုက်သွားခဲ့သည်။

သူတို့နှစ်ယောက် အိမ်လေးဆီသို့ ပြန်ရောက်ပြီးချိန်မှာတော့ ကိုတူးက စားပွဲပေါ်မှာ မနက်စာ အသင့်ပြင်ဆင်ပေးပြီးထားပြီး ဖြစ်သည်။

"ခြံထဲ နှံ့ခဲ့ကြရဲ့လား"

"နှံ့ပါတယ်
ဝါးကျုတောဖက်တော့ မရောက်ခဲ့ဘူး
မြွေကြောက်လို့"

"တော်သေးတာပေါ့
ကျွန်တော် မမှာလိုက်ရလို့ အဲ့ဖက်သွားမှာ စိတ်ပူနေတာ
ပူတုန်းလေး စားလိုက်ကြဦး"

"ကိုတူးရော တူတူစားမယ်လေ"

"အကိုလေးတို့မလာခင်က ကျွန်တော်စားထားတာ"

ကိုတူးက သူနှင့် သမိုင်းအတွက် ရေနွေးကြမ်း တစ်ခွက်စီ ငှဲ့ပေးပြီး

"ကျွန်တော် သံပုရာခင်းကို ရေသွားတင်လိုက်ဦးမယ်
မြောင်းလေး တစ်မြောင်းလောက်လဲဖော်ချင်သေးလို့
ခေါင်းအုံးနဲ့ စောင် ထုတ်ထားတယ်

အကိုလေးတို့ နားချင် ဝင်နားလို့ရတယ်" ဟု ဆိုကာ ပေါက်ပြားထားပြီး ထွက်သွားတော့သည်။

သူနှင့် သမိုင်းကတော ဗိုက်လည်းဆာနေပြီမို့  ပဲဆီမွှေးမွှေးလေးဆမ်းထာသည့် ငါးခြောက်ဖုတ်နှင့် ကောက်ညှင်းပေါင်းပူပူလေးကို ပုံမှန်ထက် ပိုစားဖြစ်ကြသည်။ ထို့နောက် ရေနွေးကြမ်းသောက်ရင်း

"ကိုတူးက ဒီမှာနေတာကြာပြီလား"

"ကြာဆို ကျွန်တော်တို့ ဒီခြံဝယ်လိုက်ပြီးကတည်းကလေ
အရင်က ဖေဖေ့သကြားစက်မှာ လုပ်တာလေ
ဒီခြံမှာလည်း အစောင့်မရှိတာမို့ ဒီမှာလာနေခိုင်းတာ"

"သြော်
ဒါဆို သူကလည်း တောင်ငူကပဲပေါ့"

"အင်း ဟုတ်တယ်

ကိုတူးမှာက မွေးချင်းပေါက်ဖော် ဆွေမျိုးလည်း မရှိလို့ ဘယ်မှာ နေရ၊ နေရ သူကတော့ အဆင်ပြေပါတယ်"

"ဒီက အကိုလေးကရော ဘယ်မှာ နေနေအဆင်ပြေလား ခင်ဗျာ"

သူက သမိုင်း၏ နှာခေါင်းလေးကို ဆွဲပြီး ချစ်မြတ်နိုးစွာ စမိသည်။ သမိုင်းကလည်းခေသူမဟုတ်ဆိုတော့

"ဒီက အကိုကြီး ကိုတိမ်မိုးဝေသာရှိရင် ဘယ်မှာဖြစ်ဖြစ် အဆင်ပြေပါတယ်ခင်ဗျာ" တဲ့။ သူတို့နှစ်ယောက် သဘောကျစွာ ရယ်မောမိကြသည်။

အိမ်လေးထဲကို လှည့်ပတ်ကြည့်တော့ အခန်းများများစားစားမရှိ။ ဘုရားခန်းတစ်ခန်း၊ အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းအိမ်သာ တွဲရက် တစ်ခန်းရှိသည်။ မီးဖိုချောင် နှင့် ဧည့်ခန်းကိုတော့ တစ်ခန်းတည်းပေါင်းထားသည်။ ဘုရားခန်းမှာ သင်ဖြူးဖျာလေးခင်းထားပြီး စောင်နှင့်ခေါင်းအုံးကို သပ်သပ်ရပ်ရပ်ခေါက်တင်ထားသည်။ အသုံးအဆောင်ပစ္စည်းထည့်ဟန်တူသည့် သေတ္တာတစ်လုံးကိုလည်း အခန်းထောင့်မှာ တွေ့ရသဖြင့် သူသမိုင်းကိုမေးမိသည်။

"ကိုတူးက ဒီမှာ အိပ်တာလား"

"ဟုတ်တယ်
အိပ်ခန်းမှာ အိပ်ဆိုတာကို မရဘူး
ကျွန်တော်လာလည်တဲ့အခါကျရင် အဆင်မပြေမှာစိုးလို့တဲ့လေ
ကျွန်တော်က တော်ရုံမလာဖြစ်ပါဘူးပြောလည်း သူက လက်မခံလို့"

သူတို့နှစ်ယောက် ကိုတူးပြင်ဆင်ပေးထားသည့် အိပ်ခန်းမှာ မနားဖြစ်ကြပါ။ ဧည့်ခန်းမှာပဲ နှစ်ယောက်သား ပြန်ထိုင်ဖြစ်ကြသည်။ သူကထိုင်ပြီး ဖုန်းသုံးသည်။ သမိုင်းကတော့ ယူလာသည့် စာအုပ်ကို ဖတ်နေခဲ့သည်။ အဲယားကွန်းဖွင့် မထားပေမယ့် အရိပ်ရပင်တွေ ပတ်လည်ဝိုင်းနေသည့် အရပ်မို့ ဖွင့်ထားသည့် ပြတင်းပေါက်မှာ ဝင်လာသည့် လေနုအေးနှင့်ပင် နေလို့ထိုင်လို့ကောင်းသည်။ တစ်ဝကြီး စားထားသည့် မနက်စာကြောင့်ရော၊ တဖြည်းဖြည်း ငိုက်လာလေတော့သည်။

အိမ်အပြင်မှ လေချွန်သံတိုးတိုး နှင့် အတူ ပစ္စည်းချသံတို့ကြားမှ ဖျတ်ခနဲနိုးသွားသည်။ ကိုတူးပြန်လာတာဖြစ်မည်။ ဘေးကိုကြည့်လိုက်တော့ သမိုင်းလည်း သူ့ပခုံးပေါ်မှီပြီး အိပ်ပျော်နေတာဖြစ်သည်။ နဖူးပေါ်ကျနေသည့် ဆံပင်လေးကို တစ်ချက်သိမ်းပေးပြီး သမိုင်းနိုးသွားမည် စိုးသဖြင့် မလှုပ်ပဲ ငြိမ်ငြိမ်လေးနေလိုက်သည်။ ဝင်လာသည့် ကိုတူးကို နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး တိုးတိုး ဆိုသည့် ပုံစံ လုပ်ပြလိုက်သည်။ ထိုအခါမှ သူ့အကိုလေး အိပ်နေတာကို မြင်သွားသော ကိုတူးက ခြေသံကို ဖွနင်းပြီး ရေချိုးခန်းဖက် ဝင်သွားသည်။ ဒါပေမယ့် အအိပ်ဆတ်သည့် ကောင်လေးက အိမ်ထဲသို့ ဝင်လာသော ကိုတူး၏ ခြေသံရှပ်ရှပ်ကြားပြီး မျက်လုံးပွင့်လာသည်။ သူဘာမှမပြောပဲ ငုံ့ကြည့်နေလိုက်၏။ သူ့ပခုံးပေါ်တင်ထားသည့် ခေါ်လေးက ဖယ်သွားပြီး အိပ်ချင်မူးတူး မျက်နှာလေးဖြင့်

"ကျွန်တော် အိပ်ပျော်သွားတာလား" ဆိုပြီး မျက်လုံးလေးတွေကို ပွတ်သပ်ပြီး မေးလာသည်။ ချစ်စရာကောင်ဖြူလုံးလေး၏ ခေါင်းလေးကို အသာဖိပြီး

"အိပ်ချင်ရင် အိပ်လေ"

"ဟင့်အင်း
မအိပ်တော့ပါဘူး"

ကိုယ်လက်ဆေးပြီးထွက်လာသည့် ကိုတူးက သူတို့နှစ်ယောက်ကို

"နေ့လည်စာ ချက်လိုက်တော့မယ်နော် " ဟု လာပြောသည်။

"ဘာချက်မှာလဲ"

