အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့...

By Ownlish

263K 32.7K 4K

Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အခ်စ္ဆိုတဲ့ကြင္းျပင္က်ယ္ႀကီးမ... More

Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Ending
Extra 1
Extra 2
Extra 3
Extra 4

Chapter 1

32.5K 1.3K 103
By Ownlish

Unicode

အချိန်ကား နေ့လည် ၁၂နာရီထိုးဖို့ ၁၅မိနစ်အလိုတွင်ဖြစ်သည်။ ရန်ကုန်မြို့ကြီး၏ စည်းကားလှသော နေရာတစ်ခုတွင် ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသည့် သူတွေကို တွေ့ရသည်။ လမ်းမပေါ်တွင် ဥဒဟိုသွားလာနေသော ကားကြီးကားငယ်အသွယ်သွယ်တို့ကို တွေ့နိုင်သည်။ မှတ်တိုင်မှာ ခရီးသည် အတက်အဆင်း၊ အတင်အချလုပ်နေသော YBSများမှာလည်း မနည်းလှ။

"အပေါက်ဝမှာပဲပိတ်ရပ်မနေပါနဲ့ အထဲကိုတိုးပေးပါခင်ဗျာ"

ဒရိုင်ဘာမှ အဝင်ဝမှာတွင်ရပ်နေသူများကို လှမ်းပြောနေသည်။ တက်လာသည့် ခရီးသည်တစ်ယောက်သည် ပိုက်ဆံပုံးနားတွင်ရပ်ပြီး ချီတုံချတုံဖြစ်နေသည်။ သူ့လက်ထဲတွင်တော့ ၁၀၀၀ တန်တစ်ရွက်ကို ကိုင်ထားသည်။ ထိုအခါ ဒရိုင်ဘာမှ

"၂၀၀တန်အကြွေမပါရင် ဒီနားမှာ ခဏစောင့်ပြီး နောက်တက်လာတဲ့သူတွေဆီကလဲယူပါလား"

ဟုအကြံပေးလိုက်သည်။ မကြာခင်မှာပဲ ကားပေါ်သို့တစ်ယောက်ပြီးတစ်ယောက်တက်လာသည်။ ခုဏက တစ်ထောင်တန်ကိုင်ထားသော ကောင်လေးသည် နောက်တက်လာသော လူလေးယောက်ထံမှာ ၂၀၀တန်လေးရွက်ပြည့်သွားသဖြင့် ၁၀၀၀တန်ကို ပိုက်ဆံပုံးထဲသို့ ထည့်ပြီး ကားအတွင်းသို့ လှမ်းသွားတော့သည်။ မကြာမီမှာပဲ နောက်ထပ် YBSတစ်စီးထိုးရပ်လာသဖြင့် ကားလည်း စထွက်တော့သည်။

ထိုသို့ များပြားလှသော ကားအသွားအလာများအကြားတွင် ပွတ်ကာသီးကာ လမ်းဖြတ်ကူးနေကြသည့်သူများကိုလည်း အသည်းအေးဖွယ်တွေ့နိုင်သည်။ လမ်းကူသူများကလည်း လူကူးမျဥ်းကြားမှ မကူးကြ။ ကားများကလည်း လူကူးမျဥ်းကြားတွင် ရပ်ပေးရသည် ဆိုသည်ကို နားမလည်ကြတာလားမသိ။ လမ်းကူးသူတို့မှာ ကားများကြားမှ လှစ်ခနဲလှစ်ခနဲ ကူးသွားကြသည်။ ကားတို့သည်လည်း နည်းနည်းမှ အရှိန်မလျော့။ မြန်မာနိုင်ငံမှ လမ်းကူးသူများနှင့် flash man မည်သူက ပိုလျင်မြန်သလဲ ဆိုသော မေးခွန်းသည် အငြင်းပွားဖွယ် မေးခွန်းဖြစ်နိုင်သည်။

ထိုရှုပ်ထွေးလှသော လမ်းမကြီး၏ ဘေးတစ်ချက်တစ်ချက်တွင်တော့ ကားလမ်းမပေါ်ထိ အမိုးများရောက်လုနီးပါး ကျုးကျော်ရောင်းချနေသော လမ်းဘေးစျေးဆိုင်တန်းများကိုလည်းတွေ့နိုင်သည်။ မူလ လမ်းဘေးဆိုင်ခန်းများ၏ ရှေ့တွင် နေရာချ ရောင်းချနေခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့စခန်းချထားသော ပလက်ဖောင်းထက်တွင် လမ်းလျှောက်ရမည့် အများပြည်သူများမှာ လမ်းလျှောက်ဖို့ အခွင့်မသာသဖြင့် ကားလမ်းမဘေးကနေ ကပ်ပြီးလျှောက်နေရသည်။ အန္တရာယ်များလိုက်ပါဘိ။ ထိုသို့ကပ်လျှောက်သူများထဲတွင်
"ချစ် ဒီဖက်ကိုလာ" ဆိုပြီး ကောင်လေးမှ ကောင်မလေးကို အတွင်းဖက်သို့ပို့ပြီး လျှောက်ခိုင်းသည့် စုံတွဲများကိုလည်း စိတ်ပျက်ဖွယ်မြင်တွေ့ရနိုင်သည်။

