အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့...
By Ownlish
263K 32.7K 4K
Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမ... More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Ending
Extra 1
Extra 2
Extra 3
Extra 4
Chapter 8
4.4K 650 57
By Ownlish
Unicode
ကားပါကင်မှာ ကားထိုးထားခဲ့ပြီး မဂ္ဂဇင်းတိုက်ထိကို လမ်းလျှောက်လာခဲ့သည်။ လမ်းမှာ စံပယ်ပန်းကုံးတွေရောင်းနေတဲ့ ကလေးကိုတွေ့သဖြင့် စံပယ်ပန်း 2ထောင်ဖိုးဝယ်လိုက်သည်။ ရုံးခန်းထဲမှာချိတ်ထားတော့ အနံ့သင်းတာပေါ့။ လက်တစ်ဖက်က စံပယ်ပန်းတွေကိုင်ပြီး တံခါးကို ခန္ဓာကိုယ်နှင့်တိုက်ဖွင့်ကာ ဝင်လိုက်သည်။ ထို့နောက်
"မင်္ဂလာပါ ပြိတ်သတ်ကြီး" ဆိုပြီး အသံကျယ်ကျယ်နှင့် ဟန်ပါပါ နှုတ်ဆက်လိုက်သည်။ ဒါပေမယ့် သူမကို အဖက်လုပ် ပြီး ပြန်နှုတ်ဆက်သူများကတော့တစ်ယောက်မှမရှိ။ ကိုယ့် ကွန်ပျုတာနှင့်ကို အားလုံးကအလုပ်ရှုပ်နေကြသည်လေ။
"သူဇာ
မမကြေးကိုသွားပြောချေ
မမစိုရောက်ပြီလို့ အစည်းအဝေးစတော့မလားမေးခဲ့"
ယမုံက ကော်ပီစက်ရှေ့ ကော်ပီကူးနေသည့် သူဇာ့ကို လှမ်းပြောလိုက်သည်။ စိုစိုတစ်ယောက် သူမကို အဖက်မလုပ်ကြသဖြင့် နည်းနည်းတင်းသွားသည်လေ။ လက်ထဲက စံပယ်ပန်းတွေကို နံရံမှာ ချိတ်ရင်း
"ငါ အခုမှရောက်တာလေ နည်းနည်း အပန်းဖြေပါရစေဦးလေ"
"မမစိုက ကားနဲ့လာပြီး ဘာကို အပန်းဖြေချင်သေးတာလဲ "
ဝတီက လှမ်းစသည်။
"ထားလိုက်ပါတော့
ရှင်တို့ကရက်စက်မှတော့ ဘာတတ်နိုင်မလဲ"
အားလုံးက မှတ်စုစာအုပ်ကိုယ်စီကိုင်ပြီး လုပ်လက်စအလုပ်များကို ချထားကာ အစည်းအဝေးခန်းသို့ထွက်ခဲ့ကြသည်။
"ကဲ ဒီလထုတ်မှာ cover photoကို ဘယ်လိုလုပ်မလဲ"
ခင်ကြေးမှုံက စကားစလိုက်သည်။
ထိုအခါ ယမုံက
"အရင်လက ညီမတို့ Reality Coupleဆိုတဲ့ ကဏ္ဍကို စထည့်တယ်လေ
အဲ့ဒါကို promoteလုပ်တဲ့အနေနဲ့ ဒီလမှာ အင်တာဗျုးမယ့် coupleရဲ့ ပုံကို cover photo အနေနဲ့ထားရင်ကောင်းမလား"
အားလုံး ကတစ်ချက်စဉ်းစားလိုက်သည်။ ထို့နောက် ကြေးမှုံက
"ကောင်းသားပဲလေ
ဒါပေမယ့် ဒီလ ဘယ်သူတွေကို အင်တာဗျုးမယ် သတ်မှတ်ပြီးပြီလား"
"အဲ့ဒါကို စဉ်းစားနေတာ
Fbက celeအတွဲတစ်တွဲကို အင်တာဗျုးမလို့ပဲ
ရှင်တို့သိတယ်မလား
ဒယ်နီရယ်တို့အတွဲလေ
နှစ်ယောက်စလုံးက မော်ဒယ်တွေ
ဒါပေမယ့် သူတို့တောင်းတဲ့ ကြေးက နည်းနည်းများလို့
ငါကအဲ့အမောင့်ထိမသုံးချင်လို့စဉ်းစားနေတာ"
