ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...
By Boss_want_to_eat_you
116K 24.4K 515
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More
Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၇] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
1.3K 335 8
By Boss_want_to_eat_you
Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၈)။
အခန်းထဲကလေထုမှာတန့်သွားပြန်သည်။ ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိတို့နှစ်ယောက်လုံးစိုးရိမ်လာကာ ဟော့ရှီစစ်ကိုယ်စားချွေးပြန်လာသည်။
လင်ခုံးလု၏နှုတ်ခမ်းနှင့်မျက်ဝန်းထဲမှာအပြုဲးတစ်ပွင့်ရှိနေသော်လည်း ဒီအခိုက်အတန့်၌ သူတို့အမြင်မှာသိသိသာသာကိုလှောင်ပြုံးဖြစ်ပြီး မုန်တိုင်းလာနေသည့်လက္ခဏာဖြစ်သည်။
အဆိုးဆုံးအရာဖြစ်သွားပြီဆိုတော့မာရှယ်ချက်ချင်းအစားခံရတော့မှာလား။ သူတို့ချက်ချင်းကွပ်မျက်ခံရတော့မှာလား။
လင်ခုံးလုကဟော့ရှီစစ်၏မျက်ဝန်းထဲစိုက်ကြည့်လို့နေသည်။ တစ်ဖက်လူကနှုတ်ဆိတ်နေသေးတာမြင်တော့ သူဆက်သွယ်ရေးစက်ချိန်းကြိုးကိုသူ့လက်ချောင်းထိပ်များနှင့်အသာရစ်ပတ်ကာ တစ်ဖက်လူ၏မျက်လုံးရှေ့မှာကိုင်ပြီး အပြုံးလေးနှင့်ဆက်ပြောလိုက်သည်။
"မာရှယ့်မှာရှင်းပြစရာဘာမှမရှိဘူးလား။"
ဟော့ရှီစစ်၏အပြာရင့်ရောင်မျက်ဝန်းများမှာလေပြင်းကြောင့်လှုပ်ခတ်သွားသည့်ပင်လယ်ပြင်နှင့်တူနေပေမဲ့ခဏကြာတော့မုန်တိုင်းသွေဖည်သွားသည်။ သူတဖြည်းဖြည်းချင်းအကြည့်လွှဲကာတည်ငြိမ်သော​လေသံဖြင့်ပြောလိုက်သည်။
"ခုနကသခင်​လေးသီအန်းဒီကိုရောက်လာတုန်းကမတော်တဆပြုတ်ကျခဲ့တာ။ ကျွန်တော်ဝမ်းဟောင်ယွိကိုပြန်ပေးခိုင်းမလို့လုပ်နေတာ။"
ဘယ်သူမှဒါကိုမယုံပေမဲ့အမှားရှာမရပေ။
သီအန်းကစောင့်ကြည့်ကင်မရာကွယ်နေသည့်ထောင့်ချိုးမှာပုန်းခိုဖို့ရွေးချယ်ခဲ့သည်။ ထို့အပြင်ထိုအချိန်ကလင်ခုံးလုလည်းထိုနေရာမှာရှိနေခဲ့ပြီး ဟော့ရှီစစ်ဆက်သွယ်ရေးစက်ကိုဘယ်လိုယူလိုက်လဲဆိုတာမမြင်လိုက်ပေ။ စောင့်ကြည့်ကင်မရာရှိရင်တောင်ဘာကိုဖမ်းမိမှာတုန်း?