လမ်းဘေးစျေးသည်များတွင် လကုန်ရက်ဖြစ်သဖြင့် ထီပေါက်စဥ်များကို တစ်စောင်မြန်မာငွေကျပ် ၁၀၀နှုန်းဖြင့်ရောင်းနေသည့် သူများလည်းပါသည်။ ပေါင်ချိန်စက်လေး ဘေးတွင် တစ်ခါချိန် ၁၀၀ နှုန်း ဆိုသည့် စာရွက်လေး ချထားကာ ပေါင်ချိန်လို့ရသည့် နေရာလေးလည်းရှိသည်။ ထိုပေါင်ချိန်လို့ရသည်ဆိုသော ပေါင်ချိန်စက်ပိုင်ရှင်မှာ အသက်ကြီးကြီး အမျိုးသားကြီးတစ်ဦဒဖြစ်သည်။ ပေါင်ချိန်စက်ဘေးတွင် ဘယာကြော်နှင့် လက်တစ်ဆစ်ခန့် စမူဆာကြော်လေးများကို ရောင်းချနေသာ ကုလားဘယားကြော်သည်ကြီးရှိသည်။ ဘယာကြော်သည်ကြီးမှ ပေါင်ချိန်စက် ဦးလေးကြီးကို စကားလှမ်းပြောနေသည်။

"ဒီလလည်းထီမပေါက်ပြန်ဘူးဗျာ"

"မင်းက ထီထိုးထားလို့လားကွ"

"ဟင် ထီက ထိုးမှပေါက်တာလား"

"ဟ ငါ့ကောင်ရ
ထီဝယ်မထိုးပဲနဲ့ ဘယ်လ်ိုပေါက်မလဲကွ"

"မသိပါဘူးဗျာ
အစိုးရက အလှည့်ကျနဲ့များ ထီပေါက်ခွင့်ပေးတာလားလို့"

ပေါင်ချိန်စက်ဦးလေးကြီးကတော့ ခေါင်းတစ်ခါခါနှင့် ရယ်နေလေသည်။ထိုဘယာကြော်သည်နှင့် မလှမ်းမကမ်းတွင်တော့ အင်းဆက်အမျိုးအနွယ်ဝင် ပုရစ်များကို ဗန်းထဲတွင် အမောက်ထည့်ပြီး ရောင်းချနေသည့် ပုရစ်ကြော်သည် မိန်းကလေးတစ်ယောက်ကို တွေ့နိုင်သည်။ ပုရစ်ကြော်တို့သည် ကြော်ထားတာလည်း ကြာပြီဖြစ်သည့်အပြင်၊ အကြိမ်အရေအတွက်များစွာ ပြန်ကြော်ခြင်းခံထားရသည့်မို့ ပုံမှန်ထက်ပိုပြီးမည်းနက်နေသည်။ ထိုပုရစ်ဗန်းဘေးတွင်တော့ ပုရစ်များကြော်ထားသည့် ဒယ်တစ်ခုအတွင်းမှ ဆီမည်းမည်းများကို တွေ့ရပေမည်။ စျေးရောင်းသူ အမျိုးသမီးကတော့ ပုရစ်ကြော်ဗန်းတွင် လာအုံနေသော ယင်ကောင်များကို ယပ်တောင်တစ်ခုဖြင့်ရမ်းပြီး ဖယ်ရှားနေသည်။

ထိုလမ်းဘေးစျေးသည်တို့နှင့် မျက်နှာခြင်းဆိုင်တွင် ကုန်တိုက်ကြီးတစ်ခုရှိသည်။ ကုန်တိုက်ကြီး၏ မြေအောက်ထက်သည် အဆင့်မြင့် စျေးဝယ်စင်တာတစ်ခုဖြစ်သည်။ ရွှံ့တွေဗွက်တွေနှင့် စျေးသို့ သွားမဝယ်လိုသည့် သူများနှင့် သွားဝယ်စရာမလိုသည့်လူတန်းစားတို့သည် လေအအေးပေးစက်ဖွင့်ထားသော စျေးဝယ်စင်တာထဲတွင် အေးအေးလူလူ စျေးဝယ်နေကြသည်။ ထိုစျေးဝယ်စင်တာ၏ အပေါ်ထပ်များတွင်တော့ အဆင့်မြင့် စျေးဆိုင်ခန်းများကိုတွေ့ရသည်။ အဝတ်ထည်ဆိုင်များ၊ ဖုန်းဆိုင်များ၊ အလှပြင်ဆိုင်များအပြင် ပုဂ္ဂလိကဘဏ်တစ်ခုလည်း ရှိသည်။ ထိုဆိုင်များအတွင်းသို့ စျေးဝယ်နေသူများထက် အပြင်ဖက်ကနေသာ ပတ်ကြည့်သွားသူများက များပေသည်။ ထိုကဲ့သို့ မဝယ်ပဲ လျှောက်ပတ်ကြည့်ခြင်းကို window shoppingထွက်ခြင်းဟု ခေါ်ကြသည်။ ထိုအရာကို အမျိုးသမီးငယ်များကို ဝါသနာတစ်ရပ်အနေနှင့် ဆောင်ရွက်လေ့ရှိကြသည်။

