ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...
By Boss_want_to_eat_you
125K 25.7K 550
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More
Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၇] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၈] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၉] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၆၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၆၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
1.5K 325 9
By Boss_want_to_eat_you
Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၆)။
လင်ခုံးလုမှာဖြစ်စဥ်ကဒီလောက်မြန်သွားလိမ့်မည်ဟုမထင်ထားမိဘဲ လေထုကိုတမင်ချိုးဖျက်လိုက်သည်။
ဘာပဲဖြစ်ဖြစ်ပါ၊ အဲ့စကားကိုဟော့ရှီစစ်ကိုယ်တိုင်ပြောခဲ့တာပဲလေ၊ သူကသူ့ကိုငြင်းဖို့ပြောလိုက်ရုံပဲ။
အရေးကြီးအရာကဒီလိုကောင်းမွန်တဲ့စကားလုံးကြောင့်မကောင်းတဲ့စိတ်တန်ဖိုးကမလျော့သွားဘူး။
"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁။"
လင်ခုံးလု: အေးပါ။
"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁၊ လက်ရှိမကောင်းတဲ့စိတ်တန်ဖိုး၉၅။"
လင်ခုံးလု: အေးပါဆိုနေမှ!
ဒီအခိုက်အတန့်၌ဟော့ရှီစစ်မျက်နှာမှာသေချာပေါက်ကိုသိပ်မကောင်းလှဘဲ အနည်းငယ်ပင်မည်းတူးသွားသည်။ သူလွန်ခဲ့သောရက်အနည်းငယ်ကိုပြန်သွားပြီး ထိုအချိန်ကသူကိုယ်တိုင်၏ပါးစပ်ကိုအပြင်းအထန်ပိတ်ပစ်ချင်လှသည်။
မင်းမကောင်းတာပြောလိုက်ရင်မင်းကိုယ်မင်းထိလိမ့်မယ်။
လင်ခုံးလုစိတ်ကောင်းဝင်နေပြီးအပြုံးတစ်ပွင့်ဆောင်လျက်ပြောလိုက်သည်။
"မာရှယ်ဒီနေ့ကောင်းကောင်းလုပ်ခဲ့တာပဲ။ ကိုယ်တော်မင်းကိုနည်းနည်းသဘောကျတယ်၊ နည်းနည်း​လေးပဲနော်။ မင်းအလုပ်ဆက်ကြိုးစားဖို့လိုတယ်။ အဆုံးမှာတော့....မင်းမှာပြစ်ချက်ရှိရင်မင်းဒုက္ခရောက်မှာပဲ။ ကိုယ်တော့်ရဲ့အခြေခံရမှတ်ကတော်တော်လေးနိမ့်တယ်။ ဒီတော့မင်းကိုယ်တော့်ကိုအရမ်းကြိုက်အောင်လုပ်မှရမှာ..."
ဟော့ရှီစစ်နားမထောင်နိုင်တော့ဘဲအံကြိတ်ကာပြောလိုက်မိသည်။
"ကျွန်တော်မလုပ်ခဲ့...."
ထိုစဥ်ဇာ့ဂျ်အစောင့်ကရုတ်တရက်အထဲဝင်လာကာတင်ပြလာသည်။
"အရှင်၊ သခင်လေးသီအန်းကတွေ့ချင်နေပါတယ်။"
လင်ခုံးလုမိန်းမောသွားရပြီးမှပြောလိုက်သည်။ "သူ့ကိုဝင်လာခိုင်းလိုက်။"
ဟော့ရှီစစ်မှာစကားပြီး​အောင်မပြောရသေးခင်ကြားဖြတ်ခံလိုက်ရသဖြင့် သူ့မျက်နှာမှာသိပ်မကောင်းပေ။
လင်ခုံးလုဆက်ပြီးအထင်လွဲသွားမှာစိုးသည့်အလား ဇာ့ဂျ်အစောင့်ပြန်ရုတ်သွားချိန်မှာ သူအလျင်စလိုအသံတိုးကာခပ်သွက်သွက်ပြောလိုက်သည်။
"ကျွန်တော့်မှာ....ပြစ်ချက်မရှိပါဘူး။"
လင်ခုံးလုအရယ်မအောင့်နိုင်တော့ဘဲအံ့အားသင့်သွားချင်ယောင်ဆောင်လိုက်သည်။
"သိပ်မကြာခင်ကောင်းသွားတော့မှာလား။"
ဟော့ရှီစစ်ကရှက်သွားပုံရကာပုံမှန်မဟုတ်စွာရှင်းပြလာသည်။
"ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်အရှင်မင်းကြီးကိုလိမ်ပြောခဲ့တာ။"
"ဘာလို့လဲ။ ကိုယ်တော်ကဆွဲဆောင်မှုမရှိလို့လား။"
လင်ခုံးလုပဟေဠိဖြစ်သွားချင်ယောင်ဆောင်လိုက်သည်။
ရှင်းနေတာပဲ၊ "လက်တုံ့ပြန်"ချိန်ရောက်လာပြီ။
ဟော့ရှီစစ်ချောင်းအသာဟမ့်ကာ:
"မဟုတ်ပါဘူး..."
