ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...
By Boss_want_to_eat_you
115K 24.1K 512
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More
Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
1.5K 341 10
By Boss_want_to_eat_you
Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၅)။
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာဟော့ရှီစစ်နောက်နေသည်ဟုထင်လိုက်ပေမဲ့သူတို့မော့ကြည့်မိတော့တစ်ဖက်လူကလေးနက်နေပုံရတာကိုမြင်လိုက်ရချိန်နောက်နေတာမဟုတ်မှန်းသိလိုက်ရသည်။
"မာရှယ်ပြောတာက...သီအန်းဇာ့ဂျ်ဘုရင်မနဲ့ခဏလောက်မတွေ့နိုင်အောင်နည်းလမ်းတစ်ခုရှာခိုင်းတာလား။"
ဟဲ့ရှောင်းမနေနိုင်ဘဲထပ်မေးလိုက်မိပြီး နောက်နေတာမဟုတ်ရင်သူနားကြားမှားတာဖြစ်ရမည်ဟုတွေးလိုက်မိသည်။
မထင်မှတ်ဘဲဟော့ရှီစစ်ကခေါင်းငြိမ့်ပြရုံတင်သာမကချောင်းအသာဟမ့်ကာထပ်ပေါင်းဆိုလာသည်။
"အနာဂတ်မှာသူ့ကိုထပ်မမြင်ရရင်အကောင်းဆုံးပဲ။"
အနည်းဆုံးတော့သူဇာ့ဂျ်ဘုရင်ကိုရပြီးတဲ့အထိပေါ့။
ဟဲ့ရှောင်းမနေနိုင်ဘဲပင့်သက်ရှိုက်လိုက်မိပြီးခေါင်းလှည့်ကာဝမ်းဟောင်ယွိကိုကြည့်မိတော့သူ့မျက်လုံးများမှာဇဝေဇဝါဖြစ်မှုအပြည့်ပင်။
"မာရှယ့်မှာ....အထူးအစီအစဥ်တစ်ခုခုရှိလို့လား။"
သူမနေနိုင်ဘဲမေးလိုက်မိသည်။
နောက်နေတာမဟုတ်တဲ့အပြင်သူနားကြားမှားတာပါမဟုတ်ဘူးဆိုတော့ မာရှယ့်လှုပ်ရှားမှုမှာနက်ရှိုင်းတဲ့အဓိပ္ပါယ်ရှိရမယ်။ ဇာ့ဂျ်နဲ့တိုက်ပွဲဂိမ်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လောက်မယ်။ သူနှင့်ဝမ်းဟောင်ယွိကစည်းမျဥ်းကိုနားလည်ဖို့တအားနုသေးတယ်။
သို့သော်လည်းဒီတစ်ခေါက်မှာတော့ဟော့ရှီစစ်ကခေါင်းခါလိုက်ပြီးမှခေါင်းငြိမ့်ပြန်ကာအလေးအနက်ဆိုလာသည်။
"အဓိကအကြောင်းရင်းက....မင်းတို့မရီးကိုလိုက်ဖို့ပဲ။"
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိ: "???"
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ဇဝေဇဝါဖြစ်စွာကြည့်လိုက်မိသည်။
မ မရီး? မရီးကဘယ်သူတုန်း?
ဟဲ့ရှောင်းကအရင်ဆုံးအသိပြန်ဝင်လာကာအလိုလို​​ပြောလိုက်မိသည်။
"အာ၊ ဗိုလ်ကြီးဝမ်းမှာနည်းလမ်းရှိတယ်။ ဗိုလ်ကြီးဝမ်းကိုလုပ်ခိုင်းလိုက်။"
"ကျွန်တော်က?"
ဝမ်းဟောင်ယွိအံ့အားသင့်သွားပုံပင်။
"ဟုတ်တယ်လေ၊ မင်းမှာအဲ့ဇာ့ဂျ်လေးနဲ့စကားကောင်းကောင်းပြောဖူးတယ်မဟုတ်လား။ သူကမင်းလုပ်တဲ့ကိတ်ကိုတကယ်ကြိုက်တယ်၊ မင်းဒီမနက်ထပ်လုပ်တဲ့ကိတ်မုန့်ယူပြီးသူ့ကိုလာဘ်ထိုးလိုက်ပေါ့။"
ဝမ်းဟောင်ယွိ: "....."