ကုန်တိုက်၏ ရှေ့တွင် နေအရိပ်ခိုနေသူများလည်းရှိသည်။ ထိုသူများထဲတွင်ဘောင်းဘီဝမ်းကွာတားအတိုနှင့် အနက်ရောင် ခေါင်းစွပ် ဟူဒီအင်္ကျီဝတ်ထားသောသူတစ်ယောက်လည်းရှိသည်။ အပူချိန် ၃၅ဒီဂရီရှိနေသော ရန်ကုန်မြို့ကြီးတွင် မပူမလောင် ခေါင်းစွပ်အနွေးထည်ဝတ်ထားသောထိုသူသည် အနည်းငယ်ထူးဆန်းနေပေသည်။ သူသည် လျှာထိုးဦးထုပ်အနက်တစ်လုံးကိုလည်း ဆောင်းထားပြီး ထိုဦးထုပ်အပေါ်တွင် အင်္ကျီမှ ခေါင်းစွပ်ကိုပါ ထပ်ထားသည်။ အနက်ရောင်နှာခေါင်းစည်းmaskတစ်ခုကိုလည်း တပ်ထားသဖြင့် ရုပ်ရည်ကိုမမြင်ရ။ ကျောတွင်တော့ အနက်ရောင်ကျောပိုးအိတ်တစ်လုံးကို လွယ်ထားသော ထိုသူသည် nikeတံဆိပ်ပါ အနက်ရောင် shoe တစ်ရံကို စီးထားသဖြင့် တကိုယ်လုံးနက်မှောင်နေသည်။

ထိုအနက်ရောင်လူသားသည် တစ်စုံတစ်ဦးကို စောင့်နေသည့်ဟန်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် လက်ထဲမှ ဖုန်းကိုမကြာမကြာထုတ်ကြည့်ပြီး ကုန်တိုက်အဝင်ပေါက်ကိုလည်း လှမ်းလှမ်းကြည့်နေသောကြောင့်ဖြစ်သည်။ သိပ်မကြာခင်မှာပဲ ထိုသူသည် အနည်းငယ် လှုပ်ရှားသွားပြီး လျှာထိုးဦးထုပ်ကို ပိုပြီး ငိုက်ကျလာစေရန် ဆွဲချလိုက်သည်။ ထိုအနက်ရောင်လူသားမမှိတ်မသုန်ကြည့်နေသော အရပ်တွင် မိန်းကလေးနှစ်ဦး လျှောက်လာနေသည်။ ထိုအနက်ရောင်လူသားကဲ့သို့ အနက်ရောင် နှာခေါင်းစည်းmaskများကိုတပ်ဆင်ထားသော်လည်း အဝတ်အစားများအရ အမျိုးသမီးလေးများဖြစ်ကြောင်းသိနိုင်သည်။ တစ်ဦးမှာ အဖြူရောင် midi dressတစ်ထည်ဝတ်ဆင်ထားပြီး၊ ကျန်တစ်ဦးမှာ ဂျင်းစကပ်အတိုတစ်ထည်နှင့် တီရှပ်အင်္ကျီအပွကို တွဲဖက်ဝတ်ဆင်ထားသည်။ နှစ်ဦးစလုံးမှာ ပုံစံမတူသော ကျောပိုးအိတ်အသေးလေးများကိုလည်း လွယ်ထာသည်။ ပြင်ပပုံပန်းသဏ္ဍန်ကို ကြည့်ရုံဖြင့် ခေတ်မီသော အမျိုးသမီးလေးများဖြစ်ကြောင်းသိသာသည်။

ထိုအမျိုးသမီးလေးနှစ်ယောက်သည်လည်း ဟိုကြည့်သည်ကြည့်နှင့် တစ်စုံတစ်ရာကို ရှာဖွေနေပုံပေါ်သည်။ အနက်ရောင်လူသားသည် ထိုအမျိုးသမီးလေးနှစ်ဦးရှိရာ လျှောက်လှမ်းလာပြီး မျက်နှာချင်းဆိုင်တွင်ရပ်လိုက်သည်။ ထို့နောက်

"ညီမလေးတို့က ကားစီးတာကြိုက်သူတွေလား၊ အသားစားတာကြိုက်သူတွေလား" ဟု တိုးတိုးကပ်မေးလိုက်သည်။ ထိုအခါ အမျိုးသမီးလေးနှစ်ဦးထံမှ တစ်ယောက်က