စိုစိုက ဝင်ပြောသည်။ ထိုအခါ သူဇာက မရဲတရဲ လက်လေးထောင်ပြီးတော့
"ဟို reality couple ကဏ္ဍကဘာလဲမသိဘူး" ဟုထမေးသည်။ ထိုအခါ ဝတီက
"reality coupleဆိုတာ အပြင်လက်တွေ့လောက တကယ့် BL စုံတွဲတွေကို အင်တာဗျုးတာ
သူတို့အချစ်ရေးကနေအစပြုပြီး လက်ရှိအခြေအနေတွေကိုပေါ့
အရင်လကတော့ ပရိသတ်စိတ်ဝင်စားလာအောင် ဟန်လင်းနဲ့ မေဦးတို့ အတွဲကို အင်တာဗျုးခဲ့တယ်လေ
မဖတ်ဘူးလား"
ဟုရှင်းပြသည်။ သူဇာက
"ဟုတ်
အကုန်မဖတ်ရသေးဘူး
တောင်းပန်ပါတယ်"
"ရပါတယ်
ဒါပေမယ့် ကိုယ့် မဂ္ဂဇင်းမှာ ဘယ်ကဏ္ဍတွေပါလဲဆိုတာတော့ အကုန်သိထားရမယ်
နေ့ခင်းကျရင် အကုန်ဖတ်ထားပါ"
ကြေးမှုံက သတိပေးတာမမည်သည့် စကားကိုဆိုသည်။ ဆက်ပြိး
"အဲ့ဒါဆို နောက်ထပ် နင်စဉ်းစားထားတဲ့အတွဲရှိလား" ဆိုပြီး စိုစို့ဖက်လှည့်ကာမေးလိုက်သည်။
"အင်း
စဉ်းစားထားတာတော့ရှိတယ်
ငါ့မိတ်ဆွေ အတွဲ
ခက်တာက သူတို့က မိတ်ဆွေအရင်းတွေက လွဲရင် relationship ကို ချပြမထားဘူး
Low profileနဲ့နေတာဆိုတော့ လက်ခံပါ့မလားမသိဘူး
ဒါပေမယ့် ဆက်သွယ်ပြီး အကူအညီတောင်းကြည့်မယ်
မရတော့ တစ်ခါထပ်စဉ်းစားတာပေါ့"
"ကောင်းပြီလေ
နင်ဒီနေ့အဲ့ဒါကို အပြီးသတ် ရအောင်လုပ်"
"အေး"
"The true conquer ရဲ့Menga teamအခြေအနေကရောဘယ်လိုလဲ"
"ကောင်းပါတယ်
အရင်လကတည်းက ratingကောင်းထားတာဆိုတော့ ဒီလလည်းသူတို့အစွမ်းကုန်ကြိုးစားနေတယ် pageမှာ တင်မယ့် တစ်မျက်နှာစာကို editလုပ်နေတယ်။
ဒီတစ်ပတ်အတွင်းရမယ်ပြောတယ်"
သူမတို့ forever green မဂ္ဂဇင်းမှာ ဆိုရင် လစဉ် menga များကို ဖော်ပြသည့် menga columလည်းရှိသည်။ တစ်ချို့ mengaတွေကတော့ ကိုရီးယားနှင့် ဂျပန် mengaများကို မူရင်းစာအုပ်တိုက်များမှဝယ်ယူပြီး ဘာသာပြန်ကာ ဖော်ပြခြင်းဖြစ်သည်။ အခု The True Conquerကကျတော့ မြန်မာစာရေးဆရာ Heather Bell က wattpadမှာရေးသားခဲ့သည့် အခန်းဆက်ဝတ္ထုရှည်ကို menga versionပြောင်းပြီးဖော်ပြခဲ့ခြင်းဖြစ်သည်။ wattpadမှာ တင်ကတည်းက လူကြိုက်များခဲ့သည့် ficဖြစ်သဖြင့် အခုmenga အနေနဲ့ဖော်ပြသည့်အခါမှာ အထူးစောင့်ကြည့်ကြသည်။သူတို့နှင်  အခုလက်တွဲအလုပ်လုပ်နေသည့် studio သည် လူငယ်တွေဖြစ်သည့်အပြင် လက်ရာများမှာလည်း အထူးသေသပ်ကောင်းမွန်သည့် ပရော်ဖက်ရှင်နယ်များဖြစ်ကြသည်။ မူလစာရေးဆရာမ၏ အသေးစိတ်ဖော်ပြချက်အတိုင်း ပရိသတ် မျှော်လင့်ထားသလောက် ဆွဲပေးနိုင်သဖြင့် ဒီ The true conquer menga အခန်းဆက်စထည့်ကတည်းက သူတို့ မဂ္ဂဇင်းလည်း အရောင်းတက်ရသည်။