"အကိုလေး ဘာစားချင်လဲ"

"ကိုတိမ် ဘာစားချင်လဲ"

တစ်ယောက်ကို တစ်ယောက်ပတ်မေးနေကြသဖြင့် သူက

"ခြံထဲဆင်းပြီး ဟင်းသီးဟင်းရွက်တွေ ခူးမယ်လေ
အဲ့ဒါနဲ့ချက်ပေး
လောလောဆယ် ကိုတူးက ရေခဲပုံးထဲက ဂဏန်းတွေထုတ်ပြီး ကိုင်ထားလိုက်" ဟု အစီအစဉ်ဆွဲပေးလိုက်ရသည်။ ထို့နောက် သူရယ်သမိုင်းရယ်က ခမောက်ကိုယ်စီ ဆောင်းပြီး ဧည့်ခန်းမှာ ချိတ်ထားသည့် ပလိုင်းလွယ်ကာ ခြံထဲတစ်ခါ ဆင်းခဲ့ကြသည်။

အရင်ဆုံး ဘူးစင်က ဘူးညွှန့်နုနုလေးတွေ ခူးပြီး ဘူးရွက်ဟင်းချိုလုပ်ဖို့ တိုင်ပင်လိုက်သည်။ သူက ဘူးညွန့်ချိုးနေတုန်း သမိုင်းက ရုံးပတေသီးနှင့် ငရုတ်သီးတို့ကို ခူးသည်။ ရှောက်ရွက်နှင့် သခွားသီး ကိုလည်း အတို့အမြုပ်လုပ်ဖို့ နည်းနည်းစီ ခူးခဲ့သည်။ လိုသလောက် ခူးခဲ့ပြီး ပြန်လှည့်လာကြသည်။ အိမ်ဘေးတွင် စိုက်ထားသော သရက်ပင်မှ သရက်သီးစိမ်း သုံးလေးလုံးကိုလည်း ထောင်းစားဖို့ဆိုပြီး ဆွတ်လာလိုက်သေးသည်။

မီးဖိုထဲရောက်တော့ ကိုတူးလည်း ဂဏန်းတွေကို သန့်စင်ပြီးလို့ အိုးထဲထည့်ချက်ရန်ပြင်နေသည်။ သူတို့လည်း ပလိုင်းထဲမှ အသီးအရွက်တွေကို ထမင်းစားစားပွဲပေါ်သွန်ချလိုက်သည်။

"ဟင်းချက်မယ်ဆိုမှ မီးက ပျက်သွားပြီ"

ကိုတူးက သူတို့ဖက်လှည့်ပြောသည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်

" ဂတ်စ်အိုး မီးဖို တစ်ခုတော့ ရှိတယ်
ဟင်းကို အဲ့ဒါနဲ့ ချက်လိုက်မယ်
ထမင်းကတော့ အပြင်မှာ မီးသွေးအိုးနဲ့ မီးညှိပြီး တည်လိုက်မယ်
မီးက တော်တော်နဲ့ ပြန်လာဦးမှာ မဟုတ်သေးဘူး"

ဟု ကိုတူးက သူ့ပလန်ကို ပြောသည်။

"အင်း
အဲ့လိုပဲ လုပ်တာပေါ့
ကျွန်တော်တို့ ဝိုင်းချက်မယ်"

"ဟာ အကိုလေးတို့ နားနေပါ
ကျွန်တော်ချက်လိုက်မယ်"

"မရပါဘူး
တူတူချက်မယ်"

ငြင်းခုန်နေသည့် နှစ်ယောက်ကို ကြည့်ပြီး သူပါ မနေသာတော့။ ထို့ကြောင့်

"ကိုတူးက ဟင်းချက်လိုက်
သမိုင်းက ဘေးကနေ အသီးအရွက်တွေ ဝိုင်းသင်ပေးလိုက်
ကျွန်တော်က ထမင်းချက်လိုက်မယ်" ဟု ဝင်ပြောလိုက်သည်။

"ထမင်းက ငှဲ့ချက်ရမှာ
ဖြစ်ပါ့မလား "

"ဖြစ်ပါတယ်
ထမင်းရည်ငှဲ့ချက်တာ ကျွန်တော်မြင်ဖူးပါတယ်
မီးပဲညှိပေး"

"ရပါ့မလား ကိုတိမ်"

သမိုင်း က စိုးရိမ်စွာပြောလာပေမယ့် လူတတ်ကြီးလုပ်ချင်သည့် သူက မျက်စိတစ်ဖက်မှိတ်ပြပြီး

"ကြည့်နေလိုက်ပါ " ဟု ပိုင်နိုင်စွာပြောလိုက်သည်။ သူ့စကားကို ယုံပြီး  ကိုတူးက အပြင်ထွက်၊ မီးသွားညှိသည်။

သူက လက်ထဲရောက်လာသည့် ထမင်းအိုးကို ယူပြီး ဆန်ထည့်ရန်ပြင်လိုက်သည်။ ဘယ်လောက်ထည့်ရမှန်းမသိသဖြင့်

"သမိုင်းရေ ဆန်ဘယ်လောက်ထည့်ရမလဲ" လှမ်းမေးလိုက်သည်။ ဒါပေမယ့် အိမ်နှင့် ဖုန်းပြောနေသည့် သမိုင်းက ကြားဟန်မတူ။ ထို့ကြောင့် သူ့ဘာသာ လူသုံးယောက်၊ ဆန်သုံးဘူး ဆိုပြီး ချင့်ထည့်လိုက်သည်။

ပြီးတော့ ထမင်းအိုး ယူက အိမ်အပြင်က ရေဘုံဘိုင်မှာ သွားဆေးလိုက်သည်။ ဆန်ဆေးပြီးတော့ ရေဘယ်လောက်ထည့်ရမှန်းမသိဖြစ်နေသည်။ ဒါပေမယ့် မေမေထမင်းချက်လျှင် လက်ညိုးထည့်ပြီး လက်တစ်ဆစ်စာ ရေထည့်တာကို မြင်ဖူးတာ အမှတ်ရသွားပြီး သူလည်း ထိုသို့ လက်ညိုးထည့်ပြီး ရေကို လက်တစ်ဆစ်စာ ထည့်လိုက်သည်။

ပြီးတော့ အရံသင့် ကိုတူးမီးညှိထားသည့် မီးဖိုးမှာ တည်လိုက်သည်။ ထမင်းအိုးတည်ထားခဲ့ပြီး သမိုင်းတို့ မီးဖိုချောင်ထဲ ပြန်လာခဲ့သည်။

"တည်ခဲ့ပြီလား"

သမိုင်းအမေးကို ခေါင်းညိတ်ဖြေလိုက်သည်။ ကိုတူးက ရှေ့မှ တရှဲရှဲ ကြော်နေပြီး သူနှင့် သမိုင်းက နောက်ကနေ အသီးအရွက်တို့ကို လိုသလို လှီးသင်ပေးကြသည်။

"ထမင်းအိုး ပွက်လောက်ပြီ"

ကိုတူးက လှမ်းသတိပေးမှ သူလည်း အပြင်သို့ထွက်ပြီး ထမင်းအိုး ရှိရာ ပြေးရသည်။ ထမင်းအိုးဖုံးကို လှပ်ကြည့်ပြီး မြင်လိုက်ရသည့် ထမင်းအိုး အခြေအနေကြောင့် သူ့မှာရယ်ရမလို ငိုရမလိုဖြစ်သွားသည်။

ဘာလုပ်လို့လုပ်ရမှန်းမသိသဖြင့်

"သမိုင်းရေ
ကိုတူးရေ
လာပါဦး" ဟုသာ အိမ်ဖက်သို့ လှမ်းခေါ်လိုက်ရသည်။ သူ၏ အလန့်တကြားခေါ်သံကြောင့် အိမ်ထဲက ပြေးထွက်လာသည့် နှစ်ယောက်ကို တစ်ချက် သွားဖြီးပြပြီး ထမင်းအိုး အခြေအနေကိုပြလိုက်သည်။ ကိုတူးကမရယ်ပေမယ့် သမိုင်းကတော့ ပါးစပ်ကို လက်နှင့် အုပ်ပြီး ရယ်နေလေတော့သည်။

"ပြင်လို့ ရမှာပါ
ကျွန်တော် ကြည့်လုပ်လိုက်မယ်"