"ကားစီးတာလည်းကြိုက်တယ်
အသားလည်းစားတယ်" ဟုပြန်ဖြေလိုက်သည်။ ထိုအဖြေကို ကြားလိုက်ရတော့ အနက်ရောင်လူသားထံမှ စိတ်ချသွားသည့် ဟန်ပန်တွေ့လိုက်ရသည်။ ဒါပေမယ့် ထိုသူက

"passwordပြော" ဟု ထပ်မံမေးလိုက်သည်။ အမျိုးသမီးလေးနှစ်ယောက်စလုံးထံမှ တစ်ပြိုင်နက်တည်းအသံထွက်လာသည်။

"အမှောင်ကမ္ဘာကို သင်္ဘောကြီး စီးသွားကြမယ်" ဟူသတဲ့။

ထိုအခါမှ အနက် ရောင်လူသားသည် သူလွယ်ထားသော အနက်ရောင်ကျောပိုးအိတ်ကို ရှေ့သို့ဖြုတ်ချပြီး တစ်စုံတစ်ခုကို နှိုက်ယူလိုက်သည်။ သူ့လက်ထဲတွင်လည်း အနက်ရောင်အထုပ်တစ်ထုပ်ပါလာသည်။ အတော်လေးကို အနက်ရောင်ကြိုက်သည့်သူပါလား။ထိုသူသည် သူ့လက်ထဲမှ အထုပ်ကို ထ်ို အမျိုးသမီးလေးနှစ်ဦးထံသို့ ပေးရန်လက်လှမ်းလိုက်သည်။ ထိုအချိန်တွင် သူတို့၏ ဘေးတစ်ဖက်မှ အသံတစ်သံပေါ်ထွက်လာသည်။

"အားလုံးလက်တွေမြှောက်ထားလိုက်"

သူတို့ သုံးယောက်သည် ကြောင်အသွားသည်။ အစပိုင်းက
"အားလုံးလက်တွေလေထဲကိုမြှောက်ထားလိုက်
မင်းတို့လက်တွေလေထဲကိုမြှောက်ထားလိုက်" ဆိုသောအဆိုတော်​၏ သီချင်းဖွင့်နေတာ မှတ်လိုက်သည်။ဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်နေချိန်တွင် ခုဏက အသံပိုင်ရှင်ထံမှ ထပ်ထွက်လာသည်။

"လက်တွေမြှောက်ထားလို့ပြောနေတယ်လေ"

ယခုတစ်ခါတွင်တော့ အသံpower အားကောင်းလာသည့်အပြင် high noteဖြင့်အော်ပြောလာခြင်းဖြစ်သည်။ ထိုအခါမှ သူတို့သုံးယောက်သည် ယောင်နန လက်တွေကိုမြှောက်လိုက်ပြီး အသံလားရာသို့ စောင်းကြည့်လိုက်ကြသည်။ သူတို့မြင်လိုက်သည်က သူတို့ကို လက်နက်တစ်ခုဖြင့်ချိန်ရွယ်ထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။





(Ownlish note~ ကားစီးတာ၊ အသားစားတာ နားလည်ကြတယ်မလား😁
​question - အနက်ရောင်လူသားသည် မည်သူနည်း?? )

<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>
Zawgyi

အခ်ိန္ကား ေန႔လည္ ၁၂နာရီထိုးဖို႔ ၁၅မိနစ္အလိုတြင္ျဖစ္သည္။ ရန္ကုန္ၿမိဳ႕ႀကီး၏ စည္းကားလွေသာ ေနရာတစ္ခုတြင္ ပ်ားပန္းခပ္မွ် လႈပ္ရွားသြားလာေနသည့္ သူေတြကို ေတြ႕ရသည္။ လမ္းမေပၚတြင္ ဥဒဟိုသြားလာေနေသာ ကားႀကီးကားငယ္အသြယ္သြယ္တို႔ကို ေတြ႕ႏိုင္သည္။ မွတ္တိုင္မွာ ခရီးသည္ အတက္အဆင္း၊ အတင္အခ်လုပ္ေနေသာ YBSမ်ားမွာလည္း မနည္းလွ။

"အေပါက္ဝမွာပဲပိတ္ရပ္မေနပါနဲ႔ အထဲကိုတိုးေပးပါခင္ဗ်ာ"

ဒ႐ိုင္ဘာမွ အဝင္ဝမွာတြင္ရပ္ေနသူမ်ားကို လွမ္းေျပာေနသည္။ တက္လာသည့္ ခရီးသည္တစ္ေယာက္သည္ ပိုက္ဆံပုံးနားတြင္ရပ္ၿပီး ခ်ီတုံခ်တုံျဖစ္ေနသည္။ သူ႔လက္ထဲတြင္ေတာ့ ၁၀၀၀ တန္တစ္႐ြက္ကို ကိုင္ထားသည္။ ထိုအခါ ဒ႐ိုင္ဘာမွ