ထိုစဥ်ဟော့ရှီစစ်ကလည်းသူ့ကိုကြည့်လာသည်။
သူ့မှာရွေးချယ်စရာမရှိဘဲအံကြိတ်ကာပြောလိုက်ရသည်။
"အင်း၊ ဒါဆိုကျွန်တော်ကြိုးစားကြည့်ပါ့မယ်။"
ကံကောင်းချင်တော့သီအန်းကလင်ခုံးလုကိုတွေ့ချင်တယ်ဟုပြောပေမဲ့အမှန်တော့သူပျင်းစရာနိုင်ငံရေးကိစ္စများကိုလုံးဝနားမထောင်ချင်သဖြင့် ဒီအချိန်တွင်အနီးအနားမှာလျှောက်သွားလို့နေသည်။
ဝမ်းဟောင်ယွိမှာပူပူနွေးနွေးကိတ်မုန့်ကိုင်လျက်သားနှင့် ခဏကြာတော့သူ့ကိုရှာတွေ့သွားသည်။ သူချောင်းအသာဟမ့်ကာမေးလိုက်သည်။
"သီအန်းလူကြီးမင်း၊ ကိတ်မုန့်စားချင်လား။"
သီအန်း၏မျက်လုံးများတောက်ပသွားသည်။ သူကယဥ်ကျေးစွာယူလိုက်ပြီးစားနေတုန်းမှာ အနီးနားတွင်လျှောက်သွားနေရသည့်အကြောင်းကိုရှင်းပြလာသည်။
"ငါအရှင့်ကိုသွားတွေ့ချင်တာဆိုပေမဲ့မင်းတို့မာရှယ်ကမင်းကိုဒီနည်းလမ်းသုံးပြီးငါ့ကိုပထုတ်ခိုင်းလိုက်တာပဲ။"
သူကဒီတိုင်း​ပြောလိုက်တာဆိုပေမဲ့မှန်သွားသည်။
ဝမ်းဟောင်ယွိအပြစ်ရှိစိတ်ခံစားလိုက်ရပြီး သူတို့မာရှယ်ကိုယ်စားရှင်းပြဖို့အရှက်မရှိတော့ပေ။ ဒီဇာ့ဂျ်လေးပိုစားနိုင်ဖို့သူမျှော်လင့်မိသည်။ ဗိုက်ပြည့်သွားရင်နေရာတစ်ခုရှာအိပ်သွားပြီး ဇာ့ဂျ်ဘုရင်ကိုဘယ်တော့မှသွားမတွေ့ရင်အကောင်းဆုံးပင်။
ဟော့ရှီစစ်ကသူသီအန်းကိုတကယ်ဆွဲထားနိုင်တာမြင်တော့တော်တော်လေးကျေနပ်သွားသည်။
အချစ်ပြိုင်ဘက်တစ်ယောက်ကိုရှင်းထုတ်ပြီးနောက် သူအနောက်လှည့်ကာဇာ့ဂျ်ဘုရင်နန်းတော်ဆီလျှောက်သွားပြီးနောက်တစ်ယောက်ကိုရှင်းပစ်ဖို့ပြင်ဆင်လိုက်သည်။
*
ခမ်းနားကြီးကျယ်သောနန်းတော်စားသောက်ခန်းထဲတွင် လင်ခုံးလုကအစီအစဥ်ကိုအခုပဲဖတ်ပြီးသွားကာချက်စတာ့ကိုမေးခွန်းအနည်းငယ်ပိုမေးလိုက်သည်။ တစ်ဖက်လူကကျွမ်းကျင်စွာဖြေလာတာမြင်တော့ သူအံ့အားသင့်ကာကျေနပ်သွားပြီး နောက်ဆုံးမှာတစ်ဖက်လူကိုသုံးဖို့ကြိုဆုံးဖြတ်လိုက်သည်။
သို့သော်လည်းချက်စတာမှာအစွမ်းအစရှိလောက်ပေမဲ့သူ၏သစ္စာရှိမှုကိုတော့စမ်းသပ်ကြည့်ဖို့လိုသေးသည်။
သူတွေးကြည့်လိုက်ပြီးမှပြောလိုက်သည်။
"မင်းကနဂိုကပုရွက်ဆိတ်စစ်တပ်ရဲ့အဓိကပဲ။ မင်းတော်ဝင်မြို့တော်မှာနေဖို့စီစဥ်ထားရင် မင်းနန်းတွင်းအစောင့်ထဲမှာရာထူးတစ်ခုအရင်ယူထားလို့ရတယ်။"
အစောင့်များမှာဇာ့ဂျ်ဘုရင်၏လူယုံများဖြစ်သည်။ သူတို့ဟာဇာ့ဂျ်ဘုရင်၏လုံခြုံရေးကိုကာကွယ်ရုံတင်သာမက ဇာ့ဂျ်ဘုရင်အတွက်လျို့ဝှက်မစ်ရှစ်တချို့ကိုပါထမ်းဆောင်ပေးရတတ်သည်။