ဆက်သွယ်ရေးစက်မှတ်တမ်းကိုတော့ဟော့ရှီစစ်ကဖျက်ပြီးလောက်ပြီ။ ဒီအချိန်မှာထန်မင်ခွင်းကစာပြန်လာရင်တောင် ကုတ်မက်ဆေ့ချ်ဖြစ်နေမှာဆိုတော့ အကြောင်းအရာ၊ တည်နေရာနှင့်အရင်းအမြစ်ကိုရှာလို့မရဘူး။
သံသယရှိပေမဲ့သက်သေမရှိဘူး။
ဒါပေမဲ့ဇာ့ဂျ်ဘုရင်မဖြစ်တဲ့သူကအကျဥ်းသားထွက်ပြေးဖို့ကြံနေတာလို့သံသယဝင်သွားရင်သက်သေလိုမယ်တဲ့လား။
လင်ခုံးလုခြေဖျားထောက်ရပ်ကာဟော့ရှီစစ်နားတိုးကပ်သွားလိုက်ပြန်သည်။ အေးစက်စက်သတ္ထုမျက်နှာဖုံးကသူ့နှာဖျားကိုထိကပ်လုမတတ်ဖြစ်သွားပြီး သူနူးညံ့စွာတီးတိုးပြောလိုက်သည်။
"မာရှယ်ကမရိုးသားဘူးပဲ။ ကြည့်ရတာတော့ကိုယ်တော်မင်းအပေါ်နည်းလမ်းတစ်ခုခုသုံးဖို့လိုတဲ့ပုံပဲ။"
ဟော့ရှီစစ်မျက်မှောင်ကြုတ်မိသည်။ သူတို့အရမ်းနီးကပ်နေလို့ သူတစ်ဖက်လူရဲ့ခပ်ဖျော့ဖျော့ကိုယ်သင်းရနံ့ကိုတောင်ရလိုက်တယ်။
ဟက်၊ ဘာလို့ဇာ့ဂျ်ဘုရင်မှာကိုယ်သင်းရနံ့ရှိနေတာလဲ။
သူပင့်သက်ရှိုက်နိကာလက်မြှောက်ပြီးတစ်ဖက်လူကိုတွန်းဖယ်လိုက်ပေမဲ့...သူတွန်းဖယ်မရပေ။
ဟော့ရှီစစ်၏မျက်နှာရုပ်ဆိုးသွားပြီး သူအတတ်နိုင်ဆုံးကြိုးစားခေါင်းစောင်းရုံသာတတ်နိုင်သည်။
လင်ခုံးလုတခစ်ခစ်ရယ်မောလိုက်ပြီးနောက်ဆုံးမှာအကွာအဝေးခြားလိုက်သည်။
သူဆ​က်သွယ်ရေးစက်၏ငွေရောင်ကြိုးကိုသူ့လက်ချောင်းမှာအကြိမ်အနည်းငယ်ရစ်ပတ်လျက် ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ငါဒါကိုသီအန်းကိုပြန်ပေးလိုက်မယ်။ မာရှယ်ကတော့.....မင်းငါ့ရဲ့အပြစ်ဒဏ်ကိုမကြာခင်သိရမှာပါ။"
ထို့နောက်သူဆက်သွယ်ရေးစက်ကိုလက်ထဲမှာထိုင်ကာစိတ်ကောင်းဝင်စွာသီချင်းညည်းရင်းထွက်သွားလိုက်သည်။
ဟော့ရှီစစ်မှာသံစဥ်ကအကြောင်းမဲ့ရင်းနှီးသည်ဟုခံစားလိုက်ရပေမဲ့....ဒါကဒီအကြောင်းတွေးရမဲ့အချိန်လား။
သူမျက်မှောင်ကြုတ်လိုက်မိသည်။
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာလင်ခုံးလုဘယ်သူ့ကိုမစားတဲ့အပြင်ဒေါသမထွက်ဘဲထွက်သွားတာမြင်တော့မနေနိုင်ဘဲသက်မချလိုက်မိပေမဲ့ခဏကြာတော့သူတို့ထူးထူးဆန်းဆန်းခံစားလိုက်ရသည်။