"ဒီတပတ် အပိုင်းမှာက လက်ထပ်ပွဲအတု အခန်းမလား
သတို့သမီး စီးလာတဲ့ ဝေါယာဉ်က အစ အသေးစိတ်ပြန်စစ်ပါ
သတို့သမီးဝတ်စုံက အစ အမှားမပါစေနဲ့
BL fanတွေ ဘယ်လောက် မျက်စိလျင်ပြီး အသေးစိတ်တာ သိတယ်နော်"
ကြေးမှုံကထပ်ပြိး အသိပေးသည်။
"ဟုတ်ကဲ့ မမကြေး"
"နောက်ပြီး လီချန်းယုံကို ကမ်းပေးလိုက်တဲ့ လင်းမိုရဲ့လက်
အဲ့ဒါကို လည်းသေချာဆွဲဖို့ထပ်မှာလိုက်ဦး
အရမ်းနူးညံ့တဲ့ပုံလည်းပေါက်နေလို့မရဘူး
ကြမ်းတမ်းနေတာမျိုးမဟုတ်ပေမယ့်
ဆွဲဆောင်မှုရှိရမယ်
နောက်ပြီး လီချန်းယုံဆုပ်ကိုင်လိုက်တဲ့အခါ
တောင်ပိုင်းဘုရင်ကြီးနဲ့ မြောက်ပိုင်းအိမ်ရှေ့စံတို့ရဲ့ ပထမဆုံးskinshipနော်
အဲ့ဒီ ကိုင်ထားတဲ့ လက်နှစ်ဖက်ကို zoomချဲ့ပြီး နှစ်ကွက်လောက်ထည့်ခိုင်းပေး"
ခင်ကြေးမှုံ၏ စကားတို့ကို ဝတီတို့က Noteမှာ လိုက်မှတ်နေကြသည်။
"ကဲ
ဒါဆို Legendary Phoenixကိုလည်း Menga versionပြောင်းဖို့ Author Heather Bellနဲ့ စာချုပ်ချုပ်ဖို့စကားပြောလိုက်ဦး
စိုစို နင်ပဲ ပြောလိုက်
ရအောင် လုပ်ခဲ့နော်
ဆွေးနွေးတဲ့အခါကျရင် Menga team leaderကိုပါခေါ်သွား
သူပုံဖော်ထားတဲ့ ဇာတ်ကောင်ကို စာရေးဆရာကအသိဆုံးပဲ
အဲ့တော့ စာရေးဆရာလိုချင်တဲ့ အချက်အလတ်တွေကိုလည်း သေချာ မှတ်ခဲ့
ဒီလထည့်မယ့်ဟာလည်း Menga teamက draftရတာနဲ့ Heatherဆီ  mailပို့ဖို့လည်းမမေ့နဲ့"
"Yes sir"
"ကျန်းမာရေး ကဏ္ဍမှာ ဒီလဆွေးနွေးမှာက ဘာအကြောင်းလဲ"
စိုစိုက မေးလိုက်သည်။ ကြေးမှုံက
" sex educationနဲ့ပတ်သတ်ပြီး
နည်းနည်း အသံကျယ်နေတယ်
ငါတို့လည်း trendအမှီ sex educationနဲ့ပတ်သတ်တဲ့ ဆောင်းပါးထည့်ရမယ်
အစကတည်းက ထည့်ချင်နေတာ
ငါတို့မဂ္ဂဇင်းဆိုရင် ပြောချင်ကြလွန်းလို့ လက်ရှောင်ထားတာ
အခုတော့ ထည့်မယ်
ဒေါက်တာဖြိုးသီဟ ဟိုနေ့က Fbမှာတင်တဲ့ post လေးတစ်ခုငါတွေ့တယ်
သူ့ ဆီ ကပဲ ဆောင်းပါးတောင်းကြည့်မယ်
ငါတာဝန်ယူလိုက်မယ်"
"ဒါနဲ့
ကဲ အခုထိ ဝတ္ထုတို one shootတွေအတွက် စာမူတစ်ခုမှမရသေးဘူး
ဘယ်လိုလုပ်မှာလဲ"
ယမုံက ကြားဖြတ်မေးသည်။
"အဲ့အတွက် သူဇာ့အရည်အချင်းကို စမ်းသပ်ရမှာပဲ
သူဇာ့ကို authorတွေရဲ့ ဆက်သွယ်ရမယ့်လိပ်စာတွေပေးလိုက်
ဒီလ ငါ သုံးပုဒ်ထည့်ချင်တယ်
သုံးယောက်ဆီကသုံးပုဒ်ရအောင်တောင်းနိုင်ရင် ကြိုဆိုပွဲလုပ်ပေးမယ်"