ချက်စတာ့ကိုအစောင့်ထဲမှာနေရာချထားတာကသူ့အရည်အချင်းကိုသွေးရုံတင်သာမကသူ့သစ္စာရှိမှုကိုပါစမ်းသပ်လိုက်ခြင်းပင်။
ချက်စတာ့မှာဒီရာထူး၏အရေးပါမှုကိုသိသိသာသာနားလည်သဖြင့် သူ့ပါးများမှာစိတ်လှုပ်ရှားမှုနှင့်ရဲတက်လာကာ သူဟင်းပန်းကန်များကိုခွဲပစ်လုမတတ်ဖြစ်သွားရသည်။
လင်ခုံးလုရွေးချယ်စရာမရှိဘဲပြောလိုက်ရသည်။
"မင်းဒီလောက်တောင်မပြတ်သားတာကို အရင်တုန်းကစစ်တပ်ကိုဘယ်လိုစီမံခဲ့လဲ။"
အဆုံးမှာတော့ချက်စတာမှာငယ်သေးသည်ပင်။ ဒါကိုကြားတော့သူချက်ချင်းရှက်ရွံ့သွားသည်။ စိတ်ငြိမ်သွားပြီးနောက်သူတရိုတသေထရပ်ကာ သူ့ကိုစွပ်ပြုတ်တစ်ပန်းကန်ဆက်သပြီး ကတိပေးလိုက်သည်။
"အရှင်စိတ်ချပါ၊ ကျွန်တော်အရှင်ရဲ့ယုံကြည်မှုကိုစိတ်ပျက်အောင်မလုပ်ပါဘူး။"
လင်ခုံးလုလက်ဝှေ့ရမ်းပြလိုက်ပြီး ထိုစဥ်ဟော့ရှီစစ်ဒီကိုရောက်လာပြန်ကြောင်း ဇာ့ဂျ်အစောင့်ကအထဲဝင်ကာတင်ပြလာသည်။
လင်ခုံးလုမသိမသာမိန်းမောသွားရပေမဲ့အံ့အားသင့်သွားခြင်းမရှိဘဲပြောလိုက်သည်။
"သူ့ကိုအထဲဖိတ်လိုက်။"
ချက်စတာအနည်းငယ်အံ့သြသွားရပြီး တစ်ဖက်လူကအရှင့်ချစ်သူမှန်းတွေးမိသွားတော့အထင်လွဲသွားမှာစိုးကာ စွပ်ပြုတ်ကိုလင်ခုံးလုဆီမြန်​မြန်ယူသွားပေးလိုက်ပြီးရင်သူ့ထိုင်ခုံဆီပြန်သွားဖို့ကြံလိုက်သည်။
သို့သော်သူ့လက်ဘယ်လောက်မြန်မြန် ဟော့ရှီစစ်၏ခြေထောက်လောက်မမြန်ပေ။
ဟော့ရှီစစ်ကစားသောက်ခန်းထဲဝင်လာသည်နှင့် သူ့မျက်နှာနီရဲနေပြီးသူ့မျက်လုံးများကတောက်ပလို့နေကာသူကလင်ခုံးလုကိုမျှော်လင့်တကြီးအကြည့်နှင့်စွပ်ပြုတ်ဆက်သနေတာကိုမြင်လိုက်ရသည်။
လင်ခုံးလု: "....." အထင်လွဲသွားပြီ။ ဒါပေမဲ့သူကအရမ်းမြန်မြန်ကြီးအထဲဝင်လာတာကို။
ဟော့ရှီစစ်: "....."
သေချာတာပေါ့၊ သူမလာရင်ချက်စတာကသူ့နေရာကိုယူသွားမှာ။
သူ့မျက်နှာမည်းတူးသွားကာအနားကိုခြေလှမ်းကျဲနှင့်လျှောက်သွားလိုက်ပြီး အရင်ဆုံးကြယ်စုနိုင်ငံမှာတိုင်းတပါးသားဧည့်သည်များကိုနှုတ်ဆက်သည့်ဓလေ့ထုံးတမ်းကိုလုပ်လိုက်ပြီးမှတိတ်တိတ်လေးပြောလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော့်မှာအရှင်မင်းကြီးနဲ့ဆွေးနွေးစရာအရေးကြီးကိစ္စရှိတယ်။"
သူထိုသို့ပြောရင်း သူချက်စတာကိုမျက်ဝန်းထောင့်မှတဆင့်ကြည့်ကာ "လစ်လိုက်တော့"ဆိုသည့်စကားလုံးများကိုအသံတိတ်ပြောလိုက်သည်။
လင်ခုံးလုချောင်းအသာဟမ့်လိုက်မိပြီးသူ့လက်ကိုဝှေ့ရမ်းကာချက်စတာကိုပြန်ခိုင်းလိုက်သည်။
တစ်ခုနှစ်ခုအထင်လွဲတာကအထောက်အကူဖြစ်နိုင်ပေမဲ့တအားများသွားရင်တော့အသုံးမဝင်ဖြစ်သွားနိုင်တာမို့လို့သတိထားရမယ်။