ဇာ့ဂျ်ဘုရင်မကမာရှယ့်ကိုအပြစ်ပေးမယ်လို့ပြောသွားပေမဲ့ သူမာရှယ့်ကိုချက်ချင်းဘာမှမလုပ်သွားခဲ့ဘူး။ သူနောက်ပိုင်းသူ့ကိုအပြစ်ပေးရင်အဲ့လောက်မပြင်းထန်လောက်ဘူး။ ခြုံပြောရင်သူသေချာပေါက်မသေဘူး။
ကြည့်ရတာတော့ဇာ့ဂျ်ဘုရင်မအတွက်မာရှယ်ကနည်းနည်းထူးခြားတဲ့ပုံပဲ။ နှစ်ယောက်သားတစ်​ယောက်ကိုတစ်ယောက်ကြည့်ကာတိတ်တခိုးအံ့သြသွားမိကြသည်။
*
လင်ခုံးလုဥယျာဥ်ဆီပြန်ရောက်သွားပြီးသိပ်မကြာခင်မှာသီအန်းရောက်လာသည်။
ဇာ့ဂျ်လေးကသူ့ကိုမြင်တော့ သူ့အိုင်ဒေါကိုမြင်လိုက်ရသည့်ဖန်တစ်ယောက်ပမာစိတ်လှုပ်ရှားကာဂနာမငြိမ်ဖြစ်လို့နေသည်။
လင်ခုံးလုသူဘာကြောင့်ရောက်လာမှန်းသိနေတော့သက်ပြင်းချကာသူ့ကိုလက်ဝှေ့ရမ်းပြလိုက်သည်။
သီအန်းကအလျင်စလိုပြေးလာပြီး အရင်ဆုံးအရိုအသေပေးပြီးမှစောဒကတက်ကာဒေါသတကြီးဆိုလေသည်။
"ကိုကိုရှောင်လု...အဟမ်း၊ အရှင်သိရဲ့လား။ အရှင့်နန်းတော်ထဲကအကျဥ်းချထားတဲ့လူသားသုံးယောက်ကထွက်ပြေးချင်နေကြတယ်။ ကျွန်တော်သူတို့ပြောတာကိုကျွန်တော့်နားနဲ့ဆက်ဆက်ကြားခဲ့တာ။"
သီအန်းအစ်မကျားလိမှာဓားခုတ်ကောင်မျိုးနွယ်၏ဗိုလ်ချုပ်ဖြစ်သည်။ လင်ခုံးလုကဲ့သို့ပင်၊ သူတို့နှစ်ယောက်လုံးကယခင်ဘုရင်မဘေးမှာကြီးပျင်းလာကြပြီး ငယ်ငယ်ကတည်းကရင်းနှီးခဲ့ကြသည်။
ထို့အပြင်ဓားခုတ်ကောင်မျိုးနွယ်မှာဇာ့ဂျ်မျိုးနွယ်ကြားမှာအနည်းစုသာရှိပြီး ပျားမျိုးနွယ်နှင့်ပုရွက်ဆိတ်မျိုးနွယ်အရေအတွက်ထက်နည်းသည်။ ထို့ကြောင့်ဓားခုတ်ကောင်မျိုးနွယ်ဗိုလ်ချုပ်ကျားလိမှာလင်ခုံးလုထံမှမြင့်မားစွာအသိအမှတ်ပြုခံထားရသည်။
အရင်ဘဝမှာလင်ခုံးလုသေဆုံးသွားပြီးနောက် ဇာ့ဂျ်ဘုရင်မရာထူးယူခဲ့သည့်ဘုရင်မအသစ်မှာကျားလိဖြစ်သည်။
ကျားလိ၏မောင်ငယ်လေးဖြစ်သည့်ဒင်းမှာထုံးစံအတိုင်းအလိုလိုက်အကြိုက်ဆောင်ခံထားရသည်။ သူကနန်းတော်ထဲမကြာခဏဝင်လိုက်ထွက်လိုက်လုပ်ပြီး လင်ခုံးလုကိုတောင်လက်ထပ်ချင်နေသည်။
လင်ခုံးလုမှာဒီဟာကြောင့်ဒုက္ခဖြစ်ရကာကြိမ်ဖန်များစွာငြင်းခဲ့ပေမဲ့ ဒီဇာ့ဂျ်လေးကစကားနားမလည်သည့်အလားပြုမူလေသည်။ အချိန်တိုင်းသူကအပြစ်ကင်းဟန်ဆိုလာသည်: ကျွန်တော်ကအရှင့်ကိုလက်ထပ်ချင်တာ။ အရှင်အခြားတစ်ယောက်ကိုသဘောကျတာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကိုလက်ထပ်ချင်တာပဲဖြစ်ဖြစ်ကိစ္စမရှိဘူးရယ်၊ ကျွန်တော်အခြားညီအစ်ကိုမောင်နှမတွေကိုလုံးဝမနာလိုမဖြစ်ပါဘူး။
