ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...
By Boss_want_to_eat_you
112K 23.6K 507
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More
Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
1.4K 349 11
By Boss_want_to_eat_you
Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၂)။
ဟော့ရှီစစ်လက်သီးတင်းတင်းဆုပ်လိုက်မိပြီး သူ့အသက်ရှူနှုန်းပင်အနည်းငယ်မတည်မငြိမ်ဖြစ်လာကာ သူ့နှလုံးသားထက်အောက်ပြောင်းပြန်ဖြစ်သွားပြီး သူမယုံကြ​ည်နိုင်ဖြစ်နေမိသည်။
သူဇာ့ဂျ်ဘုရင်ကိုခဏခဏရင်းနှီးသလိုခံစားရတာမဆန်းဘူး။ လတ်စသတ်တော့တစ်ဖက်လူကချောင်းအာဖြစ်နေတာပဲ။ သူနဲ့အတူဘေးချင်းကပ်တိုက်ခိုက်ခဲ့ပြီး တစ်ယောက်ဆီကတစ်ယောက်လေ့လာသင်ယူပြီး သူ့ကိုလေးစားအောင်လုပ်ခဲ့ပြီးတော့အဆုံးသတ်မှာပျောက်သွားခဲ့တဲ့ချောင်းအာ။
သူအရင်ဘဝကတစ်ဖက်လူကိုနှစ်နှစ်ကြာအောင်လိုက်ရှာနေခဲ့ပေမဲ့သူ့ကိုရှာမတွေ့ခဲ့တာမဆန်းဘူး။ တစ်ဖက်လူကဇာ့ဂျ်ဘုရင်ဖြစ်နေပြီးဇာ့ဂျ်ဘုရင်ကို.....ဇာ့ဂျ်ဘုရင်မလို့လူသိများကြတယ်။
"ဇာ့ဂျ်ဘုရင်မ"ဆိုတဲ့စကားလုံးကိုဘယ်သူကမှချောင်းအာနဲ့ဆက်စပ်မိမှာမဟုတ်ဘူး။
ပြီးတော့အရင်ဘဝမှာဇာ့ဂျ်ဘုရင်ကတစ်လအကြာမှာသေဆုံးသွားတော့ သူ့ကိုဘယ်လိုလုပ်ရှာတွေ့ဖို့ဖြစ်နိုင်တော့မှာလဲ။
ဒါကိုတွေးမိတော့ဟော့ရှီစစ်ရင်ထဲမှာရုတ်ခြည်းနာကျင်သွားသည်။ သူခေါင်းမော့ကာလင်ခုံးလုကိုထပ်ကြည့်မိတော့တစ်ဖက်လူကပလ္လင်ဆီပြန်လျှောက်သွားနေတာကိုမြင်လိုက်ရသည်။
ဒါပေမဲ့သူကတော့အောက်မှာရပ်မြဲရပ်လျက် တစ်ဖက်လူကိုကျောက်ရုပ်လိုမျိုးကြည့်မိနေပြီး သူ၏အပြာရင့်ရောင်မျက်လုံးများမှာမုန်တိုင်းပြီးသွားပြီးနောက်ငြိမ်ကျသွားသည့်ပင်လယ်ပြင်ပမာ ရှုပ်ထွေးကာခွဲခြားရခက်သောလှိုက်တက်နေသည့်စိတ်ခံစားချက်များဖြင့်ပြည့်လို့နေသည်။
ဒီမြင်ကွင်းကအခြားသူများ၏မျက်လုံးထဲကျရောက်သွားချိန် သူတို့မိန်းမောစွာစိုက်ကြည့်မိကြသည်။
သီအန်း၏နှလုံးတစ်ချက်ဆောင့်ခုန်သွားကာမနေနိုင်ဘဲဝမ်းဟောင်ယွိကိုပြောလိုက်မိသည်။
"မင်းတို့မာရှယ်တကယ်ဟန်ဆောင်ကောင်းခဲ့တာပဲ။"
သူကမကြိုက်ဘူးလို့ပြောပြီးတော့ သူ့မျက်လုံးကသူတို့ဘုရင်ဆီသွားကပ်တော့မယ်။
ဝမ်းဟောင်ယွိ: "....."
ဇာ့ဂျ်ဗိုလ်ချုပ်ထိုင်ခုံ၌ သီအန်း၏အစ်မဗိုလ်ချုပ်ကျားလိမှာဒါကိုမြင်တော့မျက်မှောင်အသာကြုတ်မိသည်။
ဒီလူသားမာရှယ်ဘာဖြစ်သွားတာလဲ။ သူမဒီမှာခဏလေးမရှိလိုက်တာကို ဘာလို့အရှင်ကဒီရန်သူနဲ့ရုတ်တရက်ကြီးချစ်သွားတာလဲ။
ပြီးတော့ဟော့ရှီစစ်....ဒီလူကအရှင်နဲ့အတူနေဖို့ဆိုတအားအန္တရာယ်များလွန်းတယ်။
သူမနေနိုင်ဘဲသီအန်းကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ဒီမောင်လေးကိုလှမ်းခေါ်ကာမေးခွန်းမေးချင်မိသည်။