ချက်စတာကဒီအ​ခြေအနေကိုမြင်သည်နှင့် အရှင်ကသူ့ချစ်သူနှင့်နှစ်ယောက်ထဲရှိချင်ပြန်ပြီမှန်းသိလိုက်သည်။
ကံကောင်းချင်တော့သူဒီနေ့သူ့ရည်မှန်းချက်ပန်းတိုင်အောင်မြင်သွားပြီ။ သူဒါကိုမြင်တော့သူခပ်သွက်သွက်ထရပ်လိုက်သည်။ မထွက်သွားခင်သူထပ်ပြီးကတိပေးဖို့မမေ့ပေ။
"အရှင်၊ ကျွန်တော်အလုပ်ကြိုးစားပြီးတော့အရှင်ရဲ့ယုံကြည်မှုနဲ့ထိုက်တန်အောင်လုပ်ပါ့မယ်။"
လင်ခုံးလု: "......" ဒီကောင်လေးပြောတာမဆိုးပေမဲ့နောက်တစ်ခါကျရင်မပြောနဲ့တော့ကွာ။
အထင်လွဲသွားဖို့လွယ်တယ်ကွ။
သေချာတာပေါ့၊ ဟော့ရှီစစ်၏မျက်လုံးများနက်မှောင်သွားသည်။
အခြားတစ်ဖက်မှာချက်စတာနှင့်အတူပြန်ထွက်လာသည့်ဇာ့ဂျ်အစောင့်မှာတိတ်တခိုးအံ့အားသင့်သွားပြီး နန်းတော်ထဲမှာလူသားမာရှယ်၏အနေအထားကတကယ်တည်ငြိမ်မှုရှိသည်ဟုတွေးလိုက်မိသည်။ သူရောက်လာတိုင်းအရှင်ကချက်စတာကိုသွားခိုင်းတယ်။
လင်ခုံးလုသူတို့နှစ်ယောက်လုံးထွက်သွားတာစောင့်ပြီးမှဟော့ရှီစစ်ဘက်လှည့်ကြည့်လိုက်သည်။ သူ"ဘာကိစ္စလဲ"ဟုမမေးရသေးခင် တစ်ဖက်လူကအရင်ပြောလာတာကိုကြားလိုက်ရသည်။
"အရှင်မင်းကြီးချက်စတာကိုဘာပြောနေတာလဲ။"
လင်ခုံးလုချောင်းအသာဟမ့်ကာပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ သူ့ကိုအစောင့်ထဲမှာရာထူးတစ်ခုယူခိုင်းလိုက်တာ။"
အစောင့်?
ဟော့ရှီစစ်၏နှလုံးသားနစ်မြုပ်သွားရပြန်သည်။ ချက်စတာကအစောင့်ဖြစ်သွားရင် သူကဇာ့ဂျ်ဘုရင်နောက်တစ်ချိန်လုံးလိုက်ခွင့်ရှိသွားပြီလို့ဆိုလိုတာမဟုတ်လား။
သူရုတ်ခြည်းလက်မြှောက်ကာချက်စတာအခုပဲဆက်သသွားသည့်စွပ်ပြုတ်ပန်းကန်လုံးကိုအလွန်သဘာဝကျစွာဖယ်ထုတ်ကာနောက်တစ်ပန်းကန်ထည့်ပြီးလင်ခုံးလုရှေ့မှာချပေးလိုက်ပြီးမှမေးလိုက်သည်။
"အရှင်မင်းကြီးကချက်စတာကိုအရမ်းစိတ်ဝင်စားနေတာလား။"
လင်ခုံးလုအပြုံးကိုဖိနှိပ်ကာဂုဏ်သရေရှိအမူအရာနှင့်စွပ်ပြုတ်တစ်ငုံသောက်လိုက်ပြီးမှတမင်ပြောလိုက်သည်။
"ဇာ့ဂျ်လေးကအရမ်းစိတ်ကူးကောင်းပြီးတော့ကိုယ်တော့်ကိုခက်ခဲတဲ့ပြဿနာတစ်ခုကူဖြေရှင်းပေးခဲ့တယ်။ နောက်တစ်ခါကျကိုယ်တော်သူ့ကိုပြန်သုံးဖို့လိုလောက်တယ်။"
ဟော့ရှီစစ်တိတ်ကျသွားပြီးမှရုတ်တရက်ပြောလိုက်သည်။
"ကျွန်တော်လည်းအရှင်မင်းကြီးကိုပြဿနာကူဖြေရှင်းပေးနိုင်ပါတယ်။"
"အိုး?" လင်ခုံးလုသိချင်စိတ်ဖြစ်ချင်ယောင်ဆောင်လိုက်သည်။
"မင်းမှာအခြားပြဿနာတစ်ခုခုရှိလို့လား။"
"ပြဿနာနှစ်ခုရှိတယ်။"
ဟော့ရှီစစ်သူ့ကိုကြည့်ပြီးတည်ငြိမ်သောလေသံနှင့်ပြောလိုက်သည်။