လင်ခုံးလုဆွံ့အသွားခဲ့သည်။
ထို့အပြင်သီအန်း၏အစ်မကျားလိမှာအခုပဲပုရွက်ဆိတ်မျိုးနွယ်ကပုန်ကန်မှုကိုဖြေရှင်းခဲ့ပြီး သိပ်မကြာခင်မှာတော်ဝင်မြို့တော်ကိုပြန်လာတော့မည်ပင်။
ဟော့ရှီစစ်ကထွက်ပြေးချင်နေမှန်းသီအန်းသာကျားလိကိုပြောလိုက်ရင် ကျားလိကသူ့ကိုလူသိရှင်ကြားနှင့်တိတ်တခိုးပါဟော့ရှီစစ်ကိုရှင်းပစ်ဖို့အကြံပေးလိမ့်မည်။ သူနားထောင်စရာမလိုပေမဲ့အရမ်းငြင်းရခက်ပေမည်။
လင်ခုံးလုသက်ပြင်းချလိုက်မိပြီး လက်မြှောက်ကာသီအန်း၏ခေါင်းကိုပွတ်သပ်ပြီးပြောလိုက်သည်။
"သီအန်း၊ မင်းမှာအိပ်မက်ရှိလား။"
သီအန်းမှာအလွန်ခေါင်းမူးစွာပွတ်သပ်ခံလိုက်ရပြီး သူ့အိုင်ဒေါနှင့်လက်ဆွဲနှုတ်ဆက်လိုက်ရသည့်ဖန်ပမာ သူ့ခေါင်းကို၇ရက်လောက်မလျှော်လည်းရသည်ဟုခံစားလိုက်ရသည်။
"ကျွန်တော့်အိပ်မက်ကအရှင့်ကိုလက်ထပ်ဖို့ပဲ။"
သူတောက်ပသောမျက်ဝန်းများဖြင့်ပြောလိုက်သည်။
လင်ခုံးလု: "....."
"မင်းမှာ....အခြားလုပ်စရာမရှိဘူးလား။"
သူစိတ်ရှည်လက်ရှည်ပြောလိုက်သည်။
"ဥပမာစံနမူနာ? အလုပ်အကိုင်?"
ဇာ့ဂျ်လေးမှာသူ၏နူးညံ့သိမ်မွေ့သောလေသံကြောင့်မေ့လဲလုမတတ်ဖြစ်သွားပြီး သူ့ကိုတိတ်တခိုးတစ်ချက်ကြည့်ကာတီးတိုးဆိုလိုက်မိသည်။
"ကျွန်​​တော်ကအရှင့်ကိုလက်ထပ်မှာ။"
လင်ခုံးလု၏ပါးစပ်မသိမသာတွန့်သွားရပြီးမှမေးလိုက်သည်။
"ဝါသနာကော? မင်းမှာဘာဝါသနာမှမရှိဘူးလား။"
"ကျွန်တော့်ဝါသနာကခင်ပွန်းကောင်းဖြစ်ပြီးကလေးတွေကိုပြုစုပျိုးထောင်ဖို့ပဲ။"
သီအန်းကရှက်ရွံ့စွာဆိုလာသည်။
လင်ခုံးလုခေါင်းမော့ကာပြောလိုက်မိသည်။
"ဒီလိုဆိုမင်းအခြားဇာ့ဂျ်ကိုလက်ထပ်လို့ရတယ်လေ။"
သီအန်းကချက်ချင်းခေါင်းခါသည်။
"ဘယ်လိုလုပ်တူမှာလဲ။ အခြားအမတွေကအရှင့်လောက်ကြည့်မကောင်းဘူးလေ။"
ဒါပေမဲ့မဟုတ်သေးပါဘူး၊ သူဒီမှာကွန်ပလိန်းလာတက်တာမဟုတ်ဘူးလား။ ဘာလို့ဇာ့ဂျ်စံနမူနာအကြောင်းပြောနေမိတာတုန်း?
သီအန်း၏ဦးနှောက်ဆားကစ်မှာမထင်မှတ်ဘဲပြန်ကောင်းသွားပြီး သူဒေါသတကြီးထပ်ပြောလိုက်သည်။
"အရှင်၊ ကျွန်တော်ခုနကအဲ့လူသားသုံးယောက်အကြောင်းပြောလို့မပြီးသေးဘူး...."