ကိုတူးက ထမင်းအိုးကို ယူသွားသည်။ သမိုင်းကတော့ သူ့ကို

"ထမင်းလေးတောင် မချက်တတ်ဘူး" ဆိုပြီး စလို့မဆုံးတော့။

ဖြစ်ပုံကတော့ သူက နှစ်ဘူးခွဲလောက်ပဲ ဆန့်သည့် ထမင်းအိုးကို ဆန်သုံးဘူး ထည့်တည်မိသည်။ ပေါင်းအိုးနှင့်ချက်လျှင် ရေခမ်းချက်တာမို့ ရေအနည်းငယ်ထည့်တည်ရပေမယ့် အခုလို ရေငှဲ့ချက်သည့် အခါ ရေများများထည့်ရတာကို သူကမသိ။ ဒါ့ကြောင့် သူထည့်သည့်ရေကနည်းတာရော ဆန်ကများနေတာကြောင့် ထမင်းအိုးမှာ အပေါ်ပိုင်းက ရေနည်းလို့ မနပ်ပဲ ဆန်အတောင့်လိုက်ဖြစ်နေသည်။ ရေရှိသည့် အလယ်ပိုင်းကတော့ ပျော့နေပြီး မမွှေပဲ ပစ်ထားလိုက်သဖြင့် အောက်ဆုံးပိုင်းက တူးနေလေတော့သည်။ တကယ်ကို ပျော့တူးမနပ် ထမင်းအိုး ဖြစ်သွားတာဖြစ်သည်။ ထမင်းစားရတာလွယ်သလောက် ထမင်းချက်ရတာ ခက်သည်လား။

ဒါပေမယ့် ကိုတူးသည် သူ၏ ပျော့တူးမနပ်ထမင်းအိုးကို မည်သို့ပြင်လိုက်သည်မသိ။ အနည်းငယ်ပျော့ပေမယ့် စားလို့တော့ ရသည့် အခြေအနေဖြစ်သွားသည်။ ကိုယ့်အစွမ်းအစကို သိရှိသွားရသည့်အတွက် သူကတော့ မီးဖိုချောင်မှာ ဝင်မရှုပ်ပဲ ဧည့်ခန်းမှာပဲ ငြိမ်ငြိမ်လေး သွားထိုင်နေလိုက်တော့သည်။ သမိုင်းက ထမင်းစားရအောင် ဟု ခေါ်တော့မှပဲ အားမနာစွာ ဝင်စားလိုက်တော့သည်။ ခြံထွက် လတ်လတ်ဆတ်ဆတ် အသီးအနှံများနှင့်ချက်ထားသည့် ဟင်းခွက်တို့က ထမင်းမြိန်စေသည်။ သူ့ကြောင့် ထမင်းက အနည်းငယ် ဂကျိုးဂကြောင် ဖြစ်သွားတာလွဲရင်ပေါ့။

ထမင်းစားပြီးတော့ နှစ်ယောက်သား အစာကြေအောင်  အညောင်းပြေ လမ်းလျှောက်ထွက်ခဲ့ကြသည်။ သမိုင်းတို့ဘေးခြံက ငွေပန်းတွေကို စီးပွားဖြစ် စိုက်တာမို့ သူတို့သည် ခွင့်တောင်းပြီး ထို ငွေပန်းခင်းထဲ ဝင်ပြီး ကြည့်ကြသည်။ ပန်းခင်းနှင့် အမျိုးသားနှစ်ဦးက မည်သို့မှ မအပ်စပ်ပေမယ့် ငွေပန်းနံ့ သင်းသင်းလေး များကြားမှာ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရတာက စိတ်ချမ်းသာမှု တစ်ခုပဲဖြစ်သည်။

သူတို့ခြံကို ပြန်ရောက်တော့ ကိုတူးက နှစ်ယောက်နားလို့ရအောင် ကွမ်းသီးပင်တွေကြားမှာ ကြိုးပုခက်လေး နှစ်ခု  ဆင်ပေးထားသည်။ သမိုင်းက ဂစ်တာတီးရအောင်ဟု ဆိုသဖြင့် အိမ်ထဲမှ ဂစ်တာကို သွားယူပေးလိုက်သည်။ သူက အဖြစ်လောက်သာ တီးတတ်တာမို့ သူ့ထက် ဂစ်တာတီး ပိုကျွမ်းသည့် သမိုင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။ သမိုင်းက ကြိုးအနည်းငယ်ညှိပြီး သီချင်းတစ်ပုဒ်ကို စတီးခတ်လိုက်သည်။  စိုင်းထီးဆိုင်၏ သဘာဝရဲ့ ရင်သွေးငယ် သီချင်း။

🎼🎵🎼လူတွေနဲ့ ဝေး ဝေး ဝေးတဲ့ နယ်မြေ
အတူတူ သွား သွား သွားကြမယ်လေ
နက်ရှိုင်းတဲ့ တောရဲ့ ရင်ခွင်မှာပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ
သဘာဝရဲ့ ရင်သွေးငယ်တွေ

ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ
တစ်နေရာ ရှိရှိ ရှိရမယ်လေ
ထာဝရငြိမ်းချမ်းမှု ရှာကာပျော်ရွှင်
သဘာဝရဲ့ ရင်သွေးငယ်တွေ
သဘာဝရဲ့ ရင်သွေးငယ်တွေ

ပိုင်ဆိုင်တာအားလုံးစွန့်ကာလေ
မနာလိုစရာလည်းပဲ မရှိတော့ပေ
ဘယ်သူမဆိုအားလုံးတန်းတူနေ
ညီအကိုလို ကြင်နာမှုနဲ့လေ
လောက သစ်တစ်ခုတည်နေ🎵🎼

ထိုသီချင်းတီးပြီးတော့ နောက်တစ်ပုဒ် ဆက်တီးတာက ဘိုဖြူရဲ့ လင်ခေးအဝင်သီချင်း။
🎼🎵
သာယာတဲ့ တိမ်လွှာ တိမ်လိပ် အနားရောက်အောင်
တောင်ပြာတွေ အဆင့်ဆင့် မြင့်မားစွာ
ရောက်ချင်ဇော
မျှော်သူရင်မောနွမ်းလှပြီ
အမြင်သာနီး ခရီးဝေးတဲ့တောင်

မှိုင်းညို့ဆိုင်းလို့ရယ် နှင်းမြူတွေ လွှမ်းခြုံတဲ့ကြား
ချောင်းလေးကလည်း အသာ စီးဆင်းကာ
အတန်းလိုက် အကန့်နဲ့ခြား ဝိုင်းရံကာတဲ့မြို့အဝင်
နေညိူချိန်ပန်းချီကားအလားပမာ
🎼🎼

သီချင်းပြီးတော့ ဂစ်တာကို ပင်စည်ခြေရင်းမှာ ချပြီး ဒန်းပေါ်မှာ ပက်လက်လှန် အိပ်ဖြစ်သည်။ သူက သမိုင်း ရှိရာ ဖက်ကို မျက်နှာမူပြီး

"သမိုင်း
ကိုယ် မင်းနဲ့အတူ အခုလို နေရတာပျော်တယ်
သမိုင်းရော" ဟု မေးလိုက်သည်။ သမိုင်းက သူ့ဖက်ကို စောင်းအိပ်လိုက်ပြီး

"ကျွန်တော်လည်း တူတူပါပဲ" ဆိုသည့် စကားကို နှစ်ကိုယ်ကြားရုံ တိုးတိတ်စွာဆိုလာသည်။ ပြုံးမြနေသည့် မျက်နှာလေးက ပျော်ရွှင်မှုရဲ့ သက်သေပဲပေါ့။

ထိုနေ့က သူတို့နှစ်ယောက် နေစောင်းချိန်လောက်ကျမှ  မပြန်ချင်ပြန်ချင်နှင့်  ပြန်လာခဲ့ကြသည်။ ကိုတူးကတော့ သူ့ကို လာလည်ဦးနော်ဟု မှာနေသည်။နောက်ဆို ခင်ဗျား အကိုလေး လာတိုင်း ကျွန်တော် ပါလာတော့မှာပါဟု စိတ်ထဲက ကြိမ်းဝါးလိုက်သည်။ သမိုင်းကို ခါတိုင်းလိုပဲ အဆောင်ထိ ပြန်လိုက်ပို့ပေးခဲ့သည်။ နှုတ်ဆက်တော့လည်း ခါတိုင်းလိုပဲ နဖူးလေးကို အနမ်းဖွဖွပေးဖြစ်သည်။

"ဒီနေ့လေးကို ကိုယ် အမြဲ အမှတ်တရဖြစ်နေမှာပါ
အမှတ်တရတွေကို အတူဖန်တီးခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ကိုယ့်ချစ်သူလေး"