လင်ခုံးလုပလ္လင်ပေါ်ထိုင်လိုက်သည်နှင့် ပုရွက်ဆိတ်ဘုရင်မကထရပ်ကာသူ့ကိုအရိုအသေပေးပြီးရုပ်ပျက်ဆင်းပျက်အရိုက်ခံခဲ့ရသည့်အန်းဂတ်စ်ကိုယ်စားတောင်းပန်လာသည်။
လင်ခုံးလုလက်မြှောက်ကာတားလိုက်ပြီး ဘာမှမဖြစ်ကြောင်းရည်ညွှန်းလိုက်သည်။
အဆုံးမှာတော့ပုရွက်ဆိတ်တွေအညံ့ခံလာခဲ့ပြီ။ မျိုးနွယ်စုတည်ငြိမ်ဖို့အတွက် သူတို့နှင့်ထိုက်တန်သည့်မျက်နှာသာပေးရမည်။ ထို့အပြင်သူခုနကနှစ်ယောက်တိုက်ပွဲမှာအန်းဂတ်ကိုတော်တော်လေးခပ်ပြင်းပြင်းရိုက်လိုက်မိတော့ရှော့ခ်ရသွားစေလောက်တယ်။
ပုရွက်ဆိတ်ဘုရင်မသက်မချလိုက်မိပြီး ဒီကိစ္စပြီးသွားပြီးမှန်းသိလိုက်သည်။
နောက်တော့နှစ်ယောက်တိုက်ပွဲဆက်လာပြီး စစ်ရေးလေ့ကျင့်မှုမှာဒုတိယနေရာချိတ်သည့်ဇာ့ဂျ်စစ်သားကစိန်ခေါ်ရန်လူရွေးရမည့်အလှည့်ဖြစ်သည်။
တစ်ဖက်လူမှာလင်ခုံးလုသူ့ကိုစိန်ခေါ်အောင်စီစဥ်ခဲ့သည့်ဇာ့ဂျ်ဖြစ်သည်။
သို့သော်ဒီအခိုက်အတန့်မှာဇာ့ဂျ်စစ်သားလေးမှာ လင်ခုံးလုကိုလုံးဝမော့မကြည့်ရဲပေ။
ခုနကအရှင်အန်းဂတ်စ်ကိုရိုက်တုန်းကဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာဘုရားသိတယ်။ အစကသူတို့မှာတိုက်ပွဲရှိသေးတာမို့ အန်းဂတ်မှာပြန်တိုက်ခွင့်မရှိသလောက်ပဲ။
ပြီးတော့အရှင့်မှာပိန်ပါးပါးခြေတံလက်တံရှိပေမဲ့အဆုံးသတ်မှာတော့သူကမက်ခါနှစ်စီးသုံးစီးစာလောက်ကြီးတဲ့အန်းဂတ်စ်ကိုလက်တစ်ဖက်ထဲနဲ့မပြီးတော့ကိုင်ပေါက်ပြီးပျံတက်ပြီးတော့တစ်ဖက်လူကိုတိုက်ပွဲကွင်းပြင်အပြင်ကိုတိုက်ရိုက်ကန်ထုတ်ပစ်လိုက်တာရယ်။
ဒါကိုမြင်လိုက်ရတုန်းကဇာ့ဂျ်စစ်သားလေး၏ကိုယ်တွင်းအဂ်ါများနာကျင်သွားခဲ့သည်။ ထိုနေရာမှာဗိုလ်ချုပ်အန်းဂတ်စ်ရဲ့ဧရာမပိုးကောင်မဟုတ်ဘဲသူသာဖြစ်နေမယ်ဆိုရင် သူတစ်ခါထဲကန်ထုတ်ခံလိုက်ရမယ်ဆိုတာသံသယမရှိဘူး။
ဒီတော့သူလင်ခုံးလုကိုလုံးဝမရွေးရဲတော့ပေမဲ့သူ့ဘော့စ်၏ညွှန်ကြားချက်ကိုသတိရသွားတော့သူအကြာကြီးတုံ့ဆိုင်းနေမိပြီးမှနောက်ဆုံးမှာတုန်တုန်ရီရီထုတ်ပြောလိုက်သည်။
"ကျွန် ကျွန်တော်အရှင့်ကိုစိန်ခေါ်ပါတယ်။"
ဇာ့ဂျ်များမှာဆူညံသွားပြီးတွေးလိုက်မိသည်။ သူတို့ဗိုလ်ချုပ်အန်းဂတ်စ်ပက်ပက်စက်စက်အရိုက်ခံခဲ့ရတာကိုမြင်ပြီးသွားပြီ။ ဘယ်လိုလုပ်ပြီးတော့အရိုက်ခံပြီးသေရမှာမကြောက်တဲ့လူရှိနေသေးတာလဲ။
သီအန်းမှာကျားလိဆီကအခေါ်ခံရတော့ဟော့ရှီစစ်ဘေးကဖြတ်သွားရသည်။ ဒါကိုကြားတော့သူအံ့သြတကြီးပြောလိုက်မိသည်။
"အယ်၊ ဒီနေ့ဘာဖြစ်နေတာပါလိမ့်နော်? လုတိုင်းကဒီနည်းလမ်းသုံးပြီးအရှင့်ရဲ့အာရုံစိုက်မှုကိုလိုချင်နေကြတာလား။"
ဟော့ရှီစစ်၏မျက်လုံးများရုတ်ခြည်းစူးရှသွားကာသူဇာ့ဂျ်စစ်သားလေးကိုလှည့်ကြည့်လိုက်သည်။
ဇာ့ဂျ်စစ်သားလေး: "?"
သူကအရှင့်ကိုစိန်ခေါ်တာကို လူသားမာရှယ်ရဲ့မျက်လုံးထဲမှာတိုက်ခိုက်ရေးစိတ်ဓာတ်ရှိနေတယ်လို့သူဘာလို့ခံစားလိုက်ရတာတုန်း?