"အော်၊ ပြောရရင်ကိုယ်တော်လည်းမင်းကိုမေးစရာတစ်ခုရှိတယ်။"
လင်ခုံးလု၏လေသံမှာရုတ်ခြည်းလေးနက်လာသည်။ သူဟော့ရှီစစ်ဆီကယူလာသောဆက်သွယ်ရေးစက်ကိုထုတ်ကာမေးလိုက်သည်။
"ဒါမင်းရဲ့ဆက်သွယ်ရေးစက်လား။"
သီအန်းတောင့်ခဲသွားရကာ သူ့လည်ပင်းသူထိကြည့်မိတော့ဆက်သွယ်ရေးစက်ပျောက်နေမှန်းသိလိုက်ရရာသူ့မျက်နှာထားပြောင်းလဲသွားသည်။
"အဲ့လူသားမာရှယ်ကမင်းသူ့ကိုဆက်သွယ်ရေးစက်ပေးခဲ့ဖို့ပြောလား။"
လင်ခုံးလုခြိမ်းခြောက်မေးလိုက်သည်။
"သူတို့ဆက်သွယ်ရေးစက်ရသွားရင်ဘာလုပ်မလဲသိလား။ လူသားအာကာသတပ်ကိုဆက်သွယ်မှာလား။ ဇာ့ဂျ်ဂြိုဟ်ရဲ့လျို့ဝှက်ချက်တွေကိုထုတ်ဖော်မှာလား။ ဒါကရန်သူနဲ့ပူးပေါင်းတာပဲနော်၊ သီအန်း? ကံကောင်းချင်တော့ကိုယ်တော်အချိန်မီသိလိုက်ရတာပဲ...."
သီအန်းရုတ်ခြည်းစိုးရိမ်ကြောက်လန့်သွားကာသူ့မျက်နှာဖြူဖျော့သွားပြီး သူစိုးရိမ်ပူပင်မှုဖြင့်ငိုချင်လာကာ အလျင်စလိုရှင်းပြလိုက်မိသည်။
"မဟုတ်ဘူး၊ အရှင်၊ ကျွန်တော်သူတို့ကိုပေးခဲ့တာမဟုတ်ဘူး၊ ဒါဘယ်လိုဖြစ်သွားမှန်းကျွန်တော်မသိခဲ့ဘူး။ လူသားမာရှယ်ကခိုးသွားတာ၊ ဒါမှမဟုတ်ရင်သူ့လူနှစ်ယောက်ကျွန်တော့်ကိုအပြင်ထုတ်လာတုန်းကကျွန်တော်မတော်တဆပြုတ်ကျသွားတာဖြစ်လောက်မယ်...."
"အိုး၊ စောင့်ကြည့်ကင်မရာရှိလား။"
လင်ခုံးလုမေးလိုက်သည်။
သီအန်းစိတ်ဓာတ်ကျသွားသည်။ စောင့်ကြည့်ကင်မရာရှိပေမဲ့ထောင့်ချိုးကကင်မရာအကွယ်ဖြစ်နေသည်။
သူအခုဆိုတကယ်ငိုချင်လာပေမဲ့ကံကောင်းချင်တော့လင်ခုံးလုကသူသူ့အစ်မကျားလိကထိုအကြောင်းဘာမှမပြောအောင်ခြောက်လိုက်ရုံသာဖြစ်သည်။
"အင်းပါ၊ ကိုယ်တော်ဒီကိစ္စမှာမင်းကိုယုံပါတယ်။"
လင်ခုံးလုသူ့ကိုအရင်နှစ်သိမ့်ပေးလိုက်ပြီးမှခေါင်းစဥ်ပြောင်းပြောလိုက်သည်။
"ဒါပေမဲ့အခြားဇာ့ဂျ်တပ်နဲ့ဇာ့ဂျ်ဗိုလ်ချုပ်တွေကတော့မယုံလောက်ဘူး၊ ဆိုတော့ဒီကိစ္စကိုကိုယ်တော်နဲ့ပဲပြီးလိုက်တော့၊ တတိယလူမသိစေနဲ့။ ကိုယ်တော်ဆက်သွယ်ရေးစက်ကိုသိမ်းထားလိုက်မယ်။ မင်းပြန်ပြီးနောက်တစ်လုံးဝယ်လိုက်တော့။"
သူထန်းမင်ခွင်းရုတ်တရက်စာပြန်လာမှာကိုတားရမယ်၊ အဲ့ဒါကိုအခြားဇာ့ဂျ်တွေ့သွားနိုင်တယ်။ ဒီဖြစ်နိုင်ချေကတော်တော်လေးနိမ့်ပေမဲ့ပေါ့။
သီအန်းမှာရိုးရှင်းသောစိတ်ထားရှိသူမို့ သူပြောတာကြားတော့သက်မချကာကျေးဇူးတင်သွားပုံပင်။
လင်ခုံးလုချောင်းအသာဟမ့်ကာစိတ်သက်သာရာရစွာပြောလိုက်သည်။
"အင်းပါ၊ ကိစ္စကြီးမဟုတ်ဘူး။ မင်းပြန်သွားလို့ရပြီ။"
သီအန်းမှာခေါင်းငြိမ့်လိုက်ပေမဲ့မထွက်သွားခင်သူကတုံ့ဆိုင်းစွာဆိုလာသည်။
"ဒါဆို...အဲ့လူသားသုံးယောက်...."