သမိုင်း၏ လက်လေးနှစ်ဖက်ကို ကိုင်ပြီး ပြောမိသည်။ သမိုင်းက သူ့လက်မှာထိုးထားသည့် တက်တူးလေးကို နှုတ်ခမ်းလေးနှင့် ဖိကပ် ပြန်နမ်းသည်။ သမိုင်းအဆောင်ထဲသို့ ဝင်သွားသည်အထိ ကြည့်ပြီး မှ ပြန်ထွက်ဖို့ပြင်လိုက်သည်။ phone standမှာ တင်ထားသည့် ဖုန်းမှ မက်စေ့ဝင်လာသည့် မီးလေး လင်းလာသဖြင့် ကြည့်လိုက်သည်။ သမိုင်းဆီက မက်ဆေ့လေးက

"I love you"  တဲ့။

" I love you too" ဆိုသည့် စာလေးကိုပြန်ပို့ပြီး အတောမသတ်နိုင်သည့် အပြုံးတွေနှင့် အိမ်ပြန်ခဲ့လိုက်သည်။

Ownlish note ~ မထင်မှတ်ပဲ အလုပ်ရှုပ်သွားလို့ သုံးလေးရက်လောက်ပျောက်သွားမိတာ တောင်းပန်ပါတယ်ရှင့်။ အချိန်ရသလောက်  ကြိုးစားပြီး ရေးနေပါတယ်။ ချစ်ယူအော။

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>
​Zawgyi

သူ႔မ်က္လုံးေရွ႕မွာ ေပၚလာတာက ေရကန္ႀကီးတစ္ကန္။ စမ္းေခ်ာင္းမွ ေရမ်ား စီးဝင္ေနသည့္ ေရကန္ပင္ျဖစ္သည္။ ေရကန္ဟာ အရမ္းက်ယ္သည့္ အထဲတြင္ေတာ့မပါေပ။ ဒါေပမယ့္ သူအံၾသသြားတာ ေရကန္ထဲမွာေပါက္ေနသည့္ ၾကာျဖဴ၊ ၾကာနီမ်ားေၾကာင့္ျဖစ္သည္။ကန္ထဲမွာေပါက္ေနတာက  ပဒုမၼာၾကာမ်ားမဟုတ္ပဲ ႐ိုး႐ိုးၾကာပန္း အမ်ိဳးအစားျဖစ္သည္။ထိုၾကာပန္းမ်ိဳးကို  တစ္ခါတစ္ေလ ဘုရားမွာ ေရာင္းေနတာကို ျမင္ဖူးေပမယ့္ အခုလို အပင္လိုက္ ေပါက္ေနတာကို မျမင္ဖူးခဲ့။ ထိုၾကာကန္ႀကီးဆီမွ အၾကည့္မလႊဲႏိုင္ေအာင္ သူ႔မွာ သေဘာေတြက်ေနမိသည္။

"ဘယ္လိုလဲ"

အသံတိတ္သြားသည့္ သူ႔ကို သမိုင္းက ေဘးကေန ေမးလာသည္။ ထိုအခါမွ

"အရမ္းမိုက္တာပဲ
ကိုယ္ ဒီလို ၾကာပင္ေတြကို အျပင္မွာ သိပ္မျမင္ဖူးဘူး
တကယ္လွတယ္"

ဆိုၿပီး အငမ္းမရေျပာမိသည္။

"ဒီၿခံက အရင္က ေဖေဖ့မိတ္ေဆြၿခံေလ
ကြၽန္ေတာ္ ဆယ္တန္းေျဖၿပီးေတာ့ အလည္ေခၚလို႔ေရာက္ျဖစ္တာ
ကြၽန္ေတာ္ သေဘာက်တယ္ဆိုလို႔ ေဖေဖက ဝယ္လိုက္တာ"

"အင္းေပ့ါ
ၿခံကအက်ယ္ႀကီးကိုး အပင္ေတြနဲ႔ စိမ္းစိုေနေတာ့ သေဘာက်ခ်င္စရာပဲေလ"

"မဟုတ္ဘူး
ကြၽန္ေတာ္ သေဘာက်တာက ဒီကန္ေၾကာင့္
ၿခံထဲမွာ ဒီကန္ပါေနတာကိုေတြ႕မွ ေဖေဖ့ကို မရမက ဝယ္ခိုင္းျဖစ္သြားတာ"

"ဘာလို႔လဲ
ဒီကန္က ဘာျဖစ္လို႔လဲ"

"အဲ့ဒါက လွ်ိဳ႕ဝွက္ခ်က္"

သမိုင္းက အၿပဳံးေလးႏွင့္ သူ႔အေမးကို ျငင္းသြားသည္။ အဲ့လို မေျဖမွ ပိုသိခ်င္သြားသည့္ သူက သမိုင္းလက္ကို ဆြဲၿပီး မရမကေမးမိသည္။

"ေျပာလို႔
ဘာလို႔လဲ ဆို"

"မေျပာဘူး လို႔"

သူ႔လက္ထဲကေန အတင္း႐ုန္းေနသည့္ အေကာင္ေပါက္ေလးကို အသည္းယားၿပီး စိတ္မရွည္ေတာ့။ ထို႔ေၾကာင့္ ခါးကေနေပြ႕ခ်ီၿပီး ႏွစ္ခ်က္ေလာက္ ပတ္ရမ္းလိုက္သည္။ ႐ုတ္တရက္ ေပြ႕ခ်ီခံလိုက္ရသည့္အတြက္ သမိုင္းက လန႔္သြားဟန္ရွိၿပီး  သူ႔လည္ပင္းကို လက္ႏွစ္ဖက္ႏွင့္ သိုင္းဖက္လာသည္။ သူ႔ကို မ်က္လုံးေလးျပဴးၿပီး ၾကည့္လာသည့္ အေကာင္ျဖဴေလး၏ နဖးူကို ငုံ႔ၿပီး နမ္းေမႊးလိုက္သည္။ ထိုအခါ  အရွက္သည္းသြားၿပီး သူ႔ရင္ခြင္ထဲသို႔ မ်က္ႏွာေလးကို တိုးဝင္ကြယ္ ဝွက္လာေတာ့သည္။ ထိုသို႔တိုးဝင္လာမွ ေခါင္းေလးေဝွ႔ၿပီး ခြၽဲလာတယ္လို႔ ခံစားလိုက္ရသည့္ ဒီလူ႔ရင္မွာ ဖိုးသိုးဖက္သက္ေတြ ျဖစ္ကုန္ေလၿပီ။

"ေအာက္ခ်ေပးေတာ့"

ေခါင္းမေဖာ္ပဲ ေအာ္ေနသည့္ ေကာင္ေလးေၾကာင့္ ေပြ႕ထားတာကို ျဖဳတ္ၿပီး အသာခ်ေပးလိုက္သည္။ သမိုင္း ေျမေပၚမတ္တပ္ရပ္ၿပီဆိုမွ မဖယ္ခ်ရေသးသည့္ လက္တို႔ျဖင့္ ခါးေလးကို ဆြဲယူလိုက္သည္။

ေမာ့လာသည့္ ေမးဖ်ားေလးကိုလက္ႏွင့္အသာ ပင့္ယူၿပီး ဒီတစ္ခါ အပိုင္သိမ္းလိုက္မိသည္က သမိုင္း၏ ႏႈတ္ခမ္းေလးမ်ား။ ေဖာင္းအိအိ ႏႈတ္ခမ္းေလးေတြကို ျမတ္ႏိုးမဝစြာ နမ္းရႈိက္မိသည္။ အခ်စ္ႏွင့္ အနမ္းက ဘယ္လို အမ်ိဳးစပ္သလဲ နားမလည္ေပမယ့္ သူကေတာ့ တစ္ခါနမ္းၿပီးတိုင္း အခ်စ္ေတြ တစ္ဆင့္တိုးရသည္။ ရန္ကုန္မွာေနတုန္းက လူေတြၾကားမွာေတာင္  အလစ္ေခ်ာင္းၿပီး မရမက ေန႔တိုင္းနမ္းခဲ့ေသးတာ။ အခုလို တက်စ္က်စ္ ျမည္ေနသည့္ ေက်းငွက္သံေလးေတြ တစ္ခါတစ္ရံ လြင့္ပ်ံလာသည္မွလြဲလို႔ ဘာသံမွ မၾကားရ၊ ဘယ္သူမွ မရွိသည့္ ေနရာတစ္ခုမွာ သူ႔အနမ္းေတြက ထိန္းခ်ဳပ္ဖို႔ခက္ခဲသည္။ ထိန္းသိမ္းလိုသည့္ ဆႏၵလည္း မရွိ။ ေလျပည္ေလးသြဲ႕သြဲ႕တိုက္ခတ္ေနသည့္ ေနရာေလးတစ္ခု၊ ၾကာပန္းတို႔ျဖင့္ လွပေနသည့္ ကန္စပ္ေလးတစ္ေနရာ၊ အခ်ိန္ကလည္း သင့္သလို ေနရာကလည္း ႐ိုမန္တစ္ဆန္လြန္းေနသည္။ တစ္ေယာက္ကို တစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုး အခ်စ္ေတြကို ႏႈတ္ခမ္းမွတစ္ဆင့္ ေဖာ္ျပေနၾကသည့္ ေကာင္ေလးႏွစ္ေယာက္ေဘးမွာေတာ့ အခ်စ္တို႔ႏွင့္ လြင့္ပ်ံ႕လို႔ေပါ့။

