ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

116K 24.3K 514

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ More

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၇] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။

1.3K 326 6
By Boss_want_to_eat_you

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၆)။

လင်ခုံးလုမှာဟော့ရှီစစ်ကသူ့ကိုလျစ်လျူရှူထားတာမြင်တော့ မျက်နှာဖုံးကိုချွတ်ပြီး ကုသရေးကုတင်ဆီလျှောက်သွားကာ ခါးကိုင်းပြီးဆက်ပြောလိုက်သည်။
"မင်းသဘောကျတဲ့လူကဘယ်သူလဲ။ သူကကိုယ်တော့်လောက်ချောလို့လား။"

သူသူ၏လှပသောမျက်ဝန်းတစ်စုံကိုကျယ်ကျယ်ဖွင့်ပြီးပြောလိုက်ရင်း ဦးမျှင်နှင့်ဟော့ရှီစစ်၏မျက်တောင်များကိုတမင်ယားအောင်လု​ပ်ကာတွေးလိုက်မိသည်: ငါမယုံဘူး။ မင်းဘေးမှာငါစပိုင်လုပ်တုန်းက ဟဲ့ရှောင်းနဲ့ဝမ်းဟောင်ယွိကလွဲပြီးတော့မင်းအနားကိုလူတစ်​ယောက်မှကပ်လာတာမတွေ့ဖူးဘူး။

ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိကတော့သေချာပေါက်မဖြစ်နိုင်ဘူး။ ဟဲ့ရှောင်းမှာချစ်သူရှိတယ်။ ဝမ်းဟောင်ယွိကတော့ အဲ့ကောင်လေးကသူ့ကိုမြင်ရင်ရှက်သွေးဖြာတတ်ပေမဲ့ဟော့ရှီစစ်ကိုမြင်ရင်တော့မဖြစ်ဘူး။

ဒါဆို....မင်းပြောတဲ့တစ်ယောက်ကငါတော့မဟုတ်ဘူးမလား။

ဒါပေမဲ့မဖြစ်နိုင်ဘူး။ အဲ့တုန်းကသူတစ်ဖက်လူကိုထိခိုက်မှုအများကြီးဖြစ်စေခဲ့တာ။ တစ်ဖက်လူဇာ့ဂျ်ဖမ်းတာခံရတာသူ့စနက်ပါတယ်လို့ပြောလို့ရတယ်။

သူတွေးနေစဥ်ဟော့ရှီစစ်ကရုတ်ခြည်းမျက်လုံးဖွင့်ကြည့်လာတော့လင်ခုံးလု၏မျက်နှာထားအေးခဲသွားသည်။

ဟော့ရှီစစ်မှာအစကသူ့ကိုအာရုံမစိုက်ချင်ပေမဲ့သူ့မျက်တောင်မွှေးများမသိမသာယားကျိကျိဖြစ်သွားတော့ဖွင့်ကြည့်လိုက်မိပြီးနောက် သူအပြုံးမျက်ဝန်းတစ်စုံနှင့်ဆုံလေသည်။

ဟော့ရှီစစ်မသိမသာတောင့်ခဲသွားရကာ ချောင်းအာကိုတွေးမိသွားသည်။

ဒါပေမဲ့ဒီအခိုက်အတန့်ကသူတို့မျက်ဝန်းထဲကအကြည့်ကလွဲရင် ဇာ့ဂျ်ဘုရင်မနှင့်ချောင်းအာကြားမှာဆင်တူမှုလုံးဝရှိမနေဘူး။ ပြီးတော့ချောင်းအာကိုဇာ့ဂျ်ကဆွဲသွားတာ....

ဟော့ရှီစစ်၏နှလုံးသားတင်းကြပ်သွားရကာ မျက်စိတစ်မှိတ်အတွင်းသူ့စိတ်ထဲမှာအတွေးတစ်ခုရုတ်တရက်ဖျတ်ခနဲပေါ်လာသည်။

ချောင်းအာပျောက်ဆုံးမှုကဇာ့ဂျ်နဲ့သက်ဆိုင်နေတာ။ အဲ့တုန်းကအခြေစိုက်စခန်းကိုတိုက်ခိုက်လာတဲ့ဇာ့ဂျ်ကဇာ့ဂျ်ဘုရင်မရဲ့ငယ်သားဗိုလ်ချုပ်ခိုင်ချန့်လွှတ်လိုက်တာ။ ဖြစ်နိုင်တာကသူဇာ့ဂျ်ဘုရင်ကနေတဆင့်သူချောင်းအာနဲ့ပတ်သတ်တဲ့သဲလွန်စကိုရှာလို့ရတယ်။

ဟုတ်တယ်၊ ချောင်းအာသေပြီဆိုတာဟော့ရှီစစ်မယုံသေးဘူး။

သူအရင်ဘဝကအင်ပါယာကိုပြန်သွားပြီးနောက်မှာ ဘုရင်အိုကြီးကိုနန်းချပြီးဇာ့ဂျ်ကိုဆန့်ကျင်တိုက်ခိုက်တာအပြင် သူ့လက်ကျန်အချိန်ကိုချောင်းအာကိုရှာရင်းကုန်ဆုံးခဲ့သည်။

ဒါပေမဲ့အရင်ဘဝမှာသူနှစ်နှစ်လုံးလုံးရှာခဲ့ပေမဲ့သူနဲ့ပတ်သတ်တဲ့လုံးဝမရခဲ့ဘူး။

ဟော့ရှီစစ်၏လက်များတဖြည်းဖြည်းချင်းတင်းကြပ်သွားကာ သူ့လက်ဖမိုးပေါ်မှာသွေးကြောများထင်းလာသည်။

သူ့မျက်နှာထားရုတ်ခြည်းတင်းမာသွားတာမြင်တော့ လင်ခုံးလုမနေနိုင်ဘဲသိချင်သွားကာမေးလိုက်မိသည်။
"မင်းဘာတွေတွေးနေတာလဲ။"

ဟော့ရှီစစ်သူ့ကိုလှည့်ကြည့်ပြီး သူ၏အပြာရင့်ရောင်မျက်ဝန်းများမှာပင်လယ်သမုဒ္ဒရာပမာ တည်ငြိမ်မှုအောက်မှာချောက်နက်ကိုဝှက်ထားပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ကျွန်တော့်ရင်ထဲမှာသူကအလှဆုံးပဲ။"

လင်ခုံးလုမိန်းမောသွားရပြီးမှ တစ်ဖက်လူက"သူကကိုယ်တော့်လောက်ချောလို့လား။"ဟူသည့်မေးခွန်းကိုဖြေနေမှန်းသဘောပေါက်သွားသည်။

ဒါပေမဲ့သူကကိုယ့်ကိုယ်ကိုအချစ်လွန်နေတာမဟုတ်ပေ။ သူဟော့ရှီစစ်အနားမှာသူ့ထက်ပိုချောတဲ့လူတစ်ယောက်ကိုမှမမြင်ဖူးပေ။

ဟော့ရှီစစ်၏မျက်လုံးများကသူ၏​ခြေတံရှည်များပေါ်ဝေ့ဝဲသွားကာတန့်သွားပြီးဆက်ပြောလိုက်သည်။
"သူကဇာ့ဂျ်အရှင်မင်းကြီးထက်အရပ်ပိုရှည်တယ်။"

လင်ခုံးလု: "?"

သူခေါင်းငုံ့ကာသူ့ခြေတံများကိုကြည့်ပြီးတွေးလိုက်မိသည်: ငါကအရပ်အရမ်းပုနေလို့လား။

"အရပ်က၁၈၅.၁၆။"

လင်ခုံးလု: "??" ဒါကိုခန့်မှန်းတယ်လို့ခေါ်တာလား။ ဒသမပါပါတဲ့အထိတိကျလှချည်လားဟ?

ဒါပေမဲ့သူစပိုင်လုပ်တုန်းကသူ့အရပ်မှာ၁၈၅cmဖြစ်ပြီး အခုသူ့အရပ်ထက်ပိုရှည်သည်။

ဒါပေမဲ့၎င်းမှာသူ၏ပန်းရောင်ဓားခုတ်ကောင်အသွင်တုစွမ်းရည်နှင့်ရုပ်ဖျက်ထားခြင်းပင်။ တကယ့်တကယ်လူသားအဖြစ်​ပြောင်းပြီးနောက် သူ့အရပ်မှာအခုလောက်ပဲရှိပြီ။ မျက်ရည်ဝဲသွားပြီ။

"ကိုယ်အလေးချိန်...ထားလိုက်ပါတော့လေ။" ကိုယ်အ​လေးချိန်ကပြောင်းလဲသွားနိုင်တယ်။

"သူ့မျက်နှာသွင်ပြင်ကထူးခြားတယ်။"
ဟော့ရှီစစ်ကဆက်ပြောသည်။
"သူ့မျက်လုံးတွေကမသိမသာကော့တက်နေတဲ့အစွန်းနဲ့ နူးညံ့သိမ်မွေ့ပြီးတော့နှစ်လိုဖွယ်ကောင်းတယ်။ သူပြုံးလိုက်တိုင်းကောက်ကျစ်တဲ့မြေခွေးလေးတစ်ကောင်နဲ့တူသွားတာ။ သူ့ဆံပင်ကငွေရောင်ဆိုပေမဲ့အဖျားမှာ ပန်းရောင်နည်းနည်းသန်းနေတယ်..."