လင်ခုံးလုဒါကိုမြင်တော့ဉာဏ်အလင်းပွင့်ချင်ယောင်ဆောင်လိုက်သည်။
"ကိုယ်တော်သိပြီ၊ မင်းတို့လူသားတွေကဒီအပိုင်းမှာကိုယ့်ကိုယ်ကိုမြတ်နိုးတန်ဖိုးထားကြတာပဲ။"
ဟော့ရှီစစ်: "......"
သူထပ်ရှင်းပြချင်ပေမဲ့ထိုစဥ်သီအန်းကအထဲဝင်လာသည်။
"ကျွန်တော်အရှင့်ကိုနှုတ်ခွန်းဆက်သပါတယ်။"
ဇာ့ဂျ်ထီးလေးကလင်ခုံးလုကိုမြင်သည်နှင့်ရှက်တက်တက်အရိုအသေပေးလာသည်။
ဟော့ရှီစစ်မျက်မှောင်အသာကြုတ်မိသည်။ ဒီကောင်​လေးကိုဆွဲထားတယ်မဟုတ်လား။ ဝမ်းဟောင်ယွိကဘယ်လိုလုပ်နေတာလဲ။
သီအန်းကဇာ့ဂျ်အစောင့်ထွက်သွားတာစောင့်ပြီးမှပျော်ပျော်ကြီးမေးလာသည်။
"အရှင်၊ ကျွန်တော်ကြားတာကအစ်..."
သူ"အစ်မ"ဆိုသည့်စကားလုံးကိုပြီးအောင်မပြောရသေးခင် ဟော့ရှီစစ်လည်းထိုနေရာမှာရှိနေမှန်းရုတ်ခြည်းသတိထားမိသွားတော့ သူအလွန်စိုးရိမ်ကြောက်လန့်သွားကာအလျင်စလိုစကားပြောရပ်လိုက်မိသည်။
လူသားမာရှယ်နဲ့ပုရွက်ဆိတ်မျိုးနွယ်ကကောင်ချောလေးကတကယ်ဆွေးနွေးပြီးတော့ အရှင့်ကိုအလှည့်ကျခစားနေကြတာလား။
ဒါပေမဲ့သူအခုပြောချင်တဲ့ကိစ္စကအရှင့်ရဲ့အချိန်ဇယားနဲ့ဆက်နွယ်နေပြီးတော့ အပြင်လူကြားလို့မရဘူး။
ဒါကိုတွေးမိတော့သီအန်းရှက်ရွံ့စွာမျက်မှောင်ကြုတ်လိုက်မိသည်။
လင်ခုံးလုကသူ၏စိုးရိမ်မှုကိုခန့်မှန်းမိကာအပြုံးလေးနှင့်ပြောလိုက်သည်။
"မာရှယ်ကအပြင်လူမဟုတ်ဘူး။ မင်းမှာပြောစရာတစ်ခုခုရှိရင်ပြောလို့ရတယ်။"
ဟော့ရှီစစ်မသိမသာအံ့အားသင့်သွားကာသူ့ကိုမော့ကြည့်လိုက်မိသည်။
လင်ခုံးလုကသူ့မျက်လုံးနှင့်အကြည့်ချင်းဆုံသွားတော့သူဘာတွေးနေမှန်းနားလည်သွားကာရုတ်တရက်သူညီလာခံအခမ်းပနားအတောအတွင်းမှာလုပ်ထားသည့်အသေးစားရီမုတ်လေးကိုထုတ်ပြီးတမင်လှုပ်ခါပြလိုက်ပုံမှာ ရည်ညွှန်းသည့်အလား: လျှပ်စစ်လည်ပတ်နဲ့ထိန်းချုပ်ထားတာမို့လို့ ငါမင်းကြားသွားမှာမစိုးရိမ်ဘူး။
ဟော့ရှီစစ်မျက်လွှာချကာကြိတ်ပြုံးလိုက်မိသည်။ သူလျှပ်စစ်လည်ပတ်ဆိုတဲ့ဟာကိုမချွတ်ခဲ့ရင် သူမယုံလောက်ဘူး။
သီအန်းမှာလူနှစ်ယောက်ကြားက"နက်ရှိုင်းသောအကြည့်"ကိုသတိမထားမိပေ။ လင်ခုံးလုက"ဘာမှမဖြစ်ဘူး"ဟုပြောလာတာကိုသူကြားလိုက်ရတော့ ချက်ချင်းစိတ်သက်သာရာရသွားကာအော်ပြောလိုက်မိသည်။
"ကိုကိုရှောင်လု၊ အရှင်ရှေ့တန်းကိုခဏသွားမယ်လို့ကျွန်တော့်မမဆီကကြားလိုက်ရတယ်။ ကျွန်တော်ရောလိုက်လို့ရလားဟင်? ကျွန်တော်သေချာပေါက်ပြဿနာမရှာပါဘူး၊ ကျွန်တော်ဒီရက်ပိုင်းလူသားစာအုပ်အများကြီးဖတ်ထားတာမို့ ကျွန်တော်သတင်းထောက်လုပ်လို့ရတယ်..."
