အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့...

By Ownlish

263K 32.7K 4K

Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အခ်စ္ဆိုတဲ့ကြင္းျပင္က်ယ္ႀကီးမ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Ending
Extra 1
Extra 2
Extra 3
Extra 4

Chapter 12

6.2K 828 191
By Ownlish

Unicode

စိုစိုနှင့် ကြေးမှုံတို့သည် ဖြိုးမိုးတို့နေထိုင်ရာ ရန်ကင်းအိမ်သို့ ၁၁နာရီလောက်တွင် ရောက်လာကြသည်။ စိမ်းစိုသည့် သစ်ပင်လေးတွေ စိုက်ထားသည့် ခြံလေးသည့် အုပ်အုပ်ဆိုင်းဆိုင်းဖြင့် အေးမြနေသည်။ တစ်ထပ်တိုက်ဝါလေးနှင့် ခြံလေးသည် နေချင်စရာလေးဖြစ်သည်။ သူတို့သည် ကားကိုရပ်လိုက်ပြီး ကြေးမှုံက ကားနောက်ခန်းမှ လက်ဆောင်ပေးမည့် ပန်းစည်းကြီးကို ထုတ်ယူလိုက်သည်။

"အဲ့ပန်းစည်းကြီး မလိုပါဘူးဆို
ဝယ်လာတယ်"

"ဟဲ့
သူတို့က ပိုက်ဆံလည်းယူတာမဟုတ်ဘူး
ဒီအတိုင်းခင်လို့ကူညီတာဆိုပေမယ့်
ဒီလောက်ကတော့ ပေးရမှာပေါ့"

စိုစိုကတောာ့ ပြန်မပြောတော့။ အိမ်ရှေ့ရောက်တော့ ဘဲလ်တီးလိုက်သည်။ ဘဲလ်သံအဆုံးမှာ တံခါးဖွင့်သံကြားလိုက်ရသည်။ ကြေးမှုံသည် တံခါးလာဖွင့်ပေးသည့် ကောင်လေးကိုကြည့်လိုက်သည်။ အိမ်နေရင်းမို့ထင်သည်၊  ခဲရောင် တီရှပ်ဗြောင်တစ်ထည်နှင့်အကွက်စိပ်ပုဆိုးတစ်ထည်ကိုသာ ဝတ်ထားသည်။ ဆံပင်တို့ကိုလည်း ရိုးရိုးရှင်းရှင်း တိုတိုသာညှပ်ထားသည်။ ဖြူသောအသား မျက်ခုံးမျက်လုံးကောင်းကောင်းနှင့်မို့ကြည့်ကောင်းသည့်ကောင်းလေးပါပဲ။ သူမတို့ထက်အသက်ငယ်သည့်ပုံရသဖြင့် ဒီတစ်ယောက်က ပြည့်သူဖြစ်လိမ့်မည်။ ဖြိုးမိုးက သူမတို့နှင့် ရွယ်တူဖြစ်ပြီး ပြည့်သူကတော့ ငယ်သည်ဟု စိုစိုက ပြောထားသည်။

"အိမ်ထဲ ဝင်ကြပါ ခင်ဗျ"

အင်း စကားအပြောအဆိုကလည်းရည်မွန်သည်။ ပေးလိုက်ပြီ တစ်မှတ်။

သူမတို့နှစ်ယောက်သည် ဖိနပ်ချွတ်မှာ ဖိနပ်ချွတ်ထားခဲ့ပြီး အိမ်ထဲဝင်ခဲ့ကြသည်။ ထိုကောင်လေးကတော့ သူမတို့နှစ်ယောက်ကို ဧည့်ခန်းမှာ နေရာချထားပေးပြီး အနောက်ဖက်ကိုဝင်သွားသည်။ မနုမကြမ်း ကော်ဇောခင်းထားပြီး  နံရံကိုတော့အဝါဖျော့ဖျော့ ဆေးသုတ်ထားသည်။ နှစ်ယောက်တည်းနေသည့် အိမ်ဖြစ်လို့လားတော့မသိ။ ရှုပ်ပွမနေ။ အခန်းတွင်း အဲယားကွန်းဖွင့်ထားပြီး အအေးခန်းလေးထဲမှာ air sprayဖျန်းထားလို့လားမသိ၊ မက်မွန်သီးနံ့သင်းသင်းလေးတောင် ရသည်။

"နင့် အခန်းနဲ့များ
ဘာမှမဆိုင်ဘူး"

ကြေးမှုံက စိုစိုကို ကပ်ပြောလိုက်သေးသည်။ ထိုအခိုက် မီးဖိုခန်းဟု ထင်ရသည့်အခန်းဖက်မှာ ကောင်လေး နှစ်ယောက်ထွက်လာသည်။ နောက်တစ်ယောက်တော့ ဒူးအောက် ရှော့ပင်ဝတ်ထားပြီး ပထမကောင်လေးလိုပဲ တီရှပ်တစ်ထည်နှင့် ရိုးရိုးရှင်းရှင်းဖြစ်သည်။အသားအရည်ကတော့ ဝါဝင်းနေပြီး သူမတို့မိန်းကလေးတွေထက်ပင် အသားအရည်ကောင်းသေးသည်။ ဆံပင်ကောက်ကောက်လေးတွေနှင့် နှုတ်ခမ်းအောက်လေးက မှည့်လေးကတော့ထူးခြားချက်ပဲ။ ခြုံပြောရလျှင်တော့ သူသည်လည်း လူချောတစ်ယောက်ပါပဲ။ဒါကတော့ ဖြိုးမိုးဖြစ်ရမည် အင်းးး။ ချောတဲ့ကောင်လေးတွေက ချောတဲ့ကောင်လေးတွေနဲ့ပဲ ညားတာပါပဲလားဟု တရားရလိုက်သည်။

"မတွေ့တာကြာပေါ့
စိုစို
တကူးတက လာပေးတာကျေးဇူးတင်ပါတယ်"

ဖြိုးမိုးက နှုတ်ဆက်လိုက်သည်။ ထိုအခါ ကြေးမှုံရော စိုစိုရော ထိုင်နေရမှထပြီး ကြေးမှုံက ပန်းစည်းကို ဖြိုးမိုးလက်ထဲထည့်ကာ

"ကျွန်မက ခင်ကြေးမှုံပါ
Forever Green မဂ္ဂဇင်းက အယ်ဒီတာပါ
စိုစို့သူငယ်ချင်းလည်း ဟုတ်ပါတယ်"

ဟု မိတ်ဆက်လိုက်သည်။ ဖြိုးမိုးက ပန်းစည်းကိုယူပြီး သူ့ဘေးက ပြည့်သူလက်ထဲထည့်ပေးလိုက်သည်။

"ကျွန်တော်ကတော့ ဖြိုးမိုးပါ"

"ပြည့်သူ ပါ"

နှစ်ယောက်စလုံးက ကိုယ်တိုင်ပဲမိတ်ဆက်ကြသည်။

"ပန်းတွေအတွက်ကျေးဇူးတင်ပါတယ်"

ဖြိုးမိုးက ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက်သူတို့လေးယောက်သား ဧည့်ခန်းမှာ ထိုင်လိုက်ကြသည်။ စိုစိုနှင့်ကြေးမှုံက တစ်ဖက်၊ ဖြိုးမိုးနှင့် ပြည့်သူက တစ်ဖက်ဖြစ်သည်။ ဖြိုးမိုးက ထိုင်တော့ ပြည့်သူက ဖက်ခေါင်းအုံးလေးကို ဖြိုးမိုးနောက်ကျောမှာ မီလို့အဆင်ပြေအောင် ထားပေးတာတွေ့လိုက်သည်။

"အခုလို အင်တာဗျုးကို လက်ခံဖြေပေးတာကို ကျေးဇူးတင်ပါတယ်"

"ဟာ
ရပါတယ်"

ဖြိုးမိုးက ပျာပျာသလဲပြောသည်။

"ကျွန်မတို့ မဂ္ဂဇင်းကို ဖတ်ဖူးလားတော့မသိဘူး"

"အယ်
အကုန်တော့မဖတ်ဖူးဘူးခင်ဗျ
ကြားတော့ကြားဖူးပါတယ်"

"ဟုတ်ကဲ့
ဒါဆို အင်တာဗျုးလေးစလိုက်ရအောင်နော်"

သူမတို့သည် ပါလာသည့် ကင်မရာကို tripodမှာတင်ပြီးrecordယူလိုက်သည်။

"ကိုဖြိုးမိုးတို့က မျက်နှာမပေါ်ချင်ဘူးဆိုတော့
ဒီ video ကို editလုပ်ပြိး မျက်နှာကို ဝါးမှာပါ
Pageမှာ လည်း ၁မိနစ်စာလောက်ပဲတင်မှာပါ"

"သြော်
ဟုတ်ကဲ့"

ကြေးမှုံက recorderကို စားပွဲခုံပေါ်မှာ ချထားလိုက်သည်။ ထို့နောက်အသင့်ပြင်လာသည့် ဖိုင်ကို ထုတ်ပြီး

အင်ထရိုဝင်လိုက်သည်။

Q ; နာမည်လေးတွေကစ အရင် မိတ်ဆက်ပေးပါဦး

A ; ဖြိုးမိုး နဲ့ ပြည့်သူ ပါ

Q ; အသက် ကိုရော ပြောပေးလို့ရမလား

A ; 32 နှစ် ပြည့်ခဲ့ပြီခင်ဗျ (ဖြိုးမိုး)

Q ; ကိုပြည့်သူ အသက်ကရော

A ; ကျွန်တော့် အသက်ကတော့ ကိုကို ပေါ့ဗျာ

ပြည့်သူက ရုတ်တရက် အရွှန်းဖောက်လိုက်သဖြင့် အားလုံး ကြောင်သွားပြီးမှ ထရယ်ဖြစ်ကြသည်။ ရယ်မောလိုက်ကြသဖြင့် ပိုပြီး မေးရဖြေရတာ ပေါ့ပါးသွားသည်။

A ; နောက်တာပါဗျာ
    ကျွန်တော့်အသက်ကတော့ 27 ပါ။

Q ; တစ်ယောက်နှင့် တစ်ယောက်က ဘယ်လို တွေ့ဖြစ်ခဲ့ကြတာလဲ

ပုံမှန်ဆိုလက်ရှိ အလုပ်အကိုင်တို့ကို မေးမှာဖြစ်ပေမယ့် အခုက အဲ့ဒါတွေကို ကျော်လိုက်တာဖြစ်သည်။
ဖြိုးမိုးက ပြည့်သူကို ဖြေလိုက်လေဆိုသည့် သဘောဖြင့် လှမ်းကြည့်လိုက်သည်။

A ; Instragram မှ တွေ့တာခင်ဗျ
    ကျွန်တော်က ကိုကိုတင်ထားတဲ့ဓါတ်ပုံလေးတစ်ပုံ တွေ့ပြီး စိတ်ဝင်စားပြီး      စကားသွားပြောဖြစ်ခဲ့တာ"

Q ; ဘာပုံလေး မို့လို့လဲ

A ; ကိုကိုက ဂစ်တာတီးနေတဲ့ပုံပါ
     ကိုကိုတီးနေတဲ့ဂစ်တာကို ကျွန်တော်က သဘောကျတာလေ
     အဲ့ဒါနဲ့ ဂစ်တာအကြောင်း သွားမေးရင်းကနေ စ စကားပြောဖြစ်ကြတာ"

