Unicode
"တကယ်ပဲ ဘာမှမပတ်သတ်တာ သေချာလား"
"သေချာပါတယ်ဆို"
"အတည်နော်"
"အင်း လို့"
အထက်ပါ ပုလိပ်စစ်၊ ရဲ စစ် စစ်နေသူကတော့ မင်္ဂလာ ကိုတိမ်မိုးဝေ ဖြစ်ပြီးစစ်ဆေးခံနေရသူကတော့ ဒုတိယနှစ်ကျောင်းသားလေး မောင်သမိုင်းသစ်ဖြစ်သည်။ စွဲချက်တင်ထားသော အမှုကတော့ စနေနေ့ညက ဘားရောက်မှု ဖြစ်သည်။
သမိုင်းကို ဘားမှာ တွေ့ကတည်းက မေးချင်လွန်းလို့ တနင်္ဂနွေနေ့ စောစောသွားစောင့်နေပေမယ့် အဲ့နေ့က သမိုင်းက ဆိုင်မလာခဲ့ပါ။ ဒါ့ကြောင့် သမိုင်းအလုပ်ပြန်ဆင်းသည့် ဗုဒ္ဓဟူးနေ့ မရှည်သည့်စိတ်ကို ဆွဲဆန့်ထားရသည်။ဖုန်းဆက်မေးရအောင်ကျတော့လည်း အရေးထဲ အဲ့ကောင်လေး၏ ဖုန်းနံပါတ်က သူ့မှာမရှိသဖြင့် မမေးခဲ့ရ။ ထို့ကြောင့် ဒီနေ့ သမိုင်း၏ အရိပ်ကိုမြင်လိုက်ရကတည်းက နောက်ကနေ တကောက်ကောက်လိုက်လာပြီး မေးနေတာဖြစ်သည်။
သမိုင်းဖက်ကကျတော့လည်း တစ်မျိုး။ အရင်တစ်ပတ်က အပြင်ထွက်လို့ရသဖြင့် ခါတိုင်းလို စိုစို့တိုက်ခန်းမှာ လိုက်နေသည်။ အဲ့ညက စိုစိုတို့ ရုံးဝန်ထမ်းအသစ်တွေကို ကြိုဆိုပွဲလုပ်ပေးမှာမို့ သူ့ကိုပါလိုက်ခဲ့ဖို့ခေါ်သည်။ သူလည်း တစ်ယောက်တည်း နေရတာပျင်းပါတယ်လေဆိုပြီး လိုက်သွားမိတာဖြစ်သည်။ ဘားကိုလည်း မရောက်ဖြစ်တာကြာပြီမို့ အပျင်းပြေလိုက်သွားတာဖြစ်သည်။
တခြားအပြင်လူတွေမပါ။ စိုစိုရယ် တီကြေးရယ် စိုစိုတို့ မဂ္ဂဇင်းတိုက်က ကျန်တဲ့ အမ4ယောက်ရယ်ဖြစ်သည်။ သူတစ်ယောက်တည်း ယောက်ျားလေးဖြစ်နေပေမယ့် သိတဲ့သူတွေကြားထဲမို့ နေရတော့ သိပ်မကျပ်ခဲ့။ အဲ့မှာ မိုက်ခဲ စိုစိုက သီချင်း တက်ဆိုချင်သည်လုပ်သည်။
"ငါ pink သီချင်းဆိုမယ်
သသ ကူဆိုပေး"
" အာ
မဆိုပါဘူး
ကိုယ့်ဘာသာ တစ်ယောက်တည်းဆို"
"သသကလည်း
စုံတွဲသီချင်းဟာကို
လိုက်ဆိုပေးလို့"
"မဆိုဘူး"
"မဆိုရင်
ငါ ငိုလိုက်မှာနော်"
စိုစိုသည် ရေချိန်ကိုက်နေပြီ မို့ရစ်တော့သည်။ တီကြေးကို ကြည့်လိုက်တော့လည်း နားထင်ကို လက်နှင့်ထောက်ထားပြိး စိတ်ရှုပ်သည့်အမူအရာနှင့်
"ဆိုပေးလိုက်ပါ သသရယ်
ဒီအမူးကောင် ရစ်တာ မခံနိုင်လို့ပါ"
ဆိုပြီး အတင်း တိုက်တွန်းလို့ သူပါဆိုဖြစ်သွားသည်။ အမှန်က တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ၉ ရက် ဆိုတဲ့ သီချင်း ကိုဆိုခဲ့ရမှာ။ ဘာလို့လဲဆိုတော့ အဲ့နေ့က အဖြစ်ကို တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် ကိုတိမ်က တွေ့သွားတာဖြစ်သည်။
ဆိုင်ကိုရောက်ကတည်းက သူ့နောက် လိုက်လာပြီး တတွတ်တွတ်မေးတော့သည်။
" သမိုင်း
စနေညက ဘယ်သွားတာလဲ"
" အင်း
နေ့ခင်းကတော့ ဘယ်မှမသွားပါဘူး"
"မဟုတ်ဘူး
ညပိုင်း"
အဲ့ကတည်းက အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် စကားမမှားအောင် သတိအနေအထားနှင့် ဖြေနေရသည်။
"သြော်
ဘား တစ်ခုတော့ ခဏရောက်လိုက်သေးတယ်"
မထူးဆန်းသလိုလုပ်ဖြေလိုက်သည်။ အလုပ်ရှုပ်နေသယောင် ဆိုင်ထဲက ပစ္စည်းတွေကို လိုက်ဖုန်ခါနေလိုက်သည်။ ဒါလည်းမရ။