လင်ခုံးလု: "....." မင်းလူပျောက်ကြေငြာနေတဲ့ပုံပေါက်နေသလားလို့?

ဒါပေမဲ့ဒီရုပ်ရည်ကသူစပိုင်ချစ်သူလုပ်တုန်းကသူ့ပုံစံမဟုတ်လား။

"အိုး၊ ဆိုတော့ ဒီကမ္ဘာမှာအဲ့လောက်လှတဲ့လူမျိုးရှိတယ်ပေါ့?"
လင်ခုံးလုခေါင်းငြိမ့်ကာတွေးလိုက်မိသည်။ သူကငါဖြစ်ဖို့ထိုက်တန်တယ်။

ဒါပေမဲ့ဟော့ရှီစစ်ကဇာ့ဂျ်ဘုရင်မဖြစ်တဲ့သူ့ရှေ့မှာဒီလိုပြောလာတာကသူ့အရင်ဇာတ်ရုပ်ကိုဒိုင်းကာအဖြစ်သုံးမလို့လား။ သူဘုရင်အိုကြီးကိုလုပ်ခဲ့တုန်းကလိုမျိုး​လေ?

အဆုံးမှာတော့သူ့အရင်ဇာတ်ရုပ်မှာဘုရင်အိုကြီးကဟော့ရှီစစ်ဆီလွှတ်လိုက်တဲ့စပိုင်ဖြစ်သည်။ သူကဘာမှမပြောဘဲဟော့ရှီစစ်ကိုအကြာကြီးလှည့်စားခဲ့တော့ တစ်ဖက်လူကိုသွယ်ဝိုက်ဒဏ်ရာရစေပြီးရှုံးနိမ့်ပြီးတော့အဖမ်းခံရသွားစေတာပဲ။

ဘယ်လောက်ကြည့်ကြည့် ဟော့ရှီစစ်သူ့ကိုတကယ်သဘောကျတာမဖြစ်နိုင်ဘူး။

လင်ခုံးလုတွေးလိုက်ပြီးအရင်စူးစမ်းပြီးမှဆုံးဖြတ်ချက်ချရန်ကြံလိုက်သည်။

ဒီတော့သူမျက်နှာဖုံးပြန်တပ်ကာဆက်ပြောလိုက်သည်။
"ဒါပေမဲ့ကိုယ်တော်မယုံသေးဘူး။ မင်းဘာလို့သူဘယ်လောက်လှလဲဆိုတာကိုပိုပြီးတော့အသေးစိတ်(ချီးကျူး)မပြောတာလဲ။"

ဟော့ရှီစစ်တိတ်ကျသွားပြီးသူ့မျက်ဝန်းထဲမှာသတိထားမှုအရိပ်အယောင်ပင်ပေါ်လာသည်။

ဇာ့ဂျ်ဘုရင်ကိုကြည့်ရတာ​ချောင်းအာရုပ်ရည်ကိုစိတ်ဝင်စားနေတဲ့ပုံပဲ။

ဇာ့ဂျ်ဘုရင်ကတဆင့်ချောင်းအာနှင့်ပတ်သတ်တဲ့သဲလွန်စကိုရှာတာကအကြံကောင်းမဟုတ်လောက်ဘူးဆိုတာဟော့ရှီစစ်သဘောပေါက်သွားသည်။ ဇာ့ဂျ်ဘုရင်ကသူ့ကိုရှာပြီးရင်ချောင်းအာကိုသတ်ချင်လို့ရှိရင်တော့သူ့မှာသူ့ကိုကယ်ဖို့နည်းလမ်းရှိပေမဲ့ဇာ့ဂျ်ဘုရင်ကချောင်းအာကိုသဘောကျသွားမယ်ဆိုရင်...

ဟော့ရှီစစ်ရုတ်ခြည်းတိတ်ကျသွားသည်။

သူ့ကိုဆက်ချီးကျူးလာမှာကိုစောင့်နေတဲ့လင်ခုံးလု: "?" ဒီအချိန်မှာဘာမှပြောမလာတာကပျင်းစရာကြီးနော်။

*

ကုသမှုပြီးသွားတော့လင်ခုံးလုကဟော့ရှီစစ်ကိုမသွားခိုင်းသေးပေ။ ထိုအစားကသူကသူ့ကိုဥယျာဥ်မှာနေပူဆာလှုံဖို့ခေါ်သွားပြီး သူ့ကိုသစ်ကြားသီးခွဲတာမျိုး၊ ဖရဲစေ့ခွာတာမျိုးလုပ်ခိုင်းလိုက်သည်။

လင်ခုံးလု: "ငါမကြွားတော့ဘူးဆိုတော့ခံစားချက်တွေကျင့်ကြံတာပေါ့။"

0687: "ကျင့်ကြံနည်းက....တစ်ဖက်လူကိုအလုပ်လုပ်ခိုင်းတာလား။"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါကသူ့ကိုကျွေးချင်တာလေ။"
လင်ခုံးလုအံ့သြတကြီးပြောလိုက်မိသည်။

ဒါကအမှန်ပင်။ သူနေပူဆာလှုံနေတုန်းမှာ သူ့အခြွေအရံများကိုစားစရာအများကြီးယူလာခိုင်းခဲ့သည်။ သူ့ကိုယ်ပိုင်စားစရာကလွဲရင် ကျန်တာကိုဟော့ရှီစစ်ကိုကျွေးလေသည်။

ဟော့ရှီစစ်ကစားဖို့ငြင်းရင် သူကလှုံ့ဆော်လိုက်မည်ပင်။
"မင်းကကိုယ်တော့်အစာနော်။ ကိုယ်တော်ကလိမ္မော်အရသာအစာကိုစားရတာကြိုက်တယ်။ အခြားအစာကမလုံလောက်လောက်ဘူး။ မင်းရဲ့ငယ်သားနှစ်​ယောက်..."

ဘုရားရေ၊ လိမ္မော်အရသာအစာ၊ လိမ္မော်သီးစားပြီးရင်လိမ္မော်သီးအရသာခံလိုက်လို့ရတယ်မလား။

ဒါပေမဲ့စကား၏နောက်တစ်ပိုင်းကိုနားထောင်ပြီးနောက်မှာတော့ ဟော့ရှီစစ်တစ်ယောက်လိမ္မော်သီးကိုတိတ်တိတ်လေးစားလိုက်သည်။

စားနေတုန်း လိမ္မော်သီးထဲမှာစိတ်ဝိညာဥ်အသိစိတ်ပင်လယ်ကိုပြန်ပြင်ပေးနိုင်တဲ့ဆေးပါမှန်းသိလိုက်ရပြီး ၎င်းကိုနောက်မှထိုးထားတာဖြစ်မယ်။

သူမနေနိုင်ဘဲမျက်လုံးပင့်ကာလင်ခုံးလုကိုထူးဆန်းသောမျက်ဝန်းများဖြင့်ကြည့်လိုက်မိသည်။

လင်ခုံးလု: "ဘာကြည့်နေတာလဲ။ စတော်ဘယ်ရီဆက်စားလေး။ ဒါနဲ့ ဖရဲစေ့အခွံဆက်ခွာပေးအုံး။"

ဟော့ရှီစစ်: "......"

ရိုးရိုးသားသား​ပြောရရင် ဒီဇာ့ဂျ်ဘုရင်ရဲ့စိတ်ကမှန်းရခက်တယ်။

အင်ပါယာကလူအတွက်တော့ ဇာ့ဂျ်ဘုရင်မဘယ်မှာရှိနေလဲ၊ သူကဘယ်လိုပုံစံရှိလဲဆိုတာတစ်ယောက်မှမသိဘူး။

လူအများစုရဲ့စိတ်ကူးထဲမှာဆို ဇာ့ဂျ်ဘုရင်မကအေးစက်ပြီးမှောင်မည်းတဲ့ဂူထဲမှာနေပြီးတော့ ဧရာမဇာ့ဂျ်ဥတွေကဝန်းရံထားပြီး ပင့်ကူမျှင်လိုမျိုးအရာတွေကိုကုပ်တွယ်ပြီးတော့ အင်းဆက်ပိုးကောင်နဲ့ပုရွက်ဆိတ်တွေကတွားသွားနေကြမှာ။ သိပ်ကိုကြက်သီးထစရာကောင်းပြီးတော့ကြောက်ဖို့ကောင်းတယ်။

ဘယ်လောက်ဆိုးဆိုး တစ်ဖက်လူကသူတို့မနေ့ညကမြင်ခဲ့သလိုမျိုးဖြစ်ရမှာ။ သူကကြီးမားပြီးတော့နန်းတော်ထဲမှာကုပ်တွယ်ပြီးကြောက်မက်ဖွယ်ကောင်းအောင်ခွန်အားကြီးတယ်။

ခြုံပြောရရင်ဇာ့ဂျ်ဘုရင်မကအခုလိုမျိုး အစိမ်းရောင်တောင်ပံတွေနဲ့ နတ်သူငယ်လေးအတိုင်းပဲ ဥယျာဥ်ထဲကပုခက်ပေါ်မှာလှဲနေပြီးတော့ အေးအေးဆေးဆေးနေပူဆာလှုံပြီးဖရဲစေ့စားနေမယ်လို့ တစ်ယောက်မှတွေးမိမှာမဟုတ်ဘူး

အိုး၊ စားစရာမလိုဘူး၊ တစ်ယောက်ယောက်ကသူ့အတွက်အခွံခွာပေးလိမ့်မယ်။

ဟော့ရှီစစ်မျက်နှာသေဖြင့်ဖရဲစေ့ခွာကာတွေးလိုက်မိပြန်သည်: သူတကယ်အားနေတာပဲ။

"ဇာ့ဂျ်အရှင်မှာဘာမှလုပ်စရာမရှိဘူးလား။"
ဖရဲစေ့ပန်းကန်ငယ်လေးနောက်တစ်ပန်းကန်ခွာပြီးနောက် သူနောက်ဆုံးမှာမနေနိုင်ဘဲမေးလိုက်မိသည်။

လင်ခုံးလုပျင်းရိပျင်းတွဲမေးလိုက်သည်။ "ဘာလုပ်ရမှာလဲ။"

ဟော့ရှီစစ်: "ဥပမာ ရှေ့တန်းကကိစ္စကိုအရှင်မင်းကြီးဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးပေါ့?"