"၂၀၀တန္အေႂကြမပါရင္ ဒီနားမွာ ခဏေစာင့္ၿပီး ေနာက္တက္လာတဲ့သူေတြဆီကလဲယူပါလား"

ဟုအႀကံေပးလိုက္သည္။ မၾကာခင္မွာပဲ ကားေပၚသို႔တစ္ေယာက္ၿပီးတစ္ေယာက္တက္လာသည္။ ခုဏက တစ္ေထာင္တန္ကိုင္ထားေသာ ေကာင္ေလးသည္ ေနာက္တက္လာေသာ လူေလးေယာက္ထံမွာ ၂၀၀တန္ေလး႐ြက္ျပည့္သြားသျဖင့္ ၁၀၀၀တန္ကို ပိုက္ဆံပုံးထဲသို႔ ထည့္ၿပီး ကားအတြင္းသို႔ လွမ္းသြားေတာ့သည္။ မၾကာမီမွာပဲ ေနာက္ထပ္ YBSတစ္စီးထိုးရပ္လာသျဖင့္ ကားလည္း စထြက္ေတာ့သည္။

ထိုသို႔ မ်ားျပားလွေသာ ကားအသြားအလာမ်ားအၾကားတြင္ ပြတ္ကာသီးကာ လမ္းျဖတ္ကူးေနၾကသည့္သူမ်ားကိုလည္း အသည္းေအးဖြယ္ေတြ႕ႏိုင္သည္။ လမ္းကူသူမ်ားကလည္း လူကူးမ်ဥ္းၾကားမွ မကူးၾက။ ကားမ်ားကလည္း လူကူးမ်ဥ္းၾကားတြင္ ရပ္ေပးရသည္ ဆိုသည္ကို နားမလည္ၾကတာလားမသိ။ လမ္းကူးသူတို႔မွာ ကားမ်ားၾကားမွ လွစ္ခနဲလွစ္ခနဲ ကူးသြားၾကသည္။ ကားတို႔သည္လည္း နည္းနည္းမွ အရွိန္မေလ်ာ့။ ျမန္မာႏိုင္ငံမွ လမ္းကူးသူမ်ားႏွင့္ flash man မည္သူက ပိုလ်င္ျမန္သလဲ ဆိုေသာ ေမးခြန္းသည္ အျငင္းပြားဖြယ္ ေမးခြန္းျဖစ္ႏိုင္သည္။

ထိုရႈပ္ေထြးလွေသာ လမ္းမႀကီး၏ ေဘးတစ္ခ်က္တစ္ခ်က္တြင္ေတာ့ ကားလမ္းမေပၚထိ အမိုးမ်ားေရာက္လုနီးပါး က်ဳးေက်ာ္ေရာင္းခ်ေနေသာ လမ္းေဘးေစ်းဆိုင္တန္းမ်ားကိုလည္းေတြ႕ႏိုင္သည္။ မူလ လမ္းေဘးဆိုင္ခန္းမ်ား၏ ေရွ႕တြင္ ေနရာခ် ေရာင္းခ်ေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔စခန္းခ်ထားေသာ ပလက္ေဖာင္းထက္တြင္ လမ္းေလွ်ာက္ရမည့္ အမ်ားျပည္သူမ်ားမွာ လမ္းေလွ်ာက္ဖို႔ အခြင့္မသာသျဖင့္ ကားလမ္းမေဘးကေန ကပ္ၿပီးေလွ်ာက္ေနရသည္။ အႏၲရာယ္မ်ားလိုက္ပါဘိ။ ထိုသို႔ကပ္ေလွ်ာက္သူမ်ားထဲတြင္
"ခ်စ္ ဒီဖက္ကိုလာ" ဆိုၿပီး ေကာင္ေလးမွ ေကာင္မေလးကို အတြင္းဖက္သို႔ပို႔ၿပီး ေလွ်ာက္ခိုင္းသည့္ စုံတြဲမ်ားကိုလည္း စိတ္ပ်က္ဖြယ္ျမင္ေတြ႕ရႏိုင္သည္။

