အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့...

By Ownlish

263K 32.7K 4K

Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အခ်စ္ဆိုတဲ့ကြင္းျပင္က်ယ္ႀကီးမ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Ending
Extra 1
Extra 2
Extra 3
Extra 4

Chapter 13

4.7K 669 116
By Ownlish

Unicode

တိမ်မိုးဝေ တစ်ယောက် သူ့ဆိုင်နှင့် မျက်နှာချင်းဆိုင် လမ်းမပေါ်မှာ ရပ်ထားသည့် ကားကို ကြည့်ပြီး အရမ်းတွေ တင်းနေသည်။ ကားက သူ့ဆိုင်ရှေ့ ပိတ်ရပ်ထားတာ မဟုတ်လို့ ဘာမှလည်း သွားပြောလို့မရ။ ယာဉ်မရပ်ရ နေရာ မဟုတ်သည့်အတွက် ယာဉ်ထိန်းရဲကိုလည်း လှမ်းအကြောင်းကြားလို့ကမရ။ အင်းး။ အဲ့ဒီ ပြောင်စပ်စပ်ကားကိုကြည့်နေရတာ အဆင်ကို ပြေမနေဘူး။ ကားကသူ့ကိုလျှာထုတ်မပြပေမယ့် သူ့ကို ဖုန်ရှုလိုက် လို့ ပြောနေသလိုပဲ။

အမှန်က ကားပိုင်ရှင်ကို ကြည့်မရသဖြင့် ကားကိုပါရောပြီး ကြည့်မရတာဖြစ်သည်။ ကားပိုင်ရှင်ကတော့ တခြားသူမဟုတ်။ သမိုင်း ကိုလာကပ်နေသည့်တစ်ယောက်။ အေးမြတ်ဆီမှာ နာမည်မေးကြည့်လိုက်တော့ စိမ်းရောင်စို ဟု သိရသည်။ စိမ်းသလား မစိမ်းသလားတော့မသိ။ မျက်နှာပြောင်တာတော့သိသည်။ ဟိုနေ့ညက သူ ပြောလွှတ်လိုက်ပြီးနောက်ပိုင်းမှ ပိုပြီးတော့ လာသည်။ရွဲ့နေသလားတောင်ထင်ရသည်။ သမိုင်းဆိုင်သို့မရောက်ခင် ထိုကားက ရှိနေတတ်ပြီး သမိုင်းလာသည်နှင့် ဆင်းပြီးနှုတ်ဆက်သည်။ သမိုင်းက မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားလည်း အတင်းလိုက်နှုတ်ဆက်နေတတ်သည်။ တော်တော်ရဲတင်းသည့် အမျိုးသမီးပဲ။ သူကအားယားနေလို့ သတိထားကြည့်မိတာမဟုတ်ပါ။ ဝေယံသည် များသောအားဖြင့် ဆိုင်ရှေ့မှာပဲ ဈေးဝယ်လာသူကို စောင့်နေတတ်သဖြင့် ထိုကိစ္စတွေကို မြင်ပြီး သူ့ကို reportတင်တာဖြစ်သည်။

"ကိုသမိုင်းကို လာဝိုက်နေတာများလား မသိဘူးနော်
ကိုတိမ်"

"ဟုတ်မှာပေါ့
ရုပ်ကိုက စားစော်ကြီး မှန်းအသိသာကြီးကို"

"စားစော်ကြီး??
အဲ့ဒါ ဘာပြောတာလဲ ကိုတိမ်"

"မင်းကလည်း
စားနေကျ ကြောင်ပါးကြီး တို့ဘာတို့ မကြားဖူးဘူးလား
အဲ့လိုပဲ
ဒီအမကြီးကလည်း စားနေကျ စော်ကြီးဖြစ်မှာပေါ့
အဲ့တော့
စားစော်ကြီးပေါ့ကွာ"

"ဟုတ်လား
ဒါဆို ကိုသမိုင်းတော့ လွတ်ပါ့မလား
စားခံနေရမယ်"

ဝေယံက ပူပူပင်ပင်ပြောလာသည့် စကားကို သူချက်ချင်း ငြင်းမိသည်။

"ဘာဆိုင်လဲ
သမိုင်းက အဲ့တစ်ယောက်ကို မတတ်သာလို့ပြန်နှုတ်ဆက်နေတာကို"

သူတို့နှစ်ယောက်မှာ ကိုယ်နှင့်လည်းမပတ်သတ်သည့်ကိစ္စကို ကြားထဲက ဝင်ပြီး ပူပန်နေကြခြင်းဖြစ်သည်။

သမိုင်းလည်း ထိုအမျိုးသမီးနှင့်ပတ်သတ်ပြီး စိတ်ရှုပ်နေသည့်ပုံရသည်။ဒါပေမယ့် သူနှင့်တော့ ပိုပြီး ခင်ခင်မင်မင်ရှိလာသည်။ ဆိုင်ကိုကော်ဖီသွားဝယ်သောက်ဖြစ်သည့်အခါ အရင်ကထက် ပိုပြီး စကားလေးဘာလေး ပြောလာသည်။ ပိုပြီး ရင်းနှီးလာလေ သမိုင်းက သူ့အတွက်တော့ ခင်မင်စရာကောင်းသည့် ညီလေးတစ်ယောက်လိုပါပဲ။ ဒီကလေးမှာ ပြောစရာဆိုလို့ အရယ်အပြုံးနည်းတာလေး တစ်ခုပဲရှိသည်။ ဒါပေမယ့် အဲ့ဒါကိုက cool guy လေးလိုဖြစ်နေသည်။