လင်ခုံးလုချက်ချင်းမျက်မှောင်ကြုတ်ကာလေးနက်ချင်ယောင်ဆောင်လိုက်သည်။
"ဒါပေါ့ သူတို့အပြစ်ကြီးကြီးပေးခံရမှာ၊ ဒါပေမဲ့ဒါကမင်းတာဝန်မဟုတ်ဘူး။"
သူလက်ဝှေ့ရမ်းကာသီအန်းကိုပြန်ဖို့အချက်ပြလိုက်သည်။
သီအန်းမှာအနည်းငယ်မသက်မသာဖြစ်သွားသည်။ သူဆက်သွယ်ရေးစက်ကိုပျောက်သွားတာလား၊ အဲ့လူသုံးယောက်ကယူသွားတာလားဆိုတာသေချာမသိပေ။
အဲ့လူသုံးယောက်ယူသွားတာဆိုရင်သူတို့အပြစ်ပေးခံရဖို့ထိုက်တန်တယ်။ ဒါပေမဲ့သူဘေးခန်းမမှာမတော်တဆပြုတ်ကျခဲ့တာဆိုရင်တော့သူကတစ်ပါးသူကိုအပြစ်ပေးခံရအောင်လုပ်ခဲ့မိတာမဟုတ်ဘူးလား။
*
သီအန်းပြန်သွားပြီးနောက် လင်ခုံးလုအိပ်ဆောင်ကိုပြန်သွားကာတစ်အောင့်ကြာဟိုဟိုဒီဒီရှာဖွေပြီး ​မြကျောက်နှင့်အနက်ရောင်ကြိုးကိုထုတ်ကာ အခြွေအရံကိုလှမ်းပေးပြီးပြောလိုက်သည်။
"ဒီလျှပ်စစ်လည်ပတ်ကိုလူသားမာရှယ်ကိုပေးပြီးသူ့ကိုဝတ်ခိုင်းလိုက်။ ပြီးတော့အခုကစပြီးသူကကိုယ်တော့်ကျွန်ဖြစ်သွားပြီမို့လို့ ညကျရင်ကိုယ်တော့်ကိုလာခစားဖို့ပါပြောလိုက်။"
အခြွေအရံမှာဇဝေဇဝါဖြစ်သွားရသည်။ ဒါကလည်စည်း(bolo tie)မဟုတ်ဘူးလား။ ဘာလို့လျှပ်စစ်လည်ပတ်ဖြစ်မှာတုန်း?
"မြန်မြန်သွားတော့လေ။"
လင်ခုံးလုတိုက်တွန်းလိုက်သည်။
အခြွေအရံမှာရွေးချယ်စရာမရှိဘဲ ဟော့ရှီစစ်ကိုမြကျောက်ကြိုးနှင့်သွားတွေ့လိုက်ရသည်။
ဟော့ရှီစစ်ကကြိုးကိုမြင်တော့သူ့မျက်နှာမှာတည်ငြိမ်လို့နေသည်။
အခြွေအရံကအမှန်အကန်ဆိုသည်။
"ဒါကအရှင်ပေးလိုက်တဲ့လျှပ်စစ်လက်ထိပ်ပါ။ မာရှယ့်ကိုကိုယ့်ဘာသာကိုယ်ဝတ်ခိုင်းလိုက်ပါတယ်။ မာရှယ်မဝတ်ရင် အရှင်ကိုယ်တိုင်ဝတ်ပေးပါလိမ့်မယ်။"
ဟော့ရှီစစ်လျှပ်စစ်လည်ပတ်ဆိုတာကိုလှမ်းယူကြည့်လိုက်တော့ကြိုးမှာပုံမှန်မဟုတ်စွာသန်မာပြီးသာမန်ကြိုးဟုတ်ပုံမရမှန်းသိလိုက်သည်။
"ဒါကထူးခြားတဲ့အမျှင်နဲ့လုပ်ထားတာ။ သူ့မှာချပ်စ်ပြားနဲ့ဆားကစ်တွေပါတယ်။ လေဆာနဲ့တောင်ဖြတ်လို့မရဘူး။ ဝတ်လိုက်တာနဲ့ အရှင့်ရဲ့ခွင့်ပြုချက်နဲ့မှ ချွတ်လို့ရမှာ။"
အခြွေအရံကထပ်ပေါင်းပြောသည်။