ရှောင်လု? ဟော့ရှီစစ်ဒီနာမ်စားကိုရင်ထဲမှာတိတ်တခိုးရွတ်လိုက်မိသည်။
လင်ခုံးလုမျက်မှောင်ကြုတ်တာရှားပြီး သူသီအန်းလုပ်ချင်တာကိုလုပ်တာမြင်ရတာကိုပျော်ပေမဲ့....
"ကျားလိကသဘောတူမှရမယ်။"
သူကောင်းမွန်စွာပြောလိုက်သည်။
​ရှေ့တန်းကိုသွားတာကဟာသမဟုတ်ပေ၊ အထူးသဖြင့်သီအန်းကတိုက်ခိုက်ရေးစွမ်းရည်အန​ည်းငယ်သာရှိသည့်သာမန်ဇာ့ဂျ်တစ်ကောင်ဖြစ်နေသေးချိန်မှာပေါ့။
သီအန်းကဒါကိုကြားတော့သူ့မျက်နှာထားမှာရုတ်ခြည်းစိတ်ဖိစီးသွားသည်။ တွေးကြည့်ပြီးနောက်သူမနေနိုင်ဘဲလင်ခုံးလုကိုသူ့ကိုယ်စားပြောပေးရန်တောင်းဆိုလိုက်မိသည်။
သို့သော်စကားအကုန်ပြောပြီးနောက်မှာလင်ခုံးလုကသဘောမတူသဖြင့် သူစိတ်ပျက်လက်ပျက်ပြန်သွားရုံသာတတ်နိုင်သည်။
သီအန်းထွက်သွားသည်နှင့်ဟော့ရှီစစ်ကရှေ့တိုးကာသစ်ကြားသီးတစ်လုံးကောက်ကိုင်ပြီးအလွန်ရင်းနှီးကျွမ်းဝင်စွာထုခွဲကာမျက်လွှာချလျက်မေးလိုက်သည်။
"အရှင်မင်းကြီးကရှေ့တန်းကိုသွားမလို့လား။"
လင်ခုံးလုမှာဒီအကြံရှိပြီး သူဖုံးကွယ်ဖို့ရည်ရွယ်ချက်မရှိသဖြင့်ခေါင်းငြိမ့်ကာပြောလိုက်သည်။ "အင်း။"
သူ့မျက်လုံးများမည်းမှောင်သွားကာထပ်မေးလိုက်မိသည်။
"အရှင်မင်းကြီးကရှေ့တန်းကိုဘာလုပ်မလို့လဲ။"
အမှန်တော့သူမေးစရာမလိုဘဲ အန်ဒရီ၏စာချုပ်ဖောက်ဖျက်မှုနှင့်ရှေ့တန်းကရှေ့မတိုးနောက်မဆုတ်အခြေအနေနှင့်ဆက်နွယ်နေရမည်မှန်းသူခန့်မှန်းလို့ရသည်။
ဒါကိုသူထင်မှတ်ထားပြီးပြီပင်။ ဇာ့ဂျ်ဘုရင်ကသူ့ယခင်အစီအစဥ်၏တစ်စိတ်တစ်ပိုင်းအနေနှင့်ရှေ့တန်းကိုသွားလိမ့်မည်မှန်းပြောလို့ပင်ရသည်။
ဒါပေမဲ့ဒီအရပ်မှာကိစ္စကိုဦးဆောင်မသွားခင် တစ်ဖက်လူဇာ့ဂျ်ဂြိုဟ်ကထွက်သွားချိန်မှာသူဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိတို့ထွက်ပြေးလွတ်မြောက်ဖို့အတွက်စီစဥ်ပေးခဲ့ချင်သည်။
အရင်ဘဝကသူတို့ဇာ့ဂျ်ဂြိုဟ်မှအောင်မြင်စွာထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း သူတို့အင်ပါယာ၏ကြယ်လွင်ပြင်နယ်စပ်ကိုပြန်သွားချိန်မှာ သူတို့ကိုအန်ဒရီလွှတ်လိုက်သည့်လူများကပိတ်ပင်ကာလုပ်ကြံလာခဲ့သည်။ အဆုံးသတ်မှာဝမ်းဟောင်ယွိပျောက်သွားပြီး သူ၏သေရေးရှင်ရေးကိုမသိရဘဲ ဟဲ့ရှောင်းမှာလည်းမသန်မစွမ်းဖြစ်လာသည်။
ထိုအချိန်ကထွက်ပြေးလွတ်မြောက်မှုတန်ဖိုးမှာတအားမြင့်မားခဲ့သဖြင့် သူပြန်မွေးဖွားလာခါစအချိန်မှာ သူပိုအန္တရာယ်ကင်းသောနည်းလမ်းကိုရှာရန်ဆုံးဖြတ်ခဲ့သည်။
သို့သော်ဇာ့ဂျ်ဘုရင်ကချောင်းအာဖြစ်နေမှန်းမသိခဲ့တော့သူ့မှာသူနှင့်ပူးပေါင်းဖို့ရည်ရွယ်ချက်မရှိခဲ့ပေ။
အခုသူသိသွားပြီဆိုတော့သူတစ်ဖက်လူကိုရှေ့တန်းကိုတကယ်မသွားစေချင်ပေ။
သူဇာ့ဂျ်ဘုရင်ရှေ့တန်းကိုသွားရသည့်ရည်ရွယ်ချက်ကိုတကယ်ခန့်မှန်းကြည့်နိုင်သည်။ တိုက်ပွဲကိုကြီးကြပ်ပြီး ဇာ့ဂျ်တပ်၏စိတ်ဓာတ်ကိုမြှင့်တင်ပေးကာ စာချုပ်ဖျက်ခဲ့သည့်အန်ဒရီကိုရှင်းပစ်ဖို့ထက်မပို...