"ဘယ်သူတွေနဲ့ သွားတာလဲ"
"မိတ်ဆွေ တစ်ချို့နဲ့ပါ"
"မိတ်ဆွေဟုတ်လို့လား
အဲ့နေ့က ကိုယ်တွေ့လိုက်တာ မင်းထက် အသက်ကြီးတဲ့ မိန်းကလေးတွေကြီးပဲ
တစ်ယောက်နဲ့ဆို သီချင်းတောင် တွဲဆိုလိုက်သေးတယ်"
မဲ့ရွဲ့ပြီးပြောနေတာ။ ကိုတိမ် သေချာမြင်ထားတာဖြစ်မည်။ ဘယ်လိုဖြေရမလဲတွေးရင်း ချွေးတောင်ပြန်ချင်လာသည်။
"မိတ်ဆွေဟုတ်ပါတယ်"
"အသက်လည်း မတူပဲ ဘယ်လို မိတ်ဆွေမျိုးလဲ"
"သြော်
တစ်ယောက်က ကျွန်တော်တို့ တောင်ငူကပဲလေ
ဒါ့ကြောင့် ခင်တာပါ
ကျန်တာက အဲ့အမ သူငယ်ချင်းတွေပါ"
"အဲ့ တစ်ယောက်နဲ့က ကျန်တာ ပတ်သတ်တာရှိလား"
"မရှိပါဘူး
တမြို့တည်းသားချင်းမို့ ခင်တာပါ"
အဲ့လိုဖြေပေမယ့်လည်း မယုံသလို အထက်ပါအတိုင်း စစ်ဆေးနေတာဖြစ်သည်။ လွယ်ကူမနေဘူး။
သမိုင်းက လိမ်ပြီးဖြေရတာမို့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေတာကို တိမ်မိုးဝေတစ်ယောက်ကတော့ တစ်မျိုးတွေးသွားသည်။ ဒီကောင်လေး မူမမှန်ဘူး။ တစ်ခုခု တော့ တစ်ခုခုပဲ ဟု တွေးနေသေည်။ ဒါပေမယ့် မေးလည်း မထူးတာမို့ ဆက်မမေးတော့။
"သြော်
ဒါနဲ့
မင်းဖုန်းနံပါတ်ပေး
အရေးအကြောင်းတစ်ခုခုဆို ဆက်သွယ်လို့ရအောင်"
"ခင်ဗျာ"
မတတ်သာသည့်အဆုံး ဖုန်းနံပါတ် ပေးလိုက်ရသည်။ တိမ်မိုးဝေက သမိုင်းပြောသည့် ဖုန်းနံပါတ်ကို ဖုန်းထဲမှာ မှတ်ပြီး တစ်ချက် missed callပေးလိုက်သည်။
"ကိုယ် missed callပေးထားတယ်
အဲ့ဒါ ကိုယ့်ဖုန်းနံပါတ်
မှတ်ထားနော်
တစ်ခုခုဆို လှမ်းခေါ်လိုက်"
"ဟုတ်ကဲ့"
တိမ်မိုးဝေ သမိုင်းနားက ခွာပြီး လချုပ်တွေ တွက်နေသည့် ဂျာကြီးနားလာခဲ့သည်။ ဂျာကြီးက သူ့ကို တစ်ချက်ပြုံးပြပြီး
"ကိုတိမ်
သမိုင်းကို ဘာတွေမေးနေတာလဲ"
"အဲ့ ကောင်လေးကို စနေနေ့ညက ဘားမှာတွေ့လိုက်လို့လေ
အဲ့ဒါ စစ်နေတာ"
"ဟုတ်လား
သမိုင်းက အနေအေးပါတယ်
သူများခေါ်လို့လိုက်သွားတာဖြစ်မှာပါ"
"အင်း
အဲ့ဒါကြောင့် စိတ်ပူနေတာ
သမိုင်းနဲ့ပတ်သတ်ပြီး ဘာထူးခြားတာရှိလဲ"
"ဟင်
ဘာမှမထူးခြားပါဘူး"
ဂျာကြီးက သူ့စာရင်းတွေ ဆီက အကြည့်မလွဲပဲဖြေသည်။
"သူ့မှာ အခက်အခဲ တစ်ခုခု ရှိတယ်လို့ရော
ကြားဖူးလား"
"အဲ့လိုတော့ မကြားဖူးပါဘူး
ဒါပေမယ့်"
"ဒါပေမယ့် ဘာဖြစ်လဲ"
သူ စိတ်ပါဝင်စားစွာမေးလိုက်သည်။
"အဲ့ကလေး ဒီရက်ပိုင်း
မှိုင်သလိုပဲ
တစ်ခုခု အဆင်မပြေတာရှိလို့လားတော့မသိဘူး
မေးတော့လည်းမဖြေဘူး"
"အင်း
ကျွန်တော်လည်း အဲ့လိုထင်နေတာ
ဒီကောင်လေး တစ်ခုခုတော့ တစ်ခုခုပဲ"
ကျောင်းတစ်ဖက် ဆိုင်တစ်ဖက်နဲ့မို့ ပင်ပန်းပြီး နွမ်းနေတဲ့ ကလေးကို ထင်ချင်ရာထင်နေကြတော့သည်။
ထိုတစ်ပတ်ကတော့ တခြား ထူးထူးခြားခြားမရှိခဲ့။ သမိုင်း၏ fbအကောင့်မှာ သူငယ်ချင်းဖြစ်လာသည်။ ဒါပေမယ့် အဲ့ကောင်လေးက လူတင်အေးစက်တာမဟုတ်။ သူ့timelineကပါ ခြောက်ကပ်ကပ်။ ဘာမှတင်ထားတာလည်း သိပ်မရှိ။share postတွေကတော့ သီလိုဝေး။ သူက meme groupပေါင် းတစ်သိန်းခြောက်သောင်းမှာ ဝင်ထားတာမို့ memeတွေ သွားပို့လည်း လက်မသာ ပြန်ပို့ခံရသည်။တောက် memeကို လက်မပေးရတယ်လို့။ မိုက်ရိုင်းလိုက်လေချင်း။ သုံးစားမရတဲ့ လက်မကောင်။