အားလုံးကတော့ခေါင်းလေးတစ်ရမ်းရမ်းနှင့် သူဇာ့ကို ဖိုက်တင်းဆိုတဲ့အကြည့်လေးဖြင့် အားပေးလိုက်ကြသည်။ ဘာလို့ဆိုကျားမြီးဆွဲရတာထက် ပိုခက်သည့် ကိစ္စသည် စာရေးဆရာတွေဆီက စာမူတောင်းရတာဖြစ်သည်။ BL စာရေးဆရာတော်တော်များများက စာရေးခြင်းကိုစောက်ချလုပ်ကိုင်သည့် စာရေးဆရာက ရှားသည်။ ဝါသနာပါလွန်းလို့သာ အလုပ်တစ်ဖက်နှင့် ရေးကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာရေးချင်စိတ်ရှိလည်း အချိန်ပြည့် စာရေးခြင်းမှာ အချိန်မပေးနိုင်ကြပေ။ BLစာရေးဆရာတော်တော်များများရေးကြသည့် wattpad လို Platformမှာ updateမှန်သည့် စာရေးသူဆိုတာ လက်ချိုးရေလို့ရသည်လေ။ ဒီလို စာရေးဆရာတွေထံက စာမူတောင်းရသည့်အခါ ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့ အကြိမ်ကြိမ် နားပူနားဆာလုပ်မှ တော်ကာကြသည်လေ။ အခုလိုလူသစ်လေးတစ်ယောက်အနေနဲ့တော့ တော်တော် ခက်ခဲမည်ပဲလေ။ ဒါ့ကြောင့် ကြေးမှုံစကားကိုကြားပြီး ကျန်သည့်သုံးယောက်က သူဇာ့ကို စိတ်မကောင်းသလိုကြည့်ကြတာဖြစ်သည်။
ဒါကိုနားမလည်တဲ့ အသစ်လေးကတော့ စာရေးဆရာတွေနဲ့ ကိုယ်တိုင်ကိုယ်ကျစကားပြောရဖို့အခွင့်အရေး ရပြီဆိုပြီးပျော်နေခဲ့သည်လေ။
"အခန်းဆက် ဝတ္ထုအရှည်မှာ နောက်လဆိုဇာတ်သိမ်းပြီနော်
ကြားထဲတစ်လပဲကျန်တော့တယ်
အဲ့ဒါ စက်တင်ဘာ ကစ အသစ်ထည့်ဖို့ ဘယ်authorဆီသွားတောင်းမလဲ"
ယမုံက မေးလိုက်သည်။ စိုစိုက ညာဖက်လက်ကိုထောင်ပြပြီး
" ဆုခြည်ကို ဆီက တောင်းမယ်" ဟုပြောလိုက်သည်။
"ဟင်
Author ဆု ကအခု မြေ့ကို ရေးနေတာမလား
စာမူပေးပါ့မလား"
"ငါအပူကပ်ထားပြီးသား
မြေ့တုန်းက မရလိုက်ပေမယ့်
နောက်ရေးမယ့် လွမ်းဘွယ် ကျရင် စာမူပေးမယ် ပြောတယ်"
"ပိုင်လှချည်လား
နင်ဘယ်လို ကပ်လိုက်တာလဲ"
ကြေးမှုံက ချီးကျုးသလိုမေးလိုက်သည်။ စိုစိုက ဆံပင်တွေကို တစ်ချက်ခါသတ်လိုက်ပြိးတော့
"ငါက ဘယ်သူမလို့လဲ
တစ်လောကလုံးမှာ အတော်ဆုံး Fujoshi အလှလေးလေ"
"ကဲပါ ပြောမှာသာပြောစမ်းပါ
ဆု ဆီကနေ စာမူရအောင် တောင်းနိုင်တယ်ဆိုကတည်းက ချီးကျုးချင်လွန်းလို့ပါ"
ထိုအခါ စိုစိုက ဘာမှမရှိတဲ့မေးကို ပွတ်သပ်လိုက်ပြီး
"ဆယ်တန်းအောင်ဖို့မလိုဘူး
အလိုက်သိဖို့ပဲလိုတယ်ဆိုတဲ့စကား ကိုကြားဖူးတယ်မလား"
"အဲ့ဒါနဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တယ်လေ
ငါက အလိုက်သိတယ်လေ
ဆု ဘာကြိုက်လဲ သိကြလား" စိုစို က ဟန်ပါပါ မေးလိုက်သည်။
"ဘာကြိုက်လဲ " ဝတီကစကားထောက်ပေးလိုက်သည်။
"Exo ကြိုက်တယ်လေ
အဲ့တော့ ဆု ဆီမှာ မရှိတဲ့ exo albumတွေ board တွေရယ်နဲ့ အလဲအလှယ်လုပ်လိုက်တာပေါ့