စိတ္ႀကိဳက္ နမ္းလို႔ၿပီးမွ သမိုင္း၏ ႏႈတ္ခမ္းေလးေတြကို မလႊတ္ခ်င္လႊႊတ္ခ်င္ လႊတ္ေပးလိုက္ရသည္။ ဒီႏႈတ္ခမ္းေလးေတြက ဘယ္တုန္းကမွ နမ္းလို႔ဝသည္မရွိခဲ့။ အခုလည္း နီရဲေဖာက္ၿပီး ဖူးဖူးေယာင္လာလို႔သာ အနမ္းတို႔ကိုရပ္တန႔္လိုက္ရတာ။ ႏႈတ္ခမ္းထက္က အၾကည့္တို႔ကို အျမန္႐ုတ္သိမ္းရသည္။ မဟုတ္ရင္ ထပ္နမ္းမိေနေတာ့မွာ။

"အရမ္းခ်စ္တယ္"

သမိုင္း၏ နဖူးထက္သို႔ ဖြဖြေလးနမ္းၿပီး ခ်စ္ခြန္းေႁခြမိသည္။ သူ႔ခ်စ္သူေလးကေတာ့

"ဟုတ္" ဆိုသည့္ စကားေလးတစ္လုံး၊ အၿပဳံးေလးတစ္ပြင့္ျဖင့္ သူ႔အခ်စ္ေတြကို သိမ္းပိုက္သြားခဲ့သည္။

သူတို႔ႏွစ္ေယာက္ အိမ္ေလးဆီသို႔ ျပန္ေရာက္ၿပီးခ်ိန္မွာေတာ့ ကိုတူးက စားပြဲေပၚမွာ မနက္စာ အသင့္ျပင္ဆင္ေပးၿပီးထားၿပီး ျဖစ္သည္။

"ၿခံထဲ ႏွံ႔ခဲ့ၾကရဲ႕လား"

"ႏွံ႔ပါတယ္
ဝါးက်ဳေတာဖက္ေတာ့ မေရာက္ခဲ့ဘူး
ေႁမြေၾကာက္လို႔"

"ေတာ္ေသးတာေပါ့
ကြၽန္ေတာ္ မမွာလိုက္ရလို႔ အဲ့ဖက္သြားမွာ စိတ္ပူေနတာ
ပူတုန္းေလး စားလိုက္ၾကဦး"

"ကိုတူးေရာ တူတူစားမယ္ေလ"

"အကိုေလးတို႔မလာခင္က ကြၽန္ေတာ္စားထားတာ"

ကိုတူးက သူႏွင့္ သမိုင္းအတြက္ ေရေႏြးၾကမ္း တစ္ခြက္စီ ငွဲ႔ေပးၿပီး

"ကြၽန္ေတာ္ သံပုရာခင္းကို ေရသြားတင္လိုက္ဦးမယ္
ေျမာင္းေလး တစ္ေျမာင္းေလာက္လဲေဖာ္ခ်င္ေသးလို႔
ေခါင္းအုံးနဲ႔ ေစာင္ ထုတ္ထားတယ္

အကိုေလးတို႔ နားခ်င္ ဝင္နားလို႔ရတယ္" ဟု ဆိုကာ ေပါက္ျပားထားၿပီး ထြက္သြားေတာ့သည္။

သူႏွင့္ သမိုင္းကေတာ ဗိုက္လည္းဆာေနၿပီမို႔  ပဲဆီေမႊးေမႊးေလးဆမ္းထာသည့္ ငါးေျခာက္ဖုတ္ႏွင့္ ေကာက္ညႇင္းေပါင္းပူပူေလးကို ပုံမွန္ထက္ ပိုစားျဖစ္ၾကသည္။ ထို႔ေနာက္ ေရေႏြးၾကမ္းေသာက္ရင္း

"ကိုတူးက ဒီမွာေနတာၾကာၿပီလား"

"ၾကာဆို ကြၽန္ေတာ္တို႔ ဒီၿခံဝယ္လိုက္ၿပီးကတည္းကေလ
အရင္က ေဖေဖ့သၾကားစက္မွာ လုပ္တာေလ
ဒီၿခံမွာလည္း အေစာင့္မရွိတာမို႔ ဒီမွာလာေနခိုင္းတာ"

"ေၾသာ္
ဒါဆို သူကလည္း ေတာင္ငူကပဲေပါ့"

"အင္း ဟုတ္တယ္

ကိုတူးမွာက ေမြးခ်င္းေပါက္ေဖာ္ ေဆြမ်ိဳးလည္း မရွိလို႔ ဘယ္မွာ ေနရ၊ ေနရ သူကေတာ့ အဆင္ေျပပါတယ္"

"ဒီက အကိုေလးကေရာ ဘယ္မွာ ေနေနအဆင္ေျပလား ခင္ဗ်ာ"

သူက သမိုင္း၏ ႏွာေခါင္းေလးကို ဆြဲၿပီး ခ်စ္ျမတ္ႏိုးစြာ စမိသည္။ သမိုင္းကလည္းေခသူမဟုတ္ဆိုေတာ့

"ဒီက အကိုႀကီး ကိုတိမ္မိုးေဝသာရွိရင္ ဘယ္မွာျဖစ္ျဖစ္ အဆင္ေျပပါတယ္ခင္ဗ်ာ" တဲ့။ သူတို႔ႏွစ္ေယာက္ သေဘာက်စြာ ရယ္ေမာမိၾကသည္။

အိမ္ေလးထဲကို လွည့္ပတ္ၾကည့္ေတာ့ အခန္းမ်ားမ်ားစားစားမရွိ။ ဘုရားခန္းတစ္ခန္း၊ အိပ္ခန္းတစ္ခန္းႏွင့္ ေရခ်ိဳးခန္းအိမ္သာ တြဲရက္ တစ္ခန္းရွိသည္။ မီးဖိုေခ်ာင္ ႏွင့္ ဧည့္ခန္းကိုေတာ့ တစ္ခန္းတည္းေပါင္းထားသည္။ ဘုရားခန္းမွာ သင္ျဖဴးဖ်ာေလးခင္းထားၿပီး ေစာင္ႏွင့္ေခါင္းအုံးကို သပ္သပ္ရပ္ရပ္ေခါက္တင္ထားသည္။ အသုံးအေဆာင္ပစၥည္းထည့္ဟန္တူသည့္ ေသတၱာတစ္လုံးကိုလည္း အခန္းေထာင့္မွာ ေတြ႕ရသျဖင့္ သူသမိုင္းကိုေမးမိသည္။

"ကိုတူးက ဒီမွာ အိပ္တာလား"

"ဟုတ္တယ္
အိပ္ခန္းမွာ အိပ္ဆိုတာကို မရဘူး
ကြၽန္ေတာ္လာလည္တဲ့အခါက်ရင္ အဆင္မေျပမွာစိုးလို႔တဲ့ေလ
ကြၽန္ေတာ္က ေတာ္႐ုံမလာျဖစ္ပါဘူးေျပာလည္း သူက လက္မခံလို႔"