လမ္းေဘးေစ်းသည္မ်ားတြင္ လကုန္ရက္ျဖစ္သျဖင့္ ထီေပါက္စဥ္မ်ားကို တစ္ေစာင္ျမန္မာေငြက်ပ္ ၁၀၀ႏႈန္းျဖင့္ေရာင္းေနသည့္ သူမ်ားလည္းပါသည္။ ေပါင္ခ်ိန္စက္ေလး ေဘးတြင္ တစ္ခါခ်ိန္ ၁၀၀ ႏႈန္း ဆိုသည့္ စာ႐ြက္ေလး ခ်ထားကာ ေပါင္ခ်ိန္လို႔ရသည့္ ေနရာေလးလည္းရွိသည္။ ထိုေပါင္ခ်ိန္လို႔ရသည္ဆိုေသာ ေပါင္ခ်ိန္စက္ပိုင္ရွင္မွာ အသက္ႀကီးႀကီး အမ်ိဳးသားႀကီးတစ္ဦဒျဖစ္သည္။ ေပါင္ခ်ိန္စက္ေဘးတြင္ ဘယာေၾကာ္ႏွင့္ လက္တစ္ဆစ္ခန႔္ စမူဆာေၾကာ္ေလးမ်ားကို ေရာင္းခ်ေနသာ ကုလားဘယားေၾကာ္သည္ႀကီးရွိသည္။ ဘယာေၾကာ္သည္ႀကီးမွ ေပါင္ခ်ိန္စက္ ဦးေလးႀကီးကို စကားလွမ္းေျပာေနသည္။

"ဒီလလည္းထီမေပါက္ျပန္ဘူးဗ်ာ"

"မင္းက ထီထိုးထားလို႔လားကြ"

"ဟင္ ထီက ထိုးမွေပါက္တာလား"

"ဟ ငါ့ေကာင္ရ
ထီဝယ္မထိုးပဲနဲ႔ ဘယ္လ္ိုေပါက္မလဲကြ"

"မသိပါဘူးဗ်ာ
အစိုးရက အလွည့္က်နဲ႔မ်ား ထီေပါက္ခြင့္ေပးတာလားလို႔"

ေပါင္ခ်ိန္စက္ဦးေလးႀကီးကေတာ့ ေခါင္းတစ္ခါခါႏွင့္ ရယ္ေနေလသည္။ထိုဘယာေၾကာ္သည္ႏွင့္ မလွမ္းမကမ္းတြင္ေတာ့ အင္းဆက္အမ်ိဳးအႏြယ္ဝင္ ပုရစ္မ်ားကို ဗန္းထဲတြင္ အေမာက္ထည့္ၿပီး ေရာင္းခ်ေနသည့္ ပုရစ္ေၾကာ္သည္ မိန္းကေလးတစ္ေယာက္ကို ေတြ႕ႏိုင္သည္။ ပုရစ္ေၾကာ္တို႔သည္ ေၾကာ္ထားတာလည္း ၾကာၿပီျဖစ္သည့္အျပင္၊ အႀကိမ္အေရအတြက္မ်ားစြာ ျပန္ေၾကာ္ျခင္းခံထားရသည့္မို႔ ပုံမွန္ထက္ပိုၿပီးမည္းနက္ေနသည္။ ထိုပုရစ္ဗန္းေဘးတြင္ေတာ့ ပုရစ္မ်ားေၾကာ္ထားသည့္ ဒယ္တစ္ခုအတြင္းမွ ဆီမည္းမည္းမ်ားကို ေတြ႕ရေပမည္။ ေစ်းေရာင္းသူ အမ်ိဳးသမီးကေတာ့ ပုရစ္ေၾကာ္ဗန္းတြင္ လာအုံေနေသာ ယင္ေကာင္မ်ားကို ယပ္ေတာင္တစ္ခုျဖင့္ရမ္းၿပီး ဖယ္ရွားေနသည္။

ထိုလမ္းေဘးေစ်းသည္တို႔ႏွင့္ မ်က္ႏွာျခင္းဆိုင္တြင္ ကုန္တိုက္ႀကီးတစ္ခုရွိသည္။ ကုန္တိုက္ႀကီး၏ ေျမေအာက္ထက္သည္ အဆင့္ျမင့္ ေစ်းဝယ္စင္တာတစ္ခုျဖစ္သည္။ ႐ႊံ႕ေတြဗြက္ေတြႏွင့္ ေစ်းသို႔ သြားမဝယ္လိုသည့္ သူမ်ားႏွင့္ သြားဝယ္စရာမလိုသည့္လူတန္းစားတို႔သည္ ေလအေအးေပးစက္ဖြင့္ထားေသာ ေစ်းဝယ္စင္တာထဲတြင္ ေအးေအးလူလူ ေစ်းဝယ္ေနၾကသည္။ ထိုေစ်းဝယ္စင္တာ၏ အေပၚထပ္မ်ားတြင္ေတာ့ အဆင့္ျမင့္ ေစ်းဆိုင္ခန္းမ်ားကိုေတြ႕ရသည္။ အဝတ္ထည္ဆိုင္မ်ား၊ ဖုန္းဆိုင္မ်ား၊ အလွျပင္ဆိုင္မ်ားအျပင္ ပုဂၢလိကဘဏ္တစ္ခုလည္း ရွိသည္။ ထိုဆိုင္မ်ားအတြင္းသို႔ ေစ်းဝယ္ေနသူမ်ားထက္ အျပင္ဖက္ကေနသာ ပတ္ၾကည့္သြားသူမ်ားက မ်ားေပသည္။ ထိုကဲ့သို႔ မဝယ္ပဲ ေလွ်ာက္ပတ္ၾကည့္ျခင္းကို window shoppingထြက္ျခင္းဟု ေခၚၾကသည္။ ထိုအရာကို အမ်ိဳးသမီးငယ္မ်ားကို ဝါသနာတစ္ရပ္အေနႏွင့္ ေဆာင္႐ြက္ေလ့ရွိၾကသည္။