နောက်မှ မေးကြည့်တာ သမိုင်းက messengerသိပ်မသုံး။ LINE သုံးသည်ဆိုသဖြင့် သူ့မှာလည်း LINE အကောင့်ရှိနေတော့ အဲ့ကနေ စကားပြောမိရင်တော့ စတစ်ကာလေး ဘာလေး ပြန်ပို့ဖော်ရသည်။ တစ်ခါတစ်လေ သမိုင်းပို့သည့် စတစ်ကာလေးတွေကို သဘောကျလို့ သူကဒေါင်းမယ်လုပ်ပေမယ့် freeမဟုတ်ပဲ ဝယ်ရသည့် စတစ်ကာတွေဖြစ်နေတတ်သည်။ သူက သမိုင်းကိုမေးပေမေယ့် သူ့ဖုန်းနဲ့ ဒေါင်းတော့ freeတဲ့။ ဖုန်းအမျိုးအစားချင်း မတူလို့ဖြစ်မှာပါ ဟုပဲတွေးလိုက်သည်။
ဒီနေ့ သမိုင်း အလုပ်ဆင်းချိန်နှင့် သူတို့ဆိုင်ပိတ်ချိန်က ရှေ့ဆင့်နောက်ဆင့်ဖြစ်နေသည်။ အမငယ် အိမ်လာလည်နေတာမို့ အိမ်စောစောပြန်ဖြစ်တာဖြစ်သည်။ သမိုင်း သူ့ဆိုင်ရှေ့ကဖြတ်သွားတုန်းကတောင်
"ပြန်ပြီလား" ဟုနှုတ်ဆက်လိုက်သေးသည်။ သူလည်း သော့ခတ်ပြီး ကားရပ်ထားသည့်နေရာသို့ထွက်လာသည်။ ဒါပေမယ့် သူ့ကားနှင့် မလှမ်းမကမ်းတွင် သမိုင်းကိုရပ်နေတာတွေ့လိုက်သည်။ သမိုင်းသည် ပလက်ဖောင်းပေါ်မှာ ရပ်နေတာဖြစ်ပြီး သမိုင်းဘေးမှာတော့ Lexus အနက်ရောက်ကားတစ်စီးရပ်ထားသည်။ ကားထဲမှလူနှင့် သမိုင်းစကားပြောနေဖြစ်မည်။ လမ်းမီးတွေလည်း လင်းနေတာမို့ သမိုင်းမျက်နှာကို ရှင်းရှင်းလင်းလင်း လှမ်းမြင်နေရသည်။ စိတ်ရှုပ်နေသည့်ဟန်နှင့် ခေါင်းတွေခါပြီး တစ်ခုခုကို ငြင်းနေသည့်ပုံရသည်။ သူလည်း မနေသာပဲ သမိုင်းဆီလျှောက်သွားလိုက်သည်။ သူအနားရောက်တော့ကြားရသည်တွေက
"သသရယ်
လိုက်ခဲ့ပါ"
" မလိုက်ချင်ဘူး
ကိုယ့်ဘာသာသွားတော့"
"အဲ့ဒါဆိုလည်း ပြန်လိုက်ပို့ မယ်လေ
တက်"
"တော်ပြီ
သား ဝင်စရာရှိသေးလို့"
"ကဲပါ လိုက်ပို့မယ်လို့"
"သူမှ မလိုက်ချင်တာကို
ဘာလို့ဇွတ်ခေါ်နေတာလဲ"
မနေသာတော့ သူနောက်ကနေ ဝင်ပြောလိုက်သည်။ အဲ့တော့မှ သမိုင်းက အံ့သြသွားသလို သူ့ကို လှည့်ကြည့်သည်။ ကားပေါ်ကတစ်ယောက်ကလည်း သူ့ကိုကြည့်လို့။ ဟိုတစ်ခါ ဘားက အမျိုးသမီးပဲ။ ဒီတစ်ယောက်ကဘာလား။
"ကိုတိမ် လည်း ပြန်ပြီလား"
သမိုင်းက စကားကိုထိန်းပြီးမေးလိုက်သည်။ သူကတော့ ခပ်တည်တည်ပဲ သမိုင်းပခုံးကို ဖက်ပြီး
" ဟုတ်တယ်
ပြန်တော့မလို့
သမိုင်းအဆောင်ကို ကိုယ်လိုက်ပို့ရမလား"
ကားပေါ်ကတစ်ယောက်ကို ကြည့်ပြီးအထာပါပါမေးလိုက်သည်။
"ရတယ်
ကျွန်တော် ဝင်စရာလေးရှိလို့
ကိုယ့်ဘာသာပြန်တော့မယ်"
"အင်း အင်း
အာ့ဆိုလည်း ပြန်တော့လေ"
"ဟုတ်
See you"
သမိုင်းက သူ့ကို နှုတ်ဆက်ပြီး လှည့်ထွက်ဖို့လုပ်သည်။ ကားပေါ်ကတစ်ယောက်ကိုလည်း
"သွားပြီ" ဟု ပြောကာ ခပ်သွက်သွက်ထွက်သွားတော့သည်။ သူသမိုင်းထွက်သွားရာကို လိုက်ကြည့်သည့်နေသည့် ကားပေါ်ကတစ်ယောက်ကို
"ဒီမှာ
သူ့ဘာသာသူ နေနေတဲ့ ကလေးကို လာလာမနှောင့်ယှက်ပါနဲ့"
"ဟင်"
"ဘားတွေ ဘာတွေလည်း ခေါ်မသွားပါနဲ့"
"ဟင်"