ခြုံပြောရရင်နှစ်ဖက်မျိုးနွယ်ကြားကဆက်ဆံရေးမှာနောက်ပိုင်းပိုမိုတင်းမာသွားဖို့များသည်။ ဒါကသူလိုချင်တဲ့အရာဖြစ်သည်။ ပူးပေါင်းဖို့မျှော်လင့်တာကမျှော်လင့်ချက်နှင့်ဆန့်ကျင်ဘက်ပင်။
"အရှင်မင်းကြီးကရှေ့တန်းကိုသွားပြီးတော့တိုက်ပွဲကိုကိုယ်တိုင်ကြီးကြပ်ဖို့စီစဥ်ထားတာလား။"
လင်ခုံးလုအဖြေနှေးနေတာမြင်တော့ သူထပ်မေးလိုက်သည်။
ထိုစဥ်လင်ခုံးလုကရယ်မောကာသူ့ကိုကြည့်ပြီးပြောလိုက်သည်။
"မာရှယ်၊ ဒါကစစ်တပ်အခြေအနေကိုထောက်လှမ်းတာပဲနော်။ ကိုယ်တော်မ..."
ဟော့ရှီစစ်ကရုတ်တရက်လတ်လတ်ဆတ်ဆတ်ထုခွာထားသည့်သစ်ကြားသီးကိုသူ့နှုတ်ခမ်းနားကပ်ပေးလိုက်သည်။
လင်ခုံးလုစကားအလယ်မှာ သူ့နှုတ်ခမ်းများမပိတ်သွားခင် သစ်ကြားသီးကသူ့ပါးစပ်ထဲရောက်သွားပြီး တစ်ဖက်လူ၏လက်ချောင်းထိပ်များကသူ့နှုတ်ခမ်းကိုအသာပွတ်သပ်သွားပုံပင်။
ဟော့ရှီစစ်၏မျက်လုံးများနက်မှောင်သွားပြီး သူ့လက်ချောင်းထိပ်များကိုအလိုလိုပွတ်သပ်မိလိုက်ပုံမှာ ခုနကနူးညံ့သောအထိအတွေ့ကိုပြန်တွေးနေသည့်အလား။
လင်ခုံးလုမိန်းမောသွားရပြီးမှစတင်ဝါးစားလိုက်ပြီး မနေနိုင်ဘဲမျက်လုံးများမှေးစင်းလိုက်မိသည်။
ငန်ပြီးတော့အရသာရှိတယ်၊ အရမ်းကောင်းချက်ပဲ။
သူသဘောကျသွားသည့်မျက်နှာထားကိုမြင်တော့ဟော့ရှီစစ်အလိုလိုပြုံးလိုက်မိကာမေးလိုက်သည်။
"အရှင်မင်းကြီးကျွန်တော့်ကိုပိုကြိုက်လာပြီလား။"
လင်ခုံးလုမျက်လုံးမှေးစင်းလျက်ခေါင်းငြိမ့်ကာဒီတိုင်းပြောလိုက်သည်။
"အင်း။"
"ဘယ်လောက်လဲ။" ဟော့ရှီစစ်ကမေးသည်။
လင်ခုံးလု: "အဟမ်း၊ နည်းနည်းလေးပဲ။"
သူပြောပြီးသည်နှင့်ဟော့ရှီစစ်ကနောက်တစ်လုံးထုခွဲကာသူ့ကိုခွံ့ပေးလာသည်။
လင်ခုံးလု: "......"