Q ; သြော်
      ဒါဆို Online ကနေ စသိခဲ့ကြတာပေါ့

A ; ဟုတ်တယ်ခင်ဗျ

Q ; ခင်မင်ပြီး ဘယ်လောက်ကြာတော့မှ ချစ်သူ ဖြစ်ခဲ့ကြတာလဲ

A ; အင်း 5 လ လောက်တော့ ရှိမယ်နဲ့တူတယ်
    နော် ကိုကို
ပြည့်သူက ဘေးနားက ဖြိုးမိုးကို လှည့်ပြီးမေးသည်။
A ; ဟုတ်တယ် ငါးလ လောက်ကြာမှ ချစ်သူဖြစ်တာ (ဖြိုးမိုး)

Q ; ကဲ ဒါဆို ဘယ်သူက အရင် propose လုပ်ခဲ့တာလဲ
မေးခွန်းကို နှစ်ယောက်သား သဘောကျစွာရယ်နေကြသည်။ ပြီးမှ ပြည့်သူက
A ; သေချာပေါက် ကျွန်တော်ပဲပေါ့ဗျာ
   ကျွန်တော်က proposeလုပ်ခဲ့တာပါ

Q ; အွန်လိုင်းမှ စကားစပြောဖြစ်တာလို့ပြောတယ်နော်
    အဲ့တော့ အပြင်မှာ ဘယ်အချိန်ကျမှ စတွေ့ဖြစ်တာလဲ
ထိုမေးခွန်းကို ဖြိုးမိုးက ဝင်ဖြေလိုက်သည်။
A ; အဲ့တုန်းက ကျွန်တော်က ဂျပန်မှာရောက်နေတာခင်ဗျ
     ပြည့်သူကတော့ မြန်မာပြည်မှာ
    ကျွန်တော်တို့ ချစ်သူတွေဖြစ်ပြီးပြီဆိုမှ အပြင်မှတွေ့ဖူးခဲ့တာ
    အဲ့တော့ ကြားထဲမှာ 10လလောက်တော့ကြာခဲ့တယ်။

Q ; ဒါဆို အပြင်မှာ စပြီး တွေ့တုန်းက ဘယ်လိုခံစားရလဲ

A ; ဘယ်လိုခံစားရလဲဆိုတော့
    စတွေ့တွေ့ချင်းတုန်းက ရင်ခုန်တာပေါ့ဗျာ
    နောက်ပြီး  ရှက်တယ်ခင်ဗျ
   သေချာတော့မမှတ်မိတော့ပေမယ့် သူ့ကိုစတွေ့တုန်းက ရှက်နေခဲ့တာ

Q ; ကိုပြည့်သူရော ဘယ်လိုခံစားခဲ့ရလဲ။ စတွေ့တုန်းက

A ; ကျွန်တော်ကတော့ ရင်တွေအရမ်းခုန်နေခဲ့တာဗျ
    အဲ့တုန်းက ကျွန်တော်မှတ်မိသေးတယ်
     ကိုကို့ကို မန်းလေး လေဆိပ်မှာ သွားကြိုတာ
    ကိုကိုက အထဲကနေထွက်လာတယ်
   အရမ်းချောလွန်းလို့ ငေးကြည့်နေခဲ့မိတာ
    အနားရောက်လာပြီး ကိုကိုနှုတ်ဆက်တဲ့အထိ ကျွန်တော်ငေးကောင်းတုန်း   ပဲကိုကို့အသံလည်းကြားလိုက်ရော 10လလောက် ဖုန်းထဲမှာပဲ ကြားခဲ့ရတဲ့အသံ၊ မြင်ဖူးခဲ့တဲ့သူကို
    အပြင်မှာ တွေ့ရတော့ ဘယ်လိုပျော်ခဲ့မှန်းတောင် မသိဘူး
    အဲ့ဒီစတွေ့တုန်းကအချိန်ကို ဘယ်အချိန်ပြန်စဉ်းစား စဉ်းစား ပြန်ရင်ခုန်ရ  တယ်။

Q ; Woww
      အရမ်းကို romantic ပဲ။
    ဒါဆို ပထမဆုံးတွေ့ဆုံခဲ့တဲ့နေရာက မန်းလေးလေဆိပ်ကြီးထဲမှာပေါ့။

A ; ဟုတ်တယ်ခင်ဗျ (နှစ်ယောက်စလုံးကပြိုင်တူဖြေ)

Q ; အခုဆို ချစ်သူ သက်တမ်း ဘယ်လောက်ရှိပြီလဲ

A ; 7 နှစ်ပြည့်ခဲ့ပြီခင်ဗျ

Q ;    အတူနေဖြစ်တာကရော ဘယ်လောက်ကြာပြီလဲရှင့်

ထိုမေးခွန်းကို  ဖြိုးမိုးက ဖြေလိုက်သည်။

A ; ၃နှစ်ပြည့်တော့မယ်ခင်ဗျ

Q ; အတူမနေခင် နဲ့ အတူနေပြီးတဲ့ နောက်မှာ ဘာတွေ ကွာခြားသွားလဲ

A ; အင်းး
   ဘာတွေကွာခြားသွားလဲ ဆိုတော့
   ကျွန်တော်တို့နှစ်ယောက် RS စဖြစ်ကာစကနေ သုံးနှစ်လောက်အထိက
   Long distance relationship ဖြစ်ခဲ့တာဗျ။ ကျွန်တော်က ဂျပန်မှာ၊ ပြည့်သူကတော့ မန်းလေးမှာကိုး
   အဲ့သုံးနှစ်အတွင်းမှာ ကျွန်တော် မြန်မာပြည် အလည်ပြန်လာတဲ့ခဏပဲတွေ့ဖြစ်ခဲ့တာ။ နေ့တိုင်းစကားပြောဖြစ်ကြပေမယ့် အပြင်မှာ တွေ့ဆုံတာကျတော့ မတူတော့ဘူးလေ။တွေ့ချင်တိုင်းလည်း တွေ့မရခဲ့ဘူး။  ကျွန်တော် မြန်မာပြည်အပြီးပြန်လာတော့မှ ပုံမှန် RSတွေလို date နိုင်ခဲ့တာ။ ဒါတောင် ပြည့်သူက ရန်ကုန်ကို ပြောင်းလာပေးလို့။ အဲ့ကနေ 1နှစ်လောက်ကြာတော့ ကျွန်တော်လည်း အိမ်ကနေ သပ်သပ်ခွဲနေဖြစ်တာကနေ အတူတူ နေဖြစ်သွားကြတာပါ။ step by stepသွားခဲ့တာဆိုတော့ ဘာတွေကွာခြားသွားလဲ အတိအကျတော့ သတိမထားမိတော့ဘူး။ (ဖြိုးမိုး)

A ; ကျွန်တော်ကတော့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာတယ်လို့ ခံစားရ တယ်။ ကိုကိုက bestဆိုတဲ့ အနေအထားလေ။ အဲ့တော့ ကိုကိုနဲ့ အတူနေရတော့ ကိုကို့ဆီက ကောင်းတာတွေ ကူးစပ်လာတာပေါ့။ ကောင်းသောကွာခြားခြင်းတွေပဲရှိပါတယ်။ (ပြည့်သူ)

Q ; အတူနေတဲ့အခါမှာ အခက်အခဲဖြစ်ရတာတွေရှိလား

A ; အခက်အခဲကတော့ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိကြတာပါပဲ။ ကျွန်တော်တို့လည်း ကြုံတာပေါ့။ ဒါပေမယ့် နှစ်ယောက်အတူရှိနေပြီဆိုတော့ တော်ရုံကို အခက်အခဲလို့လည်း မမြင်မိတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့က ဝေးကွာနေရတဲ့ ခံစားမှုကို ကောင်းကောင်းသိခဲ့ကြတာဆိုတော့၊ အတူရှိနေချိန်တွေကို ပိုတန်ဖိုးထားဖြစ်တယ်။ အဲ့တော့ ပြောပလောက်တဲ့ အခက်အခဲရယ်လို့ မရှိဘူးထင်တာပဲ
နော်  ကိုကို (ပြည့်သူ)

ဖြိုးမိုးကလည်း ပြည့်သူပြောတာကို သဘောတူသလို ခေါင်းငြိမ့်ပြသည်။

Q ; ယောက်ျားလေးနှစ်ယောက်ဖြစ်နေတော့ အိမ်မှုကိစ္စတို့၊ အချက်အပြုတ်တို့ကျတော့ရော အဆင်ပြေရဲ့လား

A ; ပြေပါတယ် ခင်ဗျ။ ကိုကိုက ဟင်းချက်သိပ်တော်တာ။ ကျွန်တော်ဆို ပေါင်ချိန် အများကြီးတိုးလာတယ်။ ဝိတ်မတက်အောင် မနည်းထိန်းနေရတယ်။

ပြည့်သူကတော့ သူ့ထုံးစံအတိုင်း သူ့ကိုကို မျက်နှာကိုကြည့်ပြီး ရယ်ရင်းမောရင်းဖြေသည်။ 

A ; အိမ်မှုကိစ္စကတော့ နှစ်ယောက်သား ပေါင်းလုပ်တဲ့အခါလည်းရှိတယ်။ ကိုယ့်တာဝန်နဲ့ကိုခွဲပြီး လုပ်တာတွေလည်းရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် သေချာ ညှိနိုင်းပြီး လုပ်ဖြစ်တော့ အဆင်ပြေပါတယ်။ ဗာရီယလည်း သိပ်မများပါဘူး။  (ဖြိုးမိုး)

Q ; နှစ်ယောက် က အသက် ကွာတယ်နော်။
    ပုံမှန်ဆို အသက်ကွာရင် rsတွေကြားမှာ ညှိရတာ အဆင်မပြေတာတို့၊ စိတ်သဘောထားမတိုက်ဆိုင်တာတို့၊ စကားများတာတို့ ရှိတယ် ကြားဖူးတယ်။ ကိုဖြိုးမိုးတို့ရော ဘယ်လိုလဲ။

A ; တကယ်တော့ အသက်ကွာခြားချက်ထက် လူနှစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်၊ အမြင်တို့နဲ့ပဲ သက်ဆိုင်မယ်လို့ထင်ပါတယ်။ အသက်မကွာလည်း ကျွန်တော်ပြောတဲ့အချက်တွေ မကိုက်ညီရင်တော့ အနည်းနဲ့အများတော့ ပြဿနာဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့ကတော့ ကံကောင်းတယ်ပြောရမယ်နဲ့တူပါတယ်။ အသက်ကလွဲရင် ကျန်တာ ကြီးကြီးမားမား ကွာခြားချက်မရှိ တော့ အဆင်ပြေတယ် ပြောရမှာပါ ခင်ဗျ။