ပလ္လင်ပေါ်မှာလင်ခုံးလုသူ့ကိုစီစဥ်ထားခဲ့မှန်းသတိရသွားသည်။ ကံကောင်းချင်တော့ဇာ့ဂျ်စစ်သားလေးနည်းနည်းဂနာမငြိမ်ဖြစ်နေတာကိုသူမြင်လိုက်ရသည့်အပြင် သူအန်းဂတ်စ်ကိုရိုက်တုန်းကသူ့လျို့ဝှက်ချက်ဖော်ပြချင်သည့်ရည်ရွယ်ချက်အောင်မြင်သွားပြီမို့လို့ သူအပြုံးလေးနှင့်ငြင်းပယ်လိုက်သည်။
ဇာ့ဂျ်ဘုရင်၏စိန်ခေါ်မှုကိုငြင်းပယ်မှုမှာသူရဲဘောကြောင်သောလုပ်ရပ်ဟုဘယ်သူမှမတွေးကြပေ။ အထူးသဖြင့်လင်ခုံးလုတစ်ယောက်အန်းဂတ်ကိုပက်ပက်စက်စက်ရိုက်ခဲ့ပြီးနောက်မှာပေါ့။
ဇာ့ဂျ်စစ်သားလေးမှာလည်းသက်မချလိုက်မိပြီးနောက်ဆုံးမှာသူ့ဘော့စ်ကိုစိန်ခေါ်ဖို့ရွေးချယ်လိုက်သည်။
ဟော့ရှီစစ်ပလ္လင်ဆီပြန်သွားကာခေါင်းငုံ့ကြည့်လိုက်တော့လင်ခုံးလုကဇာ့ဂျ်စစ်သားလေးကိုနှုတ်ခမ်းထက်အပြုံးတစ်ပွင့်နှင့်ကြည့်နေတာကိုမြင်လိုက်ရသည်။ ခုနကစစ်သားလေး၏စိန်ခေါ်မှုကိုငြင်းပယ်တုန်းကတစ်ဖက်လူဒီလိုမျိုးပြုံးနေခဲ့မှန်းမနေနိုင်ဘဲသတိရသွားကာသူ့ရင်ထဲမှာရုတ်တရက်မသက်မသာဖြစ်လာသည်။
ဇာ့ဂျ်နန်းတော်မှာနေနေသည့်ဒီရက်ပိုင်းအတွင်းမှာတစ်ဖက်လူသူ့ကိုစကားပြောလာတိုင်းသူ့မျက်ဝန်းထဲမှာမသိသာသောအပြုံးတစ်ပွင့်ရှိနေပြီး သူဟာသူ့ကိုအလွန်စိတ်ဝင်စားနေပုံရပေမဲ့အခုကြည့်ရတာတော့...တစ်ဖက်လူကလူတိုင်းအပေါ်မှာဒီလိုမျိုးဖြစ်လောက်သည်။
သူချောင်းအာနှင့်အတူရှိတုန်းကတစ်ဖက်လူဟာလည်းဒီလိုမျိုးသူ့ကိုမြင်တိုင်းအမြဲပြုံးပြတတ်ပြီး နူးညံ့သိမ်မွေ့သောပင်ကိုယ်စရိုက်ရှိကာ အလွန်သင့်မြတ်ရလွယ်မှန်းသူမှတ်မိသည်။
ချောင်းအာသရုပ်မှန်ကိုသူရုတ်တရက်သိလိုက်ရတုန်းကရယ်စရာကောင်းအောင်သူတစ်ဖက်လူ၏နာမည်အစစ်ကိုတောင်မသိခဲ့ပေ။
ဟော့ရှီစစ်စိတ်ဖိစီးသွားရကာတစ်ဖက်လူကိုအခုချက်ချင်းမေးပစ်လိုက်ချင်မိသည်။ ဘာလို့ဂုဏ်သိက္ခာရှိတဲ့ဇာ့ဂျ်ဘုရင်ကသရုပ်မှန်ကိုဖုံးကွယ်ပြီးတော့သူ့အတွက်စပိုင်ဖြစ်လာခဲ့တာလဲ။ ပြီးတော့သူ့ကိုဖမ်းပြီးနောက်မှာဘာလို့မသတ်ပစ်ခဲ့တာလဲ။
သူမျက်လွှာချကာလင်ခုံးလု၏လည်တိုင်ကိုကြည့်လိုက်မိသည်။ ထိုနေရာကအမှတ်မှာတဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်နေပေမဲ့သူ့မှတ်ဉာဏ်ထဲကအမှတ်ကတော့ပိုမိုသိသာထင်ရှားလာသည်။
ထိုစဥ်လင်ခုံးလုသူ့အကြည့်ကိုသတိထားမိသွားကာခေါင်းလှည့်ပြီးမေးလိုက်မိသည်။ "ဘာဖြစ်လို့လဲ။"
ဟော့ရှီစစ်ပင့်သက်ရှိုက်လိုက်မိပြီး အသံတိုးကာ"မင်းကချောင်းအာလား?"ဟုမေးရန်ပြင်လိုက်ရုံသာရှိသေး၊ ပရိသတ်ထံမှအားပေးသံရုတ်ခြည်းဝါးခနဲထွက်လာသည်။
စကားဝိုင်းမှာကြားဖြတ်ခံလိုက်ရပြီး သူတို့နှစ်ယောက်တိုက်ပွဲကွင်းပြင်ကိုပြိုင်တူကြည့်မိတော့ဇာ့ဂျ်စစ်သားလေးနိုင်သွားမှန်းသိလိုက်ရသည်။
ပရိသတ်ဆီကအသံမှာတအားကျယ်ပြီး သူတို့အသံကိုဖုံးသွားလေရာ ဟော့ရှီစစ်ခဏရပ်လိုက်ရုံသာတတ်နိုင်သည်။
ဘာပဲဖြစ်ဖြစ်အခုကဒီအကြောင်းပြောရမဲ့အချိန်မဟုတ်ဘူး၊ နောက်မှပြောတော့မယ်။
သို့သော်လည်းညီလာခံအခမ်းအနားအဆုံးမသတ်ခင်အထိ ဟော့ရှီစစ်တစ်ယောက်လင်ခုံးလုကိုစကားပြောဖို့အခွင့်အရေးထပ်မရတော့ပေ။
အခမ်းအနားပြီးတော့သူစကားပြောရန်ပြင်လိုက်ပေမဲ့ဇာ့ဂျ်ဗိုလ်ချုပ်များကလင်ခုံးလုဆီဆရာက်လာပြီးဆွေးနွေးစရာတစ်ခုခုရှိသည်ဟုဆိုလာသည်။
သူတို့ဟော့ရှီစစ်အကြောင်းလာမေးတာမှန်းလင်ခုံးလုခန့်မှန်းမိလိုက်သည်။ ဖြစ်ချင်တော့သူကဟော့ရှီစစ်နှင့်ပူးပေါင်းဖို့ကြံနေတဲ့အကြောင်းဒီဗိုလ်ချုပ်များကိုပြောဖို့လုပ်နေတာဖြစ်သည်။