စားတာများသွားရင်ဒေါသထွက်သွားနိုင်လောက်ရုံပဲ။
တစ်မနက်လုံးမာရှယ်ကိုသူ့ကို"ခစား"ခိုင်းပြီးနောက် လင်ခုံးလုနောက်ဆုံးမှာသူ့အပေါ်သူ့အချစ်ကိုပိုဖော်ပြပြီးရက်ရောစွာပြောပြလိုက်သည်။
"ကိုယ်တော်ရှေ့တန်းကိုသွားပြီးတော့စာချုပ်ဖျက်ခဲ့တဲ့အန်ဒရီကိုသွားရှင်းမှာ။"
ဟော့ရှီစစ်တွေးလိုက်မိသည်: သေချာတာပေါ့။
သူတွေးကြည့်ပြီးမှထပ်ပြောလိုက်သည်ါ
"အန်ဒရီသာအင်ပါယာရဲ့ဧကရာဇ်မဟုတ်တော့ရင် ဒီကိစ္စကဇာ့ဂျ်နဲ့အင်ပါယာကြားကစစ်ပြေငြိမ်းမှုနဲ့ပူးပေါင်းမှုအပေါ်သက်ရောက်မှုမရှိဘူးမလား။"
သူဘုရင်အိုကြီးကိုနန်းချဖို့စီစဥ်ထားတာကိုလင်ခုံးလုမအံ့သြပေမဲ့မျက်နှာပေါ်မှာတော့အံ့အားသင့်မှုဖော်ပြလိုက်ပြီး တွေးကြည့်ပြီးမှပြောလိုက်သည်။
"ကိုယ်တော်မင်းကိုပိုကြိုက်လာတဲ့အချိန်ကျမှပြောတာပေါ့။"
ဟော့ရှီစစ်နင့်နင့်နဲနဲတွေးလိုက်မိသည်။ ကြည့်ရတာတော့သူအလျင်လိုမှရမဲ့ပုံပဲ၊ သူ့ကိုယ်သူအတွက်ဖြစ်ဖြစ် အင်ပါယာအတွက်ပဲဖြစ်ဖြစ်ပေါ့။
*
နေ့လယ်ခင်းတွင်လင်ခုံးလုသူ့မှာကျင်းပစရာအစည်းအဝေးရှိမှန်းသတိရသွားပြီးနောက်ဆုံးမှာဟော့ရှီစစ်ကိုပြန်ခိုင်းလိုက်သည်။
သူအစည်းအဝေးအခန်းကိုရောက်သွားချိန်မှာ သူအဓိကအချက်ကိုတန်းသွားပြီး
ကျားလိနှင့်အခြားဗိုလ်ချုပ်များကိုပြောလိုက်သည်။
"ကိုယ်တော်ရှေ့တန်းကိုသွားဖို့အတွက်စီစဥ်လိုက်တော့။ ပြီးတော့ကိုယ်တော်တို့အင်ပါယာနဲ့ငြိမ်းချမ်းရေးယူဖို့အတွက်တပ်ကိုလွှတ်လိုက်လို့ရပြီ။"
ကျားလိကအံ့သြသွားကာဆိုလာသည်။
"လူသားမာရှယ်ကသဘောတူလိုက်ပြီလား။"
လင်ခုံးလု: "....."
သူပါးစပ်မဟရသေးခင် တစ်ဖက်လူကအရင်ပြောသွားပြီ၊ သိပ်ကောင်းတယ်!
*
အခြားတစ်ဖက်၌ဟော့ရှီစစ်ကဘေးခန်းမကိုပြန်ရောက်တော့ ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိကိုခေါ်လိုက်သည်။ သူမျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"အခုအရေးကြီးကိစ္စတစ်ခုရှိနေပြီ။ ငါမင်းတို့အကူအညီလိုတယ်။ အတူဖြေရှင်းနည်းစဥ်းစားတာပေါ့။"
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာလေးနက်သောမျက်နှာထားနှင့်ချက်ချင်းမတ်မတ်ထိုင်ကာတွေးလိုက်မိသည်: မာရှယ်ဒီလောက်လေးနက်နေတာဆိုတော့ကိစ္စကအရေးကြီးရမယ်။ ဇာ့ဂျ်အရေးလား။ ဒါမှမဟုတ်အာကာသတပ်ဖွဲ့ကလား။ ဒါမှမဟုတ်...
သူတို့တွေးလို့မပြီးသေးခင်ဟော့ရှီစစ်ကမေးလာသည်။
"ဇာ့ဂျ်ဘုရင်ကိုသုံးရက်အတွင်းလိုက်လို့ရနိုင်မဲ့နည်းလမ်းရှိမယ်ထင်လား။"
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိ: "???"
ဘာလဲဒါက? အရေးကြီးကိစ္စဆို?
ဟော့ရှီစစ်ကသူတို့အတွေးကိုမြင်သွားကာချောင်းအသာဟမ့်လျက်:
"ဒါက...ကိုယ်ရေးကိုယ်တာကိစ္စဆိုပေမဲ့အင်ပါယာအရေးနဲ့လည်းသက်ဆိုင်တယ်။ ခြုံပြောရရင်အရမ်းအရေးကြီးတယ်။ အတူဖြေရှင်းနည်းရှာကြတာပေါ့။"
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိ: "....."