"အရှင်မင်းကြီး၊ အင်ပါယာနဲ့ဇာ့ဂျ်ကြားမှာငြိမ်းချမ်းရေးယူပြီးတော့ကူးသန်းရောင်းဝယ်ရေးလုပ်ကြတာကိုဘယ်လိုမြင်ပါသလဲ။"
လင်ခုံးလု: ငါအိပ်ချင်နေတဲ့အချိန်မှာတစ်ယောက်ယောက်ကခေါင်းအုံးပေးလာတာပဲ။
သူဒီကိစ္စကိုဘယ်လိုပြောရမလဲစိတ်ပူနေချိန်မှာဟော့ရှီစစ်ကအရင်ပြောလာပြီးသူနှင့်စိတ်ကူးတူနေသည်။
"ပိုပြီးသေချာလေးပြောကြည့်။"
သူအလွန်စိတ်ဝင်စားချင်ယောင်လိုက်သည်။
"ဒါကဘာလို့ကိုယ်တော့်ပြဿနာဖြစ်နိုင်မှာလဲ။ ဇာ့ဂျ်တပ်ကတာ့ဂလက်စီမှာအသာစီးရနေပြီလေ။"
"အဲ့လိုဖြစ်ပုံပေါ်တယ်။"
ဟော့ရှီစစ်၏အသံမှာခပ်နိမ့်နိမ့်နှင့်ဖြည်းဖြည်းချင်းဆိုလာသည်။
"ဒါပေမဲ့တကယ်တမ်းဇာ့ဂျ်တပ်ကတာ့ဂလက်စီကိုရဖို့ခက်တဲ့အပြင် အန်ဒရီကအရှင်မင်းကြီးကိုကတိမတည်ခဲ့ဘူး။ တိုက်ပွဲဆက်ဖြစ်နေရင် စစ်တပ်အင်အား၊ လက်နက်ပစ္စည်းနဲ့စစ်ရေးစိတ်ဓာတ်ကိုအလဟာသရဆုံးရှုံးရတာပဲရှိလိမ့်မယ်။"
အထူးသဖြင့်ဇာ့ဂျ်တပ်မှာပြင်ပတိုက်ပွဲနှင့်အတွင်းပိုင်းပုန်ကန်မှုများကိုကြည့်ခြင်းအားဖြင့် အတွင်းပိုင်းအခြေအနေသိပ်မကောင်းလောက်မှန်းမြင်နိုင်သည်။
အမှန်တော့သူဒီရက်ပိုင်းနန်းတော်ထဲမှာမြင်ခဲ့ကြားခဲ့ရတာကဆို ဇာ့ဂျ်ဘုရင်နန်းတော်မှာခမ်းနားကြီးကျယ်သော်လည်း ဇာ့ဂျ်ဘုရင်နေ့စဥ်ဘဝနှင့်အစားအသောက်မှာသိပ်မပေါများဘဲ အနည်းငယ်ပင်ရိုးရှင်းနေမှန်းဟော့ရှီစစ်ရှာတွေ့ခဲ့သည်။
ယခင်ညီလာခံအခမ်းအနားအပါအဝင်၊ ထိုကဲ့သို့အရေးကြီးအခမ်းအနားအတွက် ညစာမှာဟင်းလျာအမျိုးအစားသိပ်မရှိပေ။
"အရေးကြီးဆုံးအရာကအင်ပါယာရဲ့ရန်သူကဇာ့ဂျ်ပဲဆိုပေမဲ့ဇာ့ဂျ်ရဲ့ရန်သူကတော့အင်ပါယာပဲမဟုတ်ဘူး။"
ဟော့ရှီစစ်ကထပ်ပေါင်းဆိုသည်။
ဒါကလည်းမှန်သည်။ ဒီကမ္ဘာ၏ဗီလိန်အကြီးစားဖြစ်သည့်ဇာ့ဂျ်မှာကြယ်စုလောကထဲကနိုင်ငံတိုင်း၏မုန်းတီးမှုကိုမြင့်တက်စေသည်။
အဝေးကဟာမပြောနှင့်၊ အနီးမှာတာ့အင်ပါယာ၊ လွတ်လပ်သောဖက်ဒရယ်၊ orcဖက်ဒရယ်နှင့်ဇာ့ဂျ်နှင့်တိုက်ခိုက်နေသည့်စက်ရုပ်အင်ပါယာတို့ပါဝင်သည်။
၎င်းတို့အနက်ဟော့ရှီစစ်တည်ရှိသည့်တာ့ဂလက်စီနှင့်နေရာတိုင်းမှာAIဖြစ်သည့်စက်ရုပ်ဖက်ဒရယ်ဟာဒီနှစ်ပိုင်းမှာဇာဂျ့်နှင့်မကြာခဏအတိုက်ခိုက်ဖြစ်ဆုံးပင်။ Orcဖက်ဒရယ်နှင့်လွတ်လပ်သောဖက်ဒရယ်ကတော့မုန်းတီးသောအခြေအနေမှာရှိသည်။
အထူးသဖြင့်စက်ရုပ်ဖက်ဒရယ်မှာဆိုနေရာတိုင်းမှာသံမဏိလူသားများရှိသည်။ စွမ်းအင်လုံလောက်အောင်ရှိသရွေ့ စစ်ရေးစွမ်းရည်မှာဇာ့ဂျ်စစ်တပ်အောက်မနိမ့်ပေ။ ဆိုတော့ပြောရရင်"လူသား"လူဦးရေးကသေးငယ်သဖြင့်ခြိမ်းခြောက်ဟန်မရှိပေ။