သူပြောသမျှကို တ ဟင် ဟင် နှင့် အာမေဒိတ်ပြုနေသဖြင့် စိတ်ကမရှည်တော့ဘူး။ ဒါပေမယ့် ပြောစရာရှိတာကိုတော့ ပြောရမည်လေ။
"သမိုင်းက တစ်မြို့တည်းသားချင်းမို့ ခင်တာကို အခွင့်ကောင်းမယူပါနဲ့
ဒါပဲ"
ပြောပြီးလှည့်ထွက်ခဲ့လိုက်သည်။ ဟွန်း မှတ်ပလား။ငါကွ မင်္ဂလာတိမ်မိုးဝေ။
ကားပေါ်မှ စိုစိုတစ်ယောက်ကတော့ အဖြစ်အပျက်တွေကို လိုက်မမီသဖြင့် တရုတ်ကားတွေထဲကစကားဖြင့်ပြောရမည်ဆိုလျှင် မည်သို့ပင်ဖြစ်သွားသည် မသိလိုက်ပါ။ သူမ ဒီဖက်ကို လမ်းကြုံလို့လာရင်း သသ လည်းရုံးဆင်းချိန်မို့ စောင့်နေခဲ့တာဖြစ်သည်။ 19လမ်းမှာ အကင်သွားစားရအောင်ခေါ်တာကို စာလုပ်စရာရှိသေးလို့ မလိုက်တော့ဘူးဟု ငြင်းနေသည်။ သူမလည်း တစ်ယောက်တည်း ပျင်းနေလို့ လိုက်ခဲ့ပါဆိုပြီး မရမကခေါ်နေတာဖြစ်သည်။ အဲ့ချိန်မှာ ယခုလိုဖြစ်သွားတာဖြစ်သည်။
နေပါ အူး။ အဲ့တစ်ယောက်က သူမကို ဘာတွေပြောသွားတာလဲ။ မနှောင့်ယှက်နဲ့ဆိုတာလည်း ပါသည်။ ဘားတွေလည်း ခေါ်မသွားနှင့်က ပါသည်။ အခွင့်ကောင်းမယူနဲ့ဆိုတာကလည်း ပါလိုက်သေးသည်။ ကိုယ့်တူဆီက ကို ဘာအခွင့်ကောင်းပြန်ယူရမှာတုန်း။ ဒီကောင်လေးဘာတွေပြောသွားတာလဲ။ နောက်ပြီး ဒီကောင်လေးက သသနဲ့ ဘာပတ်သတ်တာတုန်း။ အားးးး။ ခေါင်းတွေတောင်မူးလာပြီ။
စိတ်ထက် လက်က လျင်မြန်တော့ သသ ဆီဖုန်းခေါ်လိုက်သည်။ သသက လမ်းလျှောက်နေတုန်းနှင့်တူသည်။ ဖုန်းထဲက ကားသံတွေပါ ကြားနေရသည်။
"ဟယ်လို"
"သသ
ခုဏ ကောင်လေးက ဘယ်သူလဲ"
လိုရင်းကို မေးလိုက်သည်။
"သြော်
အဲ့ဒါ သားလုပ်နေတဲ့ဆိုင် ဘေးချင်းကပ် အထည်ဆိုင်က
ကိုတိမ်မိုးဝေ တဲ့"
"အေး
အဲ့ဒီ တိမ်တာလား
နက်တာလား မသိတဲ့ ကောင်က
ငါ့ကို မင်းကိုမနှောင့်ယှက်နဲ့လို့လည်းပြောသွားတယ်
ဘားမခေါ်သွားနဲလည်းပြောတယ်
အခွင့်အကောင်းမယူနဲ့တောင်ပါသေးတယ်
အဲ့ဒါက ဘာပြောတာလဲ"
"အာာာ
ကိုတိမ်ကတော့ လုပ်ပြီ"
သသဖက် ကရေရွတ်လိုက်သံကြားလိုက်ရသည်။
" စိုစို နဲ့ သားကို သူကတွေ့ဖူးတယ်
အဲ့တုန်းက စိုစို့ကို ဘယ်သူလဲမေးလို့ မိတ်ဆွေလို့ဖြေထားတာ
အရင်တစ်ခါ ဘားသွားတုန်းကလည်း တွေ့သွားလို့ စိုစိုက ခေါ်သွားတာလို့ပြောလိုက်တာ
ဘယ်လိုခင်တာလဲဆိုလို့
စိုစိုနဲ့က တစ်မြို့တည်းသားချင်းမို့ခင်တာပါလို့ပြောဖူးထားတယ်
အမှန်အတိုင်းမှပြောမဖြစ်တာကို"
အဲ့တော့မှ ချပ် ဆို ဗိုက်မှာ ကပ်မနေသည့် စိုစိုတစ်ယောက် သဘောပေါက်သွားတော့သည်။
"သြော်
ဂလိုကိုး"
"ဟုတ်တယ်
ဒါပဲမလား
ဖုန်းချပြီ"
သသဖက်က ဖုန်းချသွားပေမယ့် သူမကတော့ ဖုန်းကို ကိုင်ပြီး တွေးကောင်းတုန်း။ ဒီကောင်လေး က ဘာဖြစ်ချင်နေတာလဲ။ သူမကို ပြောသွားသည့် စကားတွေအရဆို အထင်လွဲနေတာတော့သေချာသည်။ အဲ့လိုတွေးလိုက်တော့ သူမမျက်နှာပေါ်မှာ သက်တန့်ရောင်အပြုံးကြီးကပေါ်လာသည်။ သူမက ဘယ်သူလဲ။ အလှလေး စိုစိုလေ။ I'm born to be drama queenလေ။ စိတ်ဝင်စားစရာတော့ကောင်းပြီ။ငါလေး ဒီရက်ပိုင်း ပျင်းနေတာနဲ့ အတော်ဖြစ်သွားပြီ ဟု မိန့်မိန့်ကြီးပြုံးတွေးလိုက်တာကိုတော့ စာရေးသူပင် မသိလိုက်ပါ။