သူတို႔ႏွစ္ေယာက္ ကိုတူးျပင္ဆင္ေပးထားသည့္ အိပ္ခန္းမွာ မနားျဖစ္ၾကပါ။ ဧည့္ခန္းမွာပဲ ႏွစ္ေယာက္သား ျပန္ထိုင္ျဖစ္ၾကသည္။ သူကထိုင္ၿပီး ဖုန္းသုံးသည္။ သမိုင္းကေတာ့ ယူလာသည့္ စာအုပ္ကို ဖတ္ေနခဲ့သည္။ အဲယားကြန္းဖြင့္ မထားေပမယ့္ အရိပ္ရပင္ေတြ ပတ္လည္ဝိုင္းေနသည့္ အရပ္မို႔ ဖြင့္ထားသည့္ ျပတင္းေပါက္မွာ ဝင္လာသည့္ ေလႏုေအးႏွင့္ပင္ ေနလို႔ထိုင္လို႔ေကာင္းသည္။ တစ္ဝႀကီး စားထားသည့္ မနက္စာေၾကာင့္ေရာ၊ တျဖည္းျဖည္း ငိုက္လာေလေတာ့သည္။

အိမ္အျပင္မွ ေလခြၽန္သံတိုးတိုး ႏွင့္ အတူ ပစၥည္းခ်သံတို႔ၾကားမွ ဖ်တ္ခနဲႏိုးသြားသည္။ ကိုတူးျပန္လာတာျဖစ္မည္။ ေဘးကိုၾကည့္လိုက္ေတာ့ သမိုင္းလည္း သူ႔ပခုံးေပၚမွီၿပီး အိပ္ေပ်ာ္ေနတာျဖစ္သည္။ နဖူးေပၚက်ေနသည့္ ဆံပင္ေလးကို တစ္ခ်က္သိမ္းေပးၿပီး သမိုင္းႏိုးသြားမည္ စိုးသျဖင့္ မလႈပ္ပဲ ၿငိမ္ၿငိမ္ေလးေနလိုက္သည္။ ဝင္လာသည့္ ကိုတူးကို ႏႈတ္ခမ္းေပၚ လက္ညႇိဳးတင္ၿပီး တိုးတိုး ဆိုသည့္ ပုံစံ လုပ္ျပလိုက္သည္။ ထိုအခါမွ သူ႔အကိုေလး အိပ္ေနတာကို ျမင္သြားေသာ ကိုတူးက ေျခသံကို ဖြနင္းၿပီး ေရခ်ိဳးခန္းဖက္ ဝင္သြားသည္။ ဒါေပမယ့္ အအိပ္ဆတ္သည့္ ေကာင္ေလးက အိမ္ထဲသို႔ ဝင္လာေသာ ကိုတူး၏ ေျခသံရွပ္ရွပ္ၾကားၿပီး မ်က္လုံးပြင့္လာသည္။ သူဘာမွမေျပာပဲ ငုံ႔ၾကည့္ေနလိုက္၏။ သူ႔ပခုံးေပၚတင္ထားသည့္ ေခၚေလးက ဖယ္သြားၿပီး အိပ္ခ်င္မူးတူး မ်က္ႏွာေလးျဖင့္

"ကြၽန္ေတာ္ အိပ္ေပ်ာ္သြားတာလား" ဆိုၿပီး မ်က္လုံးေလးေတြကို ပြတ္သပ္ၿပီး ေမးလာသည္။ ခ်စ္စရာေကာင္ျဖဴလုံးေလး၏ ေခါင္းေလးကို အသာဖိၿပီး

"အိပ္ခ်င္ရင္ အိပ္ေလ"

"ဟင့္အင္း
မအိပ္ေတာ့ပါဘူး"

ကိုယ္လက္ေဆးၿပီးထြက္လာသည့္ ကိုတူးက သူတို႔ႏွစ္ေယာက္ကို

"ေန႔လည္စာ ခ်က္လိုက္ေတာ့မယ္ေနာ္ " ဟု လာေျပာသည္။

"ဘာခ်က္မွာလဲ"

"အကိုေလး ဘာစားခ်င္လဲ"

"ကိုတိမ္ ဘာစားခ်င္လဲ"

တစ္ေယာက္ကို တစ္ေယာက္ပတ္ေမးေနၾကသျဖင့္ သူက

"ၿခံထဲဆင္းၿပီး ဟင္းသီးဟင္း႐ြက္ေတြ ခူးမယ္ေလ
အဲ့ဒါနဲ႔ခ်က္ေပး
ေလာေလာဆယ္ ကိုတူးက ေရခဲပုံးထဲက ဂဏန္းေတြထုတ္ၿပီး ကိုင္ထားလိုက္" ဟု အစီအစဥ္ဆြဲေပးလိုက္ရသည္။ ထို႔ေနာက္ သူရယ္သမိုင္းရယ္က ခေမာက္ကိုယ္စီ ေဆာင္းၿပီး ဧည့္ခန္းမွာ ခ်ိတ္ထားသည့္ ပလိုင္းလြယ္ကာ ၿခံထဲတစ္ခါ ဆင္းခဲ့ၾကသည္။

အရင္ဆုံး ဘူးစင္က ဘူးၫႊန႔္ႏုႏုေလးေတြ ခူးၿပီး ဘူး႐ြက္ဟင္းခ်ိဳလုပ္ဖို႔ တိုင္ပင္လိုက္သည္။ သူက ဘူးၫြန႔္ခ်ိဳးေနတုန္း သမိုင္းက ႐ုံးပေတသီးႏွင့္ င႐ုတ္သီးတို႔ကို ခူးသည္။ ေရွာက္႐ြက္ႏွင့္ သခြားသီး ကိုလည္း အတို႔အျမဳပ္လုပ္ဖို႔ နည္းနည္းစီ ခူးခဲ့သည္။ လိုသေလာက္ ခူးခဲ့ၿပီး ျပန္လွည့္လာၾကသည္။ အိမ္ေဘးတြင္ စိုက္ထားေသာ သရက္ပင္မွ သရက္သီးစိမ္း သုံးေလးလုံးကိုလည္း ေထာင္းစားဖို႔ဆိုၿပီး ဆြတ္လာလိုက္ေသးသည္။

မီးဖိုထဲေရာက္ေတာ့ ကိုတူးလည္း ဂဏန္းေတြကို သန႔္စင္ၿပီးလို႔ အိုးထဲထည့္ခ်က္ရန္ျပင္ေနသည္။ သူတို႔လည္း ပလိုင္းထဲမွ အသီးအ႐ြက္ေတြကို ထမင္းစားစားပြဲေပၚသြန္ခ်လိုက္သည္။

"ဟင္းခ်က္မယ္ဆိုမွ မီးက ပ်က္သြားၿပီ"

ကိုတူးက သူတို႔ဖက္လွည့္ေျပာသည္။ ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ဘာလုပ္ရမွန္းမသိ ျဖစ္ေနစဥ္

" ဂတ္စ္အိုး မီးဖို တစ္ခုေတာ့ ရွိတယ္
ဟင္းကို အဲ့ဒါနဲ႔ ခ်က္လိုက္မယ္
ထမင္းကေတာ့ အျပင္မွာ မီးေသြးအိုးနဲ႔ မီးညႇိၿပီး တည္လိုက္မယ္
မီးက ေတာ္ေတာ္နဲ႔ ျပန္လာဦးမွာ မဟုတ္ေသးဘူး"

ဟု ကိုတူးက သူ႔ပလန္ကို ေျပာသည္။

"အင္း
အဲ့လိုပဲ လုပ္တာေပါ့
ကြၽန္ေတာ္တို႔ ဝိုင္းခ်က္မယ္"

"ဟာ အကိုေလးတို႔ နားေနပါ
ကြၽန္ေတာ္ခ်က္လိုက္မယ္"

"မရပါဘူး
တူတူခ်က္မယ္"

ျငင္းခုန္ေနသည့္ ႏွစ္ေယာက္ကို ၾကည့္ၿပီး သူပါ မေနသာေတာ့။ ထို႔ေၾကာင့္

"ကိုတူးက ဟင္းခ်က္လိုက္
သမိုင္းက ေဘးကေန အသီးအ႐ြက္ေတြ ဝိုင္းသင္ေပးလိုက္
ကြၽန္ေတာ္က ထမင္းခ်က္လိုက္မယ္" ဟု ဝင္ေျပာလိုက္သည္။

"ထမင္းက ငွဲ႔ခ်က္ရမွာ
ျဖစ္ပါ့မလား "

"ျဖစ္ပါတယ္
ထမင္းရည္ငွဲ႔ခ်က္တာ ကြၽန္ေတာ္ျမင္ဖူးပါတယ္
မီးပဲညႇိေပး"

"ရပါ့မလား ကိုတိမ္"

သမိုင္း က စိုးရိမ္စြာေျပာလာေပမယ့္ လူတတ္ႀကီးလုပ္ခ်င္သည့္ သူက မ်က္စိတစ္ဖက္မွိတ္ျပၿပီး