"အဓိပ္ပါယ်ရှိသားပဲ။"
လင်ခုံးလုခေါင်းငြိမ့်လိုက်သည်။
"ဒါပေမဲ့ကိုယ်တော်မျိုးနွယ်စုတိုင်းရဲ့မဟာမိတ်တပ်ဖွဲ့တွေကိုပေါင်းစည်းပြီး ဇာ့ဂျ်စစ်သားသန်ချီနဲ့ဖိနှိပ်လိုက်ရင် တာ့ဂလက်စီကိုဘယ်လောက်ခက်ခဲခက်ခဲရအောင်ယူလို့ရတယ်။ ဆန့်ကျင်ဘက်အနေနဲ့ မာရှယ်ရဲ့လက်ရှိအ​ခြေအနေကတော့ပိုပြီးတော့တောင်ဆိုးသွားမဲ့ပုံပဲနော်။"
သူမေးစေ့ပေါ်လက်တစ်ဖက်တင်ကာ သူ့နှုတ်ခမ်းသားကိုလက်မနှင့်အလိုလိုအသာပွတ်ဆွဲပြီးမပွင့်တပွင့်ပြုံးလိုက်သည်။
ဟော့ရှီစစ်၏အသက်ရှုနှုန်းမသိမသာတန့်သွားပုံရကာ သူဖြည်းဖြည်းချင်းအကြည့်လွှဲလိုက်ပြီး တွန်အားပေးသောမျက်နှာထားဖြင့်လိုက်သည်။
"အနိုင်အနိုင်အခြေအနေမှာရှိနေတာကို ဘာလို့အရှင်မင်းကြီးကခက်ခဲတာကိုရွေးချယ်မှာလဲ။"
လင်ခုံးလုခပ်ဖွဖွ"ဟမ်"ဟုဆိုကာစည်းရုံးခံလိုက်ရပုံပေါ်ပြီးပြောလိုက်သည်။
"ကောင်းပြီလေ။ ဒါပေမဲ့ကိုယ်တော်စဥ်းစားကြည့်ဖို့လိုတယ်။"
ထက်မြက်သောလူတစ်ယောက်အနေနှင့်သူ့စိတ်ထဲမှာအကြံရှိရင်တောင်ချက်ချင်းထုတ်ပြောလိုက်လို့မဖြစ်ဘူး။ သူကစွမ်းအားကြီးပုံပေါ်အောင်အမြဲနက်နဲချင်ယောင်ဆောင်ရမယ်။
"မင်းပြောခဲ့တဲ့နောက်ပြဿနာတစ်ခုကိုပြောတာပေါ့။ ကိုယ်တော်အရမ်းသိချင်တာ၊ မင်းဘာလုပ်နိုင်မှာလဲ။ မင်းကိုယ်တော့်ကိုဘာကူဖြေရှင်းပေးမလဲလို့လေ?"
သူအရသာဆက်ခံလိုက်သည်။
ဟော့ရှီစစ်ကနောက်ဆုံးမှာသူ့ကိုထပ်ကြည့်လိုက်ပြီးသူ့မျက်လုံးများနက်မှောင်လာပုံမှာမမြင်နိုင်သောရေစီးကြောင်းနှင့်ပင်လယ်မျက်နှာပြင်ပမာ။ မျက်နှာပြင်ပိုတည်ငြိမ်လေလေ အောက်ဘက်ကမငြိမ်မသက်ဖြစ်လေလေပင်။
သူလင်ခုံးလုကိုနင့်နင့်နဲနဲကြည့်ကာအက်ရှရှပြောလိုက်သည်။
"ကျွန်တော်....အရှင်မင်းကြီးကိုဘဝတစ်သက်စာကိစ္စတွေကိုလည်းကူဖြေရှင်းပေးနိုင်တယ်။"
လင်ခုံးလု: "???"
မင်းဘာကိုဆိုလိုတာလဲ။ မင်းငါ့ကိုတစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးဖို့ကြိုးစားနေတာလား။
လင်ခုံးလုသူနားကြားမှားသွားတာဟုတွေးမိတော့မည်ပင်။
"ဒါဘာပြဿနာမျိုးလဲ။"
သူအလိုလိုပြောလိုက်မိသည်။
"ကိုယ်တော်ကလက်တွဲဖော်ရှာဖို့အရမ်းလွယ်တယ်။"
"ကျွန်တော်သိပါတယ်။"
ဟော့ရှီစစ်၏လက်အလိုလိုကွေးသွားသည်။ သူ့မျက်နှာထားမှာတည်​ငြိမ်ပုံရပေမဲ့အမှန်တော့သူတင်းကြပ်စွာပြောလိုက်ခြင်းပင်။
"ဒါပေမဲ့သူတို့ကအရှင်မင်းကြီးကိုတကယ်မချစ်လောက်ဘူး။ ချက်စတာကအာဏာအတွက်၊ ပြီးတော့သီအန်းက..."