Q ; ကို့ပြည်သူ လည်းပြောပါဦး။

A ; ကိုကို ပြောသွားသလိုပါပဲ။ ကျွန်တော်တို့နှစ်ယောက်မှာ  အသက်ကလွဲရင် အဆင်မပြေနိုင်လောက်တဲ့ ကွာခြားချက်ကတော့ သိပ်မရှိပါဘူး။ ကိုကိုက ကျွန်တော့်ထက် ပိုပြီး အသက်ကြီးတော့ အများကြီးပိုတွေးတတ်တယ်။ ကိုကို့ဆီက သင်ယူရတဲ့ အပိုင်းတွေလည်း အများကြီးပဲ။ ကိုကို က ကျွန်တော့်ထက်အသက်ကြီးတာက ကျွန်တော့်အတွက်တော့ ကောင်းသော အချက်ပါ။ အဓိကကတော့ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြု လက်ခံပေးဖို့က အဓိကလို့ထင်ပါတယ်။

Q ; နှစ်ယောက်သား တူညီတဲ့ အချက်နဲ့ ကွာခြားချက်လေးတွေလည်း ပြောပြပေးပါဦး။

A ; တူညီတဲ့အချက်ကတော့ နှစ်ယောက်စလုံး gender တူတယ်ခင်ဗျ။ ဟုတ်တယ်မလား

ပြည့်သူ၏ အဖြေကို ကြေးမှုံပင် သဘောကျသွားသဖြင့် ပြုံးမိသွားသည်။ ပြည့်သူကဆက်ပြီးပြောသည်။

A ; တကယ်ပြောတာပါ။ တစ်ချို့အတွက် same genderဖြစ်နေတဲ့အတွက် အဆင်မပြေနိုင်ဘူး ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ပြောင်းပြန်ဗျ။ ပိုလို့တောင် အဆင်ပြေတယ်ထင်တာပဲ။ ဘာလို့လဲဆိုတော့ ယောက်ျားလေး အမြင် ၊ မိန်းကလေး အမြင် ဆိုပြီး ရှိတယ်မလား။ အခုက ကျွန်တော်တို့က နှစ်ယောက်စလုံးက ယောက်ျားလေးဖြစ်နေတော့ ထူးပြီး ညှိစရာမလိုတော့ဘူး။  အဲ့အချက်ကပဲ ကျွန်တော် တို့နှစ်ယောက်မှာ တူညီတဲ့အချက်တွေ များလာတယ်ထင်ပါတယ်။ အဝတ်အစားဆိုလည်း ရိုးရိုးရှင်းရှင်းပဲ ကြိုက်တာ တူတယ်။ ခေတ်ဟောင်းတေးတွေ နားထောင်ရတာ ကြိုက်တာတူတယ်။ ခရီးသွားတာ နှစ်သက်တာလည်း တူတယ်။ တော်တော်များများ တူပါတယ်ခင်ဗျ။

Q ; မတူအချက် တစ်ချက်တစ်လေလေးတောင် မရှိဘူးလား။

A ; အဲ့လိုလည်း မဟုတ်ပါဘူး။
    မတူတာတွေလည်းရှိပါတယ်။ ဥပမာ ကျွန်တော်က အစားအသောက်ဆို ရေလုံပြုတ်တို့၊ အသုပ်တို့ကြိုက်တယ်။ ပြည့်သူကတော့ အနှစ်လေးဘာလေးနဲ့ ဖွယ်ဖွယ်ရာရာချက်တာ ကြိုက်တယ်။ အဲ့အခါကျတော့ သူ့အကြိုက်ကိုယ့်အကြိုက် လိုက်ပြီးစားဖြစ်ကြတယ်။ နောက်ပြီး ဇာတ်ကားတို့ဘာတို့ကြည့်ရင်လည်း ကျွန်တော်က anime တွေပိုကြည့်တယ်။ ပိုသဘောကျတယ်။ ပြည့်သူကတော့ horrorဖက်သွားတယ်။ အဲ့တော့ ကိုယ့်ဘာသာ သပ်သပ်စီကြည့်တဲ့အခါကြည့်တယ်။ တစ်ယောက်တစ်လှည့်စီ လိုက်ကြည့်ပေးတဲ့အခါကြည့်တယ်။ အဓိကတော့ နားလည်မှုပါပဲ။ မတူတဲ့အချက်တွေ ရှိတာကလည်း ပြဿရယ်လို့မဟုတ်ပါဘူး။ လူ့အကြိုက်ဆိုတာ အတင်းလုပ်ယူပြီး ပြောင်းလို့မှမရတာလေ။ mutual respectနဲ့ပဲ သွားဖြစ်ပါတယ်။ နားလည်မှုနဲ့ လက်ခံပေးမှု ဒီနှစ်ခုကို အချိုးညီညီပဲ ကျင့်သုံးပါတယ်။ (ဖြိုးမိုး)

Q ; ဒါဆို ရန်ဖြစ်တာတွေ စကားများတာတွေ နည်းမှာပေါ့နော်။

A ; ကျွန်တော်တို့ တစ်ခါပဲ ကတောက်ကဆဖြစ်ဖူးတယ်။
    ကတောက်ကဆရယ်လို့လည်းမဟုတ်ပါဘူး
   အဲ့တုန်းကလည်း ကျွန်တော် အမှားလုပ်မိလို့၊ ကျွန်တော့်ကြောင့်ကိုကို  စိတ်ဆင်းရဲသွားတာ
အဲ့တစ်ခါပဲရှိခဲ့တယ်( ပြည့်သူ)

Q ; ခရီးသွားရတာ နှစ်သက်ကြတယ်လို့ ဖြေထားတယ်နော်
    ဒါဆို မကြာခဏ ခရီးသွားဖြစ်ကြမှာပေါ့။

A ; ဟုတ်ကဲ့
   သွားဖြစ်ပါတယ်( နှစ်ယောက်စလုံးဖြေ)

Q ; ဒါဆို အမှတ်တရ အဖြစ်ဆုံး ခရီးစဉ် အကြောင်းလေး ပြောပြပေးလို့ရမလား။

A ; အမှတ်တရ အဖြစ်ဆုံး ခရီး
   အင်းးး
   ခရီးစဉ်တိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့သွားတာဖြစ်လို့ အကုန်အမှတ်တရဖြစ်စရာတွေကြီးပါပဲ။
   အဲ့ထဲက မှတ်မှတ်ရရတစ်ခုကတော့ ဘာရှိမလဲ။

ပြည့်သူ သည် အနည်းငယ်စဉ်းစားလိုက်ပြီး တစ်ခုခုကို သတိရသွားသည့်ပုံဖြင့်

A ; တစ်ခုရှိတယ်။ ပုဂံ သွားတုန်းက
   ကျွန်တော်က အရင်ကတည်းက တွေးထားတာ။ ကျွန်တော့်မှာ ချစ်သူရှိတာနဲ့ ပုဂံကိုတော့ မဖြစ်ဖြစ်အောင် ခရီးသွားမယ်။ အပြတ်ရိုမယ်ဆိုပြီး စဉ်းစားထားတာပေါ့ဗျာ။ အဲ့တော့ ကိုကိုနဲ့ ပုဂံကို သွားဖြစ်တော့ အရမ်းကို စိတ်လှုပ်ရှားခဲ့တာ။ ဒါနဲ့ ပုဂံကိုရောက်တော့ ပထမရက်မှာ လည်ကြတယ်။ ebikeငှားပြီး နှစ်ယောက်တည်း လည်တာပေါ့နော်။ ပထမဆုံး အာနန္ဒာဘုရားကို သွားလည်တယ်။ အဲ့အထိ အဆင်ပြေသေးတယ်။ အပြန်မှာ ကျွန်တော်တို့က တခြား ဘုရားတွေလည်း ဝင်ဖူးဖြစ်တယ်။ အမတို့လည်း ပုဂံကိုရောက်ဖူးမှာပါ။ တစ်ချို့ဘုရားတွေက လယ်ကွင်းတွေထဲတို့၊ ချုံတွေကြားထဲမှာလေ။ ကံဆိုးတာလို့ပြောရမလားမသိပါဘူးဗျာ။ ကျွန်တော်တို့ လမ်းကြုံလို့ ဝင်ဖူးဖြစ်တဲ့ ဘုရားမှာ ပတ်ကြည့်နေတုန်းက  ဘာသွားတွေ့လည်းဆိုတော့ မြွေတစ်ကောင်ကို တွေ့ပါလေရော။ အဆိပ်ရှိတဲ့မြွေတဲ့ မဟုတ်ဘူးထင်တာပဲ။ ဘာမြွေမှန်းမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ရှေ့ကနေ ဖြတ်သွားတယ်ဗျာ။ တကယ်ကို တိုက်ဆိုင်တာပါ။ အဲ့မှာ ကိုကိုက မြွေမြင်ပြီး အရမ်းကြောက်ပြီး shockတွေရသွားတာ။ ဘယ်ဘုရားမှလည်း မဝင်ရဲတော့ဘူး။ ကိုကို့မှာ လမ်းတောင် မလျှောက်ရဲတော့တဲ့အထိပဲ။ ဟိုတယ်ပြန်ရောက်တော့ နေပူတဲ့ဒဏ်နဲ့ပေါင်းပြီး ဖျားတော့တာပဲ။ အဲ့ဒါနဲ့ ကိုကို အဖျားပျောက်မှပဲ ပြန်လာရတယ်။ ကြားထဲ ဘယ်မှမလည်ဖြစ်ခဲ့ဘူး။ အဲ့တစ်ခုကတော့ တကယ်မှတ်မှတ်ရရပဲ။ ဘယ်မှမရောက်ခဲ့ဘူး။

ပြည့်သူအဖြေကို နားထောင်ပြီး ဖြိုးမိုးကတော့ လည်ပင်းလေးပွတ်ကာ အားနာသလိုဝင်ပြောသည်။

A ; ကျွန်တော့်မှာ Ophidiophobia ရှိတယ်။
    မြွေအကြောက်လွန်တဲ့ စိတ်ပေါ့။ မြွေဆို အခုလို စကားထဲထည့်ပြောရင်တောင် စိတ်ကလန့်နေတာ

စိုစိုတို့ကတော့ နားလည်တယ်၊ နားလည်တယ်ဆိုပြီး ထောက်ခံပေးကြသည်။ ဖြိုးမိုးကဆက်ပြီး

A ; မြွေကို မြင်မိရင် အဲ့ညတွေဆို အိပ်လည်းမရတော့ဘူး။ အိပ်ပျော်လည်း အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးတာ။ မဟုတ်ရင် ဖျားတယ်။ ပုဂံသွားတုန်းက အာ့လိုဖြစ်ခဲ့တာ။ ပြည့်သူအသွားချင်ဆုံးနေရာဖြစ်ခဲ့ပေမယ့် ကျွန်တော့် ကြောင့် ချိုမြိန်တဲ့အမှတ်တရတော့မဖြစ်ခဲ့ရဘူး။

ဖြိုးမိုးက ထိုသို့ဖြေတော့ ပြည့်သူက သူ့ကိုကို လက်ကလေးတစ်ဖက်ကို လှမ်းပြီး ဆုပ်ကိုင်လိုက်သည်။