သူအတော်ပေါ်သွားပြီ၊ လုံးဝပေါ်သွားပြီမှန်းသူမသိပေ။ ဟော့ရှီစစ်ကအခုဆိုသံသယဝင်နေလောက်ပြီဟုသူတွေးမိသဖြင့်တစ်ဖက်လူဘက်လှည့်ကာပြုံးပြလိုက်သည်။
"မင်းအရင်ပြန်နှင့်လေ၊ ည​​ကျတွေ့မယ်။"
ဟော့ရှီစစ်၏မျက်နှာထားမသိမသာတောင့်တင်းသွားပေမဲ့ခဏကြာတော့သူ့မျက်လုံးများနက်မှောင်သွားရပြန်သည်။
လာပြန်ပြီ၊ လူတိုင်းကိုပြုံးပြနေတတ်တဲ့ဒီရင်းနှီးတဲ့အပြုံး။
လင်ခုံးလုကသူဘာတွေးနေလဲမသိပေ။ ပြောပြီးနောက်သူဗိုလ်ချုပ်များနှင့်အတူလှည့်ထွက်သွားသည်။
သူတို့အစည်းအဝေးခန်းထဲဝင်ပြီးသည်နှင့်သူတို့မထိုင်ရသေးခင် ဗိုလ်ချုပ်ကျားလိကမေးလာသည်။
"အရှင်၊ အဲ့လူသားမာရှယ်ကိုအတည်လား၊ ဒါမှမဟုတ်...အပျော်ပဲလား။"
ဒီကမ္ဘာမှာသူမနှင့်လင်ခုံးလုကအတူကြီးပျင်းလာခဲ့ပြီး သူတို့မှာသာမန်ထက်ပိုသောဆက်ဆံရေးရှိသဖြင့် စကားပြောရာတွင်စည်းသိပ်မရှိပေ။
လင်ခုံးလုပဟေဠိဖြစ်ချင်ယောင်ဆောင်ကာမေးလိုက်သည်။
"ဘာကိုပြောချင်တာလဲ။"
"အပျော်ပဲဆိုကိစ္စမရှိပေမဲ့အတည်ဆိုရင်တော့မကောင်းလောက်ဘူး။"
ကျားလိကအလေးအနက်အကြံပေးလာသည်။
ဟော့ရှီစစ်ကိုကေတီပို့လိုက်တာမှန်း သူမမောင်လေးဆီကအခုပဲကြားပြီးပြီ။
ခိုင်ချန့်ကပျားမျိုးနွယ်စုမှာမွေးဖွားလာခဲ့တာ။ အစောပိုင်းနှစ်မှာပျားမျိုးနွယ်စုနဲ့ပုရွက်ဆိတ်မျိုးနွယ်စုကအရှင်ရဲ့စည်းမျဥ်းကိုထပ်တူမကျေနပ်ခဲ့ကြဘူး။ ခိုင်ချန့်ရဲ့ရည်ရွယ်ချက်မှာဘာရှိနေမလဲဆိုတာဘယ်သူသိမှာလဲ။
သူကဟော့ရှီစစ်ကိုအရှင့်ကိုလုပ်ကြံစေချင်တာဆိုရင်ကော.....
ကျားလိအလွန်စိတ်ပူသွားကာသူမ၏စိုးရိမ်ပူပင်မှုကိုဖော်ပြမိသည်။ လက်ရှိဗိုလ်ချုပ်အားလုံးမှာကျားလီလိုမျိုးဇာ့ဂျ်ဘုရင်အပေါ်သစ္စာစောင့်သိပြီးအလိုလိုခေါင်းငြိမ့်လိုက်သည်။
လင်ခုံးလုလက်ဝှေ့ရမ်းလိုက်ပြီး သူတို့အတွေးလွန်နေတာဖြစ်ကြောင်းနှင့်ဟော့ရှီစစ်ကသူ့ကိုမသတ်နိုင်​ကြောင်းပြောလိုက်ပြီးမှဆက်ပြောလိုက်သည်။
"ဧကရာဇ်အန်ဒရီကဇာ့ဂျ်နဲ့သဘောတူစာချုပ်ကိုဖောက်ဖျက်ခဲ့တယ်။ ကိုယ်တော်သူ့ကိုသင်ခန်းစာပေးပြီးတော့ဟော့ရှီစစ်နဲ့ပူးပေါင်းဖို့စီစဥ်ထားတယ်။ မင်းတို့ဘယ်လိုထင်လဲ။"
ဇာ့ဂျ်ဗိုလ်ချုပ်များမိန်းမောသွားရသည်။ သူတို့ဘာထင်ရမှာလဲ။ အဲ့ဒါကလက်မခံနိုင်စရာပဲ။
"ဟော့ရှီစစ်ကဇာ့ဂျ်ရဲ့ရန်သူဟောင်းပဲ။"
"ဇာ့ဂျ်တွေမရေတွက်နိုင်အောင်သတ်ပစ်ခဲ့တာ..."
"သာမန်အကျဥ်းသားပဲ..."
လင်ခုံးလုခေါင်းငြိမ့်လိုက်ပြီးစားပွဲကိုသူ့လက်ချောင်းထိပ်များနှင့်တတောက်တောက်ခေါက်ကာပြောလိုက်သည်။
"မင်းတို့ပြောတာအဓိပ္ပါယ်ရှိတယ်။ ဒါပေမဲ့အခုဆိုဇာ့ဂျ်တပ်ကတာ့ဂလက်စီမှာရှေ့တန်းနောက်မဆုတ်အခြေအ​နေမှာရှိနေတာ၊ တိုက်ခိုက်လို့မရဘူး။ တပ်ပြန်ရုတ်ရင်လည်းမျိုးနွယ်စုမျိုးစုံနဲ့စတေးခံခဲ့တဲ့ဇာ့ဂျ်တပ်တွေအတွက်မတရားဘူး။ အဲ့ဒါကအန်​ဒရီအတွက်ပိုလွယ်သွားစေမှာ။"
"ဘာလို့တိုက်ခိုက်လို့မရရမှာလဲ။"
ဇာ့ဂျ်ဗိုလ်ချုပ်များထဲကတစ်ယောက်ကဆိုသည်။
"ခိုင်ချန့်ကတအားအသုံးမကျမှာစိုးတယ်။ ဒီတော့ဗိုလ်ချုပ်ကျားလိ အရှင့်ကိုတာ့ဂလက်စီကိုသွားပြီးကြီးကြပ်ခိုင်းလိုက်တာပေါ့။"
ဒါကိုကြားတော့ကျားလိသဘောမတူဘဲမျက်မှောင်ကြုတ်မိသည်။
လင်ခုံးလုအနည်းငယ်အံ့အားသင့်သွားမိသည်။ အရင်ဘဝဒီအချိန်မှာကျားလိကတာ့ဂလက်စီကိုသိမ်းပိုက်ဖို့သဘောတူခဲ့ပြီး ဒီကိစ္စကြောင့်သူနှင့်ပဋိပက္ခဖြစ်လုနီးပါးပင်။
ဇာတ်ညွှန်းထဲတွင်သူသေဆုံးပြီးနောက်ကျားလိကဘုရင်မဖြစ်လာကာတာ့ဂလက်စီကိုသိမ်းပိုက်ဖို့စစ်တပ်ကိုကိုယ်တိုင်ဦးဆောင်ခဲ့သည်။
ဒါပေမဲ့အဆုံးမှာတော့အဲ့ဒါကအရင်ဘဝကကိစ္စဖြစ်သည်ပင်...