ထိုနေ့က သမိုင်းသည် သူနှင့် လူချိန်းမည့် ဇော်ဇော် လာတာနောက်ကျသဖြင့် ပုံမှန်ထက်နောက်ကျပြီးမှ ဆိုင်ကထွက်ခဲ့ရသည်။ ဒီအချိန်ဆို YBSတွေလည်း လူချောင်တတ်သဖြင့် လိုင်းကားပဲစီးသွားတော့မည်ဟု တွေးကာ မှတ်တိုင်သို့ လမ်းလျှောက်လာခဲ့သည်။အောက်ကိုငုံ့ပြီး လမ်းလျှောက်လာရင်း တစ်နေရာရောက်တော့ သူ့ရှေ့ ကိုတစ်ယောက်ယောက်က ပိတ်ရပ်လိုက်သည် ထင်လိုက်သည်။ မော့ကြည့်လိုက်သည့်အခါ အဝတ်အစား ညစ်နွမ်းနွမ်းနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်နေ၏။ ထိုလူကိုရှောင်က ဘေးကနေ ကွေ့ပတ်သွားဖို့ပြင်လိုက်သည်။ ဒါပေမယ့် သူရှောင်သည့်ဖက် သို့ လိုက်ပိတ်သည်။

"အကို့မှာ စားစရိတ်သောက်စရိတ် ပြတ်နေလို့ပါ
ဒီကညီလေး ပိုက်ဆံလေးနည်းနည်းလောက်ပေးခဲ့ပါလား"

ထောင်းခနဲ ထွက်လာသည့် အရက်နံ့ကို ရလိုက်သည်။ သူမျက်မှောင်ကုတ်ပြီး မကြားချင်ယောင်ဆောင်ကာ ကျော်သွားဖို့ပြင်လိုက်သည်။ ဒါပေမယ့်

"ဟေ့
ပြောနေတာ မကြားဘူးလား" ဆိုပြီး သူ့ကျောပိုးအိတ်ကို လှမ်းဆွဲသည်။ သူ့ကျောပိုး အိတ်ကို လှမ်းဆွဲရမလားဆိုပြီး ဒေါသက ထွက်လာသည်။ တစ်ခုခု ပြန်ပြောမိတော့မလို ဖြစ်သွားပေမယ့် မပြောဖြစ်ခဲ့။ သူတို့ဘေးနားသို့ နောက်ထပ် လူတစ်ယောက်ရောက်လာသည်။ အမှန်ကတော့ အစကတည်းက နှစ်ယောက် ရှိနေတာဖြစ်မည်။ သမိုင်း သတိမထားမိခဲ့တာ။ ထိုတစ်ယောက်သည်လည်း မှုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင်၊  ကြည့်တာနှင့် အခြေမဟန်မှန်း သိသာသည်။

တစ်ယောက်က ကျောပိုးအိတ်ကို ဆွဲထားပြီး တစ်ယောက်က ရှေ့က ပိတ်ရပ်ထားသည်။ ဒါက လုယက်ခံနေရသည်လား၊ မိုက်ကြေးခွဲခံရသည်လား။ ရောက်နေသည့်နေရာက မီးတိုင်နှစ်ခုကြားဖြစ်သဖြင့် မှောင်ရိပ်နည်းနည်းကျနေသည်။ ဖြတ်သွားဖြတ်လား လူလည်းမရှိ။ သူသည်ဒီလိုအခြေအနေမျိုးလည်း တစ်ခါမှ မကြုံဖူးသဖြင့် ထူပူလာသည်။ ရှေ့ကလူကိုပဲ တွန်းဖယ်လိုက်ရမလားစဉ်းစားနေတုန်း

" သမိုင်း ဘာဖြစ်လို့လဲ" ဆိုသည့် အသံကိုကြားလိုက်ရသည်။ အားကိုးတကြီး လှည့်ကြည့်မိလိုက်တော့ ကိုတိမ်။ ကိုတိမ် က သူ့နားသို့ အပြေးတစ်ပိုင်း လျှောက်လာသည်။ ထိုအခါမှ အစောနက လူနှစ်ယောက်သည် သူ့ဘေးကနေ လှစ်ခနဲ ပျောက်သွားကြတော့သည်။

"သမိုင်း
ဘာဖြစ်သွားသေးလဲ"

အနားရောက်လာတော့ စိုးရိမ်တကြီး ထပ်မေးသည်။

"ဘာမှမဖြစ်ပါဘူး
အမူးသမားတွေ
ပိုက်ဆံလာတောင်းတာ
နှစ်ယောက်ဆိုတော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာ"

"တော်သေးတာပေါ့
အဲ့လိုဟာတွေက တောင်းမရရင် လုကြမယ့်သူတွေ"

"ဟုတ်လောက်တယ်
ကျောပိုးအိတ်ကို လှမ်းဆွဲထားတာ"

"ကိုယ်မြင်တယ်
ဒီနေ့စောစောပြန်မလို့ ထွက်လာတာ
သမိုင်းကို လှမ်းမြင်လိုက်လို့
ဘာဖြစ်နေတာလဲမသိဘူးဆိုပြီး စိတ်ပူသွားတာ"

ကိုတိမ်သည် တကယ် စိတ်ပူသွားတဲ့ပုံပါပဲ။

"ကျေးဇူးတင်ပါတယ် ကိုတိမ်
ကိုတိမ်ရောက်လာလို့သာပေါ့"

"ရပါတယ်
ပြန်မှာမို့လား
ကိုယ်လိုက်ပို့မယ်"

"ရတယ်
Taxiငှားစီး သွားလိုက်တော့မယ်"

"လာပါ
ဘာလို့ငှားစီးနေမှာလဲ
ကိုယ်လိုက်ပို့ပါ့မယ်"