"ၾကည့္ေနလိုက္ပါ " ဟု ပိုင္ႏိုင္စြာေျပာလိုက္သည္။ သူ႔စကားကို ယုံၿပီး  ကိုတူးက အျပင္ထြက္၊ မီးသြားညႇိသည္။

သူက လက္ထဲေရာက္လာသည့္ ထမင္းအိုးကို ယူၿပီး ဆန္ထည့္ရန္ျပင္လိုက္သည္။ ဘယ္ေလာက္ထည့္ရမွန္းမသိသျဖင့္

"သမိုင္းေရ ဆန္ဘယ္ေလာက္ထည့္ရမလဲ" လွမ္းေမးလိုက္သည္။ ဒါေပမယ့္ အိမ္ႏွင့္ ဖုန္းေျပာေနသည့္ သမိုင္းက ၾကားဟန္မတူ။ ထို႔ေၾကာင့္ သူ႔ဘာသာ လူသုံးေယာက္၊ ဆန္သုံးဘူး ဆိုၿပီး ခ်င့္ထည့္လိုက္သည္။

ၿပီးေတာ့ ထမင္းအိုး ယူက အိမ္အျပင္က ေရဘုံဘိုင္မွာ သြားေဆးလိုက္သည္။ ဆန္ေဆးၿပီးေတာ့ ေရဘယ္ေလာက္ထည့္ရမွန္းမသိျဖစ္ေနသည္။ ဒါေပမယ့္ ေမေမထမင္းခ်က္လွ်င္ လက္ညိဳးထည့္ၿပီး လက္တစ္ဆစ္စာ ေရထည့္တာကို ျမင္ဖူးတာ အမွတ္ရသြားၿပီး သူလည္း ထိုသို႔ လက္ညိဳးထည့္ၿပီး ေရကို လက္တစ္ဆစ္စာ ထည့္လိုက္သည္။

ၿပီးေတာ့ အရံသင့္ ကိုတူးမီးညႇိထားသည့္ မီးဖိုးမွာ တည္လိုက္သည္။ ထမင္းအိုးတည္ထားခဲ့ၿပီး သမိုင္းတို႔ မီးဖိုေခ်ာင္ထဲ ျပန္လာခဲ့သည္။

"တည္ခဲ့ၿပီလား"

သမိုင္းအေမးကို ေခါင္းညိတ္ေျဖလိုက္သည္။ ကိုတူးက ေရွ႕မွ တရွဲရွဲ ေၾကာ္ေနၿပီး သူႏွင့္ သမိုင္းက ေနာက္ကေန အသီးအ႐ြက္တို႔ကို လိုသလို လွီးသင္ေပးၾကသည္။

"ထမင္းအိုး ပြက္ေလာက္ၿပီ"

ကိုတူးက လွမ္းသတိေပးမွ သူလည္း အျပင္သို႔ထြက္ၿပီး ထမင္းအိုး ရွိရာ ေျပးရသည္။ ထမင္းအိုးဖုံးကို လွပ္ၾကည့္ၿပီး ျမင္လိုက္ရသည့္ ထမင္းအိုး အေျခအေနေၾကာင့္ သူ႔မွာရယ္ရမလို ငိုရမလိုျဖစ္သြားသည္။

ဘာလုပ္လို႔လုပ္ရမွန္းမသိသျဖင့္

"သမိုင္းေရ
ကိုတူးေရ
လာပါဦး" ဟုသာ အိမ္ဖက္သို႔ လွမ္းေခၚလိုက္ရသည္။ သူ၏ အလန႔္တၾကားေခၚသံေၾကာင့္ အိမ္ထဲက ေျပးထြက္လာသည့္ ႏွစ္ေယာက္ကို တစ္ခ်က္ သြားၿဖီးျပၿပီး ထမင္းအိုး အေျခအေနကိုျပလိုက္သည္။ ကိုတူးကမရယ္ေပမယ့္ သမိုင္းကေတာ့ ပါးစပ္ကို လက္ႏွင့္ အုပ္ၿပီး ရယ္ေနေလေတာ့သည္။

"ျပင္လို႔ ရမွာပါ
ကြၽန္ေတာ္ ၾကည့္လုပ္လိုက္မယ္"

ကိုတူးက ထမင္းအိုးကို ယူသြားသည္။ သမိုင္းကေတာ့ သူ႔ကို

"ထမင္းေလးေတာင္ မခ်က္တတ္ဘူး" ဆိုၿပီး စလို႔မဆုံးေတာ့။

ျဖစ္ပုံကေတာ့ သူက ႏွစ္ဘူးခြဲေလာက္ပဲ ဆန႔္သည့္ ထမင္းအိုးကို ဆန္သုံးဘူး ထည့္တည္မိသည္။ ေပါင္းအိုးႏွင့္ခ်က္လွ်င္ ေရခမ္းခ်က္တာမို႔ ေရအနည္းငယ္ထည့္တည္ရေပမယ့္ အခုလို ေရငွဲ႔ခ်က္သည့္ အခါ ေရမ်ားမ်ားထည့္ရတာကို သူကမသိ။ ဒါ့ေၾကာင့္ သူထည့္သည့္ေရကနည္းတာေရာ ဆန္ကမ်ားေနတာေၾကာင့္ ထမင္းအိုးမွာ အေပၚပိုင္းက ေရနည္းလို႔ မနပ္ပဲ ဆန္အေတာင့္လိုက္ျဖစ္ေနသည္။ ေရရွိသည့္ အလယ္ပိုင္းကေတာ့ ေပ်ာ့ေနၿပီး မေမႊပဲ ပစ္ထားလိုက္သျဖင့္ ေအာက္ဆုံးပိုင္းက တူးေနေလေတာ့သည္။ တကယ္ကို ေပ်ာ့တူးမနပ္ ထမင္းအိုး ျဖစ္သြားတာျဖစ္သည္။ ထမင္းစားရတာလြယ္သေလာက္ ထမင္းခ်က္ရတာ ခက္သည္လား။

ဒါေပမယ့္ ကိုတူးသည္ သူ၏ ေပ်ာ့တူးမနပ္ထမင္းအိုးကို မည္သို႔ျပင္လိုက္သည္မသိ။ အနည္းငယ္ေပ်ာ့ေပမယ့္ စားလို႔ေတာ့ ရသည့္ အေျခအေနျဖစ္သြားသည္။ ကိုယ့္အစြမ္းအစကို သိရွိသြားရသည့္အတြက္ သူကေတာ့ မီးဖိုေခ်ာင္မွာ ဝင္မရႈပ္ပဲ ဧည့္ခန္းမွာပဲ ၿငိမ္ၿငိမ္ေလး သြားထိုင္ေနလိုက္ေတာ့သည္။ သမိုင္းက ထမင္းစားရေအာင္ ဟု ေခၚေတာ့မွပဲ အားမနာစြာ ဝင္စားလိုက္ေတာ့သည္။ ၿခံထြက္ လတ္လတ္ဆတ္ဆတ္ အသီးအႏွံမ်ားႏွင့္ခ်က္ထားသည့္ ဟင္းခြက္တို႔က ထမင္းၿမိန္ေစသည္။ သူ႔ေၾကာင့္ ထမင္းက အနည္းငယ္ ဂက်ိဳးဂေၾကာင္ ျဖစ္သြားတာလြဲရင္ေပါ့။

ထမင္းစားၿပီးေတာ့ ႏွစ္ေယာက္သား အစာေၾကေအာင္  အေညာင္းေျပ လမ္းေလွ်ာက္ထြက္ခဲ့ၾကသည္။ သမိုင္းတို႔ေဘးၿခံက ေငြပန္းေတြကို စီးပြားျဖစ္ စိုက္တာမို႔ သူတို႔သည္ ခြင့္ေတာင္းၿပီး ထို ေငြပန္းခင္းထဲ ဝင္ၿပီး ၾကည့္ၾကသည္။ ပန္းခင္းႏွင့္ အမ်ိဳးသားႏွစ္ဦးက မည္သို႔မွ မအပ္စပ္ေပမယ့္ ေငြပန္းနံ႔ သင္းသင္းေလး မ်ားၾကားမွာ တစ္ေယာက္လက္ တစ္ေယာက္ဆြဲၿပီး၊ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရတာက စိတ္ခ်မ္းသာမႈ တစ္ခုပဲျဖစ္သည္။