ပြီးတော့ လက်ဖမိုးလေးကို ဖွဖွလေး ပွတ်ပေးပြီး နှစ်သိမ့်နေသည်။

"ကိုကိုကလည်း နေရာတွေက အမှတ်တရ မဟုတ်ပါဘူး
ဘယ်သူနဲ့ အတူသွားလဲ ဆိုတာက အမှတ်တရပါဆို
ကိုကိုပြောတာပဲလေ
ကျွန်တော့်အတွက်က ကိုကိုနဲ့အတူသွားတဲ့နေရာတိုင်းက အမှတ်တရပါ။
တကယ်ပြောတာ။
ပုဂံမှာ မလည်ခဲ့ရတာ ကျွန်တော် ဘယ်လိုမှ မနေဘူး။
ကိုကို အဲ့ညက အဖျားတွေကြီးတော့ ပုဂံကို သွားမိတာ နောင်တ ရတာပဲရှိတယ်။ ကိုကို့ကိုပဲစိတ်ပူတာ။အခုပြောတာက အဲ့တုန်းကကိုကို့ကို စိတ်ပူခဲ့ရတာကို သတိရသွားလို့နော်။ စိတ်မကောင်းမဖြစ်နဲ့။"

"ဒီက FAနှစ်ယောက်က  ထိုင်ငိုတော့မယ်နော်"

ဆိုပြီး စိုစိုက စလိုက်သည်။ အဲ့တော့မှ ပြည့်သူက သူမတို့ဖက်က ပြန်ကြည့်ပြီး နှစ်ယောက်တည်းတကမ္ဘာတည်မိတာကို ရှက်သလို ဟီးး ဆိုပြီး ရယ်ပြသည်။ အဲ့တော့မှ အဆုံးသတ်မေးခွန်းလေးတွေကို မေးလိုက်ကြသည်။

Q ; ကိုဖြိုးမိုးကို စကားသုံးခွန်း နဲ့ ဖော်ပြပါ ဆိုရင် ဘာတွေဖြစ်မလဲ
    ကိုပြည့်သူဖြေပါ။

A ; ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး အစိတ်အပိုင်း
   သက်ရှိ အောက်စီဂျင်
   မြတ်နိုးလို့မဝတဲ့ လူသား

ပြည့်သူ၏ အဖြေကို စိုစိုက အိုက်စ် ဆိုပြီး ထအော်လိုက်သေးသည်။ကြေးမှုံက ဘေးကနေဟန့်လိုက်ရသေးသည်။

Q ; ကိုဖြိုးမိုးလည်း ပြည့်သူကို စကားသုံးခွန်းနဲ့ဖြေပါ

A ; အတိတ်
   ပစ္စုပ္ပန်
  အနာဂတ်

Q ; နည်းနည်းလောက် ရှင်းပြပါလား ကိုဖြိုးမိုး

A ; ပြည့်သူက ကျွန်တော့်အတိတ်ကို ပြည့်စုံစေခဲ့သူပါ
   သူနဲ့အတူရှိတဲ့ လက်ရှိ ပစ္စုပ္ပန်ကို တန်ဖိုးထားပါတယ်
   သူက အနာဂတ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ခွန်အားတစ်ရပ်ပါ။
   ဒီအဓိပ္ပါယ်ပါပဲ။

Q ; wow
    Wow
   နှစ်ယောက်စလုံးအဖြေတွေကတော့ တကယ်ကို အဓိပ္ပါယ်ပြည့်ဝလွန်းပါတယ်။
   ကဲ နောက်ဆုံးအနေနဲ့ အကိုတို့လို same gender couple တွေကို messageလေး နည်းနည်းပြောပေးပါလား

A ; ကျွန်တော်တို့လည်း အများကြီးသိတာမဟုတ်တော့ အကြံဉာဏ်ရယ်လို့တော့ မပေးတတ်ဘူး။ဒါပေမယ့် အကယ်လို့ same genderဖြစ်နေလို့  အခက်အခဲကြုံနေရရင်၊ ဒါကို ဒုက္ခဝဋ်ဆင်းရဲ လို့ထင်နေရင် ဒါဟာ ဆင်းရဲဒုက္ခမဟုတ်ပါဘူး။ မချစ်မနှစ်သောသူနှင့် ပေါင်းဖော်ရခြင်း၊ ချစ်သောသူနှင့် ကွေကွင်းရခြင်း ဒါတွေကမှ ဆင်းရဲဒုက္ခတွေပါ။ ဒါ့ကြောင့် လွတ်လပ်သူ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်နှစ်သက်တာက အပြစ်မဟုတ်လို့ အပြစ်တစ်ခုကျုးလွန်မိနေသလို မခံစားကြပါနဲ့။ အဲ့လိုပဲပြောချင်ပါတယ်(ဖြိုးမိုး)

A ; same gender coupleမှ မဟုတ်ပါဘူး။ coupleတိုင်းမှာ အနည်းနဲ့အများ ပြဿနာဆိုတာရှိတာပဲ။ ကိုယ်ရင် ဆိုင်ရတဲ့ အခက်အခဲ၊ ပြဿနာကိုသာ ပြတ်ပြတ်သားသားသိပြီးဖြေရှင်းစေလိုတယ်။ rsတိုင်းရဲ့ အခက်အခဲတွေက တူညီနေတာမှမဟုတ်တာလေ။ ကျွန်တော်တို့နှစ်ယောက်မှာဆို ရှိခဲ့တာက အနေဝေးတဲ့ ပြဿနာ။ဒါကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာ။ အခုလိုအတူနေနိုင်ဖို့ နှစ်ယောက်စလုံးဖက်က ကြိုးစားခဲ့ရတယ်။ ဒီလိုမျိုးပေါ့။ နှစ်ယောက်ချစ်ကြတာဖြစ်လို့ တစ်ယောက်တည်းမှာပဲ ပြဿနာရှိတယ်ဆိုတာ မဟုတ်ပါဘူး။ ကိုယ်ရင်ဆိုင်ရမယ့် ပြဿနာကို အသေအချာ နားလည်ပြီးတော့ နှစ်ယောက်အတူ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းကြပါလို့ပဲ ပြောချင်ပါတယ်။

Q ; အခုလို Forever Green မဂ္ဂဇင်းမှာ ပါဝင်ဖြေကြားပေးတာကို အများကြီးကျေးဇူးတင်ပါတယ်။
ကိုဖြိုးမိုးနဲ့ ကိုပြည့်သူလည်း အခုထက်မက သာယာပျော်ရွှင်နိုင်ပါစေရှင်။

A ; ကျွန်တော်တို့လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ထိုနေ့က စိုစိုတို့နှစ်ယောက်သည် love birdsလေးနှစ်ယောက်ပြင်ဆင်ကျွေးသည့်အရသာရှိသည့် ဆင်းဒဝစ်နှင့် နှပ်ကော်ဖီကို အားမနာတမ်း တဝတပြဲစားသောက်ခဲ့ကြသည်။  အိမ်ကလေးအတွင်းသို့လည်း စိတ်ကြိုက် ဓါတ်ပုံရိုက်ကြသည်။ ထို့ပြင် မိတ်ဖြစ်ဆွေဖြစ် သီချင်လေးလည်းဆိုပြလားဆိုပြီး ဂစ်တာတီးခိုင်း၊ သီချင်းဆိုခိုင်းကြသည်။ စိတ်ကြိုက် နှောင့်ယှက်လို့အားရမှပဲ နှုတ်ဆက်ကာပြန်လာကြသည်။ ကားပေါ်တွင် ကြေးမှုံက စကားစလိုက်သည်။

"ဒီလို BL အတွဲမျိုးကြတော့လည်း အလိုလိုကို supportပေးချင်စရာကောင်းနေတာပဲနော်"

"အေးဆို
သူတို့နှစ်ယောက်ဖြေတာကိုကြည့်ပြီး
ငါတော့ Fan meetingတွေမှာ idolsတွေက fan serviceပေးနေသလို ကြည်နူးရတယ်"

"အေးလေ
ဒီလို လိုက်ဖက်လို့လည်း  rs သက်တမ်း 7နှစ်အတွင်း တစ်ခါပဲ စကားများဖူးတာပေါ့
လုံး၀ amazingပဲ"

"ဒါ့ကြောင့် ငါပြောတာပေါ့
ယောက်ျားလေးတွေသည် ကောင်လေးတွေနဲ့ပဲ လိုက်ဖက်ပါတယ်လို့"

အပြန်လမ်းမှာ ဘာရယ်မဟုတ် ပြည့်သူက ဂစ်တာတီးပြီး ဖြိုးမိုးတို့ နှစ်ယောက်အတူ ဆိုပြခဲ့သည့် Ed sheeranရဲ့ သီချင်းလေးကို ဘာရယ်မဟုတ်ပြိုင်တူ ငြီးမိကြသည်။

🎼🎵🎶

I'm thinking
but how people fall in love in mysterious ways
May be just the touch of a hand
Oh me I fall in love with you every single day
And I just wanna tell you I am

🎼🎵🎶

<<<<<<<<<<<>>><>>><<><>>>>>>>>>>>>><
Zawgyi

စိုစိုႏွင့္ ေၾကးမႈံတို႔သည္ ၿဖိဳးမိုးတို႔ေနထိုင္ရာ ရန္ကင္းအိမ္သို႔ ၁၁နာရီေလာက္တြင္ ေရာက္လာၾကသည္။ စိမ္းစိုသည့္ သစ္ပင္ေလးေတြ စိုက္ထားသည့္ ၿခံေလးသည့္ အုပ္အုပ္ဆိုင္းဆိုင္းျဖင့္ ေအးျမေနသည္။ တစ္ထပ္တိုက္ဝါေလးႏွင့္ ၿခံေလးသည္ ေနခ်င္စရာေလးျဖစ္သည္။ သူတို႔သည္ ကားကိုရပ္လိုက္ၿပီး ေၾကးမႈံက ကားေနာက္ခန္းမွ လက္ေဆာင္ေပးမည့္ ပန္းစည္းႀကီးကို ထုတ္ယူလိုက္သည္။

"အဲ့ပန္းစည္းႀကီး မလိုပါဘူးဆို
ဝယ္လာတယ္"

"ဟဲ့
သူတို႔က ပိုက္ဆံလည္းယူတာမဟုတ္ဘူး
ဒီအတိုင္းခင္လို႔ကူညီတာဆိုေပမယ့္
ဒီေလာက္ကေတာ့ ေပးရမွာေပါ့"

စိုစိုကေတာာ့ ျပန္မေျပာေတာ့။ အိမ္ေရွ႕ေရာက္ေတာ့ ဘဲလ္တီးလိုက္သည္။ ဘဲလ္သံအဆုံးမွာ တံခါးဖြင့္သံၾကားလိုက္ရသည္။ ေၾကးမႈံသည္ တံခါးလာဖြင့္ေပးသည့္ ေကာင္ေလးကိုၾကည့္လိုက္သည္။ အိမ္ေနရင္းမို႔ထင္သည္၊  ခဲေရာင္ တီရွပ္ေျဗာင္တစ္ထည္ႏွင့္အကြက္စိပ္ပုဆိုးတစ္ထည္ကိုသာ ဝတ္ထားသည္။ ဆံပင္တို႔ကိုလည္း ႐ိုး႐ိုးရွင္းရွင္း တိုတိုသာညႇပ္ထားသည္။ ျဖဴေသာအသား မ်က္ခုံးမ်က္လုံးေကာင္းေကာင္းႏွင့္မို႔ၾကည့္ေကာင္းသည့္ေကာင္းေလးပါပဲ။ သူမတို႔ထက္အသက္ငယ္သည့္ပုံရသျဖင့္ ဒီတစ္ေယာက္က ျပည့္သူျဖစ္လိမ့္မည္။ ၿဖိဳးမိုးက သူမတို႔ႏွင့္ ႐ြယ္တူျဖစ္ၿပီး ျပည့္သူကေတာ့ ငယ္သည္ဟု စိုစိုက ေျပာထားသည္။