သူလည်း ထပ်မငြင်းဖြစ်တော့ပဲ ကိုတိမ်နောက်က လိုက်သွားလိုက်သည်။ ကားပေါ်ရောက်တော့ ရှေ့ခန်းမှာပဲ ဝင်ထိုင်လိုက်သည်။ ထိုင်ခုံခါးပတ်ဆွဲပတ်လိုက်ပေမယ့် ကိုတိမ်က ပတ်ထားတာ မတွေ့သဖြင့်

"ကိုတိမ်
ထိုင်ခုံခါးပတ်ပတ်လေ"ဟု သတိပေးရသေးသည်။

တိမ်မိုးဝေတစ်ယောက် ဘေးကထိုင်ခုံမှာ ငြိမ်ငြိမ်လေး ထိုင်ပြီးလိုက်ပါလာသည့် ကောင်လေးကို မကြာမကြာလှည့်ကြည့်ဖြစ်နေသည်။ ခုဏက လန့်သွားလို့လားမသိ။ မျက်နှာလေးက မကောင်း။

"သမိုင်း
ရန်ဖြစ်ဖူးလား"

စိတ်ပြေသွားအောင် စကားစပြောလိုက်သည်။

"ဟင့်အင်း
မဖြစ်ဖူးဘူး"

"တစ်ခါလေးတောင် မဖြစ်ဖူးဘူးလား"

"မဖြစ်ဖူးပါဘူး
လူမိုက်မှ မဟုတ်တာကို"

"ဒါဆို ကိုယ်ကတော့ လူမိုက်ပေါ့"

သူ့ကို ထူးဆန်းသလို လှည့်ကြည့်လာသည့် ကောင်လေးကို ပြုံးပြလိုက်ပြီး

"ကိုယ်ဆို ခဏတိုင်းရန်ဖြစ်တယ်
ပထမဆုံး ရန်ဖြစ်ဖူးတာက
မူကြိုတက်ကတည်းက
အဲ့တုန်းက ကိုယ့်ရှေ့က ကောင်နှစ်ကောင်က ကိုယ့်ကို လှည့်လှည်ပြီးစလို့
နာရင်းတစ်ယောက်တစ်ချက် အုပ်ပစ်လိုက်တာ
ဒင်းတို့က ထငိုပါရော
ပြီးတော့  နပန်းလုံးကြတယ်
မှတမှတ်ရရ အဲ့ဒါ ကိုယ့်ပထမဆုံးရန်ပွဲပဲ"

".................."

"အတန်းကြီးလာတော့
ကျောင်းတွင်း ရန်ဖြစ်ရတာ အားမရလို့
တခြားကျောင်းကကောင်တွေနဲ့တောင် ချိန်းပြီးရန်ဖြစ်သေး
ဟဲဟဲ"

"ဘာလို့ရန်ဖြစ်တာလဲ"

"ဘာလို့ရယ်တော့ မဟုတ်ပါဘူးကွာ
ဒီအတိုင်း ဝါသနာပါလို့ ရန်ဖြစ်တာ"

ဝါသနာပါလို့ ရန်ဖြစ်တာဆိုသည့် ကိုတိမ်၏ အဖြေကိုနားထောင်ပြီး သမိုင်းသစ်တစ်ယောက် မျက်လုံးတောင်ပြူးချင်သွားသည်။ အဲ့လို ထူးဆန်းသည့်ဝါသနာဆိုတာ ရှိလား။

"ခုဏကလည်း ဟိုနှစ်ယောက် လစ်ပြေးလို့ပေါ့
မဟုတ်ရင် ကိုယ့်လက်သီးစာမိပြီ
ကိုယ့်လက်သီးက ရှေးခေတ် မြန်မာ့သိုင်းပညာက ဆင်းသက်လာတဲ့ ဗာရာဏသီ လက်သီး ကွ"

"ဗာရာဏသီ လက်သီး"

သမိုင်းနားမလည်သလို ဖြစ်သွားသည်။

"ဟုတ်တယ်
လက်သီးထိုးတဲ့အခါ လက်သီးဆုပ်ထားတဲ့အနေအထားမှန်ဖို့လိုတယ်
မမှန်ရင် သူများကိုထိုးတဲ့အခါ ကိုယ့်လက်ပဲပြန်နာတာ
နောက်မှ သမိုင်းကိုလည်း ကိုယ့်ရဲ့ ဗာရာဏသီလက်သီးဆုပ်နည်း သင်ပေးမယ်"

သမိုင်းမှာတော့ သြော်၊ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ပဲ ပြန်ပြောရမည့်ပုံပဲ။ ကိုတိမ်က အဆောင်ရှေ့ထိ လိုက်ပို့ပေးသွားခဲ့သည်။  ထိုနေ့ညက အိပ်ခါနီးတော့ LINE ကနေ ကိုတိမ်ကို ကျေးဇူးတင်ပါတယ် ဆိုပြီး စာပို့လိုက်သည်။  ကိုတိမ့်ဆီကတော့ good nightဆိုသည့် replyလေး ပြန်ရောက်လာခဲ့သည်။replyမပြန်ဖြစ်ပေမယ့် တိုးတိုးလေးရေရွတ်လိုက်သည်။ Good Night ပါ ကိုတိမ်။

နောက်ရက် အလုပ်ဆင်းလို့ အဝတ်အစားလဲ ပြီး ဆိုင်မှ ထွက်မလို့ လုပ်နေတုန်း ကိုတိမ်တစ်ယောက်ရောက်ချလာသည်။

"ကဲ သမိုင်းရေ
သွားမယ်"

"ခင်ဗျာ
ဘယ်သွားမှာလဲ"

"မင်း အဆောင်ပြန်မယ်လေ"