အဲ့ကောင်လေးကိုအချစ်ကိုလုံးဝနားမလည်ဘူး၊ မဟုတ်ရင်ကိတ်မုန့်နဲ့မျှားခေါ်သွားခံရမယ်တဲ့လား။
"ဒါပေမဲ့ကျွန်တော်ကတော့မတူဘူး။ ကျွန်တော်ကအရှင်မင်းကြီးကိုအစစ်အမှန်ချစ်မြတ်နိုးတယ်။"
သူဖြည်းဖြည်းချင်းပြောလိုက်ပြီး သူ့အသံမှာတိုးလျကာနူးညံ့နေပြီး သူ၏အပြာရင့်ရောင်မျက်ဝန်းများကလင်ခုံးလုကိုစိုက်ကြည့်လို့နေသည်။
ဒါကိုကြားမှလင်ခုံးလုသက်မချကာတွေးလိုက်မိသည်: လတ်စသတ်တော့ကိုယ့်ကိုယ်ကိုအကြုံပြုတာကိုး။
ဒါပေမဲ့ဒီလိုဝန်ခံမှုမျိုးရှိလို့လား။
သူခပ်ဖွဖွရယ်လိုက်သည်။ သူတမင်ပြောလိုက်သည်။
"တကယ်လား။ ဒါပေမဲ့ကိုယ်တော်မာရှယ်ပြောခဲ့တာကိုမှတ်မိသေးတယ်၊ သူကကိုယ်တော်နဲ့ပူးပေါင်းဖို့ဆွေးနွေးချင်ရုံဖြစ်ပြီးတော့ကိုယ်တော့်စားစရာဖြစ်ပေးရုံပဲ၊ အခြားကိစ္စကိုဆွဲမသွင်းချင်ပါဘူးဆို?"
ဟော့ရှီစစ်: "......"
ရုတ်တရက်သူလွန်ခဲ့တဲ့ရက်အနည်းငယ်ကိုပြန်သွားပြီးအဲ့တုန်းကသူ့ကိုယ်တိုင်ကိုပါးစပ်ပိတ်ပစ်ချင်သွားတယ်။
"ကျွန်တော်နောင်တရတယ်။"
သူ၏အပြာရင့်ရောင်မျက်ဝန်းများမှာမီးရှူးမီးပန်းပမာ၊ သူကအက်ရှရှဆိုသည်။
"ဒီတော့ အရှင်မင်းကြီးကျွန်တော့်ကိုအခွင့်အရေးနောက်တစ်ခုပေးလို့ရမလား။"
လင်ခုံးလုအံ့အားသင့်သွားကာပြောလိုက်မိသည်။
"ကိုယ်တော်မင်းကိုအခွင့်အရေးတွေပေးနေခဲ့တာပဲလေ။"
ဒါပေမဲ့တန့်သွားပြီးမှသူနောင်တရချင်ယောင်ဆောင်ကာပြောလိုက်သည်။
"ဒါပေမဲ့အခုထိမင်းကိုယ်တော့်ကိုမင်းကိုချစ်လာအောင်မလုပ်နိုင်တာစိတ်မကောင်းစရာပဲ။"
ဟော့ရှီစစ်မသိမသာတောင့်ခံသွားပြီး သူ့စကားလုံးများကမရိုးသားမှန်းမြင်ရသည့်အလားရုတ်ခြည်းရှေ့တစ်လှမ်းတိုးကာသူ့လက်ကိုမြှောက်ပြီးသူ့မေးစေ့ကိုလှမ်းဆွဲကာမထင်မှတ်ဘဲခေါင်းငုံ့ပြီးသူ့ကိုအသာနမ်းလိုက်သည်။
လင်ခုံးလုမိန်းမောသွားကာမရှောင်လိုက်မိပေ။
ဒါကိုမြင်တော့ဟော့ရှီစစ်ကသူ့သံသယကိုအတည်ပြုပြီးသွားပုံပင်။ သူတို့ခွာပြီးနောက် သူတစ်ဖက်လူကိုနင့်နင့်နဲနဲကြည့်ကာအက်ရှရှအသံနှင့်မေးလိုက်သည်။
"အခုအရှင်မင်းကြီးကျွန်တော့်ကိုနည်းနည်းပိုကြိုက်သွားပြီလား။"
လင်ခုံးလု: "......"
သူမိန်းမောနေတာမြင်တော့ဟော့ရှီစစ်ခေါင်းငုံ့ကာသူ့ကိုထပ်နမ်းလိုက်ပြီး သူ့လက်မောင်းများကသူ့ကိုတဖြည်းဖြည်းရစ်ပတ်လိုက်သည်။
အပူချိန်မှာ​မြင့်တက်လာသ​ယောင်။
လင်ခုံးလုနောက်ဆုံးမှာအသိပြန်ဝင်လာပြီးသူ့ကိုရုတ်ခြည်းတွန်းဖယ်ကာပြောလိုက်သည်။
"မင်းကမလုပ်နိုင်ဘူးမလား။"
_____
"မာရှယ်ပြောတာက...သီအန်းဇာ့ဂ်ျဘုရင်မနဲ့ခဏလောက်မတွေ့နိုင်အောင်နည်းလမ်းတစ်ခုရှာခိုင်းတာလား။"
အနည်းဆုံးတော့သူဇာ့ဂ်ျဘုရင်ကိုရပြီးတဲ့အထိပေါ့။
"ကျွန်တော်က?"