သူပြောနေတာကစစ်အကျဥ်းသားများအတွက်ကြယ်စုတိုင်းပြည်များသုံးသည့်လျှပ်စစ်လည်ပတ်ကိုဖြစ်သည်။ ၎င်းမှာဝတ်ဆင်သူကိုစိတ်စွမ်းအားမသုံးနိုင်အောင်လုပ်ပေးသည့်ချပ်စ်ပြားနှင့်ဆားကစ်များပါသည်။ ဝတ်ဆင်သူကအတင်းချွတ်ချင်လို့ရှိရင် လည်ပတ်ကသူ့ကိုအလိုအလျောက်တိုက်ခိုက်ကာချက်ချင်းသတ်ပစ်လိမ့်မည်။
ဒါပေမဲ့ထိုလျှပ်စစ်လည်ပတ်အမျိုးအစားများမှာပုံမှန်ဆိုအကျီကော်လာပုံစံဖြစ်ပြီး ဒီလိုမြကျောက်နှင့်နူးညံ့သောကြိုးများမဟုတ်ပေ။
ဟော့ရှီစစ်၊ ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိတို့ဘယ်လောက်ကြည့်ကြည့် ဒီလျှပ်စစ်လည်ပတ်ကလည်စည်းနှင့်ပိုတူသည်ဟုခံစားလိုက်ရသည်။
သို့သော်လည်းသေချာဂရုတစိုက်ကြည့်လိုက်တော့ ကြိုးကိုဝတ်လိုက်တာနှင့်အလွယ်လေးချွတ်မရမှန်းဟော့ရှီစစ်သိလိုက်သည်။
ကြည့်ရတာတော့ဒါကဇာ့ဂျ်ဘုရင်မပြောတဲ့အပြစ်ဒဏ်လား? ဒါပေမဲ့လည်းသူကလျှပ်စစ်လည်ပတ်ဝတ်မယ်လို့ကတိပေးထားခဲ့ပြီးပြီ။ သူကတိပေးထားပြီးမှတော့ဝတ်ရမယ်။
ဟော့ရှီစစ်တိတ်တခိုးဝတ်လိုက်သည်။
လှပသောမြကျောက်မှာအနက်ရောင်ကြိုးနှင့်စပ်ထားပြီး သူ့အကျီကော်လာပေါ်မှာပနံသင့်လို့နေသည်။ သူပိတ်လှောင်ထားသည်ဟုမခံစားရဘဲ သူ့ကိုပိုမို​မြင့်​မြတ်ကာသိမ်မွေ့သွားစေသည်။
ဟဲ့ရှောင်းမှာဒီလည်ပတ်ကတော်တော်လေးကြည့်ကောင်းသည်ဟုတွေးလိုက်ပြီးမှအခြွေအရံဘက်လှည့်ကာမေးလိုက်သည်။
"ကျွန်တော်တို့ဟာကဘယ်မှာလဲ။"
အခြွေအရံကမိန်းမောသွားပြီးမှအသိပြန်ဝင်လာကာချက်ချင်းပြောလာသည်။
"အရှင်ကတစ်ယောက်ကိုပဲပေးလိုက်တာပါ။"
ဒါကိုကြားတော့ဟယ်ရှောင်းအံ့သြသွားရသည်။ ဘာသဘောလဲ၊ သူနှင့်ဝမ်းဟောင်ယွိကဝတ်စရာမလိုဘူးလား။
ထိုစဥ်အခြွေအရံကထပ်ပြောင်းဆိုလာသည်။
"မာရှယ်ကအန္တရာယ်ပိုကြီးလို့လျှပ်စစ်လည်ပတ်ဝတ်ဖို့လိုတာနေမယ်။ ရှင်တို့နှစ်ယောက်....အရှင်ကလိုအပ်တယ်လို့မထင်ဘူး။"
အဓိပ္ပါယ်မှာမင်းတို့ကအားနည်းတော့မလိုဘူးရယ်။
ဟဲ့ရှောင်း: "...." မင်းလူကိုအထင်သေးတာလား။ လူကိုအထင်သေးလိုက်တာ!