"ဟင်
ကိုတိမ်က ဘာလိုက်လုပ်မလို့လဲ"

"လိုက်ပို့ပေးမလို့လေ"

"အမ်"

"မနေ့ကလို ငမူးတွေနဲ့ထပ်တွေ့နေမှာစိုးလို့
ကိုယ်လိုက်ပို့ပေးမယ်"

"အာ
ရတယ်
ရတယ်
ကျွန်တော့်ဘာသာ taxiငှားပြန်မယ်"

"taxiငှားပြန်ရင် ခင်ဗျားလစာတွေ ပြောင်သွားမှာပေါ့ ကိုသမိုင်းသစ်ရဲ့
လာပါဆို ကိုယ်လိုက်ပို့ပါ့မယ်"

"ကိုတိမ်ဆိုင်မပိတ်သေးဘူးမလား
နေပါစေ"

"ဆိုင်က ဝေယံနဲ့ထားခဲ့လို့ရတယ်
ကဲ မောင်မင်းကြီးသား
လာခဲ့ သွားမယ်"

"မဟုတ်ဘူးလေ"

သူ့မှာ မဟုတ်ဘူးလေ ဆိုသည့်စကားကို ဆုံးအောင်မပြောလိုက်ရ။ ကိုတိမ်လက်ဆွဲခေါ်သွားသည့်နောက်သာ ပါသွားတော့သည်။ ဆိုင်က ဂျာကြီးတို့ကလည်း မနေ့က အမူးသမားတွေနှင့်တွေ့တာကို ကိုတိမ်ပြောပြထားသဖြင့် သိနေပြီလေ။ ထို့ကြောင့် သူ့ကို လိုက်သာသွားဟူသော သဘောဖြင့် လက်နှင့် အမူအရာလုပ်ပြသည်။ အခုတော့ သူ့အဖြစ်က လူဆိုးတွေရန်က ကာကွယ်ပေးခံနေရသည့် မင်းသမီးလေး နှင့် အလားသဏ္ဍန် တူနေချေပြီ။ ခက်တော့ခက်ပါပီ။

ထိုနေ့မှ စပြီး ကိုတိမ်သည် သူပြန်တိုင်း လိုက်ပို့သည်။ တစ်ခါတစ်လေ ဆိုင် လူကျနေလို့ ပြန်လိုက်ပို့မအားလျှင် သူ့ဖုန်းမှပဲ Grab taxiလှမ်းခေါ်ပေးသည်။ ဘာလို့ဆိုတော့ Grab Taxiက ဘယ်လမ်းကြောင်းရောက်နေပြီဆိုတာ ဖုန်းမှာပေါ်သည်လေ။ ထို့ကြောင့် သမိုင်း အဆောင်ပြန်ရောက်မရောက်ကို သိနိုင်သည်မို့ သူ့ဖုန်းနှင့် ငှားပေးတာဖြစ်သည်။ အဆောင်သို့ရောက်သည် အချက်ပြတာနှင့် ဖုန်းတန်းခေါ်သည်။ ရောက်မရောက် သေချာအောင်တဲ့။ တကယ် သူ့မှာ ရယ်ရအခက် ငိုရအခက်ပါဆို။ တစ်ဖက်သားက စေတနာနှင့် ဂရုစိုက်ပေးတာမို့ ငြင်းလို့လည်းမကောင်း။ တစ်သက်နှင့်တစ်ကိုယ် အခုလို စိတ်ပူခံရ၊ ဂရုစိုက်ခံရလိမ့်မည်ဟု တွေးတောင်မတွေးမိခဲ့ပါ။ သမိုင်းသစ်၏ ဘယ်ဂြိုလ်မှာ ဘယ်နက္ခတ် စိုက်နေခဲ့တာပါလိမ့်။

Ownlish note~ emotional  ဖြစ်နေတဲ့ကိစ္စလေးရှိလို့ မနေ့လည်း မupနိုင်ခဲ့ဘူး။ ဒီနေ့လည်း အားမရဘူး။ အားနည်းချက်တွေအတွက် တောင်းပန်ပါတယ်နော်။ 😔

<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>
Zawgyi

တိမ္မိုးေဝ တစ္ေယာက္ သူ႔ဆိုင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ လမ္းမေပၚမွာ ရပ္ထားသည့္ ကားကို ၾကည့္ၿပီး အရမ္းေတြ တင္းေနသည္။ ကားက သူ႔ဆိုင္ေရွ႕ ပိတ္ရပ္ထားတာ မဟုတ္လို႔ ဘာမွလည္း သြားေျပာလို႔မရ။ ယာဥ္မရပ္ရ ေနရာ မဟုတ္သည့္အတြက္ ယာဥ္ထိန္းရဲကိုလည္း လွမ္းအေၾကာင္းၾကားလို႔ကမရ။ အင္းး။ အဲ့ဒီ ေျပာင္စပ္စပ္ကားကိုၾကည့္ေနရတာ အဆင္ကို ေျပမေနဘူး။ ကားကသူ႔ကိုလွ်ာထုတ္မျပေပမယ့္ သူ႔ကို ဖုန္ရႈလိုက္ လို႔ ေျပာေနသလိုပဲ။