သူတို႔ၿခံကို ျပန္ေရာက္ေတာ့ ကိုတူးက ႏွစ္ေယာက္နားလို႔ရေအာင္ ကြမ္းသီးပင္ေတြၾကားမွာ ႀကိဳးပုခက္ေလး ႏွစ္ခု  ဆင္ေပးထားသည္။ သမိုင္းက ဂစ္တာတီးရေအာင္ဟု ဆိုသျဖင့္ အိမ္ထဲမွ ဂစ္တာကို သြားယူေပးလိုက္သည္။ သူက အျဖစ္ေလာက္သာ တီးတတ္တာမို႔ သူ႔ထက္ ဂစ္တာတီး ပိုကြၽမ္းသည့္ သမိုင္းလက္ထဲသို႔ ထည့္ေပးလိုက္သည္။ သမိုင္းက ႀကိဳးအနည္းငယ္ညႇိၿပီး သီခ်င္းတစ္ပုဒ္ကို စတီးခတ္လိုက္သည္။  စိုင္းထီးဆိုင္၏ သဘာဝရဲ႕ ရင္ေသြးငယ္ သီခ်င္း။

🎼🎵🎼လူေတြနဲ႔ ေဝး ေဝး ေဝးတဲ့ နယ္ေျမ
အတူတူ သြား သြား သြားၾကမယ္ေလ
နက္ရႈိင္းတဲ့ ေတာရဲ႕ ရင္ခြင္မွာေပ်ာ္ေန
သဘာဝရဲ႕ ရင္ေသြးငယ္ေတြ
သဘာဝရဲ႕ ရင္ေသြးငယ္ေတြ

ဒီကမာၻမွာ စစ္ စစ္ စစ္မျဖစ္ရာေျမ
တစ္ေနရာ ရွိရွိ ရွိရမယ္ေလ
ထာဝရၿငိမ္းခ်မ္းမႈ ရွာကာေပ်ာ္႐ႊင္
သဘာဝရဲ႕ ရင္ေသြးငယ္ေတြ
သဘာဝရဲ႕ ရင္ေသြးငယ္ေတြ

ပိုင္ဆိုင္တာအားလုံးစြန႔္ကာေလ
မနာလိုစရာလည္းပဲ မရွိေတာ့ေပ
ဘယ္သူမဆိုအားလုံးတန္းတူေန
ညီအကိုလို ၾကင္နာမႈနဲ႔ေလ
ေလာက သစ္တစ္ခုတည္ေန🎵🎼

ထိုသီခ်င္းတီးၿပီးေတာ့ ေနာက္တစ္ပုဒ္ ဆက္တီးတာက ဘိုျဖဴရဲ႕ လင္ေခးအဝင္သီခ်င္း။
🎼🎵
သာယာတဲ့ တိမ္လႊာ တိမ္လိပ္ အနားေရာက္ေအာင္
ေတာင္ျပာေတြ အဆင့္ဆင့္ ျမင့္မားစြာ
ေရာက္ခ်င္ေဇာ
ေမွ်ာ္သူရင္ေမာႏြမ္းလွၿပီ
အျမင္သာနီး ခရီးေဝးတဲ့ေတာင္

မႈိင္းညိဳ႕ဆိုင္းလို႔ရယ္ ႏွင္းျမဴေတြ လႊမ္းၿခဳံတဲ့ၾကား
ေခ်ာင္းေလးကလည္း အသာ စီးဆင္းကာ
အတန္းလိုက္ အကန႔္နဲ႔ျခား ဝိုင္းရံကာတဲ့ၿမိဳ႕အဝင္
ေနညိဴခ်ိန္ပန္းခ်ီကားအလားပမာ
🎼🎼

သီခ်င္းၿပီးေတာ့ ဂစ္တာကို ပင္စည္ေျခရင္းမွာ ခ်ၿပီး ဒန္းေပၚမွာ ပက္လက္လွန္ အိပ္ျဖစ္သည္။ သူက သမိုင္း ရွိရာ ဖက္ကို မ်က္ႏွာမူၿပီး

"သမိုင္း
ကိုယ္ မင္းနဲ႔အတူ အခုလို ေနရတာေပ်ာ္တယ္
သမိုင္းေရာ" ဟု ေမးလိုက္သည္။ သမိုင္းက သူ႔ဖက္ကို ေစာင္းအိပ္လိုက္ၿပီး

"ကြၽန္ေတာ္လည္း တူတူပါပဲ" ဆိုသည့္ စကားကို ႏွစ္ကိုယ္ၾကား႐ုံ တိုးတိတ္စြာဆိုလာသည္။ ၿပဳံးျမေနသည့္ မ်က္ႏွာေလးက ေပ်ာ္႐ႊင္မႈရဲ႕ သက္ေသပဲေပါ့။

ထိုေန႔က သူတို႔ႏွစ္ေယာက္ ေနေစာင္းခ်ိန္ေလာက္က်မွ  မျပန္ခ်င္ျပန္ခ်င္ႏွင့္  ျပန္လာခဲ့ၾကသည္။ ကိုတူးကေတာ့ သူ႔ကို လာလည္ဦးေနာ္ဟု မွာေနသည္။ေနာက္ဆို ခင္ဗ်ား အကိုေလး လာတိုင္း ကြၽန္ေတာ္ ပါလာေတာ့မွာပါဟု စိတ္ထဲက ႀကိမ္းဝါးလိုက္သည္။ သမိုင္းကို ခါတိုင္းလိုပဲ အေဆာင္ထိ ျပန္လိုက္ပို႔ေပးခဲ့သည္။ ႏႈတ္ဆက္ေတာ့လည္း ခါတိုင္းလိုပဲ နဖူးေလးကို အနမ္းဖြဖြေပးျဖစ္သည္။

"ဒီေန႔ေလးကို ကိုယ္ အၿမဲ အမွတ္တရျဖစ္ေနမွာပါ
အမွတ္တရေတြကို အတူဖန္တီးခြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္ ကိုယ့္ခ်စ္သူေလး"

သမိုင္း၏ လက္ေလးႏွစ္ဖက္ကို ကိုင္ၿပီး ေျပာမိသည္။ သမိုင္းက သူ႔လက္မွာထိုးထားသည့္ တက္တူးေလးကို ႏႈတ္ခမ္းေလးႏွင့္ ဖိကပ္ ျပန္နမ္းသည္။ သမိုင္းအေဆာင္ထဲသို႔ ဝင္သြားသည္အထိ ၾကည့္ၿပီး မွ ျပန္ထြက္ဖို႔ျပင္လိုက္သည္။ phone standမွာ တင္ထားသည့္ ဖုန္းမွ မက္ေစ့ဝင္လာသည့္ မီးေလး လင္းလာသျဖင့္ ၾကည့္လိုက္သည္။ သမိုင္းဆီက မက္ေဆ့ေလးက

"I love you"  တဲ့။

" I love you too" ဆိုသည့္ စာေလးကိုျပန္ပို႔ၿပီး အေတာမသတ္ႏိုင္သည့္ အၿပဳံးေတြႏွင့္ အိမ္ျပန္ခဲ့လိုက္သည္။

Ownlish note ~ မထင္မွတ္ပဲ အလုပ္ရႈပ္သြားလို႔ သုံးေလးရက္ေလာက္ေပ်ာက္သြားမိတာ ေတာင္းပန္ပါတယ္ရွင့္။ အခ်ိန္ရသေလာက္  ႀကိဳးစားၿပီး ေရးေနပါတယ္။ ခ်စ္ယူေအာ။

Continue Reading

You'll Also Like

97.6K 9.2K 100
ေမ်ွာ္လင့္ျခင္းေတြနဲ႔႐ွင္သန္တတ္ဖို႔ ကမၻာႀကီးက သင္ေပးခဲ့တယ္...။ မျှော်လင့်ခြင်းတွေနဲ့ရှင်သန်တတ်ဖို့ ကမ္ဘာကြီးက သင်ပေးခဲ့တယ်...။ Own Creation by Han_...
20.7K 1.1K 58
ျမတ္ႏိုးရေသာ ပန္းေလးတစ္ပြင့္အေၾကာင္း
1.1M 57.9K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
86.4K 4.6K 38
Zawgyi အခ်စ္နဲ႔အတၱလြန္ဆြဲလာတဲ့အခါ ေနာက္ဆံုးမွာ ဘယ္အရာက အနုိင္ရမလဲ Chel Unicode အချစ်နဲ့အတ္တလွန်ဆွဲလာတဲ့အခါ နောက်ဆုံးမှာ ဘယ်အရာက အနိုင်ရမလဲ Chel