ဒါပေမဲ့သူဝတ်စရာမလိုတာကောင်းတဲ့အရာပဲ။ သူနှင့်ဝမ်းဟောင်ယွိရင်ထဲမှာနည်းနည်းကံကောင်းသည်ဟုခံစားလိုက်ရသည်။
"ဒါနဲ့လေ။"
အခြေအရံကထပ်ပေါင်းဆိုလာသည်။
"အရှင်ကအခုကစပြီးမာရှယ်ကအရှင့်ရဲ့ကျွန်ဖြစ်သွားပြီလို့ပြောပြီးတော့ မာရှယ့်ကိုဒီညနန်းတော်ထဲသွားပြီးသူ့ကိုလာခစားဖို့အမိန့်ပေးလိုက်တယ်။"
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိ: "......"
ဟော့ရှီစစ်မျက်မှောင်ကြုတ်မိသည်။
အခြွေအရံကစကားပါးလို့ပြီးသွားတော့ခပ်သုတ်သုတ်ထွက်သွားသည်။
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပြီး ဟဲ့ရှောင်းမှာအလိုလိုမေးလိုက်မိသည်။
"ဘာလုပ်မှာလဲ။" သွားမှာလား။
ဟော့ရှီစစ်အံကြိတ်လိုက်သည်။
"သူကလှလှပပလေးတွေးနေတာပဲ။"
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာပြိုင်တူခေါင်းငြိမ့်လိုက်မိသည်။ ဇာ့ဂျ်ဘုရင်မကတကယ်လှတယ်။
ဒါပေမဲ့ဟော့ရှီစစ်ကတိတ်ကျသွားပြီးမှသူ့နားထင်သူခေါင်းကိုက်စွာဖိကာပြောလိုက်သည်။
"သူ့ကိုစိတ်ဆိုးအောင်လုပ်လို့မရသေးဘူး။"
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိခေါင်းငြိမ့်လိုက်ပြန်သည်။
ဟော့ရှီစစ်: "ထားလိုက်တော့။" သွားလိုက်တာပေါ့လေ။
အများဆုံးတော့သူလက်ပါးစေဖြစ်လို့ရတယ်။
ဟဲ့ရှောင်း၊ ဝမ်းဟောင်ယွိ: ဆိုတော့ငါတို့မာရှယ်သူ့ရုပ်ရည်ကိုစတေးတာကိုအားကိုးရတော့မှာပေါ့၊ အိုင်း။
_________
ဒါပေမဲ့ဇာ့ဂ်ျဘုရင်မဖြစ်တဲ့သူကအကျဉ်းသားထွက်ပြေးဖို့ကြံနေတာလို့သံသယဝင်သွားရင်သက်သေလိုမယ်တဲ့လား။
ဟက်၊ ဘာလို့ဇာ့ဂ်ျဘုရင်မှာကိုယ်သင်းရနံ့ရှိနေတာလဲ။
*
ဇာ့ဂ်ျလေးကသူ့ကိုမြင်တော့ သူ့အိုင်ဒေါကိုမြင်လိုက်ရသည့်ဖန်တစ်ယောက်ပမာစိတ်လှုပ်ရှားကာဂနာမငြိမ်ဖြစ်လို့နေသည်။
အရင်ဘဝမှာလင်ခုံးလုသေဆုံးသွားပြီးနောက် ဇာ့ဂ်ျဘုရင်မရာထူးယူခဲ့သည့်ဘုရင်မအသစ်မှာကျားလိဖြစ်သည်။
လင်ခုံးလု: "....."
ဇာ့ဂ်ျလေးမှာသူ၏နူးညံ့သိမ်မွေ့သောလေသံကြောင့်မေ့လဲလုမတတ်ဖြစ်သွားပြီး သူ့ကိုတိတ်တခိုးတစ်ချက်ကြည့်ကာတီးတိုးဆိုလိုက်မိသည်။
"ဒီလိုဆိုမင်းအခြားဇာ့ဂ်ျကိုလက်ထပ်လို့ရတယ်လေ။"