"အိမ္ထဲ ဝင္ၾကပါ ခင္ဗ်"

အင္း စကားအေျပာအဆိုကလည္းရည္မြန္သည္။ ေပးလိုက္ၿပီ တစ္မွတ္။

သူမတို႔ႏွစ္ေယာက္သည္ ဖိနပ္ခြၽတ္မွာ ဖိနပ္ခြၽတ္ထားခဲ့ၿပီး အိမ္ထဲဝင္ခဲ့ၾကသည္။ ထိုေကာင္ေလးကေတာ့ သူမတို႔ႏွစ္ေယာက္ကို ဧည့္ခန္းမွာ ေနရာခ်ထားေပးၿပီး အေနာက္ဖက္ကိုဝင္သြားသည္။ မႏုမၾကမ္း ေကာ္ေဇာခင္းထားၿပီး  နံရံကိုေတာ့အဝါေဖ်ာ့ေဖ်ာ့ ေဆးသုတ္ထားသည္။ ႏွစ္ေယာက္တည္းေနသည့္ အိမ္ျဖစ္လို႔လားေတာ့မသိ။ ရႈပ္ပြမေန။ အခန္းတြင္း အဲယားကြန္းဖြင့္ထားၿပီး အေအးခန္းေလးထဲမွာ air sprayဖ်န္းထားလို႔လားမသိ၊ မက္မြန္သီးနံ႔သင္းသင္းေလးေတာင္ ရသည္။

"နင့္ အခန္းနဲ႔မ်ား
ဘာမွမဆိုင္ဘူး"

ေၾကးမႈံက စိုစိုကို ကပ္ေျပာလိုက္ေသးသည္။ ထိုအခိုက္ မီးဖိုခန္းဟု ထင္ရသည့္အခန္းဖက္မွာ ေကာင္ေလး ႏွစ္ေယာက္ထြက္လာသည္။ ေနာက္တစ္ေယာက္ေတာ့ ဒူးေအာက္ ေရွာ့ပင္ဝတ္ထားၿပီး ပထမေကာင္ေလးလိုပဲ တီရွပ္တစ္ထည္ႏွင့္ ႐ိုး႐ိုးရွင္းရွင္းျဖစ္သည္။အသားအရည္ကေတာ့ ဝါဝင္းေနၿပီး သူမတို႔မိန္းကေလးေတြထက္ပင္ အသားအရည္ေကာင္းေသးသည္။ ဆံပင္ေကာက္ေကာက္ေလးေတြႏွင့္ ႏႈတ္ခမ္းေအာက္ေလးက မွည့္ေလးကေတာ့ထူးျခားခ်က္ပဲ။ ၿခဳံေျပာရလွ်င္ေတာ့ သူသည္လည္း လူေခ်ာတစ္ေယာက္ပါပဲ။ဒါကေတာ့ ၿဖိဳးမိုးျဖစ္ရမည္ အင္းးး။ ေခ်ာတဲ့ေကာင္ေလးေတြက ေခ်ာတဲ့ေကာင္ေလးေတြနဲ႔ပဲ ညားတာပါပဲလားဟု တရားရလိုက္သည္။

"မေတြ႕တာၾကာေပါ့
စိုစို
တကူးတက လာေပးတာေက်းဇူးတင္ပါတယ္"

ၿဖိဳးမိုးက ႏႈတ္ဆက္လိုက္သည္။ ထိုအခါ ေၾကးမႈံေရာ စိုစိုေရာ ထိုင္ေနရမွထၿပီး ေၾကးမႈံက ပန္းစည္းကို ၿဖိဳးမိုးလက္ထဲထည့္ကာ

"ကြၽန္မက ခင္ေၾကးမႈံပါ
Forever Green မဂၢဇင္းက အယ္ဒီတာပါ
စိုစို႔သူငယ္ခ်င္းလည္း ဟုတ္ပါတယ္"

ဟု မိတ္ဆက္လိုက္သည္။ ၿဖိဳးမိုးက ပန္းစည္းကိုယူၿပီး သူ႔ေဘးက ျပည့္သူလက္ထဲထည့္ေပးလိုက္သည္။

"ကြၽန္ေတာ္ကေတာ့ ၿဖိဳးမိုးပါ"

"ျပည့္သူ ပါ"

ႏွစ္ေယာက္စလုံးက ကိုယ္တိုင္ပဲမိတ္ဆက္ၾကသည္။

"ပန္းေတြအတြက္ေက်းဇူးတင္ပါတယ္"

ၿဖိဳးမိုးက ေက်းဇူးတင္စကားေျပာလိုက္သည္။ ထို႔ေနာက္သူတို႔ေလးေယာက္သား ဧည့္ခန္းမွာ ထိုင္လိုက္ၾကသည္။ စိုစိုႏွင့္ေၾကးမႈံက တစ္ဖက္၊ ၿဖိဳးမိုးႏွင့္ ျပည့္သူက တစ္ဖက္ျဖစ္သည္။ ၿဖိဳးမိုးက ထိုင္ေတာ့ ျပည့္သူက ဖက္ေခါင္းအုံးေလးကို ၿဖိဳးမိုးေနာက္ေက်ာမွာ မီလို႔အဆင္ေျပေအာင္ ထားေပးတာေတြ႕လိုက္သည္။

"အခုလို အင္တာဗ်ဳးကို လက္ခံေျဖေပးတာကို ေက်းဇူးတင္ပါတယ္"

"ဟာ
ရပါတယ္"

ၿဖိဳးမိုးက ပ်ာပ်ာသလဲေျပာသည္။

"ကြၽန္မတို႔ မဂၢဇင္းကို ဖတ္ဖူးလားေတာ့မသိဘူး"

"အယ္
အကုန္ေတာ့မဖတ္ဖူးဘူးခင္ဗ်
ၾကားေတာ့ၾကားဖူးပါတယ္"

"ဟုတ္ကဲ့
ဒါဆို အင္တာဗ်ဳးေလးစလိုက္ရေအာင္ေနာ္"

သူမတို႔သည္ ပါလာသည့္ ကင္မရာကို tripodမွာတင္ၿပီးrecordယူလိုက္သည္။

"ကိုၿဖိဳးမိုးတို႔က မ်က္ႏွာမေပၚခ်င္ဘူးဆိုေတာ့
ဒီ video ကို editလုပ္ၿပိး မ်က္ႏွာကို ဝါးမွာပါ
Pageမွာ လည္း ၁မိနစ္စာေလာက္ပဲတင္မွာပါ"

"ေၾသာ္
ဟုတ္ကဲ့"

ေၾကးမႈံက recorderကို စားပြဲခုံေပၚမွာ ခ်ထားလိုက္သည္။ ထို႔ေနာက္အသင့္ျပင္လာသည့္ ဖိုင္ကို ထုတ္ၿပီး

အင္ထ႐ိုဝင္လိုက္သည္။

Q ; နာမည္ေလးေတြကစ အရင္ မိတ္ဆက္ေပးပါဦး

A ; ၿဖိဳးမိုး နဲ႔ ျပည့္သူ ပါ

Q ; အသက္ ကိုေရာ ေျပာေပးလို႔ရမလား

A ; 32 ႏွစ္ ျပည့္ခဲ့ၿပီခင္ဗ် (ၿဖိဳးမိုး)

Q ; ကိုျပည့္သူ အသက္ကေရာ

A ; ကြၽန္ေတာ့္ အသက္ကေတာ့ ကိုကို ေပါ့ဗ်ာ

ျပည့္သူက ႐ုတ္တရက္ အ႐ႊန္းေဖာက္လိုက္သျဖင့္ အားလုံး ေၾကာင္သြားၿပီးမွ ထရယ္ျဖစ္ၾကသည္။ ရယ္ေမာလိုက္ၾကသျဖင့္ ပိုၿပီး ေမးရေျဖရတာ ေပါ့ပါးသြားသည္။

A ; ေနာက္တာပါဗ်ာ
    ကြၽန္ေတာ့္အသက္ကေတာ့ 27 ပါ။

Q ; တစ္ေယာက္ႏွင့္ တစ္ေယာက္က ဘယ္လို ေတြ႕ျဖစ္ခဲ့ၾကတာလဲ

ပုံမွန္ဆိုလက္ရွိ အလုပ္အကိုင္တို႔ကို ေမးမွာျဖစ္ေပမယ့္ အခုက အဲ့ဒါေတြကို ေက်ာ္လိုက္တာျဖစ္သည္။
ၿဖိဳးမိုးက ျပည့္သူကို ေျဖလိုက္ေလဆိုသည့္ သေဘာျဖင့္ လွမ္းၾကည့္လိုက္သည္။

A ; Instragram မွ ေတြ႕တာခင္ဗ်
    ကြၽန္ေတာ္က ကိုကိုတင္ထားတဲ့ဓါတ္ပုံေလးတစ္ပုံ ေတြ႕ၿပီး စိတ္ဝင္စားၿပီး      စကားသြားေျပာျဖစ္ခဲ့တာ"

Q ; ဘာပုံေလး မို႔လို႔လဲ

A ; ကိုကိုက ဂစ္တာတီးေနတဲ့ပုံပါ
     ကိုကိုတီးေနတဲ့ဂစ္တာကို ကြၽန္ေတာ္က သေဘာက်တာေလ
     အဲ့ဒါနဲ႔ ဂစ္တာအေၾကာင္း သြားေမးရင္းကေန စ စကားေျပာျဖစ္ၾကတာ"

Q ; ေၾသာ္
      ဒါဆို Online ကေန စသိခဲ့ၾကတာေပါ့

A ; ဟုတ္တယ္ခင္ဗ်

Q ; ခင္မင္ၿပီး ဘယ္ေလာက္ၾကာေတာ့မွ ခ်စ္သူ ျဖစ္ခဲ့ၾကတာလဲ

A ; အင္း 5 လ ေလာက္ေတာ့ ရွိမယ္နဲ႔တူတယ္
    ေနာ္ ကိုကို
ျပည့္သူက ေဘးနားက ၿဖိဳးမိုးကို လွည့္ၿပီးေမးသည္။
A ; ဟုတ္တယ္ ငါးလ ေလာက္ၾကာမွ ခ်စ္သူျဖစ္တာ (ၿဖိဳးမိုး)

Q ; ကဲ ဒါဆို ဘယ္သူက အရင္ propose လုပ္ခဲ့တာလဲ
ေမးခြန္းကို ႏွစ္ေယာက္သား သေဘာက်စြာရယ္ေနၾကသည္။ ၿပီးမွ ျပည့္သူက
A ; ေသခ်ာေပါက္ ကြၽန္ေတာ္ပဲေပါ့ဗ်ာ
   ကြၽန္ေတာ္က proposeလုပ္ခဲ့တာပါ