သူကအန်ဒရီစာချုပ်ဖျက်သည့်ကိစ္စကိုပြောနေခြင်းပင်။

"ဒါကလျို့ဝှက်ချက်ကိုထောက်လှမ်းတာပဲနော်၊ မာရှယ်။"
လင်ခုံးလုအသိပေးလိုက်သည်။

ထို့နောက်သူကိုတွေးမိသွားလဲမသိ။ ရုတ်တရက်မျက်နှာဖုံးချွန်ကာဟော့ရှီစစ်ကိုစိုက်ကြည့်ပြီးဖြည်းဖြည်းချင်းတိုးကပ်သွားကာနူးညံ့စွာပြောလိုက်သည်။
"ကိုယ်တော်မင်းကိုဘာလို့ပြောပြရမှာလဲ။ ကိုယ်တော်မင်းကိုသဘောကျလာရင်တော့..."

"ဒါပေမဲ့သနားစရာပဲ။" သူပြောကာဟော့ရှီစစ်နှင့်လက်ဖဝါးတစ်ခုစာအကွာမှာရုတ်တရက်နှမြောသောမျက်နှာထားဖြင့်ရပ်တန့်လိုက်သည်။
"ကိုယ်တော်မင်းကိုသဘောမကျသေးဘူးရယ်။"

0687: "...." ကြွားနေတာ။

"ဒါပေမဲ့မင်းအကောင်းဆုံးကြိုးစားကြည့်လို့ရတယ်နော်။ ကိုယ်တော်မင်းကိုပြောရင်ပြောပြမှာပေါ့။"

လင်ခုံးလုကဟော့ရှီစစ်၏မေးစေ့ကိုလှမ်းကိုင်ကာပြုံးလိုက်သည်။

0687: "လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ဘုရင်မကအတင်းချစ်ခိုင်းနေသလိုမျိုးခံစားရတယ်။"

လင်ခုံးလု: "တိတ်စမ်း။"

*

ဥယျာဥ်ကထွက်လာတော့ဟော့ရှီစစ်မျက်နှာမှာမည်းတူးလို့နေသည်။

လင်ခုံးလုကလက်ကျန်ဖရဲစေ့ကိုအေးဆေးစားနေသည်။ ရုတ်တရက်ဟော့ရှီစစ်နောက်ထပ်ဘာလုပ်မလဲဆိုတာသူသိချင်သွားတာမို့ မြစိမ်းရောင်ဓားခုတ်ကောင်ငယ်လေးအဖြစ်ပြောင်းကာ တောင်ပံခတ်ပြီး သူ့အနောက်မှတိတ်တိတ်လေးလိုက်သွားလိုက်သည်။

အင်းဆက်ကမ္ဘာကဓားခုတ်ကောင်များမှာအမှန်တော့ပျံသန်းရာတွင်သိပ်မကောင်းပေ၊ အများစုမှာအကွာအဝေးတိုတိုလေးသာပျံကြသည်။

လင်ခုံးလိုမျိုးဓားခုတ်ကောင်ဟာလည်းအင်းဆက်ကမ္ဘာကဓားခုတ်ကောင်များနှင့်မတူဘူးဟုပြောလို့မရဘဲ လုံးဝမဆက်စပ်ဘူးဟုသာပြောလို့ရသည်။

ဒါပေမဲ့ပျံသန်းရာမှာသိပ်မကောင်းတာကတော့ဆင်တူသည်။

သို့သော်လည်းဇာ့ဂျ်ဓားခုတ်ကောင်များမှာနှစ်ထောင်ချီကြာဆင့်ကဲတိုးတက်လာကြပြီး သူတို့ပျံသန်းရာမှာမကောင်းရင်တောင် မီတာရာချီပျံသန်းနိုင်တုန်းပင်။ ပြီးတော့လင်ခုံးလိုမျိုးဘုရင်မဆိုအလွန်စွမ်းအားကြီးပြီးတော့ သူကဇာ့ဂျ်မျိုးနွယ်စုတစ်ခုလုံးကိုအခြားဓားခုတ်ကောင်မျိုးနွယ်ထက်ပိုသန်မာအောင်လုပ်ပေးနိုင်သည်။ သူကပြဿနာမရှိဘဲမီတာရာချီပျံသန်းနိုင်သည်။

ဒါပေမဲ့လက်သန်းလောက်သာရှိသည့်ဓားခုတ်ကောင်ငယ်လေးအဖြစ်ပြောင်းပြီးနောက်မှာ သူ့တောင်ပံကလည်းသေးသွားတော့ဝေးဝေးပျံရခက်လေသည်။

လင်ခုံးလုအဆက်မပြတ်တောင်ပံခတ်ကာဟော့ရှီစစ်နောက်လိုက်မှီအောင်လိုက်နေရသည်။ သူမနေနိုင်ဘဲရင်ထဲမှာစောဒကတက်မိသည်: မင်းဒီလိုခြေတံရှည်ကြီးနဲ့ဘာလုပ်မှာလဲ။ အရမ်းမြန်​မြန်ကြီးသွားနေတာပဲ။

ဟော့ရှီစစ်ကသူသူ့နောက်လိုက်လာမှန်းသတိမထားမိပေမဲ့ကော်ရစ်ဒါထောင့်ချိုးကိုရောက်သွားချိန်မှာ သူရုတ်တရက်ရပ်သွားကာသူ့မျက်လုံးများကစူးရှစွာတစ်ချက်လက်သွားသည်။

လင်ခုံးလုတောင့်ခဲသွားရကာသူ့ကိုတွေ့သွားပြီဟုတွေးလိုက်မိပြီးအုတ်ခဲများ၏အက်ကွဲကြောင်းထဲမှာအလျင်စလိုဝင်ပုန်းလိုက်မိသည်။

သို့သော်နောက်တစ်စက္ကန့်မှာဟော့ရှီစစ်ကရုတ်တရက်လှုပ်ရှားမှုပြုလုပ်ပြီး သူ့လှုပ်ရှားမှုမှာအလင်းပမာမြန်ဆန်လှသည်။

"အား--" ထောင့်ချိုးမှအော်သံတစ်ခုချက်ချင်းထွက်လာပြီး "ဒုတ်"ခနဲမြည်သံနှင့်အတူ သစ်သားတုတ်တစ်ချောင်းကျသံပါလိုက်ပါလာသည်။

လင်ခုံးလုသက်မချလိုက်မိသည်။ ကံကောင်းချင်တော့သူပေါ်သွားတာမဟုတ်ဘူးပဲ။

သူခြေလှမ်းအနည်းငယ်ခုန်ကာထောင့်ချိုးကိုကွေ့လိုက်သည်။ သူမော့ကြည့်မိတော့ ဟော့ရှီစစ်ကအေးစက်စက်မျက်နှာထားရှိလျက် သူ့လက်ကဇာ့ဂျ်ကောင်လေး၏လည်ပင်းကိုညှစ်ထားကာ နံရံပေါ်ဖိကပ်ထားတာကိုမြင်လိုက်ရသည်။

လည်ပင်းညှစ်ခံထားရသူမှာသီအန်းဖြစ်သည်။ သူ့မျက်နှာမှာအညှစ်ခံထားရမှုကြောင့်နီရဲသွားပြီး သူအဆက်မပြတ်ရုန်းကန်လို့နေသည်။ သစ်သားတုတ်ကသူ့ခြေဖဝါးဘေးမှာကျနေသည်။

သိသိသာသာကိုခုနကဖြစ်သွားတာက သီအန်းဟာကော်ရစ်ဒါထောင့်ချိုးမှာပုန်းလျက်သစ်သားတုတ်ကိုင်ကာဟော့ရှီစစ်ကိုခြုံခိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တာဖြစ်သည်။

လင်ခုံးလုတိတ်တခိုးခေါင်းခါလိုက်မိသည်။ ဇာ့ဂျ်လေးကတအားတုံးလွန်းတယ်။ ဟော့ရှီစစ်ကအဲ့လောက်အလွယ်လေးတိုက်ခိုက်ခံရမယ်တဲ့လား။