<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>
Zawgyi
"တကယ္ပဲ ဘာမွမပတ္သတ္တာ ေသခ်ာလား"
"ေသခ်ာပါတယ္ဆို"
"အတည္ေနာ္"
"အင္း လို႔"
အထက္ပါ ပုလိပ္စစ္၊ ရဲ စစ္ စစ္ေနသူကေတာ့ မဂၤလာ ကိုတိမ္မိုးေဝ ျဖစ္ၿပီးစစ္ေဆးခံေနရသူကေတာ့ ဒုတိယႏွစ္ေက်ာင္းသားေလး ေမာင္သမိုင္းသစ္ျဖစ္သည္။ စြဲခ်က္တင္ထားေသာ အမႈကေတာ့ စေနေန႔ညက ဘားေရာက္မႈ ျဖစ္သည္။
သမိုင္းကို ဘားမွာ ေတြ႕ကတည္းက ေမးခ်င္လြန္းလို႔ တနဂၤေႏြေန႔ ေစာေစာသြားေစာင့္ေနေပမယ့္ အဲ့ေန႔က သမိုင္းက ဆိုင္မလာခဲ့ပါ။ ဒါ့ေၾကာင့္ သမိုင္းအလုပ္ျပန္ဆင္းသည့္ ဗုဒၶဟူးေန႔ မရွည္သည့္စိတ္ကို ဆြဲဆန႔္ထားရသည္။ဖုန္းဆက္ေမးရေအာင္က်ေတာ့လည္း အေရးထဲ အဲ့ေကာင္ေလး၏ ဖုန္းနံပါတ္က သူ႔မွာမရွိသျဖင့္ မေမးခဲ့ရ။ ထို႔ေၾကာင့္ ဒီေန႔ သမိုင္း၏ အရိပ္ကိုျမင္လိုက္ရကတည္းက ေနာက္ကေန တေကာက္ေကာက္လိုက္လာၿပီး ေမးေနတာျဖစ္သည္။
သမိုင္းဖက္ကက်ေတာ့လည္း တစ္မ်ိဳး။ အရင္တစ္ပတ္က အျပင္ထြက္လို႔ရသျဖင့္ ခါတိုင္းလို စိုစို႔တိုက္ခန္းမွာ လိုက္ေနသည္။ အဲ့ညက စိုစိုတို႔ ႐ုံးဝန္ထမ္းအသစ္ေတြကို ႀကိဳဆိုပြဲလုပ္ေပးမွာမို႔ သူ႔ကိုပါလိုက္ခဲ့ဖို႔ေခၚသည္။ သူလည္း တစ္ေယာက္တည္း ေနရတာပ်င္းပါတယ္ေလဆိုၿပီး လိုက္သြားမိတာျဖစ္သည္။ ဘားကိုလည္း မေရာက္ျဖစ္တာၾကာၿပီမို႔ အပ်င္းေျပလိုက္သြားတာျဖစ္သည္။
တျခားအျပင္လူေတြမပါ။ စိုစိုရယ္ တီေၾကးရယ္ စိုစိုတို႔ မဂၢဇင္းတိုက္က က်န္တဲ့ အမ4ေယာက္ရယ္ျဖစ္သည္။ သူတစ္ေယာက္တည္း ေယာက္်ားေလးျဖစ္ေနေပမယ့္ သိတဲ့သူေတြၾကားထဲမို႔ ေနရေတာ့ သိပ္မက်ပ္ခဲ့။ အဲ့မွာ မိုက္ခဲ စိုစိုက သီခ်င္း တက္ဆိုခ်င္သည္လုပ္သည္။
"ငါ pink သီခ်င္းဆိုမယ္
သသ ကူဆိုေပး"
" အာ
မဆိုပါဘူး
ကိုယ့္ဘာသာ တစ္ေယာက္တည္းဆို"
"သသကလည္း
စုံတြဲသီခ်င္းဟာကို
လိုက္ဆိုေပးလို႔"
"မဆိုဘူး"
"မဆိုရင္
ငါ ငိုလိုက္မွာေနာ္"
စိုစိုသည္ ေရခ်ိန္ကိုက္ေနၿပီ မို႔ရစ္ေတာ့သည္။ တီေၾကးကို ၾကည့္လိုက္ေတာ့လည္း နားထင္ကို လက္ႏွင့္ေထာက္ထားၿပိး စိတ္ရႈပ္သည့္အမူအရာႏွင့္
"ဆိုေပးလိုက္ပါ သသရယ္
ဒီအမူးေကာင္ ရစ္တာ မခံႏိုင္လို႔ပါ"
ဆိုၿပီး အတင္း တိုက္တြန္းလို႔ သူပါဆိုျဖစ္သြားသည္။ အမွန္က တိုက္ဆိုင္လိုက္တာမ်ားကြာ ေဖေဖာ္ဝါရီ ၉ ရက္ ဆိုတဲ့ သီခ်င္း ကိုဆိုခဲ့ရမွာ။ ဘာလို႔လဲဆိုေတာ့ အဲ့ေန႔က အျဖစ္ကို တကယ္ကို တိုက္တိုက္ဆိုင္ဆိုင္ ကိုတိမ္က ေတြ႕သြားတာျဖစ္သည္။
ဆိုင္ကိုေရာက္ကတည္းက သူ႔ေနာက္ လိုက္လာၿပီး တတြတ္တြတ္ေမးေတာ့သည္။
" သမိုင္း
စေနညက ဘယ္သြားတာလဲ"
" အင္း
ေန႔ခင္းကေတာ့ ဘယ္မွမသြားပါဘူး"
"မဟုတ္ဘူး
ညပိုင္း"
အဲ့ကတည္းက အႏၲရာယ္အေငြ႕အသက္ကို ခံစားလိုက္ရသျဖင့္ စကားမမွားေအာင္ သတိအေနအထားႏွင့္ ေျဖေနရသည္။
"ေၾသာ္
ဘား တစ္ခုေတာ့ ခဏေရာက္လိုက္ေသးတယ္"
မထူးဆန္းသလိုလုပ္ေျဖလိုက္သည္။ အလုပ္ရႈပ္ေနသေယာင္ ဆိုင္ထဲက ပစၥည္းေတြကို လိုက္ဖုန္ခါေနလိုက္သည္။ ဒါလည္းမရ။