Q ; အြန္လိုင္းမွ စကားစေျပာျဖစ္တာလို႔ေျပာတယ္ေနာ္
    အဲ့ေတာ့ အျပင္မွာ ဘယ္အခ်ိန္က်မွ စေတြ႕ျဖစ္တာလဲ
ထိုေမးခြန္းကို ၿဖိဳးမိုးက ဝင္ေျဖလိုက္သည္။
A ; အဲ့တုန္းက ကြၽန္ေတာ္က ဂ်ပန္မွာေရာက္ေနတာခင္ဗ်
     ျပည့္သူကေတာ့ ျမန္မာျပည္မွာ
    ကြၽန္ေတာ္တို႔ ခ်စ္သူေတြျဖစ္ၿပီးၿပီဆိုမွ အျပင္မွေတြ႕ဖူးခဲ့တာ
    အဲ့ေတာ့ ၾကားထဲမွာ 10လေလာက္ေတာ့ၾကာခဲ့တယ္။

Q ; ဒါဆို အျပင္မွာ စၿပီး ေတြ႕တုန္းက ဘယ္လိုခံစားရလဲ

A ; ဘယ္လိုခံစားရလဲဆိုေတာ့
    စေတြ႕ေတြ႕ခ်င္းတုန္းက ရင္ခုန္တာေပါ့ဗ်ာ
    ေနာက္ၿပီး  ရွက္တယ္ခင္ဗ်
   ေသခ်ာေတာ့မမွတ္မိေတာ့ေပမယ့္ သူ႔ကိုစေတြ႕တုန္းက ရွက္ေနခဲ့တာ

Q ; ကိုျပည့္သူေရာ ဘယ္လိုခံစားခဲ့ရလဲ။ စေတြ႕တုန္းက

A ; ကြၽန္ေတာ္ကေတာ့ ရင္ေတြအရမ္းခုန္ေနခဲ့တာဗ်
    အဲ့တုန္းက ကြၽန္ေတာ္မွတ္မိေသးတယ္
     ကိုကို႔ကို မန္းေလး ေလဆိပ္မွာ သြားႀကိဳတာ
    ကိုကိုက အထဲကေနထြက္လာတယ္
   အရမ္းေခ်ာလြန္းလို႔ ေငးၾကည့္ေနခဲ့မိတာ
    အနားေရာက္လာၿပီး ကိုကိုႏႈတ္ဆက္တဲ့အထိ ကြၽန္ေတာ္ေငးေကာင္းတုန္း   ပဲကိုကို႔အသံလည္းၾကားလိုက္ေရာ 10လေလာက္ ဖုန္းထဲမွာပဲ ၾကားခဲ့ရတဲ့အသံ၊ ျမင္ဖူးခဲ့တဲ့သူကို
    အျပင္မွာ ေတြ႕ရေတာ့ ဘယ္လိုေပ်ာ္ခဲ့မွန္းေတာင္ မသိဘူး
    အဲ့ဒီစေတြ႕တုန္းကအခ်ိန္ကို ဘယ္အခ်ိန္ျပန္စဥ္းစား စဥ္းစား ျပန္ရင္ခုန္ရ  တယ္။

Q ; Woww
      အရမ္းကို romantic ပဲ။
    ဒါဆို ပထမဆုံးေတြ႕ဆုံခဲ့တဲ့ေနရာက မန္းေလးေလဆိပ္ႀကီးထဲမွာေပါ့။

A ; ဟုတ္တယ္ခင္ဗ် (ႏွစ္ေယာက္စလုံးကၿပိဳင္တူေျဖ)

Q ; အခုဆို ခ်စ္သူ သက္တမ္း ဘယ္ေလာက္ရွိၿပီလဲ

A ; 7 ႏွစ္ျပည့္ခဲ့ၿပီခင္ဗ်

Q ;    အတူေနျဖစ္တာကေရာ ဘယ္ေလာက္ၾကာၿပီလဲရွင့္

ထိုေမးခြန္းကို  ၿဖိဳးမိုးက ေျဖလိုက္သည္။

A ; ၃ႏွစ္ျပည့္ေတာ့မယ္ခင္ဗ်

Q ; အတူမေနခင္ နဲ႔ အတူေနၿပီးတဲ့ ေနာက္မွာ ဘာေတြ ကြာျခားသြားလဲ

A ; အင္းး
   ဘာေတြကြာျခားသြားလဲ ဆိုေတာ့
   ကြၽန္ေတာ္တို႔ႏွစ္ေယာက္ RS စျဖစ္ကာစကေန သုံးႏွစ္ေလာက္အထိက
   Long distance relationship ျဖစ္ခဲ့တာဗ်။ ကြၽန္ေတာ္က ဂ်ပန္မွာ၊ ျပည့္သူကေတာ့ မန္းေလးမွာကိုး
   အဲ့သုံးႏွစ္အတြင္းမွာ ကြၽန္ေတာ္ ျမန္မာျပည္ အလည္ျပန္လာတဲ့ခဏပဲေတြ႕ျဖစ္ခဲ့တာ။ ေန႔တိုင္းစကားေျပာျဖစ္ၾကေပမယ့္ အျပင္မွာ ေတြ႕ဆုံတာက်ေတာ့ မတူေတာ့ဘူးေလ။ေတြ႕ခ်င္တိုင္းလည္း ေတြ႕မရခဲ့ဘူး။  ကြၽန္ေတာ္ ျမန္မာျပည္အၿပီးျပန္လာေတာ့မွ ပုံမွန္ RSေတြလို date ႏိုင္ခဲ့တာ။ ဒါေတာင္ ျပည့္သူက ရန္ကုန္ကို ေျပာင္းလာေပးလို႔။ အဲ့ကေန 1ႏွစ္ေလာက္ၾကာေတာ့ ကြၽန္ေတာ္လည္း အိမ္ကေန သပ္သပ္ခြဲေနျဖစ္တာကေန အတူတူ ေနျဖစ္သြားၾကတာပါ။ step by stepသြားခဲ့တာဆိုေတာ့ ဘာေတြကြာျခားသြားလဲ အတိအက်ေတာ့ သတိမထားမိေတာ့ဘူး။ (ၿဖိဳးမိုး)

A ; ကြၽန္ေတာ္ကေတာ့ ပိုေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာတယ္လို႔ ခံစားရ တယ္။ ကိုကိုက bestဆိုတဲ့ အေနအထားေလ။ အဲ့ေတာ့ ကိုကိုနဲ႔ အတူေနရေတာ့ ကိုကို႔ဆီက ေကာင္းတာေတြ ကူးစပ္လာတာေပါ့။ ေကာင္းေသာကြာျခားျခင္းေတြပဲရွိပါတယ္။ (ျပည့္သူ)

Q ; အတူေနတဲ့အခါမွာ အခက္အခဲျဖစ္ရတာေတြရွိလား

A ; အခက္အခဲကေတာ့ လူတိုင္းမွာ အနည္းနဲ႔အမ်ားေတာ့ ရွိၾကတာပါပဲ။ ကြၽန္ေတာ္တို႔လည္း ႀကဳံတာေပါ့။ ဒါေပမယ့္ ႏွစ္ေယာက္အတူရွိေနၿပီဆိုေတာ့ ေတာ္႐ုံကို အခက္အခဲလို႔လည္း မျမင္မိတာေတာ့ အမွန္ပါပဲ။ ကြၽန္ေတာ္တို႔က ေဝးကြာေနရတဲ့ ခံစားမႈကို ေကာင္းေကာင္းသိခဲ့ၾကတာဆိုေတာ့၊ အတူရွိေနခ်ိန္ေတြကို ပိုတန္ဖိုးထားျဖစ္တယ္။ အဲ့ေတာ့ ေျပာပေလာက္တဲ့ အခက္အခဲရယ္လို႔ မရွိဘူးထင္တာပဲ
ေနာ္  ကိုကို (ျပည့္သူ)

ၿဖိဳးမိုးကလည္း ျပည့္သူေျပာတာကို သေဘာတူသလို ေခါင္းၿငိမ့္ျပသည္။

Q ; ေယာက္်ားေလးႏွစ္ေယာက္ျဖစ္ေနေတာ့ အိမ္မႈကိစၥတို႔၊ အခ်က္အျပဳတ္တို႔က်ေတာ့ေရာ အဆင္ေျပရဲ႕လား

A ; ေျပပါတယ္ ခင္ဗ်။ ကိုကိုက ဟင္းခ်က္သိပ္ေတာ္တာ။ ကြၽန္ေတာ္ဆို ေပါင္ခ်ိန္ အမ်ားႀကီးတိုးလာတယ္။ ဝိတ္မတက္ေအာင္ မနည္းထိန္းေနရတယ္။

ျပည့္သူကေတာ့ သူ႔ထုံးစံအတိုင္း သူ႔ကိုကို မ်က္ႏွာကိုၾကည့္ၿပီး ရယ္ရင္းေမာရင္းေျဖသည္။ 

A ; အိမ္မႈကိစၥကေတာ့ ႏွစ္ေယာက္သား ေပါင္းလုပ္တဲ့အခါလည္းရွိတယ္။ ကိုယ့္တာဝန္နဲ႔ကိုခြဲၿပီး လုပ္တာေတြလည္းရွိတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ေသခ်ာ ညႇိႏိုင္းၿပီး လုပ္ျဖစ္ေတာ့ အဆင္ေျပပါတယ္။ ဗာရီယလည္း သိပ္မမ်ားပါဘူး။  (ၿဖိဳးမိုး)

Q ; ႏွစ္ေယာက္ က အသက္ ကြာတယ္ေနာ္။
    ပုံမွန္ဆို အသက္ကြာရင္ rsေတြၾကားမွာ ညႇိရတာ အဆင္မေျပတာတို႔၊ စိတ္သေဘာထားမတိုက္ဆိုင္တာတို႔၊ စကားမ်ားတာတို႔ ရွိတယ္ ၾကားဖူးတယ္။ ကိုၿဖိဳးမိုးတို႔ေရာ ဘယ္လိုလဲ။

A ; တကယ္ေတာ့ အသက္ကြာျခားခ်က္ထက္ လူႏွစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထား၊ ခံယူခ်က္၊ အျမင္တို႔နဲ႔ပဲ သက္ဆိုင္မယ္လို႔ထင္ပါတယ္။ အသက္မကြာလည္း ကြၽန္ေတာ္ေျပာတဲ့အခ်က္ေတြ မကိုက္ညီရင္ေတာ့ အနည္းနဲ႔အမ်ားေတာ့ ျပႆနာျဖစ္မယ္ထင္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ ကံေကာင္းတယ္ေျပာရမယ္နဲ႔တူပါတယ္။ အသက္ကလြဲရင္ က်န္တာ ႀကီးႀကီးမားမား ကြာျခားခ်က္မရွိ ေတာ့ အဆင္ေျပတယ္ ေျပာရမွာပါ ခင္ဗ်။

Q ; ကို႔ျပည္သူ လည္းေျပာပါဦး။

A ; ကိုကို ေျပာသြားသလိုပါပဲ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္မွာ  အသက္ကလြဲရင္ အဆင္မေျပႏိုင္ေလာက္တဲ့ ကြာျခားခ်က္ကေတာ့ သိပ္မရွိပါဘူး။ ကိုကိုက ကြၽန္ေတာ့္ထက္ ပိုၿပီး အသက္ႀကီးေတာ့ အမ်ားႀကီးပိုေတြးတတ္တယ္။ ကိုကို႔ဆီက သင္ယူရတဲ့ အပိုင္းေတြလည္း အမ်ားႀကီးပဲ။ ကိုကို က ကြၽန္ေတာ့္ထက္အသက္ႀကီးတာက ကြၽန္ေတာ့္အတြက္ေတာ့ ေကာင္းေသာ အခ်က္ပါ။ အဓိကကေတာ့ ႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ တစ္ေယာက္ကိုတစ္ေယာက္ အသိအမွတ္ျပဳ လက္ခံေပးဖို႔က အဓိကလို႔ထင္ပါတယ္။