ဟော့ရှီစစ်မှာတိုက်ခိုက်လာသူကဒီလိုအားနည်းသောဇာ့ဂျ်ဖြစ်နေလိမ့်မည်ဟုသိသိသာသာကိုမထင်ထားမိပေရာ မနေနိုင်ဘဲမျက်မှောင်ကြုတ်မိပြီး လည်ပင်းညှစ်ထားတာကိုဖြည်ပေးရန်ပြင်လိုက်သည်။

ထိုစဥ်သီအန်းကအသိပြန်ဝင်လာကာ ရုတ်တရက်သူ့လက်မောင်းကိုလက်မအဖြစ်ပြောင်းပြီး ဟော့ရှီစစ်ကိုရှိသမျှအားကုန်သုံးကာထိုးနှက်လိုက်သည်။

ဒါပေမဲ့ဟော့ရှီစစ်အတွက်ကတော့ တန်ပြန်တိုက်စစ်မှာအနှေးပြကွက်ပမာ။

သူကလက်မနှစ်ခုကိုအလွယ်လေးဖမ်းကိုင်ကာသူတို့ကိုချိုးလုမတတ်ဖြစ်သွားသည်။ ဖြစ်စဥ်အလယ်မှာသူတွေးလိုက်မိသေးသည်: ဇာ့ဂျ်ဘုရင်မရဲ့မီတာလေးဆယ်အရှည်ဓားထက်ပိုဆိုးသေးတယ်။

သီအန်းမှာနာကျင်တကြီးအော်ကာငိုချမိလုနီးပါးဖြစ်သွားသည်။

လင်ခုံးလုမနေနိုင်ဘဲသူ့နှဖူးသူအုပ်လိုက်မိသည်။ အရမ်းရှ​က်စရာကောင်းတာပဲ...မဟုတ်သေးဘူး၊ သောက်ရမ်းရှက်စရာကောင်းတယ်။

သူလက်အားမှာလုံးဝမလျော့သွားဘဲသူအေးစက်စက်မေးလိုက်သည်။
"မင်းကိုဘယ်သူလွှတ်လိုက်တာလဲ။"

"ဘယ်သူလွှတ်တာ?" သီအန်းမျက်မှောင်ကြုတ်ကာနိုင်လိုမင်းထက်ဆန်စွာပြောလိုက်သည်။
"မင်းကကိုကိုရှောင်လုကိုမြူဆွယ်ခဲ့တာကို ငါကမင်းကိုသင်ခန်းစာပေးလို့မရဘူးလား။"

ဒီတော့အူတိုရုံပဲပေါ့?

ဟော့ရှီစစ်မျက်မှောင်ကြုတ်မိကာရယ်စရာကောင်းကာပျင်းဖို့ကောင်းသည်ဟုခံစားလိုက်ရပြီး သူ့လက်ကိုလွှတ်ကာပြောလိုက်သည်။
"ငါမင်းရဲ့အရှင်ကိုစိတ်မဝင်စားဘူး။ နောက်ဆိုငါ့ရှေ့မှာပေါ်မလာနဲ့။"

လင်.လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ဘုရင်မ.လု: "???" အရမ်းကောင်းတယ်၊ မင်းငါ့အာရုံစိုက်မှုကိုရရှိသွားပြီ။

သီအန်းမှာပစ်ထုတ်ခံလိုက်ရပြီးနောက် သူ့မှာအသက်သေချာရှူဖို့အချိန်မရလိုက်ခင် သူဟာလည်းဟော့ရှီစစ်၏စကားလုံးများကြောင့်ရှော့ခ်ရသွားသည်။

"ဘာ? မင်းကအရှင်ကိုသဘောမကျဘူး။" သူခပ်သွက်သွက်ထရပ်ကာဟော့ရှီစစ်နောက်လိုက်သွားပြီးမယုံကြည်နိုင်ဟန်ပြောလိုက်မိသည်။
"အရှင်ကဘယ်လောက်စွမ်းအားကြီးပြီးတော့ထူးချွန်ပြီးလှပလဲဆိုတာမင်းသိရဲ့လား။"

လင်ခုံးလုခေါင်းငြိမ့်လိုက်မိသည်: ဟုတ်ပါ့။

"မင်းသေချာပေါက်မသိဘူးပဲ။ မဟုတ်ရင်မင်းသူ့ကိုသဘောမကျဘဲနေမှာတဲ့လား။"
သီအန်းအခိုင်အမာပြောလိုက်သည်။
"ငါမင်းကိုပြောလိုက်မယ်၊ အရှင်ကလူသားအသွင်နဲ့ဆို ဓားကမီတာလေးငါးဆယ်ရှည်ပြီးတော့ ဇာ့ဂျ်ချပ်ဝတ်တန်ဆာကလည်းမင်းတို့လူသားမက်ခါထက်ပိုသန်မာတယ်။ ဧရာမဇာ့ဂျ်အသွင်အပြည့်အစုံဆိုပိုလို့တောင်ခွန်အားကြီးသေးတာ။ ဂြိုဟ်ငယ်လေးတစ်ခုလောက်ကြီးတယ်။ ဘယ်ဇာ့ဂျ်ကသူ့ကိုလက်မထပ်ချင်မှာလဲ..."

သူဟာသူ့အိုင်ဒေါကိုကြေငြာနေသည့်ဖန်တစ်ယောက်ပမာဆက်တိုက်စကားပြောနေသည်။

လင်ခုံးလုအနောက်မှအနီးကပ်လိုက်သွားပြီး စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာပါစိတ်သက်သာရာရသွားသည်။

ဟုတ်တယ်၊ ဇာ့ဂျ်လေးကဟော့ရှီစစ်ထက်စကားပြောပိုကောင်းတယ်။

ဟော့ရှီစစ်ကဘေးခန်းမတံခါးဆီလျှောက်သွားပြီးရုတ်တရက်ရပ်တန့်ကာအနောက်လှည့်လာသည်။

သီအန်းအကာအကွယ်မဲ့သွားကာကြောက်လန့်တကြားအနောက်ဆုတ်လိုက်မိတော့လင်ခုံးလုကိုတက်နင်းမိလုမတတ်ဖြစ်သွားသည်။

လင်ခုံးလု: "!" သတိထား​လေဟ။

သူဘေးကိုခပ်သွက်သွက်ခုန်လိုက်သည်။

"ဇာ့ဂျ်အရှင်ကဖရဲစေ့နဲ့သစ်ကြားသီးစားရတာကြိုက်တယ်။"
ဟော့ရှီစစ်ကရုတ်တရက်မျက်နှာသေဖြင့်ဆိုသည်။

သီအန်း: "?"

လင်ခုံးလု: "??"

"မင်းသူ့ကိုတကယ်ကြိုက်ရင် ဒီကိစ္စကနေစကြည့်လို့ရတယ်။"
ဟော့ရှီစစ်ကဇာ့ဂျ်ငယ်လေး၏ပေါက်ပေါက်ဖောက်မှုကိုလုံလောက်အောင်နားထောင်ပြီးသွားပုံရကာမျက်မှောင်ကြုတ်လျက်အကြုံပြုလာလေသည်။

-------

ဒီArcက၂၆ပိုင်းရှိပါတယ်~

_______________________

Arc(10) ရႈံးနိမ့္သြားေသာမာရွယ္(၆)။

လင္ခုံးလုမွာေဟာ့ရွီစစ္ကသူ႕ကိုလ်စ္လ်ဴရႉထားတာျမင္ေတာ့ မ်က္ႏွာဖုံးကိုခြၽတ္ၿပီး ကုသေရးကုတင္ဆီေလွ်ာက္သြားကာ ခါးကိုင္းၿပီးဆက္ေျပာလိုက္သည္။
"မင္းသေဘာက်တဲ့လူကဘယ္သူလဲ။ သူကကိုယ္ေတာ့္ေလာက္ေခ်ာလို႔လား။"

သူသူ၏လွပေသာမ်က္ဝန္းတစ္စုံကိုက်ယ္က်ယ္ဖြင့္ၿပီးေျပာလိုက္ရင္း ဦးမွ်င္ႏွင့္ေဟာ့ရွီစစ္၏မ်က္ေတာင္မ်ားကိုတမင္ယားေအာင္လုပ္ကာေတြးလိုက္မိသည္: ငါမယုံဘူး။ မင္းေဘးမွာငါစပိုင္လုပ္တုန္းက ဟဲ့ေရွာင္းနဲ႕ဝမ္းေဟာင္ယြိကလြဲၿပီးေတာ့မင္းအနားကိုလူတစ္ေယာက္မွကပ္လာတာမေတြ႕ဖူးဘူး။

ဟဲ့ေရွာင္းႏွင့္ဝမ္းေဟာင္ယြိကေတာ့ေသခ်ာေပါက္မျဖစ္နိုင္ဘူး။ ဟဲ့ေရွာင္းမွာခ်စ္သူရွိတယ္။ ဝမ္းေဟာင္ယြိကေတာ့ အဲ့ေကာင္ေလးကသူ႕ကိုျမင္ရင္ရွက္ေသြးျဖာတတ္ေပမဲ့ေဟာ့ရွီစစ္ကိုျမင္ရင္ေတာ့မျဖစ္ဘူး။