လင်ခုံးလုတည်ငြိမ်စွာအကြည့်ပြန်ရုတ်ကာဆက်ပြောလိုက်သည်။
"မင်းတို့တွေတာ့ဂလက်စီမှာတော်ဝင်စစ်တပ်ဖြန့်ထားတဲ့ခံတပ်ကိုနားမလည်ဘူး။ ကိုယ်တော်တချို့ကိုမြင်ပြီးပြီ။ အထဲကဘယ်သူမှမဖွင့်ပေးဘဲနဲ့ ကိုယ်တော်တို့အတင်းကြီးသွားတိုက်ခိုက်လိုက်ရင် ကိုယ်တော်တို့တွေဇာ့ဂျ်စစ်သားတစ်သန်းနီးပါးစတေးရလောက်တယ်။"
သူခြိမ်းခြောက်နေတာမဟုတ်သကဲ့သို့ချဲ့ကားပြောနေတာလည်းမဟုတ်ပေ။
ဟော့ရှီစစ်ကခံစစ်တည်ဆောက်ရာမှာအလွန်ထူးချွန်သည်။ အရင်ဘဝမှာဘုရင်အိုကြီးကထန်မင်ခွန်းကိုအတင်းရွှေ့ပြောင်းတော့ တာ့ဂလက်စီကိုကျောရိုးလုံးဝဆုံးရှုံးသွားစေခဲ့သည်။ ထို့နောက် ကျားလိကဇာ့ဂျ်တပ်ကိုဦးဆောင်ကာအပြင်းအထန်တိုက်ခိုက်ပြီး ဇာ့ဂျ်စစ်သားထောင်ချီစတေးပစ်ခဲ့သည်။
နောက်တော့သူမတာ့ဂလက်စီကိုအပိုင်သိမ်းနိုင်ခဲ့သော်လည်းအလွန်ဝမ်းနည်းပူဆွေးစရာပင်။
"ပြီးတော့ရှည်ကြာတဲ့စစ်ပွဲနှစ်တွေကဇာ့ဂျ်မျိုးနွယ်စုမှာအတွင်းပိုင်းပုန်ကန်မှုနဲ့စားစရာပြတ်လပ်မှုကိုဖြစ်စေခဲ့တယ်။ ကိုယ်တော်ကြားတာကတော့တချို့​နေရာမှာငတ်မွတ်ခေါင်းပါးမှုခံစားနေရပြီဆို? ကိုယ်တော်တို့ဒီလိုသာဆက်တိုက်နေရင် ဒီအခြေအနေကပိုပြီးတော့တောင်ပြင်းထန်လာမှာ။ ကိုယ်တော်တို့တာ့ဂလက်စီကိုသိမ်းပိုက်နိုင်ရင်တောင် လူသားတွေကကိုယ်တော်တို့အတွက်ဘာမှချန်ခဲ့မှာမဟုတ်ဘူး။"
ဒါကိုလည်းဇာတ်ညွှန်းထဲမှာရေးထားသည်။ တာ့ဂလက်စီကိုသိမ်းပိုက်ပြီးရင် အစကထိုနေရာကအရင်းအမြစ်များကိုသုံးပြီးဇာ့ဂျ်ဂြိုဟ်ပေါ်မှာငတ်မွတ်ခေါင်းပါးမှုကိုပပျောက်စေချင်ခဲ့သည်။ သို့သော်လည်းတော်ဝင်စစ်တပ်ကပြန်ရုတ်မသွားခင်သုံးမရသည့်အရာမှန်သမျှကိုဖျက်ဆီးသွားခဲ့မည်ဟုသူမထင်ထားမိပေ။ ကျန်ခဲ့သည့်အရာများထဲမှာအာဟာရဖြည့်စွက်ရည်တစ်စက်မှမကျန်။
အမှန်တော့အရင်ဘဝမှာသူမမထွက်သွားခင်ကျားလိကိုအကြံပေးခဲ့ပေမဲ့ထိုအချိန်ကတစ်ဖက်လူမှာနားမထောင်ခဲ့သဖြင့် အရင်ဘဝကဇာ့ဂျ်များ၏အခြေအနေမှာနောက်ပိုင်းတွင်သိပ်မကောင်းလောက်မှန်းသူခန့်မှန်းမိခဲ့သည်။
ဒါကိုတွေးမိတော့သူကျားလိကိုအလိုလိုကြည့်လိုက်မိပေမဲ့တစ်ဖက်လူကတောင့်ခဲကာရုပ်ဆိုးနေတာကိုမြင်လိုက်ရသည်။
လင်ခုံးလုအနည်းငယ်အံ့သြသွားရသည်။ ဒီအချိန်မှာအခြားဗိုလ်ချုပ်များကကန့်ကွက်နေသေးပေမဲ့ကျားလီကရုတ်တရက်ပံ့ပိုးကာပြောလာသည်။
"အရာအားလုံးကအရှင့်သဘောအတိုင်းပါပဲ။"
လင်ခုံးလုပို၍ပင်အံ့သြသွားရပေမဲ့သူမတွေးရသေးခင်ကျားလီကတုံ့ဆိုင်းစွာမေးလာသည်။
"ဒါပေမဲ့အဲ့လူသားမာရှယ်ကပူးပေါင်းဖို့သဘောတူပါ့မလား။"
လင်ခုံးလုပြုံးကာပြောလိုက်သည်။
"ကိုယ်တော်သူ့ကိုသူမငြင်းနိုင်တဲ့ကမ်းလှမ်းချက်တစ်ခုပေးလိုက်မယ်။"
*