K popperတွေရဲ့အားနည်းချက်က သူတို့ idolsတွေ မဟုတ်ဘူးလားကွယ်
ဆုလည်း ဘာသားနဲ့ထုထားတာမလို့လဲ
ငါ SMကနေ လှမ်းမှာထားတဲ့ itemတွေကို အလကားမှာထားတာမှတ်မနေနဲ့"
"မမှတ်ပါဘူး
ပိုက်ဆံပေးပြီးမှာထားမှန်းသိပါတယ်"
ကြေးမှုံကရွဲ့ပြီးပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် တစ်ကဏ္ဍအတွက် စိတ်အေးရပြီမို့ အားလုံးက သက်ပြင်းချလိုက်ကြသည်။ သူတို့၏  မနိုင်စိန်လေးက ဒီနေရာမှာတော့ တော်သားပဲ။
"ကဲ
ပြောစရာမရှိတော့ရင် အစည်းအဝေးသိမ်းမယ်
သူဇာ အမအခန်းကို မဂ္ဂဇင်းအဟောင်းတွေလိုက်ယူပါ
စိုစို နင့်မိတ်ဆွေဆီကို ဖုန်းဆက်ပါ"
"copy"
စိုစိုက လက်ကိုအလေးပြုသလို နဖူးတွင်ကပ်ပြီး ပြောလိုက်သဖြင့် ကြေးမှုံက မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်သေးသည်။ ကျန်တဲ့သူတွေကတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်ကြသည်။ သူတို့မမနှစ်ယောက်က အမြဲဒီလိုပဲလေ။ အဆန်းမဟုတ်တော့ပါ။ အရမ်းချစ်ကြည်နေကြလျှင်တော့ ထူးဆန်းကောင်း ထူးဆန်းပေလိမ့်မည်။
Ownlish note~ စိုစိုတို့ထုတ်တဲ့ မဂ္ဂဇင်းကို ဖတ်ချင်သွားကြပြီလား
😅 စိုစိုပြောတဲ့အတွဲလေးက ဘယ်သူတို့ဖြစ်မလဲနော်🤔
<<<<<<<<<>>>>>>>>>>>><<<>>>>>>>>>>><
Zawgyi
"သူဇာ
ဝတီက လှမ်းစသည်။
"ထားလိုက်ပါတော့
ထိုအခါ ယမုံက
"ကောင်းသားပဲလေ
"အဲ့ဒါကို စဉ်းစားနေတာ
ရှင်တို့သိတယ်မလား
ဒယ်နီရယ်တို့အတွဲလေ
မဖတ်ဘူးလား"
ဟုရှင်းပြသည်။ သူဇာက
"ဟုတ်
အကုန်မဖတ်ရသေးဘူး
တောင်းပန်ပါတယ်"
"ရပါတယ်
"အင်း
ငါ့မိတ်ဆွေ အတွဲ
"ကောင်းပြီလေ
"အေး"
"ကောင်းပါတယ်
"ဟုတ်ကဲ့ မမကြေး"
ဆွဲဆောင်မှုရှိရမယ်
"ကဲ
ရအောင် လုပ်ခဲ့နော်
"Yes sir"
စိုစိုက မေးလိုက်သည်။ ကြေးမှုံက
အခုတော့ ထည့်မယ်
ငါတာဝန်ယူလိုက်မယ်"
"ဒါနဲ့
ဘယ်လိုလုပ်မှာလဲ"
ယမုံက ကြားဖြတ်မေးသည်။
"ဟင်
စာမူပေးပါ့မလား"
"ငါအပူကပ်ထားပြီးသား
"ပိုင်လှချည်လား
"ငါက ဘယ်သူမလို့လဲ
"ဆိုင်တယ်လေ
ငါက အလိုက်သိတယ်လေ
"Exo ကြိုက်တယ်လေ
"မမှတ်ပါဘူး
"ကဲ
"copy"
Continue Reading
You'll Also Like
820K 64.7K 127
(unicode) ကြုံဖူးလား? ကိုယ့်ချစ်သူက ကိုယ့်နှဖူးထက် အနမ်းနွေးနွေးလေးတစ်ခု ဖန်စင်းပေးရင်လောကကြီးတစ်ခုလုံး.ကိုယ့်လက်ထဲရောက်သွားတဲ့ခံစားချက်မျိုး...၊ ကြ...
3.3K 134 15
ပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*
20.7K 1.1K 58
မြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း