ဒါဆို....မင္းေျပာတဲ့တစ္ေယာက္ကငါေတာ့မဟုတ္ဘူးမလား။

ဒါေပမဲ့မျဖစ္နိုင္ဘူး။ အဲ့တုန္းကသူတစ္ဖက္လူကိုထိခိုက္မႈအမ်ားႀကီးျဖစ္ေစခဲ့တာ။ တစ္ဖက္လူဇာ့ဂ်္ဖမ္းတာခံရတာသူ႕စနက္ပါတယ္လို႔ေျပာလို႔ရတယ္။

သူေတြးေနစဥ္ေဟာ့ရွီစစ္က႐ုတ္ျခည္းမ်က္လုံးဖြင့္ၾကည့္လာေတာ့လင္ခုံးလု၏မ်က္ႏွာထားေအးခဲသြားသည္။

ေဟာ့ရွီစစ္မွာအစကသူ႕ကိုအာ႐ုံမစိုက္ခ်င္ေပမဲ့သူ႕မ်က္ေတာင္ေမႊးမ်ားမသိမသာယားက်ိက်ိျဖစ္သြားေတာ့ဖြင့္ၾကည့္လိုက္မိၿပီးေနာက္ သူအၿပဳံးမ်က္ဝန္းတစ္စုံႏွင့္ဆုံေလသည္။

ေဟာ့ရွီစစ္မသိမသာေတာင့္ခဲသြားရကာ ေခ်ာင္းအာကိုေတြးမိသြားသည္။

ဒါေပမဲ့ဒီအခိုက္အတန့္ကသူတို႔မ်က္ဝန္းထဲကအၾကည့္ကလြဲရင္ ဇာ့ဂ်္ဘုရင္မႏွင့္ေခ်ာင္းအာၾကားမွာဆင္တူမႈလုံးဝရွိမေနဘူး။ ၿပီးေတာ့ေခ်ာင္းအာကိုဇာ့ဂ်္ကဆြဲသြားတာ....

ေဟာ့ရွီစစ္၏ႏွလုံးသားတင္းၾကပ္သြားရကာ မ်က္စိတစ္မွိတ္အတြင္းသူ႕စိတ္ထဲမွာအေတြးတစ္ခု႐ုတ္တရက္ဖ်တ္ခနဲေပၚလာသည္။

ေခ်ာင္းအာေပ်ာက္ဆုံးမႈကဇာ့ဂ်္နဲ႕သက္ဆိုင္ေနတာ။ အဲ့တုန္းကအေျခစိုက္စခန္းကိုတိုက္ခိုက္လာတဲ့ဇာ့ဂ်္ကဇာ့ဂ်္ဘုရင္မရဲ႕ငယ္သားဗိုလ္ခ်ဳပ္ခိုင္ခ်န့္လႊတ္လိုက္တာ။ ျဖစ္နိုင္တာကသူဇာ့ဂ်္ဘုရင္ကေနတဆင့္သူေခ်ာင္းအာနဲ႕ပတ္သတ္တဲ့သဲလြန္စကိုရွာလို႔ရတယ္။

ဟုတ္တယ္၊ ေခ်ာင္းအာေသၿပီဆိုတာေဟာ့ရွီစစ္မယုံေသးဘူး။

သူအရင္ဘဝကအင္ပါယာကိုျပန္သြားၿပီးေနာက္မွာ ဘုရင္အိုႀကီးကိုနန္းခ်ၿပီးဇာ့ဂ်္ကိုဆန့္က်င္တိုက္ခိုက္တာအျပင္ သူ႕လက္က်န္အခ်ိန္ကိုေခ်ာင္းအာကိုရွာရင္းကုန္ဆုံးခဲ့သည္။

ဒါေပမဲ့အရင္ဘဝမွာသူႏွစ္ႏွစ္လုံးလုံးရွာခဲ့ေပမဲ့သူနဲ႕ပတ္သတ္တဲ့လုံးဝမရခဲ့ဘူး။

ေဟာ့ရွီစစ္၏လက္မ်ားတျဖည္းျဖည္းခ်င္းတင္းၾကပ္သြားကာ သူ႕လက္ဖမိုးေပၚမွာေသြးေၾကာမ်ားထင္းလာသည္။

သူ႕မ်က္ႏွာထား႐ုတ္ျခည္းတင္းမာသြားတာျမင္ေတာ့ လင္ခုံးလုမေနနိုင္ဘဲသိခ်င္သြားကာေမးလိုက္မိသည္။
"မင္းဘာေတြေတြးေနတာလဲ။"

ေဟာ့ရွီစစ္သူ႕ကိုလွည့္ၾကည့္ၿပီး သူ၏အျပာရင့္ေရာင္မ်က္ဝန္းမ်ားမွာပင္လယ္သမုဒၵရာပမာ တည္ၿငိမ္မႈေအာက္မွာေခ်ာက္နက္ကိုဝွက္ထားၿပီး ျဖည္းျဖည္းခ်င္းေျပာလိုက္သည္။
"ကြၽန္ေတာ့္ရင္ထဲမွာသူကအလွဆုံးပဲ။"

လင္ခုံးလုမိန္းေမာသြားရၿပီးမွ တစ္ဖက္လူက"သူကကိုယ္ေတာ့္ေလာက္ေခ်ာလို႔လား။"ဟူသည့္ေမးခြန္းကိုေျဖေနမွန္းသေဘာေပါက္သြားသည္။

ဒါေပမဲ့သူကကိုယ့္ကိုယ္ကိုအခ်စ္လြန္ေနတာမဟုတ္ေပ။ သူေဟာ့ရွီစစ္အနားမွာသူ႕ထက္ပိုေခ်ာတဲ့လူတစ္ေယာက္ကိုမွမျမင္ဖူးေပ။

ေဟာ့ရွီစစ္၏မ်က္လုံးမ်ားကသူ၏ေျခတံရွည္မ်ားေပၚေဝ့ဝဲသြားကာတန့္သြားၿပီးဆက္ေျပာလိုက္သည္။
"သူကဇာ့ဂ်္အရွင္မင္းႀကီးထက္အရပ္ပိုရွည္တယ္။"

လင္ခုံးလု: "?"

သူေခါင္းငုံ႕ကာသူ႕ေျခတံမ်ားကိုၾကည့္ၿပီးေတြးလိုက္မိသည္: ငါကအရပ္အရမ္းပုေနလို႔လား။

"အရပ္က၁၈၅.၁၆။"

လင္ခုံးလု: "??" ဒါကိုခန့္မွန္းတယ္လို႔ေခၚတာလား။ ဒသမပါပါတဲ့အထိတိက်လွခ်ည္လားဟ?

ဒါေပမဲ့သူစပိုင္လုပ္တုန္းကသူ႕အရပ္မွာ၁၈၅cmျဖစ္ၿပီး အခုသူ႕အရပ္ထက္ပိုရွည္သည္။

ဒါေပမဲ့၎မွာသူ၏ပန္းေရာင္ဓားခုတ္ေကာင္အသြင္တုစြမ္းရည္ႏွင့္႐ုပ္ဖ်က္ထားျခင္းပင္။ တကယ့္တကယ္လူသားအျဖစ္ေျပာင္းၿပီးေနာက္ သူ႕အရပ္မွာအခုေလာက္ပဲရွိၿပီ။ မ်က္ရည္ဝဲသြားၿပီ။

"ကိုယ္အေလးခ်ိန္...ထားလိုက္ပါေတာ့ေလ။" ကိုယ္အေလးခ်ိန္ကေျပာင္းလဲသြားနိုင္တယ္။

"သူ႕မ်က္ႏွာသြင္ျပင္ကထူးျခားတယ္။"
ေဟာ့ရွီစစ္ကဆက္ေျပာသည္။
"သူ႕မ်က္လုံးေတြကမသိမသာေကာ့တက္ေနတဲ့အစြန္းနဲ႕ ႏူးညံ့သိမ္ေမြ႕ၿပီးေတာ့ႏွစ္လိုဖြယ္ေကာင္းတယ္။ သူၿပဳံးလိုက္တိုင္းေကာက္က်စ္တဲ့ေျမေခြးေလးတစ္ေကာင္နဲ႕တူသြားတာ။ သူ႕ဆံပင္ကေငြေရာင္ဆိုေပမဲ့အဖ်ားမွာ ပန္းေရာင္နည္းနည္းသန္းေနတယ္..."

လင္ခုံးလု: "....." မင္းလူေပ်ာက္ေၾကျငာေနတဲ့ပုံေပါက္ေနသလားလို႔?

ဒါေပမဲ့ဒီ႐ုပ္ရည္ကသူစပိုင္ခ်စ္သူလုပ္တုန္းကသူ႕ပုံစံမဟုတ္လား။

"အိုး၊ ဆိုေတာ့ ဒီကမၻာမွာအဲ့ေလာက္လွတဲ့လူမ်ိဳးရွိတယ္ေပါ့?"
လင္ခုံးလုေခါင္းၿငိမ့္ကာေတြးလိုက္မိသည္။ သူကငါျဖစ္ဖို႔ထိုက္တန္တယ္။

ဒါေပမဲ့ေဟာ့ရွီစစ္ကဇာ့ဂ်္ဘုရင္မျဖစ္တဲ့သူ႕ေရွ႕မွာဒီလိုေျပာလာတာကသူ႕အရင္ဇာတ္႐ုပ္ကိုဒိုင္းကာအျဖစ္သုံးမလို႔လား။ သူဘုရင္အိုႀကီးကိုလုပ္ခဲ့တုန္းကလိုမ်ိဳးေလ?