ဟော့ရှီစစ်ဘေးခန်းမကိုပြန်သွားပြီး "ည​​ကျတွေ့မယ်"ဟုလင်ခုံးလုပြောခဲ့တာကိုသတိရသွားတော့သူအနည်းငယ်ဂနာမငြိမ်ဖြစ်သွားသည်။
အရင်ညများမှာလင်ခုံးလုကသူ့ကိုစိတ်စွမ်းအားကူကုသပေးခဲ့သည်။
တစ်ဖက်လူကချောင်းအာမှန်းသူမသိခဲ့ဘဲ ဇာ့ဂျ်ဘုရင်ဒီလိုလုပ်ပေးတာကနည်းနည်းနားမလည်စရာပဲဟုသာတွေးခဲ့မိသည်။ အခုသူသိသွားတော့သူအလွန်စိတ်ရှုပ်ထွေးနေမိသည်။
ခုနကတိုက်ပွဲကွင်းပြင်အပြင်မှာသူရှော့ခ်ရသွားပြီးဇာ့ဂျ်ဘုရင်ဒီလိုလုပ်ရသည့်ရည်ရွယ်ချက်ကိုတွေးဖို့မေ့သွားခဲ့သည်။ အခုသူစိတ်ငြိမ်သွားပြီးတွေးကြည့်မိတော့...သူနားမလည်သေးမှန်းသိလိုက်ရသည်။
အမှန်တော့တစ်ဖက်လူသူ့ဘေးမှာစပိုင်လုပ်တုန်းကသူဘာလျို့ဝှက်ချက်တစ်ခုကိုမှထောက်လှမ်းသွားခြင်းမရှိပေ။ သူကသကေ်တသုံးစာဖိုင်တချို့သာယူသွားပြီး သူ့ကိုပင်အများကြီးကူညီပေးခဲ့သည်။ နောက်ပိုင်းမှသူဟာစပိုင်တစ်ယောက်၊ ဘုရင်အိုကြီးလွှတ်လိုက်သည့်လူတစ်ယောက်ဖြစ်နိုင်သည်။
ပြီးတော့သူဖမ်းဆီးခံရပြီးဇာ့ဂျ်နန်းတော်ထဲမှာနေရသည့်နေ့ရက်များမှာတစ်ဖက်လူကသူ့ကိုစကားနှင့်ခြိမ်းခြောက်သော်လည်းတကယ်တမ်းကျဘာမှမလုပ်ခဲ့ပေ။ ထိုအစားသူကသူ့ဒဏ်ရာများကိုကူကုပေးသည်။ ခုနကနှစ်ယောက်တိုက်ပွဲမှာသူ့ကိုကူညီပေးခဲ့ပြီး သူကတိပေးထားသည့်လူသိရှင်ကြားအနိုင်ကျင့်မှုကိုမလုပ်ခဲ့ပေ။
ဖြစ်နိုင်တာ....တစ်ဖက်လူကလည်းသူ့ကိုသဘောကျတာလား။
မဟုတ်ရင်ဂုဏ်သိက္ခာရှိတဲ့ဇာ့ဂျ်ဘုရင်ဒီလိုလုပ်ရတဲ့အခြားအကြောင်းရင်းကဘာများရှိလို့လဲ။
ဟော့ရှီစစ်၏ရင်ခုန်သံရုတ်ခြည်းမြန်ဆန်သွားပေမဲ့သူ့မျက်နှာထားမှာမယုံကြည်နိုင်ဟန်နှင့်ပင်။
ဒါပေမဲ့ဒီခန့်မှန်းချက်ကအမှန်သာဆို တစ်ဖက်လူရဲ့ခြိမ်းခြောက်မှုတွေကအတုအယောင်ဖြစ်မှာပဲ၊ ဒီလျှပ်စစ်လည်ပတ်ဆိုတဲ့ဟာရောပေါ့။
သူ့မျက်လုံးများနက်မှောင်သွားကာရုတ်တရက်လက်မြှောက်ပြီးသူ့မြကျောက်လည်စည်းကိုထိကာအခုအတည်ပြုချင်သွားသည်။
သူမေးအသာမော့လိုက်မိပြီးသူ့လည်ဇလုပ်လှိမ့်သွားပြီးနောက်သူလက်ချောင်းနှင့်ခလုတ်ကိုဖိကာအသာဆွဲချွတ်လိုက်သည်။
လျှပ်စစ်လည်ပတ်ဆိုတဲ့ဟာကဘာအန္တရာယ်မှမရှိဘဲကျွတ်သွားသည်။
ဆိုတော့ခန့်မှန်းချက်ကမှန်တာလား။
ဟော့ရှီစစ်၏ရင်ခုန်သံပိုမိုပြင်းထန်စွာအခုန်မြန်လာပြီး သူ့နားထဲမှာဒရမ်ပမာမြည်ဟည်းနေသည်။
ဒါပေမဲ့သူစိတ်ငြိမ်သွားချိန် သူ့စိတ်အခြေအနေမှာရှုပ်ထွေးကာခွဲခြားရခက်သွားသည်။
ချောင်းအာကချောင်းအာသာဆိုတစ်ဖက်လူကသူ့ကိုကြိုက်တယ်ဆိုတာသိလိုက်ရရင်သူစိတ်လှုပ်ရှားပျော်ရွှင်မိမှာဆိုပေမဲ့တစ်ဖက်လူကဇာ့ဂျ်ဘုရင်ဖြစ်နေတယ်။
စိတ်လှုပ်ရှားနှင့်ပျော်ရွှင်မှုရှိနေတုန်းပဲဆိုပေမဲ့စိတ်ပူမှုပါရှိနေတယ်....