"ဘယ္သူေတြနဲ႔ သြားတာလဲ"
"မိတ္ေဆြ တစ္ခ်ိဳ႕နဲ႔ပါ"
"မိတ္ေဆြဟုတ္လို႔လား
အဲ့ေန႔က ကိုယ္ေတြ႕လိုက္တာ မင္းထက္ အသက္ႀကီးတဲ့ မိန္းကေလးေတြႀကီးပဲ
တစ္ေယာက္နဲ႔ဆို သီခ်င္းေတာင္ တြဲဆိုလိုက္ေသးတယ္"
မဲ့႐ြဲ႕ၿပီးေျပာေနတာ။ ကိုတိမ္ ေသခ်ာျမင္ထားတာျဖစ္မည္။ ဘယ္လိုေျဖရမလဲေတြးရင္း ေခြၽးေတာင္ျပန္ခ်င္လာသည္။
"မိတ္ေဆြဟုတ္ပါတယ္"
"အသက္လည္း မတူပဲ ဘယ္လို မိတ္ေဆြမ်ိဳးလဲ"
"ေၾသာ္
တစ္ေယာက္က ကြၽန္ေတာ္တို႔ ေတာင္ငူကပဲေလ
ဒါ့ေၾကာင့္ ခင္တာပါ
က်န္တာက အဲ့အမ သူငယ္ခ်င္းေတြပါ"
"အဲ့ တစ္ေယာက္နဲ႔က က်န္တာ ပတ္သတ္တာရွိလား"
"မရွိပါဘူး
တၿမိဳ႕တည္းသားခ်င္းမို႔ ခင္တာပါ"
အဲ့လိုေျဖေပမယ့္လည္း မယုံသလို အထက္ပါအတိုင္း စစ္ေဆးေနတာျဖစ္သည္။ လြယ္ကူမေနဘူး။
သမိုင္းက လိမ္ၿပီးေျဖရတာမို႔ မ်က္စိပ်က္ မ်က္ႏွာပ်က္ ျဖစ္ေနတာကို တိမ္မိုးေဝတစ္ေယာက္ကေတာ့ တစ္မ်ိဳးေတြးသြားသည္။ ဒီေကာင္ေလး မူမမွန္ဘူး။ တစ္ခုခု ေတာ့ တစ္ခုခုပဲ ဟု ေတြးေနေသည္။ ဒါေပမယ့္ ေမးလည္း မထူးတာမို႔ ဆက္မေမးေတာ့။
"ေၾသာ္
ဒါနဲ႔
မင္းဖုန္းနံပါတ္ေပး
အေရးအေၾကာင္းတစ္ခုခုဆို ဆက္သြယ္လို႔ရေအာင္"
"ခင္ဗ်ာ"
မတတ္သာသည့္အဆုံး ဖုန္းနံပါတ္ ေပးလိုက္ရသည္။ တိမ္မိုးေဝက သမိုင္းေျပာသည့္ ဖုန္းနံပါတ္ကို ဖုန္းထဲမွာ မွတ္ၿပီး တစ္ခ်က္ missed callေပးလိုက္သည္။
"ကိုယ္ missed callေပးထားတယ္
အဲ့ဒါ ကိုယ့္ဖုန္းနံပါတ္
မွတ္ထားေနာ္
တစ္ခုခုဆို လွမ္းေခၚလိုက္"
"ဟုတ္ကဲ့"
တိမ္မိုးေဝ သမိုင္းနားက ခြာၿပီး လခ်ဳပ္ေတြ တြက္ေနသည့္ ဂ်ာႀကီးနားလာခဲ့သည္။ ဂ်ာႀကီးက သူ႔ကို တစ္ခ်က္ၿပဳံးျပၿပီး
"ကိုတိမ္
သမိုင္းကို ဘာေတြေမးေနတာလဲ"
"အဲ့ ေကာင္ေလးကို စေနေန႔ညက ဘားမွာေတြ႕လိုက္လို႔ေလ
အဲ့ဒါ စစ္ေနတာ"
"ဟုတ္လား
သမိုင္းက အေနေအးပါတယ္
သူမ်ားေခၚလို႔လိုက္သြားတာျဖစ္မွာပါ"
"အင္း
အဲ့ဒါေၾကာင့္ စိတ္ပူေနတာ
သမိုင္းနဲ႔ပတ္သတ္ၿပီး ဘာထူးျခားတာရွိလဲ"
"ဟင္
ဘာမွမထူးျခားပါဘူး"
ဂ်ာႀကီးက သူ႔စာရင္းေတြ ဆီက အၾကည့္မလြဲပဲေျဖသည္။
"သူ႔မွာ အခက္အခဲ တစ္ခုခု ရွိတယ္လို႔ေရာ
ၾကားဖူးလား"
"အဲ့လိုေတာ့ မၾကားဖူးပါဘူး
ဒါေပမယ့္"
"ဒါေပမယ့္ ဘာျဖစ္လဲ"
သူ စိတ္ပါဝင္စားစြာေမးလိုက္သည္။
"အဲ့ကေလး ဒီရက္ပိုင္း
မႈိင္သလိုပဲ
တစ္ခုခု အဆင္မေျပတာရွိလို႔လားေတာ့မသိဘူး
ေမးေတာ့လည္းမေျဖဘူး"
"အင္း
ကြၽန္ေတာ္လည္း အဲ့လိုထင္ေနတာ
ဒီေကာင္ေလး တစ္ခုခုေတာ့ တစ္ခုခုပဲ"
ေက်ာင္းတစ္ဖက္ ဆိုင္တစ္ဖက္နဲ႔မို႔ ပင္ပန္းၿပီး ႏြမ္းေနတဲ့ ကေလးကို ထင္ခ်င္ရာထင္ေနၾကေတာ့သည္။
ထိုတစ္ပတ္ကေတာ့ တျခား ထူးထူးျခားျခားမရွိခဲ့။ သမိုင္း၏ fbအေကာင့္မွာ သူငယ္ခ်င္းျဖစ္လာသည္။ ဒါေပမယ့္ အဲ့ေကာင္ေလးက လူတင္ေအးစက္တာမဟုတ္။ သူ႔timelineကပါ ေျခာက္ကပ္ကပ္။ ဘာမွတင္ထားတာလည္း သိပ္မရွိ။share postေတြကေတာ့ သီလိုေဝး။ သူက meme groupေပါင္ းတစ္သိန္းေျခာက္ေသာင္းမွာ ဝင္ထားတာမို႔ memeေတြ သြားပို႔လည္း လက္မသာ ျပန္ပို႔ခံရသည္။ေတာက္ memeကို လက္မေပးရတယ္လို႔။ မိုက္႐ိုင္းလိုက္ေလခ်င္း။ သုံးစားမရတဲ့ လက္မေကာင္။