Q ; ႏွစ္ေယာက္သား တူညီတဲ့ အခ်က္နဲ႔ ကြာျခားခ်က္ေလးေတြလည္း ေျပာျပေပးပါဦး။

A ; တူညီတဲ့အခ်က္ကေတာ့ ႏွစ္ေယာက္စလုံး gender တူတယ္ခင္ဗ်။ ဟုတ္တယ္မလား

ျပည့္သူ၏ အေျဖကို ေၾကးမႈံပင္ သေဘာက်သြားသျဖင့္ ၿပဳံးမိသြားသည္။ ျပည့္သူကဆက္ၿပီးေျပာသည္။

A ; တကယ္ေျပာတာပါ။ တစ္ခ်ိဳ႕အတြက္ same genderျဖစ္ေနတဲ့အတြက္ အဆင္မေျပႏိုင္ဘူး ထင္ၾကလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ ေျပာင္းျပန္ဗ်။ ပိုလို႔ေတာင္ အဆင္ေျပတယ္ထင္တာပဲ။ ဘာလို႔လဲဆိုေတာ့ ေယာက္်ားေလး အျမင္ ၊ မိန္းကေလး အျမင္ ဆိုၿပီး ရွိတယ္မလား။ အခုက ကြၽန္ေတာ္တို႔က ႏွစ္ေယာက္စလုံးက ေယာက္်ားေလးျဖစ္ေနေတာ့ ထူးၿပီး ညႇိစရာမလိုေတာ့ဘူး။  အဲ့အခ်က္ကပဲ ကြၽန္ေတာ္ တို႔ႏွစ္ေယာက္မွာ တူညီတဲ့အခ်က္ေတြ မ်ားလာတယ္ထင္ပါတယ္။ အဝတ္အစားဆိုလည္း ႐ိုး႐ိုးရွင္းရွင္းပဲ ႀကိဳက္တာ တူတယ္။ ေခတ္ေဟာင္းေတးေတြ နားေထာင္ရတာ ႀကိဳက္တာတူတယ္။ ခရီးသြားတာ ႏွစ္သက္တာလည္း တူတယ္။ ေတာ္ေတာ္မ်ားမ်ား တူပါတယ္ခင္ဗ်။

Q ; မတူအခ်က္ တစ္ခ်က္တစ္ေလေလးေတာင္ မရွိဘူးလား။

A ; အဲ့လိုလည္း မဟုတ္ပါဘူး။
    မတူတာေတြလည္းရွိပါတယ္။ ဥပမာ ကြၽန္ေတာ္က အစားအေသာက္ဆို ေရလုံျပဳတ္တို႔၊ အသုပ္တို႔ႀကိဳက္တယ္။ ျပည့္သူကေတာ့ အႏွစ္ေလးဘာေလးနဲ႔ ဖြယ္ဖြယ္ရာရာခ်က္တာ ႀကိဳက္တယ္။ အဲ့အခါက်ေတာ့ သူ႔အႀကိဳက္ကိုယ့္အႀကိဳက္ လိုက္ၿပီးစားျဖစ္ၾကတယ္။ ေနာက္ၿပီး ဇာတ္ကားတို႔ဘာတို႔ၾကည့္ရင္လည္း ကြၽန္ေတာ္က anime ေတြပိုၾကည့္တယ္။ ပိုသေဘာက်တယ္။ ျပည့္သူကေတာ့ horrorဖက္သြားတယ္။ အဲ့ေတာ့ ကိုယ့္ဘာသာ သပ္သပ္စီၾကည့္တဲ့အခါၾကည့္တယ္။ တစ္ေယာက္တစ္လွည့္စီ လိုက္ၾကည့္ေပးတဲ့အခါၾကည့္တယ္။ အဓိကေတာ့ နားလည္မႈပါပဲ။ မတူတဲ့အခ်က္ေတြ ရွိတာကလည္း ျပႆရယ္လို႔မဟုတ္ပါဘူး။ လူ႔အႀကိဳက္ဆိုတာ အတင္းလုပ္ယူၿပီး ေျပာင္းလို႔မွမရတာေလ။ mutual respectနဲ႔ပဲ သြားျဖစ္ပါတယ္။ နားလည္မႈနဲ႔ လက္ခံေပးမႈ ဒီႏွစ္ခုကို အခ်ိဳးညီညီပဲ က်င့္သုံးပါတယ္။ (ၿဖိဳးမိုး)

Q ; ဒါဆို ရန္ျဖစ္တာေတြ စကားမ်ားတာေတြ နည္းမွာေပါ့ေနာ္။

A ; ကြၽန္ေတာ္တို႔ တစ္ခါပဲ ကေတာက္ကဆျဖစ္ဖူးတယ္။
    ကေတာက္ကဆရယ္လို႔လည္းမဟုတ္ပါဘူး
   အဲ့တုန္းကလည္း ကြၽန္ေတာ္ အမွားလုပ္မိလို႔၊ ကြၽန္ေတာ့္ေၾကာင့္ကိုကို  စိတ္ဆင္းရဲသြားတာ
အဲ့တစ္ခါပဲရွိခဲ့တယ္( ျပည့္သူ)

Q ; ခရီးသြားရတာ ႏွစ္သက္ၾကတယ္လို႔ ေျဖထားတယ္ေနာ္
    ဒါဆို မၾကာခဏ ခရီးသြားျဖစ္ၾကမွာေပါ့။

A ; ဟုတ္ကဲ့
   သြားျဖစ္ပါတယ္( ႏွစ္ေယာက္စလုံးေျဖ)

Q ; ဒါဆို အမွတ္တရ အျဖစ္ဆုံး ခရီးစဥ္ အေၾကာင္းေလး ေျပာျပေပးလို႔ရမလား။

A ; အမွတ္တရ အျဖစ္ဆုံး ခရီး
   အင္းးး
   ခရီးစဥ္တိုင္းကေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႔သြားတာျဖစ္လို႔ အကုန္အမွတ္တရျဖစ္စရာေတြႀကီးပါပဲ။
   အဲ့ထဲက မွတ္မွတ္ရရတစ္ခုကေတာ့ ဘာရွိမလဲ။

ျပည့္သူ သည္ အနည္းငယ္စဥ္းစားလိုက္ၿပီး တစ္ခုခုကို သတိရသြားသည့္ပုံျဖင့္

A ; တစ္ခုရွိတယ္။ ပုဂံ သြားတုန္းက
   ကြၽန္ေတာ္က အရင္ကတည္းက ေတြးထားတာ။ ကြၽန္ေတာ့္မွာ ခ်စ္သူရွိတာနဲ႔ ပုဂံကိုေတာ့ မျဖစ္ျဖစ္ေအာင္ ခရီးသြားမယ္။ အျပတ္႐ိုမယ္ဆိုၿပီး စဥ္းစားထားတာေပါ့ဗ်ာ။ အဲ့ေတာ့ ကိုကိုနဲ႔ ပုဂံကို သြားျဖစ္ေတာ့ အရမ္းကို စိတ္လႈပ္ရွားခဲ့တာ။ ဒါနဲ႔ ပုဂံကိုေရာက္ေတာ့ ပထမရက္မွာ လည္ၾကတယ္။ ebikeငွားၿပီး ႏွစ္ေယာက္တည္း လည္တာေပါ့ေနာ္။ ပထမဆုံး အာနႏၵာဘုရားကို သြားလည္တယ္။ အဲ့အထိ အဆင္ေျပေသးတယ္။ အျပန္မွာ ကြၽန္ေတာ္တို႔က တျခား ဘုရားေတြလည္း ဝင္ဖူးျဖစ္တယ္။ အမတို႔လည္း ပုဂံကိုေရာက္ဖူးမွာပါ။ တစ္ခ်ိဳ႕ဘုရားေတြက လယ္ကြင္းေတြထဲတို႔၊ ခ်ဳံေတြၾကားထဲမွာေလ။ ကံဆိုးတာလို႔ေျပာရမလားမသိပါဘူးဗ်ာ။ ကြၽန္ေတာ္တို႔ လမ္းႀကဳံလို႔ ဝင္ဖူးျဖစ္တဲ့ ဘုရားမွာ ပတ္ၾကည့္ေနတုန္းက  ဘာသြားေတြ႕လည္းဆိုေတာ့ ေႁမြတစ္ေကာင္ကို ေတြ႕ပါေလေရာ။ အဆိပ္ရွိတဲ့ေႁမြတဲ့ မဟုတ္ဘူးထင္တာပဲ။ ဘာေႁမြမွန္းမသိဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေရွ႕ကေန ျဖတ္သြားတယ္ဗ်ာ။ တကယ္ကို တိုက္ဆိုင္တာပါ။ အဲ့မွာ ကိုကိုက ေႁမြျမင္ၿပီး အရမ္းေၾကာက္ၿပီး shockေတြရသြားတာ။ ဘယ္ဘုရားမွလည္း မဝင္ရဲေတာ့ဘူး။ ကိုကို႔မွာ လမ္းေတာင္ မေလွ်ာက္ရဲေတာ့တဲ့အထိပဲ။ ဟိုတယ္ျပန္ေရာက္ေတာ့ ေနပူတဲ့ဒဏ္နဲ႔ေပါင္းၿပီး ဖ်ားေတာ့တာပဲ။ အဲ့ဒါနဲ႔ ကိုကို အဖ်ားေပ်ာက္မွပဲ ျပန္လာရတယ္။ ၾကားထဲ ဘယ္မွမလည္ျဖစ္ခဲ့ဘူး။ အဲ့တစ္ခုကေတာ့ တကယ္မွတ္မွတ္ရရပဲ။ ဘယ္မွမေရာက္ခဲ့ဘူး။

ျပည့္သူအေျဖကို နားေထာင္ၿပီး ၿဖိဳးမိုးကေတာ့ လည္ပင္းေလးပြတ္ကာ အားနာသလိုဝင္ေျပာသည္။

A ; ကြၽန္ေတာ့္မွာ Ophidiophobia ရွိတယ္။
    ေႁမြအေၾကာက္လြန္တဲ့ စိတ္ေပါ့။ ေႁမြဆို အခုလို စကားထဲထည့္ေျပာရင္ေတာင္ စိတ္ကလန႔္ေနတာ

စိုစိုတို႔ကေတာ့ နားလည္တယ္၊ နားလည္တယ္ဆိုၿပီး ေထာက္ခံေပးၾကသည္။ ၿဖိဳးမိုးကဆက္ၿပီး

A ; ေႁမြကို ျမင္မိရင္ အဲ့ညေတြဆို အိပ္လည္းမရေတာ့ဘူး။ အိပ္ေပ်ာ္လည္း အိပ္မက္ဆိုးေတြမက္ၿပီး လန႔္ႏိုးတာ။ မဟုတ္ရင္ ဖ်ားတယ္။ ပုဂံသြားတုန္းက အာ့လိုျဖစ္ခဲ့တာ။ ျပည့္သူအသြားခ်င္ဆုံးေနရာျဖစ္ခဲ့ေပမယ့္ ကြၽန္ေတာ့္ ေၾကာင့္ ခ်ိဳၿမိန္တဲ့အမွတ္တရေတာ့မျဖစ္ခဲ့ရဘူး။