ဟော့ရှီစစ်မနေနိုင်ဘဲမျက်မှောင်ကြုတ်မိသည်။
*
လင်ခုံးလုတစ်ယောက်ကိစ္စဆွေးနွေးပြီးနောက်နန်းတော်ကိုပြန်သွားတော့ လမ်းမှာပုရွက်ဆိတ်ဘုရင်မဘေးကလူငယ်​လေးချက်စတာနှင့်ဆုံသည်။
ဆေးကုပြီးနောက်ချက်စတာမှာသိသိသာသာကိုနိုးလာပေမဲ့သူ့ကိုတားရဲသည့်သတ္တိရှိပြီးသူတောင်းပန်ကာသူ့ကျေးဇူးတင်မှုကိုဖော်ပြချင်သည်ဟုဆိုလာသည်။ နောက်ဆုံးမှာသူကသူနှင့်အပေးအယူတစ်ခုဆွေးနွေးချင်သည်ဟုဆိုသည်။
လူငယ်လေး၏မျက်လုံးများမှာရည်မှန်းချက်နှင့်တစ်ချက်လက်သွားပြီး သူကဖိပြောလာသည်။
"အရှင်မငြင်းနိုင်တဲ့အပေးအယူပဲ။"
လင်ခုံးလုအစကအဖတ်မလုပ်ချင်ပေမဲ့ဒါကိုကြားတော့ရုတ်ခြည်းစိတ်ဝင်စားလာသည်။
ထို့အပြင်အစောကြီးရှိသေးတော့ ဟော့ရှီစစ်ကသူ့ဆီမလာလောက်သေးဘူးဟုခန့်မှန်းမိဖြင့်သူအရင်ကြားချင်တာမို့ပြောလိုက်သည်။ "ကိုယ်တော်နဲ့လိုက်ခဲ့။"
မထင်မှတ်ဘဲဒီ​မြင်ကွင်းကိုလင်ခုံးလုကိုလာတွေ့သည့်သီအန်းကမြင်သွားသည်။ ဒီကောင်​လေးကဟော့ရှီစစ်တို့သုံးယောက်နေသည့်ဘေးခန်းမဆီချက်ချင်းသွားလိုက်သည်။
နန်းတော်ဝင်လိုက်သည်နှင့် သီအန်းဆိုဖာပေါ်မှာထိုင်နေသည့်ဝမ်းဟောင်ယွိကိုမြင်လိုက်ရပြီးစိုးရိမ်တကြီးမေးလိုက်မိသည်။
"မင်းတို့မာရှယ်ဘယ်မှာလဲ။"
ဝမ်းဟောင်ယွိအံ့သြသွားကာမေးလိုက်မိသည်။
"သူ့ကိုရှာနေတာလား။"
"ကိစ္စကြီးပဲ။" သီအန်းကချဲ့ကားသောလေသံနှင့်ဆိုသည်။
"မင်းသိရဲ့လား။ ပုရွက်ဆိတ်မျိုးနွယ်ကအဲ့ကောင်ချောလေးကအရှင့်ကိုတိတ်တခိုးသွားတွေ့တာကိုငါအခုပဲမြင်လိုက်တယ်။ အဓိကကတော့အရှင်ကလက်ခံလိုက်တာပဲ။ 'အသစ်တွေ့ရင်ပြုံးလိမ့်မယ်၊ အဟောင်းအကြောင်းကြားရင်ငိုလိမ့်မယ်'ဆိုတဲ့ဟာမျိုးပဲ။ ငါတို့ဇာ့ဂျ်ဟောင်းနဲ့လူဟောင်းပူးပေါင်းမှရတော့မယ်။"
ဝမ်းဟောင်ယွိ: "...." ကဗျာကိုကျပန်းပြောင်းနေတာရပ်လို့ရမလား။
ထို့အပြင်သူဖိပြောလိုက်သည်-
"ငါတို့မာရှယ်ကမင်းတို့အရှင်ကိုတကယ်မကြိုက်ပါဘူးဆိုနေမှ၊ ပုရွက်ဆိတ်မျိုးနွယ်ကမျက်နှာသာပေးခံရဖို့မင်းတို့ဘုရင်ကိုဖိတ်ဖိတ်မဖိတ်ဖိတ်တကယ်မဂရုမစိုက်တာမို့လို့ထပ်မပြောနဲ့တော့။"
မာရှယ်ကြားသွားရင်မကောင်းဘူး။
ဝမ်းဟောင်ယွိခေါင်းကိုက်စွာပြောလိုက်မိသည်။
"ဟုတ်တယ်။" သူ့ဘေးမှာထိုင်နေသူဟဲ့ရှောင်းကသဘောတူခေါင်းငြိမ့်သည်။
ထိုစဥ်ဟော့ရှီစစ်ကရေတစ်ခွက်ကိုင်လျက်အခန်းထဲမှထွက်လာကာမျက်မှောင်ကြုတ်ပြီးမေးလာသည်။
"ဘာဖိတ်တာလဲ။"
"ဒါ...." ဝမ်းဟောင်ယွိရုတ်ခြည်းရှက်သွားကာသီအန်းစကားလုံးများ၏တစ်စိတ်တစ်ပိုင်းကိုဖုံးကွယ်ပြီးပြောလိုက်သည်။
"သီအန်းပြောတာကမာရှယ်ဒီနေ့နှစ်ယောက်တိုက်ပွဲပြိုင်ခဲ့တဲ့ပုရွက်ဆိတ်မျိုးနွယ်ကဇာ့ဂျ်ဘုရင်ကိုသွားတွေ့တာ ဇာ့ဂျ်ဘုရင်ကလက်ခံလိုက်တယ်တဲ့။"
"ခလွမ်း!"