ကုန္တိုက္၏ ေရွ႕တြင္ ေနအရိပ္ခိုေနသူမ်ားလည္းရွိသည္။ ထိုသူမ်ားထဲတြင္ေဘာင္းဘီဝမ္းကြာတားအတိုႏွင့္ အနက္ေရာင္ ေခါင္းစြပ္ ဟူဒီအက်ႌဝတ္ထားေသာသူတစ္ေယာက္လည္းရွိသည္။ အပူခ်ိန္ ၃၅ဒီဂရီရွိေနေသာ ရန္ကုန္ၿမိဳ႕ႀကီးတြင္ မပူမေလာင္ ေခါင္းစြပ္အေႏြးထည္ဝတ္ထားေသာထိုသူသည္ အနည္းငယ္ထူးဆန္းေနေပသည္။ သူသည္ လွ်ာထိုးဦးထုပ္အနက္တစ္လုံးကိုလည္း ေဆာင္းထားၿပီး ထိုဦးထုပ္အေပၚတြင္ အက်ႌမွ ေခါင္းစြပ္ကိုပါ ထပ္ထားသည္။ အနက္ေရာင္ႏွာေခါင္းစည္းmaskတစ္ခုကိုလည္း တပ္ထားသျဖင့္ ႐ုပ္ရည္ကိုမျမင္ရ။ ေက်ာတြင္ေတာ့ အနက္ေရာင္ေက်ာပိုးအိတ္တစ္လုံးကို လြယ္ထားေသာ ထိုသူသည္ nikeတံဆိပ္ပါ အနက္ေရာင္ shoe တစ္ရံကို စီးထားသျဖင့္ တကိုယ္လုံးနက္ေမွာင္ေနသည္။

ထိုအနက္ေရာင္လူသားသည္ တစ္စုံတစ္ဦးကို ေစာင့္ေနသည့္ဟန္ရွိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ လက္ထဲမွ ဖုန္းကိုမၾကာမၾကာထုတ္ၾကည့္ၿပီး ကုန္တိုက္အဝင္ေပါက္ကိုလည္း လွမ္းလွမ္းၾကည့္ေနေသာေၾကာင့္ျဖစ္သည္။ သိပ္မၾကာခင္မွာပဲ ထိုသူသည္ အနည္းငယ္ လႈပ္ရွားသြားၿပီး လွ်ာထိုးဦးထုပ္ကို ပိုၿပီး ငိုက္က်လာေစရန္ ဆြဲခ်လိုက္သည္။ ထိုအနက္ေရာင္လူသားမမွိတ္မသုန္ၾကည့္ေနေသာ အရပ္တြင္ မိန္းကေလးႏွစ္ဦး ေလွ်ာက္လာေနသည္။ ထိုအနက္ေရာင္လူသားကဲ့သို႔ အနက္ေရာင္ ႏွာေခါင္းစည္းmaskမ်ားကိုတပ္ဆင္ထားေသာ္လည္း အဝတ္အစားမ်ားအရ အမ်ိဳးသမီးေလးမ်ားျဖစ္ေၾကာင္းသိႏိုင္သည္။ တစ္ဦးမွာ အျဖဴေရာင္ midi dressတစ္ထည္ဝတ္ဆင္ထားၿပီး၊ က်န္တစ္ဦးမွာ ဂ်င္းစကပ္အတိုတစ္ထည္ႏွင့္ တီရွပ္အက်ႌအပြကို တြဲဖက္ဝတ္ဆင္ထားသည္။ ႏွစ္ဦးစလုံးမွာ ပုံစံမတူေသာ ေက်ာပိုးအိတ္အေသးေလးမ်ားကိုလည္း လြယ္ထာသည္။ ျပင္ပပုံပန္းသ႑န္ကို ၾကည့္႐ုံျဖင့္ ေခတ္မီေသာ အမ်ိဳးသမီးေလးမ်ားျဖစ္ေၾကာင္းသိသာသည္။

ထိုအမ်ိဳးသမီးေလးႏွစ္ေယာက္သည္လည္း ဟိုၾကည့္သည္ၾကည့္ႏွင့္ တစ္စုံတစ္ရာကို ရွာေဖြေနပုံေပၚသည္။ အနက္ေရာင္လူသားသည္ ထိုအမ်ိဳးသမီးေလးႏွစ္ဦးရွိရာ ေလွ်ာက္လွမ္းလာၿပီး မ်က္ႏွာခ်င္းဆိုင္တြင္ရပ္လိုက္သည္။ ထို႔ေနာက္