အဆုံးမွာေတာ့သူ႕အရင္ဇာတ္႐ုပ္မွာဘုရင္အိုႀကီးကေဟာ့ရွီစစ္ဆီလႊတ္လိုက္တဲ့စပိုင္ျဖစ္သည္။ သူကဘာမွမေျပာဘဲေဟာ့ရွီစစ္ကိုအၾကာႀကီးလွည့္စားခဲ့ေတာ့ တစ္ဖက္လူကိုသြယ္ဝိုက္ဒဏ္ရာရေစၿပီးရႈံးနိမ့္ၿပီးေတာ့အဖမ္းခံရသြားေစတာပဲ။

ဘယ္ေလာက္ၾကည့္ၾကည့္ ေဟာ့ရွီစစ္သူ႕ကိုတကယ္သေဘာက်တာမျဖစ္နိုင္ဘူး။

လင္ခုံးလုေတြးလိုက္ၿပီးအရင္စူးစမ္းၿပီးမွဆုံးျဖတ္ခ်က္ခ်ရန္ႀကံလိုက္သည္။

ဒီေတာ့သူမ်က္ႏွာဖုံးျပန္တပ္ကာဆက္ေျပာလိုက္သည္။
"ဒါေပမဲ့ကိုယ္ေတာ္မယုံေသးဘူး။ မင္းဘာလို႔သူဘယ္ေလာက္လွလဲဆိုတာကိုပိုၿပီးေတာ့အေသးစိတ္(ခ်ီးက်ဴး)မေျပာတာလဲ။"

ေဟာ့ရွီစစ္တိတ္က်သြားၿပီးသူ႕မ်က္ဝန္းထဲမွာသတိထားမႈအရိပ္အေယာင္ပင္ေပၚလာသည္။

ဇာ့ဂ်္ဘုရင္ကိုၾကည့္ရတာေခ်ာင္းအာ႐ုပ္ရည္ကိုစိတ္ဝင္စားေနတဲ့ပုံပဲ။

ဇာ့ဂ်္ဘုရင္ကတဆင့္ေခ်ာင္းအာႏွင့္ပတ္သတ္တဲ့သဲလြန္စကိုရွာတာကအႀကံေကာင္းမဟုတ္ေလာက္ဘူးဆိုတာေဟာ့ရွီစစ္သေဘာေပါက္သြားသည္။ ဇာ့ဂ်္ဘုရင္ကသူ႕ကိုရွာၿပီးရင္ေခ်ာင္းအာကိုသတ္ခ်င္လို႔ရွိရင္ေတာ့သူ႕မွာသူ႕ကိုကယ္ဖို႔နည္းလမ္းရွိေပမဲ့ဇာ့ဂ်္ဘုရင္ကေခ်ာင္းအာကိုသေဘာက်သြားမယ္ဆိုရင္...

ေဟာ့ရွီစစ္႐ုတ္ျခည္းတိတ္က်သြားသည္။

သူ႕ကိုဆက္ခ်ီးက်ဴးလာမွာကိုေစာင့္ေနတဲ့လင္ခုံးလု: "?" ဒီအခ်ိန္မွာဘာမွေျပာမလာတာကပ်င္းစရာႀကီးေနာ္။

*

ကုသမႈၿပီးသြားေတာ့လင္ခုံးလုကေဟာ့ရွီစစ္ကိုမသြားခိုင္းေသးေပ။ ထိုအစားကသူကသူ႕ကိုဥယ်ာဥ္မွာေနပူဆာလႈံဖို႔ေခၚသြားၿပီး သူ႕ကိုသစ္ၾကားသီးခြဲတာမ်ိဳး၊ ဖရဲေစ့ခြာတာမ်ိဳးလုပ္ခိုင္းလိုက္သည္။

လင္ခုံးလု: "ငါမႂကြားေတာ့ဘူးဆိုေတာ့ခံစားခ်က္ေတြက်င့္ႀကံတာေပါ့။"

0687: "က်င့္ႀကံနည္းက....တစ္ဖက္လူကိုအလုပ္လုပ္ခိုင္းတာလား။"

"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ။ ငါကသူ႕ကိုေကြၽးခ်င္တာေလ။"
လင္ခုံးလုအံ့ၾသတႀကီးေျပာလိုက္မိသည္။

ဒါကအမွန္ပင္။ သူေနပူဆာလႈံေနတုန္းမွာ သူ႕အေႁခြအရံမ်ားကိုစားစရာအမ်ားႀကီးယူလာခိုင္းခဲ့သည္။ သူ႕ကိုယ္ပိုင္စားစရာကလြဲရင္ က်န္တာကိုေဟာ့ရွီစစ္ကိုေကြၽးေလသည္။

ေဟာ့ရွီစစ္ကစားဖို႔ျငင္းရင္ သူကလႈံ႕ေဆာ္လိုက္မည္ပင္။
"မင္းကကိုယ္ေတာ့္အစာေနာ္။ ကိုယ္ေတာ္ကလိေမၼာ္အရသာအစာကိုစားရတာႀကိဳက္တယ္။ အျခားအစာကမလုံေလာက္ေလာက္ဘူး။ မင္းရဲ႕ငယ္သားႏွစ္ေယာက္..."

ဘုရားေရ၊ လိေမၼာ္အရသာအစာ၊ လိေမၼာ္သီးစားၿပီးရင္လိေမၼာ္သီးအရသာခံလိုက္လို႔ရတယ္မလား။

ဒါေပမဲ့စကား၏ေနာက္တစ္ပိုင္းကိုနားေထာင္ၿပီးေနာက္မွာေတာ့ ေဟာ့ရွီစစ္တစ္ေယာက္လိေမၼာ္သီးကိုတိတ္တိတ္ေလးစားလိုက္သည္။

စားေနတုန္း လိေမၼာ္သီးထဲမွာစိတ္ဝိညာဥ္အသိစိတ္ပင္လယ္ကိုျပန္ျပင္ေပးနိုင္တဲ့ေဆးပါမွန္းသိလိုက္ရၿပီး ၎ကိုေနာက္မွထိုးထားတာျဖစ္မယ္။

သူမေနနိုင္ဘဲမ်က္လုံးပင့္ကာလင္ခုံးလုကိုထူးဆန္းေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္လိုက္မိသည္။

လင္ခုံးလု: "ဘာၾကည့္ေနတာလဲ။ စေတာ္ဘယ္ရီဆက္စားေလး။ ဒါနဲ႕ ဖရဲေစ့အခြံဆက္ခြာေပးအုံး။"

ေဟာ့ရွီစစ္: "......"

ရိုးရိုးသားသားေျပာရရင္ ဒီဇာ့ဂ်္ဘုရင္ရဲ႕စိတ္ကမွန္းရခက္တယ္။

အင္ပါယာကလူအတြက္ေတာ့ ဇာ့ဂ်္ဘုရင္မဘယ္မွာရွိေနလဲ၊ သူကဘယ္လိုပုံစံရွိလဲဆိုတာတစ္ေယာက္မွမသိဘူး။

လူအမ်ားစုရဲ႕စိတ္ကူးထဲမွာဆို ဇာ့ဂ်္ဘုရင္မကေအးစက္ၿပီးေမွာင္မည္းတဲ့ဂူထဲမွာေနၿပီးေတာ့ ဧရာမဇာ့ဂ်္ဥေတြကဝန္းရံထားၿပီး ပင့္ကူမွ်င္လိုမ်ိဳးအရာေတြကိုကုပ္တြယ္ၿပီးေတာ့ အင္းဆက္ပိုးေကာင္နဲ႕ပု႐ြက္ဆိတ္ေတြကတြားသြားေနၾကမွာ။ သိပ္ကိုၾကက္သီးထစရာေကာင္းၿပီးေတာ့ေၾကာက္ဖို႔ေကာင္းတယ္။

ဘယ္ေလာက္ဆိုးဆိုး တစ္ဖက္လူကသူတို႔မေန႕ညကျမင္ခဲ့သလိုမ်ိဳးျဖစ္ရမွာ။ သူကႀကီးမားၿပီးေတာ့နန္းေတာ္ထဲမွာကုပ္တြယ္ၿပီးေၾကာက္မက္ဖြယ္ေကာင္းေအာင္ခြန္အားႀကီးတယ္။

ၿခဳံေျပာရရင္ဇာ့ဂ်္ဘုရင္မကအခုလိုမ်ိဳး အစိမ္းေရာင္ေတာင္ပံေတြနဲ႕ နတ္သူငယ္ေလးအတိုင္းပဲ ဥယ်ာဥ္ထဲကပုခက္ေပၚမွာလွဲေနၿပီးေတာ့ ေအးေအးေဆးေဆးေနပူဆာလႈံၿပီးဖရဲေစ့စားေနမယ္လို႔ တစ္ေယာက္မွေတြးမိမွာမဟုတ္ဘူး

အိုး၊ စားစရာမလိုဘူး၊ တစ္ေယာက္ေယာက္ကသူ႕အတြက္အခြံခြာေပးလိမ့္မယ္။

ေဟာ့ရွီစစ္မ်က္ႏွာေသျဖင့္ဖရဲေစ့ခြာကာေတြးလိုက္မိျပန္သည္: သူတကယ္အားေနတာပဲ။

"ဇာ့ဂ်္အရွင္မွာဘာမွလုပ္စရာမရွိဘူးလား။"
ဖရဲေစ့ပန္းကန္ငယ္ေလးေနာက္တစ္ပန္းကန္ခြာၿပီးေနာက္ သူေနာက္ဆုံးမွာမေနနိုင္ဘဲေမးလိုက္မိသည္။

လင္ခုံးလုပ်င္းရိပ်င္းတြဲေမးလိုက္သည္။ "ဘာလုပ္ရမွာလဲ။"

ေဟာ့ရွီစစ္: "ဥပမာ ေရွ႕တန္းကကိစၥကိုအရွင္မင္းႀကီးဘယ္လိုေျဖရွင္းမလဲဆိုတာမ်ိဳးေပါ့?"