ဒါကဘာလို့အရှက်မရှိပုံပေါက်နေတာလဲ။
ဆောရီး၊ သူတို့သေချာပေါက်မာရှယ့်ကိုမကန့်ကွက်ပါဘူး။ ဒီတိုင်းသူတို့ကိစ္စကိုဆွေးနွေးပြီးတော့ကိုယ်ရေးကိုယ်တာစီစဥ်မှုလုပ်နေတာရယ်။ ဘယ်လိုလုပ်ပြီးအင်ပါယာအရေးကိုသက်ရောက်မှာ...ဟစ်၊ မာရှယ်ကဇာ့ဂျ်ဘုရင်ကိုလက်ထပ်ချင်နေတာလား။
အဲ့ဒါကတကယ့်ကိုအင်ပါယာအရေးပဲ။
ဟဲ့ရှောင်းရုတ်ခြည်းသဘောပေါက်သွားကာချက်ချင်းလေးနက်လာသည်။ အကြာကြီးတွေးကြည့်ပြီးမှသူပြောလိုက်သည်။
"အချိန်သိပ်မရှိဘူး၊ ငါတို့ထမင်းမကျက်ခင်စားရုံပဲတတ်နိုင်တယ်။"
ဟော့ရှီစစ်: "......"
"ဒါအလုပ်မဖြစ်ဘူး။"
သူမျက်မှောင်ကြုတ်ကာချက်ချင်းငြင်းပယ်လိုက်သည်။
ဟဲ့ရှောင်းအံ့သြသွားကာပြောလိုက်မိသည်။
"ဘာဖြစ်လို့လဲ။ ဇာ့ဂျ်ဘုရင်ကလည်းမင်းကိုစိတ်ဝင်စားနေတာလေ။ အတင်းရောင်းတာမှမဟုတ်တာ။ ဒါပေါ့၊ မင်းအာရုံစိုက်ဖို့လိုတာတစ်ခုရှိတယ်။ လောင်ဟော့၊ မင်းဓားခုတ်ကောင်မျိုးနွယ်ရဲ့မိတ်လိုက်အကကိုလေ့လာသင်ယူရမယ်။ အချိန်ကျလာရင်အနောက်ကချဥ်းကပ်ပြီးတော့..."
"မဖြစ်ဘူး။" သူပြောလို့မပြီးသေးခင်ဟော့ရှီစစ်မည်းမှောင်သောမျက်နှာနှင့်ဖြတ်ပြောလိုက်သည်။
သူသာမပြောလာရင်အဲ့အကြောင်းမေ့သွားမှာ။ သူရှင်းပြတုန်းကသီအန်းကြားဖြတ်တာခံလိုက်ရတော့ ဇာ့ဂျ်ဘုရင်ရဲ့အထင်လွဲမှုကိုမရှင်းရသေးဘူး။
ဒါကိုမြင်တော့ဟဲ့ရှောင်းတစ်အောင့်ကြာတွေးကြည့်လိုက်ပြီးနောက်အကြံတစ်ခုရလာသည်။
"သူရဲကောင်းကအလှလေးကိုကယ်တင်တာဆိုရင်ကော? ဒါပေမဲ့အခွင့်ရေးရှိမဲ့ပုံမပေါ်ဘူး။"
ဇာ့ဂျ်ဘုရင်ကအရမ်းစွမ်းအားကြီးတော့ အလှလေးကသူရဲကောင်းကိုကယ်တင်တာဖြစ်သွားမှာ။
"မိတ်လိုက်အကကပြီးတော့ ပန်းပေးပြီးအချစ်ကိုဖော်ပြပြီးတော့ စားစရာလုပ်..."
ရလဒ်အနေနှင့်လူသုံးယောက်မှာတစ်နေ့လယ်ခင်းလုံးတွေးကြည့်ပေမဲ့သင့်တော်သောအ​ခြေအနေတစ်ခုမှရမလာပေ။
သို့သော်လည်းဟော့ရှီစစ်လင်ခုံးလုဆီလာသည့်အရေအတွက်မှာမြင်နိုင်လောက်အောင်စတင်မြင့်တက်လာပြီး အချိန်မှာပိုမိုရှည်ကြာသထက်ရှည်ကြာလာသည်။ ဒီကာလအတောအတွင်းမှာ သူအခွင့်အရေးတိုင်းကိုအသုံးချပြီး ဇာ့ဂျ်နှင့်အင်ပါယာကြားကပူးပေါင်းမှု၏အကျိုးကိုလင်ခုံးလုကိုရှင်းပြတတ်သည်။
လင်ခုံးလု၏နားရွက်များမှာကြားပါများတော့ထုံလာသည်။ နောက်ဆုံးတွင်နှစ်ရက်အကြာမှာအချိန်ရောက်ပြီဟုသူခံစားလိုက်ရသည်။ သူစိတ်လျှော့ချင်ယောင်ဆောင်ကာပြောလိုက်သည်။
"မင်းပြောတာမှန်တယ်။ ကိုယ်တော်ဒီနေ့မင်းကိုနည်းနည်းပိုကြိုက်သလိုပဲ။ ဒီတော့ကိုယ်တော်မင်းနဲ့ပူးပေါင်းဖို့စဥ်းစားပေးမယ်။"
ဟော့ရှီစစ်သက်မချလိုက်မိပြီးပြန်ရောက်ပြီးနောက် သူဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိနှင့်ဆွေးနွေးသည်။