"ညီမေလးတို႔က ကားစီးတာႀကိဳက္သူေတြလား၊ အသားစားတာႀကိဳက္သူေတြလား" ဟု တိုးတိုးကပ္ေမးလိုက္သည္။ ထိုအခါ အမ်ိဳးသမီးေလးႏွစ္ဦးထံမွ တစ္ေယာက္က

"ကားစီးတာလည္းႀကိဳက္တယ္
အသားလည္းစားတယ္" ဟုျပန္ေျဖလိုက္သည္။ ထိုအေျဖကို ၾကားလိုက္ရေတာ့ အနက္ေရာင္လူသားထံမွ စိတ္ခ်သြားသည့္ ဟန္ပန္ေတြ႕လိုက္ရသည္။ ဒါေပမယ့္ ထိုသူက

"passwordေျပာ" ဟု ထပ္မံေမးလိုက္သည္။ အမ်ိဳးသမီးေလးႏွစ္ေယာက္စလုံးထံမွ တစ္ၿပိဳင္နက္တည္းအသံထြက္လာသည္။

"အေမွာင္ကမာၻကို သေဘၤာႀကီး စီးသြားၾကမယ္" ဟူသတဲ့။

ထိုအခါမွ အနက္ ေရာင္လူသားသည္ သူလြယ္ထားေသာ အနက္ေရာင္ေက်ာပိုးအိတ္ကို ေရွ႕သို႔ျဖဳတ္ခ်ၿပီး တစ္စုံတစ္ခုကို ႏႈိက္ယူလိုက္သည္။ သူ႔လက္ထဲတြင္လည္း အနက္ေရာင္အထုပ္တစ္ထုပ္ပါလာသည္။ အေတာ္ေလးကို အနက္ေရာင္ႀကိဳက္သည့္သူပါလား။ထိုသူသည္ သူ႔လက္ထဲမွ အထုပ္ကို ထ္ို အမ်ိဳးသမီးေလးႏွစ္ဦးထံသို႔ ေပးရန္လက္လွမ္းလိုက္သည္။ ထိုအခ်ိန္တြင္ သူတို႔၏ ေဘးတစ္ဖက္မွ အသံတစ္သံေပၚထြက္လာသည္။

"အားလုံးလက္ေတြေျမႇာက္ထားလိုက္"

သူတို႔ သုံးေယာက္သည္ ေၾကာင္အသြားသည္။ အစပိုင္းက
"အားလုံးလက္ေတြေလထဲကိုေျမႇာက္ထားလိုက္
မင္းတို႔လက္ေတြေလထဲကိုေျမႇာက္ထားလိုက္" ဆိုေသာအဆိုေတာ္​၏ သီခ်င္းဖြင့္ေနတာ မွတ္လိုက္သည္။ဘာလုပ္လို႔ဘာကိုင္ရမလဲမသိျဖစ္ေနခ်ိန္တြင္ ခုဏက အသံပိုင္ရွင္ထံမွ ထပ္ထြက္လာသည္။

"လက္ေတြေျမႇာက္ထားလို႔ေျပာေနတယ္ေလ"

ယခုတစ္ခါတြင္ေတာ့ အသံpower အားေကာင္းလာသည့္အျပင္ high noteျဖင့္ေအာ္ေျပာလာျခင္းျဖစ္သည္။ ထိုအခါမွ သူတို႔သုံးေယာက္သည္ ေယာင္နန လက္ေတြကိုေျမႇာက္လိုက္ၿပီး အသံလားရာသို႔ ေစာင္းၾကည့္လိုက္ၾကသည္။ သူတို႔ျမင္လိုက္သည္က သူတို႔ကို လက္နက္တစ္ခုျဖင့္ခ်ိန္႐ြယ္ထားေသာ အမ်ိဳးသမီးတစ္ဦးကို ေတြ႕လိုက္ရသည္။





(Ownlish note~ ကားစီးတာ၊ အသားစားတာ နားလည္ၾကတယ္မလား😁
​question - အနက္ေရာင္လူသားသည္ မည္သူနည္း?? )

Continue Reading

You'll Also Like

5.2K 473 41
လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော...
1.2M 107K 71
This story book presented by Zawgyi and UNICODE. Zawgyi ခ်စ္ျခင္းကိုယ္စီရဲ ႔ခ်စ္ျခင္းသံစဥ္ ကိုယ္စီဖြဲ႔သီေသာ ခ်စ္ျခင္းသံစဥ္မ်ား၏အားၿပိဳင္မႈ။ UNICODE ...
181K 18.6K 46
Wattpad Author လေးနဲ့ Dentist လေးတစ်ယောက်ရဲ့ Love story❤️ ငြိမ့်ငြိမ့်လေးပဲသွားဖို့စိတ်ကူးထားပါတယ် Hope you will enjoy it✨ My Second OC Fic Started D...