သူကအန္ဒရီစာခ်ဳပ္ဖ်က္သည့္ကိစၥကိုေျပာေနျခင္းပင္။

"ဒါကလ်ိဳ႕ဝွက္ခ်က္ကိုေထာက္လွမ္းတာပဲေနာ္၊ မာရွယ္။"
လင္ခုံးလုအသိေပးလိုက္သည္။

ထို႔ေနာက္သူကိုေတြးမိသြားလဲမသိ။ ႐ုတ္တရက္မ်က္ႏွာဖုံးခြၽန္ကာေဟာ့ရွီစစ္ကိုစိုက္ၾကည့္ၿပီးျဖည္းျဖည္းခ်င္းတိုးကပ္သြားကာႏူးညံ့စြာေျပာလိုက္သည္။
"ကိုယ္ေတာ္မင္းကိုဘာလို႔ေျပာျပရမွာလဲ။ ကိုယ္ေတာ္မင္းကိုသေဘာက်လာရင္ေတာ့..."

"ဒါေပမဲ့သနားစရာပဲ။" သူေျပာကာေဟာ့ရွီစစ္ႏွင့္လက္ဖဝါးတစ္ခုစာအကြာမွာ႐ုတ္တရက္ႏွေျမာေသာမ်က္ႏွာထားျဖင့္ရပ္တန့္လိုက္သည္။
"ကိုယ္ေတာ္မင္းကိုသေဘာမက်ေသးဘူးရယ္။"

0687: "...." ႂကြားေနတာ။

"ဒါေပမဲ့မင္းအေကာင္းဆုံးႀကိဳးစားၾကည့္လို႔ရတယ္ေနာ္။ ကိုယ္ေတာ္မင္းကိုေျပာရင္ေျပာျပမွာေပါ့။"

လင္ခုံးလုကေဟာ့ရွီစစ္၏ေမးေစ့ကိုလွမ္းကိုင္ကာၿပဳံးလိုက္သည္။

0687: "လႊမ္းမိုးခ်ဳပ္ကိုင္နိုင္တဲ့ဘုရင္မကအတင္းခ်စ္ခိုင္းေနသလိုမ်ိဳးခံစားရတယ္။"

လင္ခုံးလု: "တိတ္စမ္း။"

*

ဥယ်ာဥ္ကထြက္လာေတာ့ေဟာ့ရွီစစ္မ်က္ႏွာမွာမည္းတူးလို႔ေနသည္။

လင္ခုံးလုကလက္က်န္ဖရဲေစ့ကိုေအးေဆးစားေနသည္။ ႐ုတ္တရက္ေဟာ့ရွီစစ္ေနာက္ထပ္ဘာလုပ္မလဲဆိုတာသူသိခ်င္သြားတာမို႔ ျမစိမ္းေရာင္ဓားခုတ္ေကာင္ငယ္ေလးအျဖစ္ေျပာင္းကာ ေတာင္ပံခတ္ၿပီး သူ႕အေနာက္မွတိတ္တိတ္ေလးလိုက္သြားလိုက္သည္။

အင္းဆက္ကမၻာကဓားခုတ္ေကာင္မ်ားမွာအမွန္ေတာ့ပ်ံသန္းရာတြင္သိပ္မေကာင္းေပ၊ အမ်ားစုမွာအကြာအေဝးတိုတိုေလးသာပ်ံၾကသည္။

လင္ခုံးလိုမ်ိဳးဓားခုတ္ေကာင္ဟာလည္းအင္းဆက္ကမၻာကဓားခုတ္ေကာင္မ်ားႏွင့္မတူဘူးဟုေျပာလို႔မရဘဲ လုံးဝမဆက္စပ္ဘူးဟုသာေျပာလို႔ရသည္။

ဒါေပမဲ့ပ်ံသန္းရာမွာသိပ္မေကာင္းတာကေတာ့ဆင္တူသည္။

သို႔ေသာ္လည္းဇာ့ဂ်္ဓားခုတ္ေကာင္မ်ားမွာႏွစ္ေထာင္ခ်ီၾကာဆင့္ကဲတိုးတက္လာၾကၿပီး သူတို႔ပ်ံသန္းရာမွာမေကာင္းရင္ေတာင္ မီတာရာခ်ီပ်ံသန္းနိုင္တုန္းပင္။ ၿပီးေတာ့လင္ခုံးလိုမ်ိဳးဘုရင္မဆိုအလြန္စြမ္းအားႀကီးၿပီးေတာ့ သူကဇာ့ဂ်္မ်ိဳးႏြယ္စုတစ္ခုလုံးကိုအျခားဓားခုတ္ေကာင္မ်ိဳးႏြယ္ထက္ပိုသန္မာေအာင္လုပ္ေပးနိုင္သည္။ သူကျပႆနာမရွိဘဲမီတာရာခ်ီပ်ံသန္းနိုင္သည္။

ဒါေပမဲ့လက္သန္းေလာက္သာရွိသည့္ဓားခုတ္ေကာင္ငယ္ေလးအျဖစ္ေျပာင္းၿပီးေနာက္မွာ သူ႕ေတာင္ပံကလည္းေသးသြားေတာ့ေဝးေဝးပ်ံရခက္ေလသည္။

လင္ခုံးလုအဆက္မျပတ္ေတာင္ပံခတ္ကာေဟာ့ရွီစစ္ေနာက္လိုက္မွီေအာင္လိုက္ေနရသည္။ သူမေနနိုင္ဘဲရင္ထဲမွာေစာဒကတက္မိသည္: မင္းဒီလိုေျခတံရွည္ႀကီးနဲ႕ဘာလုပ္မွာလဲ။ အရမ္းျမန္ျမန္ႀကီးသြားေနတာပဲ။

ေဟာ့ရွီစစ္ကသူသူ႕ေနာက္လိုက္လာမွန္းသတိမထားမိေပမဲ့ေကာ္ရစ္ဒါေထာင့္ခ်ိဳးကိုေရာက္သြားခ်ိန္မွာ သူ႐ုတ္တရက္ရပ္သြားကာသူ႕မ်က္လုံးမ်ားကစူးရွစြာတစ္ခ်က္လက္သြားသည္။

လင္ခုံးလုေတာင့္ခဲသြားရကာသူ႕ကိုေတြ႕သြားၿပီဟုေတြးလိုက္မိၿပီးအုတ္ခဲမ်ား၏အက္ကြဲေၾကာင္းထဲမွာအလ်င္စလိုဝင္ပုန္းလိုက္မိသည္။

သို႔ေသာ္ေနာက္တစ္စကၠန့္မွာေဟာ့ရွီစစ္က႐ုတ္တရက္လႈပ္ရွားမႈျပဳလုပ္ၿပီး သူ႕လႈပ္ရွားမႈမွာအလင္းပမာျမန္ဆန္လွသည္။

"အား--" ေထာင့္ခ်ိဳးမွေအာ္သံတစ္ခုခ်က္ခ်င္းထြက္လာၿပီး "ဒုတ္"ခနဲျမည္သံႏွင့္အတူ သစ္သားတုတ္တစ္ေခ်ာင္းက်သံပါလိုက္ပါလာသည္။

လင္ခုံးလုသက္မခ်လိဳက္မိသည္။ ကံေကာင္းခ်င္ေတာ့သူေပၚသြားတာမဟုတ္ဘူးပဲ။

သူေျခလွမ္းအနည္းငယ္ခုန္ကာေထာင့္ခ်ိဳးကိုေကြ႕လိုက္သည္။ သူေမာ့ၾကည့္မိေတာ့ ေဟာ့ရွီစစ္ကေအးစက္စက္မ်က္ႏွာထားရွိလ်က္ သူ႕လက္ကဇာ့ဂ်္ေကာင္ေလး၏လည္ပင္းကိုညွစ္ထားကာ နံရံေပၚဖိကပ္ထားတာကိုျမင္လိုက္ရသည္။

လည္ပင္းညွစ္ခံထားရသူမွာသီအန္းျဖစ္သည္။ သူ႕မ်က္ႏွာမွာအညွစ္ခံထားရမႈေၾကာင့္နီရဲသြားၿပီး သူအဆက္မျပတ္႐ုန္းကန္လို႔ေနသည္။ သစ္သားတုတ္ကသူ႕ေျခဖဝါးေဘးမွာက်ေနသည္။