သို့သော်မထင်မှတ်ဘဲလင်ခုံးလုကပူးပေါင်းဖို့သဘောတူလိုက်သည်နှင့် သူကဘုရင်အိုကြီးအန်ဒရီကိုအမြှောက်နှင့်စပစ်ပြီး တာ့ဂလက်စီပေါ်ကဇာ့ဂျ်တိုက်ခိုက်မှုကဘုရင်အိုကြီး၏ဖိတ်ကြားမှုဟုဆိုလေသည်။
ဘုရင်အိုကြီးကမာရှယ်ဟော့ရှီစစ်ကိုကူဖယ်ရှားပေးရင်တာ့ဂလက်စီအနားကကြယ်လွင်ပြင်သုံးခုကိုဇာ့ဂျ်ဆီပေးမည်ဟုဇာ့ဂျ်ကိုကတိပေးခဲ့သည်။ သို့သော်ကိစ္စပြီးမြောက်သွားပြီးနောက် ဘုရင်အိုကြီးကအရှက်မဲ့စွာစာချုပ်ဖောက်ဖျက်ခဲ့ပြီး ၎င်းမှာအလွန်ယုတ်မာကောက်ကျစ်လှသည်။
ကံကောင်းချင်တော့လူသားများနှင့်ရှည်ကြာသောကိစ္စများအတောအတွင်းမှာ သူတို့ဇာ့ဂျ်တပ်ကလည်းပိုမိုသတိထားခဲ့ပြီး မာရှယ်ဟော့ရှီစစ်ကိုမသတ်ခဲ့ပေ။
ဇာ့ဂျ်မျိုးနွယ်စု၏ကြီးမြတ်သောဘုရင်လင်.မိဖေစစ်.လုကမာရှယ်ဟောရှီစစ်ကိုအတော်လေးလေးစားပြီး သူ့ကိုဇာ့ဂျ်ဂြိုဟ်ကိုလာလည်ရန်ဖိတ်ကြားခဲ့သည်။
သူ၏လည်ပတ်မှုအတွင်းမှာ မာရှယ်ကဇာ့ဂ်ျဂြုဟ်၏ဓလေ့ထုံးတမ်းကိုအပြည့်အဝနားလည်သွားပြီး ယခင်ကရန်လိုမှုမှာကောက်ကျစ်သောဗီလိန်အန်ဒရီကြောင့်ဖြစ်ခဲ့မှန်းသိသွားခဲ့သည်။ သူကကြီးမြတ်သောဇာ့ဂျ်အရှင်နှင့်ပြန်လည်သင့်မြတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ပူးပေါင်းမှု၏အစပိုင်းကိုရောက်နေပြီဖြစ်သည်။
ထို့အပြင်မာရှယ်ဟာလည်းဇာ့ဂျ်ဘုရင်ပုရွက်ဆိတ်မျိုးနွယ်နှင့်တွေ့ဆုံသည့်အခမ်းအနားကိုတက်ရောက်ရန်ဖိတ်ကြားခံခဲ့ရပြီး သူဟာပျော်ရွှင်စွာဆွေးနွေးကာစစ်ရေးလေ့ကျင့်မှုမှာဇာ့ဂျ်စစ်သည်များနှင့်ရင်းနှီးစွာယှဥ်ပြိုင်ဖလှယ်ခဲ့သည်....
သတင်းဟာဟော့ရှီစစ်ကညီလာခံအခမ်းအနားမှာချက်စတာကိုပက်ပက်စက်စက်ရိုက်နှက်ခဲ့သည့်ပုံနှင့်အတူတက်လာသည်။
သတင်းဖတ်ပြီးနောက်ချက်စတာမျက်မှောင်ကြုတ်မိသည်: ဘယ်သူဓာတ်ပုံရိုက်ပြီးစာမူကိုရေးခဲ့တာလဲ။ ဒါကယဥ်ကျေးတာလား။
သတင်းဖတ်ခဲ့သည့်ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာလည်း: ကံကောင်းချင်တော့အဲ့တုန်းကမာရှယ်ဒဏ်ရာရထားပေလို့ပဲ၊ မဟုတ်လို့ကတော့ဒီမြင်ကွင်းထုတ်လွှင့်ချိန်မှာနည်းနည်းအနိုင်ကျင့်ပုံပေါက်သွားမှာ။
ဒါပေမဲ့...
"ဒီစာမူကိုသီအန်းရေးခဲ့တာလား။"
ဟဲ့ရှောင်းကအံ့သြတကြီးဆိုသည်။
ဝမ်းဟောင်ယွိ: "ဟုတ်လောက်မယ်။ သူကျွန်တော့်ဆီလာပြီးတော့သဒ္ဒါအထားအသိုလာမေးသွားသေးတယ်။"
သတင်းဖတ်ပြီးနောက်ဟော့ရှီစစ်တိတ်ကျသွားသည်။ ဇာ့ဂျ်ဘုရင်ကပူးပေါင်းဖို့စီစဥ်ထားပြီးပြီမှန်းသူရုတ်ခြည်းသဘောပေါက်သွားသည်။ မဟုတ်လို့ကတော့ဒီလောက်ကောင်းကောင်းပြင်ဆင်ထားမှာမဟုတ်ဘူး။
ဒီတော့ဒီရက်တွေမှာတစ်ဖက်လူကသူ့ကိုငါးမျှားနေခဲ့တာပေါ့?