ေနာက္မွ ေမးၾကည့္တာ သမိုင္းက messengerသိပ္မသုံး။ LINE သုံးသည္ဆိုသျဖင့္ သူ႔မွာလည္း LINE အေကာင့္ရွိေနေတာ့ အဲ့ကေန စကားေျပာမိရင္ေတာ့ စတစ္ကာေလး ဘာေလး ျပန္ပို႔ေဖာ္ရသည္။ တစ္ခါတစ္ေလ သမိုင္းပို႔သည့္ စတစ္ကာေလးေတြကို သေဘာက်လို႔ သူကေဒါင္းမယ္လုပ္ေပမယ့္ freeမဟုတ္ပဲ ဝယ္ရသည့္ စတစ္ကာေတြျဖစ္ေနတတ္သည္။ သူက သမိုင္းကိုေမးေပေမယ့္ သူ႔ဖုန္းနဲ႔ ေဒါင္းေတာ့ freeတဲ့။ ဖုန္းအမ်ိဳးအစားခ်င္း မတူလို႔ျဖစ္မွာပါ ဟုပဲေတြးလိုက္သည္။
ဒီေန႔ သမိုင္း အလုပ္ဆင္းခ်ိန္ႏွင့္ သူတို႔ဆိုင္ပိတ္ခ်ိန္က ေရွ႕ဆင့္ေနာက္ဆင့္ျဖစ္ေနသည္။ အမငယ္ အိမ္လာလည္ေနတာမို႔ အိမ္ေစာေစာျပန္ျဖစ္တာျဖစ္သည္။ သမိုင္း သူ႔ဆိုင္ေရွ႕ကျဖတ္သြားတုန္းကေတာင္
"ျပန္ၿပီလား" ဟုႏႈတ္ဆက္လိုက္ေသးသည္။ သူလည္း ေသာ့ခတ္ၿပီး ကားရပ္ထားသည့္ေနရာသို႔ထြက္လာသည္။ ဒါေပမယ့္ သူ႔ကားႏွင့္ မလွမ္းမကမ္းတြင္ သမိုင္းကိုရပ္ေနတာေတြ႕လိုက္သည္။ သမိုင္းသည္ ပလက္ေဖာင္းေပၚမွာ ရပ္ေနတာျဖစ္ၿပီး သမိုင္းေဘးမွာေတာ့ Lexus အနက္ေရာက္ကားတစ္စီးရပ္ထားသည္။ ကားထဲမွလူႏွင့္ သမိုင္းစကားေျပာေနျဖစ္မည္။ လမ္းမီးေတြလည္း လင္းေနတာမို႔ သမိုင္းမ်က္ႏွာကို ရွင္းရွင္းလင္းလင္း လွမ္းျမင္ေနရသည္။ စိတ္ရႈပ္ေနသည့္ဟန္ႏွင့္ ေခါင္းေတြခါၿပီး တစ္ခုခုကို ျငင္းေနသည့္ပုံရသည္။ သူလည္း မေနသာပဲ သမိုင္းဆီေလွ်ာက္သြားလိုက္သည္။ သူအနားေရာက္ေတာ့ၾကားရသည္ေတြက
"သသရယ္
လိုက္ခဲ့ပါ"
" မလိုက္ခ်င္ဘူး
ကိုယ့္ဘာသာသြားေတာ့"
"အဲ့ဒါဆိုလည္း ျပန္လိုက္ပို႔ မယ္ေလ
တက္"
"ေတာ္ၿပီ
သား ဝင္စရာရွိေသးလို႔"
"ကဲပါ လိုက္ပို႔မယ္လို႔"
"သူမွ မလိုက္ခ်င္တာကို
ဘာလို႔ဇြတ္ေခၚေနတာလဲ"
မေနသာေတာ့ သူေနာက္ကေန ဝင္ေျပာလိုက္သည္။ အဲ့ေတာ့မွ သမိုင္းက အံ့ၾသသြားသလို သူ႔ကို လွည့္ၾကည့္သည္။ ကားေပၚကတစ္ေယာက္ကလည္း သူ႔ကိုၾကည့္လို႔။ ဟိုတစ္ခါ ဘားက အမ်ိဳးသမီးပဲ။ ဒီတစ္ေယာက္ကဘာလား။
"ကိုတိမ္ လည္း ျပန္ၿပီလား"
သမိုင္းက စကားကိုထိန္းၿပီးေမးလိုက္သည္။ သူကေတာ့ ခပ္တည္တည္ပဲ သမိုင္းပခုံးကို ဖက္ၿပီး
" ဟုတ္တယ္
ျပန္ေတာ့မလို႔
သမိုင္းအေဆာင္ကို ကိုယ္လိုက္ပို႔ရမလား"
ကားေပၚကတစ္ေယာက္ကို ၾကည့္ၿပီးအထာပါပါေမးလိုက္သည္။
"ရတယ္
ကြၽန္ေတာ္ ဝင္စရာေလးရွိလို႔
ကိုယ့္ဘာသာျပန္ေတာ့မယ္"
"အင္း အင္း
အာ့ဆိုလည္း ျပန္ေတာ့ေလ"
"ဟုတ္
See you"
သမိုင္းက သူ႔ကို ႏႈတ္ဆက္ၿပီး လွည့္ထြက္ဖို႔လုပ္သည္။ ကားေပၚကတစ္ေယာက္ကိုလည္း
"သြားၿပီ" ဟု ေျပာကာ ခပ္သြက္သြက္ထြက္သြားေတာ့သည္။ သူသမိုင္းထြက္သြားရာကို လိုက္ၾကည့္သည့္ေနသည့္ ကားေပၚကတစ္ေယာက္ကို
"ဒီမွာ
သူ႔ဘာသာသူ ေနေနတဲ့ ကေလးကို လာလာမေႏွာင့္ယွက္ပါနဲ႔"
"ဟင္"
"ဘားေတြ ဘာေတြလည္း ေခၚမသြားပါနဲ႔"
"ဟင္"