အမွန္က ကားပိုင္ရွင္ကို ၾကည့္မရသျဖင့္ ကားကိုပါေရာၿပီး ၾကည့္မရတာျဖစ္သည္။ ကားပိုင္ရွင္ကေတာ့ တျခားသူမဟုတ္။ သမိုင္း ကိုလာကပ္ေနသည့္တစ္ေယာက္။ ေအးျမတ္ဆီမွာ နာမည္ေမးၾကည့္လိုက္ေတာ့ စိမ္းေရာင္စို ဟု သိရသည္။ စိမ္းသလား မစိမ္းသလားေတာ့မသိ။ မ်က္ႏွာေျပာင္တာေတာ့သိသည္။ ဟိုေန႔ညက သူ ေျပာလႊတ္လိုက္ၿပီးေနာက္ပိုင္းမွ ပိုၿပီးေတာ့ လာသည္။႐ြဲ႕ေနသလားေတာင္ထင္ရသည္။ သမိုင္းဆိုင္သို႔မေရာက္ခင္ ထိုကားက ရွိေနတတ္ၿပီး သမိုင္းလာသည္ႏွင့္ ဆင္းၿပီးႏႈတ္ဆက္သည္။ သမိုင္းက မျမင္ခ်င္ေယာင္ေဆာင္ၿပီး ေက်ာ္သြားလည္း အတင္းလိုက္ႏႈတ္ဆက္ေနတတ္သည္။ ေတာ္ေတာ္ရဲတင္းသည့္ အမ်ိဳးသမီးပဲ။ သူကအားယားေနလို႔ သတိထားၾကည့္မိတာမဟုတ္ပါ။ ေဝယံသည္ မ်ားေသာအားျဖင့္ ဆိုင္ေရွ႕မွာပဲ ေဈးဝယ္လာသူကို ေစာင့္ေနတတ္သျဖင့္ ထိုကိစၥေတြကို ျမင္ၿပီး သူ႔ကို reportတင္တာျဖစ္သည္။

"ကိုသမိုင္းကို လာဝိုက္ေနတာမ်ားလား မသိဘူးေနာ္
ကိုတိမ္"

"ဟုတ္မွာေပါ့
႐ုပ္ကိုက စားေစာ္ႀကီး မွန္းအသိသာႀကီးကို"

"စားေစာ္ႀကီး??
အဲ့ဒါ ဘာေျပာတာလဲ ကိုတိမ္"

"မင္းကလည္း
စားေနက် ေၾကာင္ပါးႀကီး တို႔ဘာတို႔ မၾကားဖူးဘူးလား
အဲ့လိုပဲ
ဒီအမႀကီးကလည္း စားေနက် ေစာ္ႀကီးျဖစ္မွာေပါ့
အဲ့ေတာ့
စားေစာ္ႀကီးေပါ့ကြာ"

"ဟုတ္လား
ဒါဆို ကိုသမိုင္းေတာ့ လြတ္ပါ့မလား
စားခံေနရမယ္"

ေဝယံက ပူပူပင္ပင္ေျပာလာသည့္ စကားကို သူခ်က္ခ်င္း ျငင္းမိသည္။

"ဘာဆိုင္လဲ
သမိုင္းက အဲ့တစ္ေယာက္ကို မတတ္သာလို႔ျပန္ႏႈတ္ဆက္ေနတာကို"

သူတို႔ႏွစ္ေယာက္မွာ ကိုယ္ႏွင့္လည္းမပတ္သတ္သည့္ကိစၥကို ၾကားထဲက ဝင္ၿပီး ပူပန္ေနၾကျခင္းျဖစ္သည္။

သမိုင္းလည္း ထိုအမ်ိဳးသမီးႏွင့္ပတ္သတ္ၿပီး စိတ္ရႈပ္ေနသည့္ပုံရသည္။ဒါေပမယ့္ သူႏွင့္ေတာ့ ပိုၿပီး ခင္ခင္မင္မင္ရွိလာသည္။ ဆိုင္ကိုေကာ္ဖီသြားဝယ္ေသာက္ျဖစ္သည့္အခါ အရင္ကထက္ ပိုၿပီး စကားေလးဘာေလး ေျပာလာသည္။ ပိုၿပီး ရင္းႏွီးလာေလ သမိုင္းက သူ႔အတြက္ေတာ့ ခင္မင္စရာေကာင္းသည့္ ညီေလးတစ္ေယာက္လိုပါပဲ။ ဒီကေလးမွာ ေျပာစရာဆိုလို႔ အရယ္အၿပဳံးနည္းတာေလး တစ္ခုပဲရွိသည္။ ဒါေပမယ့္ အဲ့ဒါကိုက cool guy ေလးလိုျဖစ္ေနသည္။

ထိုေန႔က သမိုင္းသည္ သူႏွင့္ လူခ်ိန္းမည့္ ေဇာ္ေဇာ္ လာတာေနာက္က်သျဖင့္ ပုံမွန္ထက္ေနာက္က်ၿပီးမွ ဆိုင္ကထြက္ခဲ့ရသည္။ ဒီအခ်ိန္ဆို YBSေတြလည္း လူေခ်ာင္တတ္သျဖင့္ လိုင္းကားပဲစီးသြားေတာ့မည္ဟု ေတြးကာ မွတ္တိုင္သို႔ လမ္းေလွ်ာက္လာခဲ့သည္။ေအာက္ကိုငုံ႔ၿပီး လမ္းေလွ်ာက္လာရင္း တစ္ေနရာေရာက္ေတာ့ သူ႔ေရွ႕ ကိုတစ္ေယာက္ေယာက္က ပိတ္ရပ္လိုက္သည္ ထင္လိုက္သည္။ ေမာ့ၾကည့္လိုက္သည့္အခါ အဝတ္အစား ညစ္ႏြမ္းႏြမ္းႏွင့္ သက္လတ္ပိုင္း အမ်ိဳးသားတစ္ေယာက္ျဖစ္ေန၏။ ထိုလူကိုေရွာင္က ေဘးကေန ေကြ႕ပတ္သြားဖို႔ျပင္လိုက္သည္။ ဒါေပမယ့္ သူေရွာင္သည့္ဖက္ သို႔ လိုက္ပိတ္သည္။