ဝမ်းဟောင်ယွိ: "....."
အချစ်ပြိုင်ဘက်တစ်ယောက်ကိုရှင်းထုတ်ပြီးနောက် သူအနောက်လှည့်ကာဇာ့ဂ်ျဘုရင်နန်းတော်ဆီလျှောက်သွားပြီးနောက်တစ်ယောက်ကိုရှင်းပစ်ဖို့ပြင်ဆင်လိုက်သည်။
*
အစောင့်များမှာဇာ့ဂ်ျဘုရင်၏လူယုံများဖြစ်သည်။ သူတို့ဟာဇာ့ဂ်ျဘုရင်၏လုံခြုံရေးကိုကာကွယ်ရုံတင်သာမက ဇာ့ဂ်ျဘုရင်အတွက်လျို့ဝှက်မစ်ရှစ်တချို့ကိုပါထမ်းဆောင်ပေးရတတ်သည်။
လင်ခုံးလုလက်ဝှေ့ရမ်းပြလိုက်ပြီး ထိုစဉ်ဟော့ရှီစစ်ဒီကိုရောက်လာပြန်ကြောင်း ဇာ့ဂ်ျအစောင့်ကအထဲဝင်ကာတင်ပြလာသည်။
"သူ့ကိုအထဲဖိတ်လိုက်။"
ဟော့ရှီစစ်: "....."
အစောင့်?
"ပြဿနာနှစ်ခုရှိတယ်။"
"အရှင်မင်းကြီး၊ အင်ပါယာနဲ့ဇာ့ဂ်ျကြားမှာငြိမ်းချမ်းရေးယူပြီးတော့ကူးသန်းရောင်းဝယ်ရေးလုပ်ကြတာကိုဘယ်လိုမြင်ပါသလဲ။"
အထူးသဖြင့်ဇာ့ဂ်ျတပ်မှာပြင်ပတိုက်ပွဲနှင့်အတွင်းပိုင်းပုန်ကန်မှုများကိုကြည့်ခြင်းအားဖြင့် အတွင်းပိုင်းအခြေအနေသိပ်မကောင်းလောက်မှန်းမြင်နိုင်သည်။
အမှန်တော့သူဒီရက်ပိုင်းနန်းတော်ထဲမှာမြင်ခဲ့ကြားခဲ့ရတာကဆို ဇာ့ဂ်ျဘုရင်နန်းတော်မှာခမ်းနားကြီးကျယ်သော်လည်း ဇာ့ဂ်ျဘုရင်နေ့စဉ်ဘဝနှင့်အစားအသောက်မှာသိပ်မပေါများဘဲ အနည်းငယ်ပင်ရိုးရှင်းနေမှန်းဟော့ရှီစစ်ရှာတွေ့ခဲ့သည်။
"အရေးကြီးဆုံးအရာကအင်ပါယာရဲ့ရန်သူကဇာ့ဂ်ျပဲဆိုပေမဲ့ဇာ့ဂ်ျရဲ့ရန်သူကတော့အင်ပါယာပဲမဟုတ်ဘူး။"
ဒါကလည်းမှန်သည်။ ဒီကမ္ဘာ၏ဗီလိန်အကြီးစားဖြစ်သည့်ဇာ့ဂ်ျမှာကြယ်စုလောကထဲကနိုင်ငံတိုင်း၏မုန်းတီးမှုကိုမြင့်တက်စေသည်။
အဝေးကဟာမပြောနှင့်၊ အနီးမှာတာ့အင်ပါယာ၊ လွတ်လပ်သောဖက်ဒရယ်၊ orcဖက်ဒရယ်နှင့်ဇာ့ဂ်ျနှင့်တိုက်ခိုက်နေသည့်စက်ရုပ်အင်ပါယာတို့ပါဝင်သည်။
"အဓိပ္ပါယ်ရှိသားပဲ။"
သူအရသာဆက်ခံလိုက်သည်။
လင်ခုံးလု: "???"
"ဒါဘာပြဿနာမျိုးလဲ။"
"ကျွန်တော်သိပါတယ်။"
ဟော့ရှီစစ်: "......"
"ကျွန်တော်နောင်တရတယ်။"
လင်ခုံးလု: "......"
_____
Continue Reading
You'll Also Like
1.9K 301 32
The Villainous Shizun is as Beautiful as Flower 反派师尊貌美如花 Author - 酒煮核弹头 126 chapters + 11 extras I do not own this novel and I'm just translating it...
115K 24.1K 72
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
29.3K 1.1K 30
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...