သူေျပာသမွ်ကို တ ဟင္ ဟင္ ႏွင့္ အာေမဒိတ္ျပဳေနသျဖင့္ စိတ္ကမရွည္ေတာ့ဘူး။ ဒါေပမယ့္ ေျပာစရာရွိတာကိုေတာ့ ေျပာရမည္ေလ။
"သမိုင္းက တစ္ၿမိဳ႕တည္းသားခ်င္းမို႔ ခင္တာကို အခြင့္ေကာင္းမယူပါနဲ႔
ဒါပဲ"
ေျပာၿပီးလွည့္ထြက္ခဲ့လိုက္သည္။ ဟြန္း မွတ္ပလား။ငါကြ မဂၤလာတိမ္မိုးေဝ။
ကားေပၚမွ စိုစိုတစ္ေယာက္ကေတာ့ အျဖစ္အပ်က္ေတြကို လိုက္မမီသျဖင့္ တ႐ုတ္ကားေတြထဲကစကားျဖင့္ေျပာရမည္ဆိုလွ်င္ မည္သို႔ပင္ျဖစ္သြားသည္ မသိလိုက္ပါ။ သူမ ဒီဖက္ကို လမ္းႀကဳံလို႔လာရင္း သသ လည္း႐ုံးဆင္းခ်ိန္မို႔ ေစာင့္ေနခဲ့တာျဖစ္သည္။ 19လမ္းမွာ အကင္သြားစားရေအာင္ေခၚတာကို စာလုပ္စရာရွိေသးလို႔ မလိုက္ေတာ့ဘူးဟု ျငင္းေနသည္။ သူမလည္း တစ္ေယာက္တည္း ပ်င္းေနလို႔ လိုက္ခဲ့ပါဆိုၿပီး မရမကေခၚေနတာျဖစ္သည္။ အဲ့ခ်ိန္မွာ ယခုလိုျဖစ္သြားတာျဖစ္သည္။
ေနပါ အူး။ အဲ့တစ္ေယာက္က သူမကို ဘာေတြေျပာသြားတာလဲ။ မေႏွာင့္ယွက္နဲ႔ဆိုတာလည္း ပါသည္။ ဘားေတြလည္း ေခၚမသြားႏွင့္က ပါသည္။ အခြင့္ေကာင္းမယူနဲ႔ဆိုတာကလည္း ပါလိုက္ေသးသည္။ ကိုယ့္တူဆီက ကို ဘာအခြင့္ေကာင္းျပန္ယူရမွာတုန္း။ ဒီေကာင္ေလးဘာေတြေျပာသြားတာလဲ။ ေနာက္ၿပီး ဒီေကာင္ေလးက သသနဲ႔ ဘာပတ္သတ္တာတုန္း။ အားးးး။ ေခါင္းေတြေတာင္မူးလာၿပီ။
စိတ္ထက္ လက္က လ်င္ျမန္ေတာ့ သသ ဆီဖုန္းေခၚလိုက္သည္။ သသက လမ္းေလွ်ာက္ေနတုန္းႏွင့္တူသည္။ ဖုန္းထဲက ကားသံေတြပါ ၾကားေနရသည္။
"ဟယ္လို"
"သသ
ခုဏ ေကာင္ေလးက ဘယ္သူလဲ"
လိုရင္းကို ေမးလိုက္သည္။
"ေၾသာ္
အဲ့ဒါ သားလုပ္ေနတဲ့ဆိုင္ ေဘးခ်င္းကပ္ အထည္ဆိုင္က
ကိုတိမ္မိုးေဝ တဲ့"
"ေအး
အဲ့ဒီ တိမ္တာလား
နက္တာလား မသိတဲ့ ေကာင္က
ငါ့ကို မင္းကိုမေႏွာင့္ယွက္နဲ႔လို႔လည္းေျပာသြားတယ္
ဘားမေခၚသြားနဲလည္းေျပာတယ္
အခြင့္အေကာင္းမယူနဲ႔ေတာင္ပါေသးတယ္
အဲ့ဒါက ဘာေျပာတာလဲ"
"အာာာ
ကိုတိမ္ကေတာ့ လုပ္ၿပီ"
သသဖက္ ကေရ႐ြတ္လိုက္သံၾကားလိုက္ရသည္။
" စိုစို နဲ႔ သားကို သူကေတြ႕ဖူးတယ္
အဲ့တုန္းက စိုစို႔ကို ဘယ္သူလဲေမးလို႔ မိတ္ေဆြလို႔ေျဖထားတာ
အရင္တစ္ခါ ဘားသြားတုန္းကလည္း ေတြ႕သြားလို႔ စိုစိုက ေခၚသြားတာလို႔ေျပာလိုက္တာ
ဘယ္လိုခင္တာလဲဆိုလို႔
စိုစိုနဲ႔က တစ္ၿမိဳ႕တည္းသားခ်င္းမို႔ခင္တာပါလို႔ေျပာဖူးထားတယ္
အမွန္အတိုင္းမွေျပာမျဖစ္တာကို"
အဲ့ေတာ့မွ ခ်ပ္ ဆို ဗိုက္မွာ ကပ္မေနသည့္ စိုစိုတစ္ေယာက္ သေဘာေပါက္သြားေတာ့သည္။
"ေၾသာ္
ဂလိုကိုး"
"ဟုတ္တယ္
ဒါပဲမလား
ဖုန္းခ်ၿပီ"
သသဖက္က ဖုန္းခ်သြားေပမယ့္ သူမကေတာ့ ဖုန္းကို ကိုင္ၿပီး ေတြးေကာင္းတုန္း။ ဒီေကာင္ေလး က ဘာျဖစ္ခ်င္ေနတာလဲ။ သူမကို ေျပာသြားသည့္ စကားေတြအရဆို အထင္လြဲေနတာေတာ့ေသခ်ာသည္။ အဲ့လိုေတြးလိုက္ေတာ့ သူမမ်က္ႏွာေပၚမွာ သက္တန႔္ေရာင္အၿပဳံးႀကီးကေပၚလာသည္။ သူမက ဘယ္သူလဲ။ အလွေလး စိုစိုေလ။ I'm born to be drama queenေလ။ စိတ္ဝင္စားစရာေတာ့ေကာင္းၿပီ။ငါေလး ဒီရက္ပိုင္း ပ်င္းေနတာနဲ႔ အေတာ္ျဖစ္သြားၿပီ ဟု မိန႔္မိန႔္ႀကီးၿပဳံးေတြးလိုက္တာကိုေတာ့ စာေရးသူပင္ မသိလိုက္ပါ။