_____
လင်ခုံးလု: အေးပါ။
"ကျွန်တော်မလုပ်ခဲ့...."
ထိုစဉ်ဇာ့ဂ်ျအစောင့်ကရုတ်တရက်အထဲဝင်လာကာတင်ပြလာသည်။
လင်ခုံးလုဆက်ပြီးအထင်လွဲသွားမှာစိုးသည့်အလား ဇာ့ဂ်ျအစောင့်ပြန်ရုတ်သွားချိန်မှာ သူအလျင်စလိုအသံတိုးကာခပ်သွက်သွက်ပြောလိုက်သည်။
"မဟုတ်ပါဘူး..."
ဟော့ရှီစစ်: "......"
ဇာ့ဂ်ျထီးလေးကလင်ခုံးလုကိုမြင်သည်နှင့်ရှက်တက်တက်အရိုအသေပေးလာသည်။
သီအန်းကဇာ့ဂ်ျအစောင့်ထွက်သွားတာစောင့်ပြီးမှပျော်ပျော်ကြီးမေးလာသည်။
"ကျားလိကသဘောတူမှရမယ်။"
ရှေ့တန်းကိုသွားတာကဟာသမဟုတ်ပေ၊ အထူးသဖြင့်သီအန်းကတိုက်ခိုက်ရေးစွမ်းရည်အနည်းငယ်သာရှိသည့်သာမန်ဇာ့ဂ်ျတစ်ကောင်ဖြစ်နေသေးချိန်မှာပေါ့။
 "အင်း။"
"ဘယ်လောက်လဲ။" ဟော့ရှီစစ်ကမေးသည်။
လင်ခုံးလု: "......"
"အန်ဒရီသာအင်ပါယာရဲ့ဧကရာဇ်မဟုတ်တော့ရင် ဒီကိစ္စကဇာ့ဂ်ျနဲ့အင်ပါယာကြားကစစ်ပြေငြိမ်းမှုနဲ့ပူးပေါင်းမှုအပေါ်သက်ရောက်မှုမရှိဘူးမလား။"
*
လင်ခုံးလု: "....."
*
"ဇာ့ဂ်ျဘုရင်ကိုသုံးရက်အတွင်းလိုက်လို့ရနိုင်မဲ့နည်းလမ်းရှိမယ်ထင်လား။"
ဟော့ရှီစစ်: "......"
"ဒါအလုပ်မဖြစ်ဘူး။"
ဇာ့ဂ်ျဘုရင်ကအရမ်းစွမ်းအားကြီးတော့ အလှလေးကသူရဲကောင်းကိုကယ်တင်တာဖြစ်သွားမှာ။
သို့သော်မထင်မှတ်ဘဲလင်ခုံးလုကပူးပေါင်းဖို့သဘောတူလိုက်သည်နှင့် သူကဘုရင်အိုကြီးအန်ဒရီကိုအမြှောက်နှင့်စပစ်ပြီး တာ့ဂလက်စီပေါ်ကဇာ့ဂ်ျတိုက်ခိုက်မှုကဘုရင်အိုကြီး၏ဖိတ်ကြားမှုဟုဆိုလေသည်။
ကံကောင်းချင်တော့လူသားများနှင့်ရှည်ကြာသောကိစ္စများအတောအတွင်းမှာ သူတို့ဇာ့ဂ်ျတပ်ကလည်းပိုမိုသတိထားခဲ့ပြီး မာရှယ်ဟော့ရှီစစ်ကိုမသတ်ခဲ့ပေ။
ဇာ့ဂ်ျမျိုးနွယ်စု၏ကြီးမြတ်သောဘုရင်လင်.မိဖေစစ်.လုကမာရှယ်ဟောရှီစစ်ကိုအတော်လေးလေးစားပြီး သူ့ကိုဇာ့ဂ်ျဂြိုဟ်ကိုလာလည်ရန်ဖိတ်ကြားခဲ့သည်။
ထို့အပြင်မာရှယ်ဟာလည်းဇာ့ဂ်ျဘုရင်ပုရွက်ဆိတ်မျိုးနွယ်နှင့်တွေ့ဆုံသည့်အခမ်းအနားကိုတက်ရောက်ရန်ဖိတ်ကြားခံခဲ့ရပြီး သူဟာပျော်ရွှင်စွာဆွေးနွေးကာစစ်ရေးလေ့ကျင့်မှုမှာဇာ့ဂ်ျစစ်သည်များနှင့်ရင်းနှီးစွာယှဉ်ပြိုင်ဖလှယ်ခဲ့သည်....
ဒါပေမဲ့...
_____
Continue Reading
You'll Also Like
2.6K 320 18
A tree spirit(completed) author. :Jiu Ye Loves Jello ~ genres. :Fantasy-Romance-Shounen ai-Supernatural-Webtoon...
65.9K 2.5K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
154K 22.5K 111
This story is just a fan translation. Crd to the original owner.
125K 25.7K 77
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့