ဟော့ရှီစစ်မှာမျက်နှာသေနှင့် ရုတ်တရက်ကြီးခွက်ကိုတစစီခွဲပစ်လိုက်​လေသည်။
-----
"ဇာ့ဂ်ျဘုရင်မ"ဆိုတဲ့စကားလုံးကိုဘယ်သူကမှချောင်းအာနဲ့ဆက်စပ်မိမှာမဟုတ်ဘူး။
ပြီးတော့အရင်ဘဝမှာဇာ့ဂ်ျဘုရင်ကတစ်လအကြာမှာသေဆုံးသွားတော့ သူ့ကိုဘယ်လိုလုပ်ရှာတွေ့ဖို့ဖြစ်နိုင်တော့မှာလဲ။
ဝမ်းဟောင်ယွိ: "....."
ဇာ့ဂ်ျဗိုလ်ချုပ်ထိုင်ခုံ၌ သီအန်း၏အစ်မဗိုလ်ချုပ်ကျားလိမှာဒါကိုမြင်တော့မျက်မှောင်အသာကြုတ်မိသည်။
နောက်တော့နှစ်ယောက်တိုက်ပွဲဆက်လာပြီး စစ်ရေးလေ့ကျင့်မှုမှာဒုတိယနေရာချိတ်သည့်ဇာ့ဂ်ျစစ်သားကစိန်ခေါ်ရန်လူရွေးရမည့်အလှည့်ဖြစ်သည်။
တစ်ဖက်လူမှာလင်ခုံးလုသူ့ကိုစိန်ခေါ်အောင်စီစဉ်ခဲ့သည့်ဇာ့ဂ်ျဖြစ်သည်။
သို့သော်ဒီအခိုက်အတန့်မှာဇာ့ဂ်ျစစ်သားလေးမှာ လင်ခုံးလုကိုလုံးဝမော့မကြည့်ရဲပေ။
ဟော့ရှီစစ်၏မျက်လုံးများရုတ်ခြည်းစူးရှသွားကာသူဇာ့ဂ်ျစစ်သားလေးကိုလှည့်ကြည့်လိုက်သည်။
ဇာ့ဂ်ျစစ်သားလေး: "?"
ဇာ့ဂ်ျစစ်သားလေးမှာလည်းသက်မချလိုက်မိပြီးနောက်ဆုံးမှာသူ့ဘော့စ်ကိုစိန်ခေါ်ဖို့ရွေးချယ်လိုက်သည်။
ဇာ့ဂ်ျနန်းတော်မှာနေနေသည့်ဒီရက်ပိုင်းအတွင်းမှာတစ်ဖက်လူသူ့ကိုစကားပြောလာတိုင်းသူ့မျက်ဝန်းထဲမှာမသိသာသောအပြုံးတစ်ပွင့်ရှိနေပြီး သူဟာသူ့ကိုအလွန်စိတ်ဝင်စားနေပုံရပေမဲ့အခုကြည့်ရတာတော့...တစ်ဖက်လူကလူတိုင်းအပေါ်မှာဒီလိုမျိုးဖြစ်လောက်သည်။
စကားဝိုင်းမှာကြားဖြတ်ခံလိုက်ရပြီး သူတို့နှစ်ယောက်တိုက်ပွဲကွင်းပြင်ကိုပြိုင်တူကြည့်မိတော့ဇာ့ဂ်ျစစ်သားလေးနိုင်သွားမှန်းသိလိုက်ရသည်။
အခမ်းအနားပြီးတော့သူစကားပြောရန်ပြင်လိုက်ပေမဲ့ဇာ့ဂ်ျဗိုလ်ချုပ်များကလင်ခုံးလုဆီဆရာက်လာပြီးဆွေးနွေးစရာတစ်ခုခုရှိသည်ဟုဆိုလာသည်။
"ဘာကိုပြောချင်တာလဲ။"
"ဟော့ရှီစစ်ကဇာ့ဂ်ျရဲ့ရန်သူဟောင်းပဲ။"
"ဇာ့ဂ်ျတွေမရေတွက်နိုင်အောင်သတ်ပစ်ခဲ့တာ..."
"သာမန်အကျဉ်းသားပဲ..."
ဇာ့ဂ်ျဗိုလ်ချုပ်များထဲကတစ်ယောက်ကဆိုသည်။
အမှန်တော့အရင်ဘဝမှာသူမမထွက်သွားခင်ကျားလိကိုအကြံပေးခဲ့ပေမဲ့ထိုအချိန်ကတစ်ဖက်လူမှာနားမထောင်ခဲ့သဖြင့် အရင်ဘဝကဇာ့ဂ်ျများ၏အခြေအနေမှာနောက်ပိုင်းတွင်သိပ်မကောင်းလောက်မှန်းသူခန့်မှန်းမိခဲ့သည်။
*
မဟုတ်ရင်ဂုဏ်သိက္ခာရှိတဲ့ဇာ့ဂ်ျဘုရင်ဒီလိုလုပ်ရတဲ့အခြားအကြောင်းရင်းကဘာများရှိလို့လဲ။
ချောင်းအာကချောင်းအာသာဆိုတစ်ဖက်လူကသူ့ကိုကြိုက်တယ်ဆိုတာသိလိုက်ရရင်သူစိတ်လှုပ်ရှားပျော်ရွှင်မိမှာဆိုပေမဲ့တစ်ဖက်လူကဇာ့ဂ်ျဘုရင်ဖြစ်နေတယ်။
*
"သူ့ကိုရှာနေတာလား။"
"ဘာဖိတ်တာလဲ။"
"သီအန်းပြောတာကမာရှယ်ဒီနေ့နှစ်ယောက်တိုက်ပွဲပြိုင်ခဲ့တဲ့ပုရွက်ဆိတ်မျိုးနွယ်ကဇာ့ဂ်ျဘုရင်ကိုသွားတွေ့တာ ဇာ့ဂ်ျဘုရင်ကလက်ခံလိုက်တယ်တဲ့။"
"ခလွမ်း!"
-----
Continue Reading
You'll Also Like
403K 12.9K 25
The year is 1908, and Clara Angell is going to Hogwarts School Of Witchcraft And Wizardry. Clara's quiet excited, but she is somewhat dreading school...
112K 23.6K 71
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
1.9K 301 32
The Villainous Shizun is as Beautiful as Flower 反派师尊貌美如花 Author - 酒煮核弹头 126 chapters + 11 extras I do not own this novel and I'm just translating it...