သိသိသာသာကိုခုနကျဖစ္သြားတာက သီအန္းဟာေကာ္ရစ္ဒါေထာင့္ခ်ိဳးမွာပုန္းလ်က္သစ္သားတုတ္ကိုင္ကာေဟာ့ရွီစစ္ကိုၿခဳံခိုတိုက္ခိုက္ဖို႔ႀကိဳးစားခဲ့တာျဖစ္သည္။

လင္ခုံးလုတိတ္တခိုးေခါင္းခါလိုက္မိသည္။ ဇာ့ဂ်္ေလးကတအားတုံးလြန္းတယ္။ ေဟာ့ရွီစစ္ကအဲ့ေလာက္အလြယ္ေလးတိုက္ခိုက္ခံရမယ္တဲ့လား။

ေဟာ့ရွီစစ္မွာတိုက္ခိုက္လာသူကဒီလိုအားနည္းေသာဇာ့ဂ်္ျဖစ္ေနလိမ့္မည္ဟုသိသိသာသာကိုမထင္ထားမိေပရာ မေနနိုင္ဘဲမ်က္ေမွာင္ၾကဳတ္မိၿပီး လည္ပင္းညွစ္ထားတာကိုျဖည္ေပးရန္ျပင္လိုက္သည္။

ထိုစဥ္သီအန္းကအသိျပန္ဝင္လာကာ ႐ုတ္တရက္သူ႕လက္ေမာင္းကိုလက္မအျဖစ္ေျပာင္းၿပီး ေဟာ့ရွီစစ္ကိုရွိသမွ်အားကုန္သုံးကာထိုးႏွက္လိုက္သည္။

ဒါေပမဲ့ေဟာ့ရွီစစ္အတြက္ကေတာ့ တန္ျပန္တိုက္စစ္မွာအႏွေးျပကြက္ပမာ။

သူကလက္မႏွစ္ခုကိုအလြယ္ေလးဖမ္းကိုင္ကာသူတို႔ကိုခ်ိဳးလုမတတ္ျဖစ္သြားသည္။ ျဖစ္စဥ္အလယ္မွာသူေတြးလိုက္မိေသးသည္: ဇာ့ဂ်္ဘုရင္မရဲ႕မီတာေလးဆယ္အရွည္ဓားထက္ပိုဆိုးေသးတယ္။

သီအန္းမွာနာက်င္တႀကီးေအာ္ကာငိုခ်မိလုနီးပါးျဖစ္သြားသည္။

လင္ခုံးလုမေနနိုင္ဘဲသူ႕ႏွဖူးသူအုပ္လိုက္မိသည္။ အရမ္းရွက္စရာေကာင္းတာပဲ...မဟုတ္ေသးဘူး၊ ေသာက္ရမ္းရွက္စရာေကာင္းတယ္။

သူလက္အားမွာလုံးဝမေလ်ာ့သြားဘဲသူေအးစက္စက္ေမးလိုက္သည္။
"မင္းကိုဘယ္သူလႊတ္လိုက္တာလဲ။"

"ဘယ္သူလႊတ္တာ?" သီအန္းမ်က္ေမွာင္ၾကဳတ္ကာနိုင္လိုမင္းထက္ဆန္စြာေျပာလိုက္သည္။
"မင္းကကိုကိုေရွာင္လုကိုျမဴဆြယ္ခဲ့တာကို ငါကမင္းကိုသင္ခန္းစာေပးလို႔မရဘူးလား။"

ဒီေတာ့အူတို႐ုံပဲေပါ့?

ေဟာ့ရွီစစ္မ်က္ေမွာင္ၾကဳတ္မိကာရယ္စရာေကာင္းကာပ်င္းဖို႔ေကာင္းသည္ဟုခံစားလိုက္ရၿပီး သူ႕လက္ကိုလႊတ္ကာေျပာလိုက္သည္။
"ငါမင္းရဲ႕အရွင္ကိုစိတ္မဝင္စားဘူး။ ေနာက္ဆိုငါ့ေရွ႕မွာေပၚမလာနဲ႕။"

လင္.လႊမ္းမိုးခ်ဳပ္ကိုင္နိုင္တဲ့ဘုရင္မ.လု: "???" အရမ္းေကာင္းတယ္၊ မင္းငါ့အာ႐ုံစိုက္မႈကိုရရွိသြားၿပီ။

သီအန္းမွာပစ္ထုတ္ခံလိုက္ရၿပီးေနာက္ သူ႕မွာအသက္ေသခ်ာရႉဖို႔အခ်ိန္မရလိုက္ခင္ သူဟာလည္းေဟာ့ရွီစစ္၏စကားလုံးမ်ားေၾကာင့္ေရွာ့ခ္ရသြားသည္။

"ဘာ? မင္းကအရွင္ကိုသေဘာမက်ဘဴး။" သူခပ္သြက္သြက္ထရပ္ကာေဟာ့ရွီစစ္ေနာက္လိုက္သြားၿပီးမယုံၾကည္နိုင္ဟန္ေျပာလိုက္မိသည္။
"အရွင္ကဘယ္ေလာက္စြမ္းအားႀကီးၿပီးေတာ့ထူးခြၽန္ၿပီးလွပလဲဆိုတာမင္းသိရဲ႕လား။"

လင္ခုံးလုေခါင္းၿငိမ့္လိုက္မိသည္: ဟုတ္ပါ့။

"မင္းေသခ်ာေပါက္မသိဘူးပဲ။ မဟုတ္ရင္မင္းသူ႕ကိုသေဘာမက်ဘဲေနမွာတဲ့လား။"
သီအန္းအခိုင္အမာေျပာလိုက္သည္။
"ငါမင္းကိုေျပာလိုက္မယ္၊ အရွင္ကလူသားအသြင္နဲ႕ဆို ဓားကမီတာေလးငါးဆယ္ရွည္ၿပီးေတာ့ ဇာ့ဂ်္ခ်ပ္ဝတ္တန္ဆာကလည္းမင္းတို႔လူသားမက္ခါထက္ပိုသန္မာတယ္။ ဧရာမဇာ့ဂ်္အသြင္အျပည့္အစုံဆိုပိုလို႔ေတာင္ခြန္အားႀကီးေသးတာ။ ၿဂိဳဟ္ငယ္ေလးတစ္ခုေလာက္ႀကီးတယ္။ ဘယ္ဇာ့ဂ်္ကသူ႕ကိုလက္မထပ္ခ်င္မွာလဲ..."

သူဟာသူ႕အိုင္ေဒါကိုေၾကျငာေနသည့္ဖန္တစ္ေယာက္ပမာဆက္တိုက္စကားေျပာေနသည္။

လင္ခုံးလုအေနာက္မွအနီးကပ္လိုက္သြားၿပီး စိတ္ပိုင္းဆိုင္ရာႏွင့္႐ုပ္ပိုင္းဆိုင္ရာပါစိတ္သက္သာရာရသြားသည္။

ဟုတ္တယ္၊ ဇာ့ဂ်္ေလးကေဟာ့ရွီစစ္ထက္စကားေျပာပိုေကာင္းတယ္။

ေဟာ့ရွီစစ္ကေဘးခန္းမတံခါးဆီေလွ်ာက္သြားၿပီး႐ုတ္တရက္ရပ္တန့္ကာအေနာက္လွည့္လာသည္။

သီအန္းအကာအကြယ္မဲ့သြားကာေၾကာက္လန့္တၾကားအေနာက္ဆုတ္လိုက္မိေတာ့လင္ခုံးလုကိုတက္နင္းမိလုမတတ္ျဖစ္သြားသည္။

လင္ခုံးလု: "!" သတိထားေလဟ။

သူေဘးကိုခပ္သြက္သြက္ခုန္လိုက္သည္။

"ဇာ့ဂ်္အရွင္ကဖရဲေစ့နဲ႕သစ္ၾကားသီးစားရတာႀကိဳက္တယ္။"
ေဟာ့ရွီစစ္က႐ုတ္တရက္မ်က္ႏွာေသျဖင့္ဆိုသည္။

သီအန္း: "?"

လင္ခုံးလု: "??"

"မင္းသူ႕ကိုတကယ္ႀကိဳက္ရင္ ဒီကိစၥကေနစၾကည့္လို႔ရတယ္။"
ေဟာ့ရွီစစ္ကဇာ့ဂ်္ငယ္ေလး၏ေပါက္ေပါက္ေဖာက္မႈကိုလုံေလာက္ေအာင္နားေထာင္ၿပီးသြားပုံရကာမ်က္ေမွာင္ၾကဳတ္လ်က္အႀကဳံျပဳလာေလသည္။

-------

ဒီArcက၂၆ပိုင္းရွိပါတယ္~

_______________________

Continue Reading

You'll Also Like

3.2K 543 129
《替身》လူစားထိုး 作者:北棠墨 မူရင္းေရးသားသူ -ေပထန္ေမာ့   အခုေခတ္ေနာက္ခံ 1 V 1 , HE   
116K 24.3K 73
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
57.3K 9.3K 31
Villain in the Kindergarten 《 ဗီလိန်မူကြို [စာအုပ်ထဲသို့ကူးပြောင်းခြင်း] 》 Associated Names; 反派幼稚园 [穿书] Status in COO; 76 main story + 1 extra story...
38.8K 964 42
[ Ending... ] Enjoy No Dnf. [ I do take requests :} ] Also, they are mostly Fundy ships ( but you can request different ships :] as long as they...