ၿဖိဳးမိုးက ထိုသို႔ေျဖေတာ့ ျပည့္သူက သူ႔ကိုကို လက္ကေလးတစ္ဖက္ကို လွမ္းၿပီး ဆုပ္ကိုင္လိုက္သည္။

ၿပီးေတာ့ လက္ဖမိုးေလးကို ဖြဖြေလး ပြတ္ေပးၿပီး ႏွစ္သိမ့္ေနသည္။

"ကိုကိုကလည္း ေနရာေတြက အမွတ္တရ မဟုတ္ပါဘူး
ဘယ္သူနဲ႔ အတူသြားလဲ ဆိုတာက အမွတ္တရပါဆို
ကိုကိုေျပာတာပဲေလ
ကြၽန္ေတာ့္အတြက္က ကိုကိုနဲ႔အတူသြားတဲ့ေနရာတိုင္းက အမွတ္တရပါ။
တကယ္ေျပာတာ။
ပုဂံမွာ မလည္ခဲ့ရတာ ကြၽန္ေတာ္ ဘယ္လိုမွ မေနဘူး။
ကိုကို အဲ့ညက အဖ်ားေတြႀကီးေတာ့ ပုဂံကို သြားမိတာ ေနာင္တ ရတာပဲရွိတယ္။ ကိုကို႔ကိုပဲစိတ္ပူတာ။အခုေျပာတာက အဲ့တုန္းကကိုကို႔ကို စိတ္ပူခဲ့ရတာကို သတိရသြားလို႔ေနာ္။ စိတ္မေကာင္းမျဖစ္နဲ႔။"

"ဒီက FAႏွစ္ေယာက္က  ထိုင္ငိုေတာ့မယ္ေနာ္"

ဆိုၿပီး စိုစိုက စလိုက္သည္။ အဲ့ေတာ့မွ ျပည့္သူက သူမတို႔ဖက္က ျပန္ၾကည့္ၿပီး ႏွစ္ေယာက္တည္းတကမာၻတည္မိတာကို ရွက္သလို ဟီးး ဆိုၿပီး ရယ္ျပသည္။ အဲ့ေတာ့မွ အဆုံးသတ္ေမးခြန္းေလးေတြကို ေမးလိုက္ၾကသည္။

Q ; ကိုၿဖိဳးမိုးကို စကားသုံးခြန္း နဲ႔ ေဖာ္ျပပါ ဆိုရင္ ဘာေတြျဖစ္မလဲ
    ကိုျပည့္သူေျဖပါ။

A ; ကြၽန္ေတာ့္ဘဝရဲ႕ အေကာင္းဆုံး အစိတ္အပိုင္း
   သက္ရွိ ေအာက္စီဂ်င္
   ျမတ္ႏိုးလို႔မဝတဲ့ လူသား

ျပည့္သူ၏ အေျဖကို စိုစိုက အိုက္စ္ ဆိုၿပီး ထေအာ္လိုက္ေသးသည္။ေၾကးမႈံက ေဘးကေနဟန႔္လိုက္ရေသးသည္။

Q ; ကိုၿဖိဳးမိုးလည္း ျပည့္သူကို စကားသုံးခြန္းနဲ႔ေျဖပါ

A ; အတိတ္
   ပစၥဳပၸန္
  အနာဂတ္

Q ; နည္းနည္းေလာက္ ရွင္းျပပါလား ကိုၿဖိဳးမိုး

A ; ျပည့္သူက ကြၽန္ေတာ့္အတိတ္ကို ျပည့္စုံေစခဲ့သူပါ
   သူနဲ႔အတူရွိတဲ့ လက္ရွိ ပစၥဳပၸန္ကို တန္ဖိုးထားပါတယ္
   သူက အနာဂတ္အတြက္ မရွိမျဖစ္ လိုအပ္တဲ့ ခြန္အားတစ္ရပ္ပါ။
   ဒီအဓိပၸါယ္ပါပဲ။

Q ; wow
    Wow
   ႏွစ္ေယာက္စလုံးအေျဖေတြကေတာ့ တကယ္ကို အဓိပၸါယ္ျပည့္ဝလြန္းပါတယ္။
   ကဲ ေနာက္ဆုံးအေနနဲ႔ အကိုတို႔လို same gender couple ေတြကို messageေလး နည္းနည္းေျပာေပးပါလား

A ; ကြၽန္ေတာ္တို႔လည္း အမ်ားႀကီးသိတာမဟုတ္ေတာ့ အႀကံဉာဏ္ရယ္လို႔ေတာ့ မေပးတတ္ဘူး။ဒါေပမယ့္ အကယ္လို႔ same genderျဖစ္ေနလို႔  အခက္အခဲႀကဳံေနရရင္၊ ဒါကို ဒုကၡဝဋ္ဆင္းရဲ လို႔ထင္ေနရင္ ဒါဟာ ဆင္းရဲဒုကၡမဟုတ္ပါဘူး။ မခ်စ္မႏွစ္ေသာသူႏွင့္ ေပါင္းေဖာ္ရျခင္း၊ ခ်စ္ေသာသူႏွင့္ ေကြကြင္းရျခင္း ဒါေတြကမွ ဆင္းရဲဒုကၡေတြပါ။ ဒါ့ေၾကာင့္ လြတ္လပ္သူ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ခင္ႏွစ္သက္တာက အျပစ္မဟုတ္လို႔ အျပစ္တစ္ခုက်ဳးလြန္မိေနသလို မခံစားၾကပါနဲ႔။ အဲ့လိုပဲေျပာခ်င္ပါတယ္(ၿဖိဳးမိုး)

A ; same gender coupleမွ မဟုတ္ပါဘူး။ coupleတိုင္းမွာ အနည္းနဲ႔အမ်ား ျပႆနာဆိုတာရွိတာပဲ။ ကိုယ္ရင္ ဆိုင္ရတဲ့ အခက္အခဲ၊ ျပႆနာကိုသာ ျပတ္ျပတ္သားသားသိၿပီးေျဖရွင္းေစလိုတယ္။ rsတိုင္းရဲ႕ အခက္အခဲေတြက တူညီေနတာမွမဟုတ္တာေလ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္မွာဆို ရွိခဲ့တာက အေနေဝးတဲ့ ျပႆနာ။ဒါကြၽန္ေတာ္တို႔ ရင္ဆိုင္ခဲ့ရတာ။ အခုလိုအတူေနႏိုင္ဖို႔ ႏွစ္ေယာက္စလုံးဖက္က ႀကိဳးစားခဲ့ရတယ္။ ဒီလိုမ်ိဳးေပါ့။ ႏွစ္ေယာက္ခ်စ္ၾကတာျဖစ္လို႔ တစ္ေယာက္တည္းမွာပဲ ျပႆနာရွိတယ္ဆိုတာ မဟုတ္ပါဘူး။ ကိုယ္ရင္ဆိုင္ရမယ့္ ျပႆနာကို အေသအခ်ာ နားလည္ၿပီးေတာ့ ႏွစ္ေယာက္အတူ အေကာင္းဆုံး ရင္ဆိုင္ေျဖရွင္းၾကပါလို႔ပဲ ေျပာခ်င္ပါတယ္။

Q ; အခုလို Forever Green မဂၢဇင္းမွာ ပါဝင္ေျဖၾကားေပးတာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။
ကိုၿဖိဳးမိုးနဲ႔ ကိုျပည့္သူလည္း အခုထက္မက သာယာေပ်ာ္႐ႊင္ႏိုင္ပါေစရွင္။

A ; ကြၽန္ေတာ္တို႔လည္း ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

ထိုေန႔က စိုစိုတို႔ႏွစ္ေယာက္သည္ love birdsေလးႏွစ္ေယာက္ျပင္ဆင္ေကြၽးသည့္အရသာရွိသည့္ ဆင္းဒဝစ္ႏွင့္ ႏွပ္ေကာ္ဖီကို အားမနာတမ္း တဝတၿပဲစားေသာက္ခဲ့ၾကသည္။  အိမ္ကေလးအတြင္းသို႔လည္း စိတ္ႀကိဳက္ ဓါတ္ပုံ႐ိုက္ၾကသည္။ ထို႔ျပင္ မိတ္ျဖစ္ေဆြျဖစ္ သီခ်င္ေလးလည္းဆိုျပလားဆိုၿပီး ဂစ္တာတီးခိုင္း၊ သီခ်င္းဆိုခိုင္းၾကသည္။ စိတ္ႀကိဳက္ ေႏွာင့္ယွက္လို႔အားရမွပဲ ႏႈတ္ဆက္ကာျပန္လာၾကသည္။ ကားေပၚတြင္ ေၾကးမႈံက စကားစလိုက္သည္။

"ဒီလို BL အတြဲမ်ိဳးၾကေတာ့လည္း အလိုလိုကို supportေပးခ်င္စရာေကာင္းေနတာပဲေနာ္"

"ေအးဆို
သူတို႔ႏွစ္ေယာက္ေျဖတာကိုၾကည့္ၿပီး
ငါေတာ့ Fan meetingေတြမွာ idolsေတြက fan serviceေပးေနသလို ၾကည္ႏူးရတယ္"

"ေအးေလ
ဒီလို လိုက္ဖက္လို႔လည္း  rs သက္တမ္း 7ႏွစ္အတြင္း တစ္ခါပဲ စကားမ်ားဖူးတာေပါ့
လုံး၀ amazingပဲ"

"ဒါ့ေၾကာင့္ ငါေျပာတာေပါ့
ေယာက္်ားေလးေတြသည္ ေကာင္ေလးေတြနဲ႔ပဲ လိုက္ဖက္ပါတယ္လို႔"

အျပန္လမ္းမွာ ဘာရယ္မဟုတ္ ျပည့္သူက ဂစ္တာတီးၿပီး ၿဖိဳးမိုးတို႔ ႏွစ္ေယာက္အတူ ဆိုျပခဲ့သည့္ Ed sheeran ရဲ႕ သီခ်င္းေလးကို ဘာရယ္မဟုတ္ၿပိဳင္တူ ၿငီးမိၾကသည္။

🎼🎵🎶

I'm thinking
but how people fall in love in mysterious ways
May be just the touch of a hand
Oh me I fall in love with you every single day
And I just wanna tell you I am

🎼🎵🎶

Continue Reading

You'll Also Like

20.7K 1.1K 58
ျမတ္ႏိုးရေသာ ပန္းေလးတစ္ပြင့္အေၾကာင္း
124K 6.9K 89
ချစ်သောမောင်💙 ညှို့မျက်ဝန်း💙 ခ်စ္ေသာေမာင္💙 ညႇိဳ႕မ်က္ဝန္း💙
86.4K 4.6K 38
Zawgyi အခ်စ္နဲ႔အတၱလြန္ဆြဲလာတဲ့အခါ ေနာက္ဆံုးမွာ ဘယ္အရာက အနုိင္ရမလဲ Chel Unicode အချစ်နဲ့အတ္တလွန်ဆွဲလာတဲ့အခါ နောက်ဆုံးမှာ ဘယ်အရာက အနိုင်ရမလဲ Chel