"အကို႔မွာ စားစရိတ္ေသာက္စရိတ္ ျပတ္ေနလို႔ပါ
ဒီကညီေလး ပိုက္ဆံေလးနည္းနည္းေလာက္ေပးခဲ့ပါလား"

ေထာင္းခနဲ ထြက္လာသည့္ အရက္နံ႔ကို ရလိုက္သည္။ သူမ်က္ေမွာင္ကုတ္ၿပီး မၾကားခ်င္ေယာင္ေဆာင္ကာ ေက်ာ္သြားဖို႔ျပင္လိုက္သည္။ ဒါေပမယ့္

"ေဟ့
ေျပာေနတာ မၾကားဘူးလား" ဆိုၿပီး သူ႔ေက်ာပိုးအိတ္ကို လွမ္းဆြဲသည္။ သူ႔ေက်ာပိုး အိတ္ကို လွမ္းဆြဲရမလားဆိုၿပီး ေဒါသက ထြက္လာသည္။ တစ္ခုခု ျပန္ေျပာမိေတာ့မလို ျဖစ္သြားေပမယ့္ မေျပာျဖစ္ခဲ့။ သူတို႔ေဘးနားသို႔ ေနာက္ထပ္ လူတစ္ေယာက္ေရာက္လာသည္။ အမွန္ကေတာ့ အစကတည္းက ႏွစ္ေယာက္ ရွိေနတာျဖစ္မည္။ သမိုင္း သတိမထားမိခဲ့တာ။ ထိုတစ္ေယာက္သည္လည္း မႈတ္ဆိတ္ေမႊး ထိုးထိုးေထာင္ေထာင္၊  ၾကည့္တာႏွင့္ အေျခမဟန္မွန္း သိသာသည္။

တစ္ေယာက္က ေက်ာပိုးအိတ္ကို ဆြဲထားၿပီး တစ္ေယာက္က ေရွ႕က ပိတ္ရပ္ထားသည္။ ဒါက လုယက္ခံေနရသည္လား၊ မိုက္ေၾကးခြဲခံရသည္လား။ ေရာက္ေနသည့္ေနရာက မီးတိုင္ႏွစ္ခုၾကားျဖစ္သျဖင့္ ေမွာင္ရိပ္နည္းနည္းက်ေနသည္။ ျဖတ္သြားျဖတ္လား လူလည္းမရွိ။ သူသည္ဒီလိုအေျခအေနမ်ိဳးလည္း တစ္ခါမွ မႀကဳံဖူးသျဖင့္ ထူပူလာသည္။ ေရွ႕ကလူကိုပဲ တြန္းဖယ္လိုက္ရမလားစဥ္းစားေနတုန္း

" သမိုင္း ဘာျဖစ္လို႔လဲ" ဆိုသည့္ အသံကိုၾကားလိုက္ရသည္။ အားကိုးတႀကီး လွည့္ၾကည့္မိလိုက္ေတာ့ ကိုတိမ္။ ကိုတိမ္ က သူ႔နားသို႔ အေျပးတစ္ပိုင္း ေလွ်ာက္လာသည္။ ထိုအခါမွ အေစာနက လူႏွစ္ေယာက္သည္ သူ႔ေဘးကေန လွစ္ခနဲ ေပ်ာက္သြားၾကေတာ့သည္။

"သမိုင္း
ဘာျဖစ္သြားေသးလဲ"

အနားေရာက္လာေတာ့ စိုးရိမ္တႀကီး ထပ္ေမးသည္။

"ဘာမွမျဖစ္ပါဘူး
အမူးသမားေတြ
ပိုက္ဆံလာေတာင္းတာ
ႏွစ္ေယာက္ဆိုေတာ့ ဘာလုပ္ရမွန္းမသိ ျဖစ္သြားတာ"

"ေတာ္ေသးတာေပါ့
အဲ့လိုဟာေတြက ေတာင္းမရရင္ လုၾကမယ့္သူေတြ"

"ဟုတ္ေလာက္တယ္
ေက်ာပိုးအိတ္ကို လွမ္းဆြဲထားတာ"

"ကိုယ္ျမင္တယ္
ဒီေန႔ေစာေစာျပန္မလို႔ ထြက္လာတာ
သမိုင္းကို လွမ္းျမင္လိုက္လို႔
ဘာျဖစ္ေနတာလဲမသိဘူးဆိုၿပီး စိတ္ပူသြားတာ"

ကိုတိမ္သည္ တကယ္ စိတ္ပူသြားတဲ့ပုံပါပဲ။

"ေက်းဇူးတင္ပါတယ္ ကိုတိမ္
ကိုတိမ္ေရာက္လာလို႔သာေပါ့"

"ရပါတယ္
ျပန္မွာမို႔လား
ကိုယ္လိုက္ပို႔မယ္"

"ရတယ္
Taxiငွားစီး သြားလိုက္ေတာ့မယ္"

"လာပါ
ဘာလို႔ငွားစီးေနမွာလဲ
ကိုယ္လိုက္ပို႔ပါ့မယ္"

သူလည္း ထပ္မျငင္းျဖစ္ေတာ့ပဲ ကိုတိမ္ေနာက္က လိုက္သြားလိုက္သည္။ ကားေပၚေရာက္ေတာ့ ေရွ႕ခန္းမွာပဲ ဝင္ထိုင္လိုက္သည္။ ထိုင္ခုံခါးပတ္ဆြဲပတ္လိုက္ေပမယ့္ ကိုတိမ္က ပတ္ထားတာ မေတြ႕သျဖင့္

"ကိုတိမ္
ထိုင္ခုံခါးပတ္ပတ္ေလ"ဟု သတိေပးရေသးသည္။

တိမ္မိုးေဝတစ္ေယာက္ ေဘးကထိုင္ခုံမွာ ၿငိမ္ၿငိမ္ေလး ထိုင္ၿပီးလိုက္ပါလာသည့္ ေကာင္ေလးကို မၾကာမၾကာလွည့္ၾကည့္ျဖစ္ေနသည္။ ခုဏက လန႔္သြားလို႔လားမသိ။ မ်က္ႏွာေလးက မေကာင္း။

"သမိုင္း
ရန္ျဖစ္ဖူးလား"

စိတ္ေျပသြားေအာင္ စကားစေျပာလိုက္သည္။

"ဟင့္အင္း
မျဖစ္ဖူးဘူး"

"တစ္ခါေလးေတာင္ မျဖစ္ဖူးဘူးလား"

"မျဖစ္ဖူးပါဘူး
လူမိုက္မွ မဟုတ္တာကို"

"ဒါဆို ကိုယ္ကေတာ့ လူမိုက္ေပါ့"

သူ႔ကို ထူးဆန္းသလို လွည့္ၾကည့္လာသည့္ ေကာင္ေလးကို ၿပဳံးျပလိုက္ၿပီး

"ကိုယ္ဆို ခဏတိုင္းရန္ျဖစ္တယ္
ပထမဆုံး ရန္ျဖစ္ဖူးတာက
မူႀကိဳတက္ကတည္းက
အဲ့တုန္းက ကိုယ့္ေရွ႕က ေကာင္ႏွစ္ေကာင္က ကိုယ့္ကို လွည့္လွည္ၿပီးစလို႔
နာရင္းတစ္ေယာက္တစ္ခ်က္ အုပ္ပစ္လိုက္တာ
ဒင္းတို႔က ထငိုပါေရာ
ၿပီးေတာ့  နပန္းလုံးၾကတယ္
မွတမွတ္ရရ အဲ့ဒါ ကိုယ့္ပထမဆုံးရန္ပြဲပဲ"

".................."

"အတန္းႀကီးလာေတာ့
ေက်ာင္းတြင္း ရန္ျဖစ္ရတာ အားမရလို႔
တျခားေက်ာင္းကေကာင္ေတြနဲ႔ေတာင္ ခ်ိန္းၿပီးရန္ျဖစ္ေသး
ဟဲဟဲ"

"ဘာလို႔ရန္ျဖစ္တာလဲ"

"ဘာလို႔ရယ္ေတာ့ မဟုတ္ပါဘူးကြာ
ဒီအတိုင္း ဝါသနာပါလို႔ ရန္ျဖစ္တာ"

ဝါသနာပါလို႔ ရန္ျဖစ္တာဆိုသည့္ ကိုတိမ္၏ အေျဖကိုနားေထာင္ၿပီး သမိုင္းသစ္တစ္ေယာက္ မ်က္လုံးေတာင္ျပဴးခ်င္သြားသည္။ အဲ့လို ထူးဆန္းသည့္ဝါသနာဆိုတာ ရွိလား။

"ခုဏကလည္း ဟိုႏွစ္ေယာက္ လစ္ေျပးလို႔ေပါ့
မဟုတ္ရင္ ကိုယ့္လက္သီးစာမိၿပီ
ကိုယ့္လက္သီးက ေရွးေခတ္ ျမန္မာ့သိုင္းပညာက ဆင္းသက္လာတဲ့ ဗာရာဏသီ လက္သီး ကြ"

"ဗာရာဏသီ လက္သီး"

သမိုင္းနားမလည္သလို ျဖစ္သြားသည္။

"ဟုတ္တယ္
လက္သီးထိုးတဲ့အခါ လက္သီးဆုပ္ထားတဲ့အေနအထားမွန္ဖို႔လိုတယ္
မမွန္ရင္ သူမ်ားကိုထိုးတဲ့အခါ ကိုယ့္လက္ပဲျပန္နာတာ
ေနာက္မွ သမိုင္းကိုလည္း ကိုယ့္ရဲ႕ ဗာရာဏသီလက္သီးဆုပ္နည္း သင္ေပးမယ္"

သမိုင္းမွာေတာ့ ေၾသာ္၊ ဟုတ္ကဲ့၊ ေက်းဇူးတင္ပါတယ္ပဲ ျပန္ေျပာရမည့္ပုံပဲ။ ကိုတိမ္က အေဆာင္ေရွ႕ထိ လိုက္ပို႔ေပးသြားခဲ့သည္။  ထိုေန႔ညက အိပ္ခါနီးေတာ့ LINE ကေန ကိုတိမ္ကို ေက်းဇူးတင္ပါတယ္ ဆိုၿပီး စာပို႔လိုက္သည္။  ကိုတိမ့္ဆီကေတာ့ good nightဆိုသည့္ replyေလး ျပန္ေရာက္လာခဲ့သည္။replyမျပန္ျဖစ္ေပမယ့္ တိုးတိုးေလးေရ႐ြတ္လိုက္သည္။ Good Night ပါ ကိုတိမ္။

ေနာက္ရက္ အလုပ္ဆင္းလို႔ အဝတ္အစားလဲ ၿပီး ဆိုင္မွ ထြက္မလို႔ လုပ္ေနတုန္း ကိုတိမ္တစ္ေယာက္ေရာက္ခ်လာသည္။

"ကဲ သမိုင္းေရ
သြားမယ္"

"ခင္ဗ်ာ
ဘယ္သြားမွာလဲ"

"မင္း အေဆာင္ျပန္မယ္ေလ"

"ဟင္
ကိုတိမ္က ဘာလိုက္လုပ္မလို႔လဲ"

"လိုက္ပို႔ေပးမလို႔ေလ"

"အမ္"

"မေန႔ကလို ငမူးေတြနဲ႔ထပ္ေတြ႕ေနမွာစိုးလို႔
ကိုယ္လိုက္ပို႔ေပးမယ္"

"အာ
ရတယ္
ရတယ္
ကြၽန္ေတာ့္ဘာသာ taxiငွားျပန္မယ္"

"taxiငွားျပန္ရင္ ခင္ဗ်ားလစာေတြ ေျပာင္သြားမွာေပါ့ ကိုသမိုင္းသစ္ရဲ႕
လာပါဆို ကိုယ္လိုက္ပို႔ပါ့မယ္"

"ကိုတိမ္ဆိုင္မပိတ္ေသးဘူးမလား
ေနပါေစ"

"ဆိုင္က ေဝယံနဲ႔ထားခဲ့လို႔ရတယ္
ကဲ ေမာင္မင္းႀကီးသား
လာခဲ့ သြားမယ္"

"မဟုတ္ဘူးေလ"

သူ႔မွာ မဟုတ္ဘူးေလ ဆိုသည့္စကားကို ဆုံးေအာင္မေျပာလိုက္ရ။ ကိုတိမ္လက္ဆြဲေခၚသြားသည့္ေနာက္သာ ပါသြားေတာ့သည္။ ဆိုင္က ဂ်ာႀကီးတို႔ကလည္း မေန႔က အမူးသမားေတြႏွင့္ေတြ႕တာကို ကိုတိမ္ေျပာျပထားသျဖင့္ သိေနၿပီေလ။ ထို႔ေၾကာင့္ သူ႔ကို လိုက္သာသြားဟူေသာ သေဘာျဖင့္ လက္ႏွင့္ အမူအရာလုပ္ျပသည္။ အခုေတာ့ သူ႔အျဖစ္က လူဆိုးေတြရန္က ကာကြယ္ေပးခံေနရသည့္ မင္းသမီးေလး ႏွင့္ အလားသ႑န္ တူေနေခ်ၿပီ။ ခက္ေတာ့ခက္ပါပီ။

ထိုေန႔မွ စၿပီး ကိုတိမ္သည္ သူျပန္တိုင္း လိုက္ပို႔သည္။ တစ္ခါတစ္ေလ ဆိုင္ လူက်ေနလို႔ ျပန္လိုက္ပို႔မအားလွ်င္ သူ႔ဖုန္းမွပဲ Grab taxiလွမ္းေခၚေပးသည္။ ဘာလို႔ဆိုေတာ့ Grab Taxiက ဘယ္လမ္းေၾကာင္းေရာက္ေနၿပီဆိုတာ ဖုန္းမွာေပၚသည္ေလ။ ထို႔ေၾကာင့္ သမိုင္း အေဆာင္ျပန္ေရာက္မေရာက္ကို သိႏိုင္သည္မို႔ သူ႔ဖုန္းႏွင့္ ငွားေပးတာျဖစ္သည္။ အေဆာင္သို႔ေရာက္သည္ အခ်က္ျပတာႏွင့္ ဖုန္းတန္းေခၚသည္။ ေရာက္မေရာက္ ေသခ်ာေအာင္တဲ့။ တကယ္ သူ႔မွာ ရယ္ရအခက္ ငိုရအခက္ပါဆို။ တစ္ဖက္သားက ေစတနာႏွင့္ ဂ႐ုစိုက္ေပးတာမို႔ ျငင္းလို႔လည္းမေကာင္း။ တစ္သက္ႏွင့္တစ္ကိုယ္ အခုလို စိတ္ပူခံရ၊ ဂ႐ုစိုက္ခံရလိမ့္မည္ဟု ေတြးေတာင္မေတြးမိခဲ့ပါ။ သမိုင္းသစ္၏ ဘယ္ၿဂိဳလ္မွာ ဘယ္နကၡတ္ စိုက္ေနခဲ့တာပါလိမ့္။

Ownlish note~ emotional  ျဖစ္ေနတဲ့ကိစၥေလးရွိလို႔ မေန႔လည္း မupႏိုင္ခဲ့ဘူး။ ဒီေန႔လည္း အားမရဘူး။ အားနည္းခ်က္ေတြအတြက္ ေတာင္းပန္ပါတယ္ေနာ္။ 😔

Continue Reading

You'll Also Like

86.4K 4.6K 38
Zawgyi အခ်စ္နဲ႔အတၱလြန္ဆြဲလာတဲ့အခါ ေနာက္ဆံုးမွာ ဘယ္အရာက အနုိင္ရမလဲ Chel Unicode အချစ်နဲ့အတ္တလွန်ဆွဲလာတဲ့အခါ နောက်ဆုံးမှာ ဘယ်အရာက အနိုင်ရမလဲ Chel
290K 27K 49
ရင္ခုန္သံကို မ်က္ကြယ္ျပဳခ်ိန္ အခ်စ္ကေတာ့ ႏွလံုးသားထဲကို တိုးတိတ္ညင္သာစြာ ဝင္လာခ့ဲတယ္။ ရင်ခုန်သံကို မျက်ကွယ်ပြုချိန် အချစ်ကတော့ နှလုံးသားထဲကို တိုးတိတ...
97.6K 9.2K 100
ေမ်ွာ္လင့္ျခင္းေတြနဲ႔႐ွင္သန္တတ္ဖို႔ ကမၻာႀကီးက သင္ေပးခဲ့တယ္...။ မျှော်လင့်ခြင်းတွေနဲ့ရှင်သန်တတ်ဖို့ ကမ္ဘာကြီးက သင်ပေးခဲ့တယ်...။ Own Creation by Han_...